မိခင်​ဖြစ်​သူအား သွား​ရောက်​​ခေါ်ယူသည့် သမီး၊ နေအိမ်​အပြန်​တွင်​ အဓမ္မပြုကျင့်​ခံရမှု ဖြစ်​ပွား

 

မိခင်​ဖြစ်​သူအား သွား​ရောက်​​ခေါ်ယူသည့် သမီး၊ နေအိမ်​အပြန်​တွင်​ အဓမ္မပြုကျင့်​ခံရမှု ဖြစ်​ပွား

ဝေါ၊ ဧပြီ(၁၀)

ပဲခူးတိုင်း​ဒေသကြီး ​ဝေါမြို့ နယ်​ ဧကရဇ်​​ကျေးရွာတွင်​ ဧပြီလ (၉) ရက်​​နေ့  ည (၇) နာရီအချိန်​ခန့်က မိခင်​ဖြစ်​သူအား သွား​ရောက်​​ခေါ်ယူသည့် သမီးဖြစ်​သူမှာ နေအိမ်​သို့ အပြန်​အ​ဖော်​အဖြစ်​လိုက်​ပါလာသူက အဓမ္မပြုကျင်​ခဲ့၍ မြို့ မရဲစခန်း၌ အမှုဖွင့် တိုင်​ကြားထား​ကြောင်း သိရပါသည်။

ဖြစ်​စဉ်​မှာ ဧပြီ (၉) ရက်​ ည​နေ (၅) နာရီအချိန်​ ခန့်က ဧကရဇ်​​ကျေးရွာ​နေအသက်​ (၁၈) နှစ်​အရွယ်​ရှိမ.........မှာ မိခင်​ဖြစ်​သူ​နေအိမ်​မှ ဆင်းသွားသဖြင့် တစ်​ရွာတည်း​နေ ဦး​အောင်​ချစ်​(ဘ)ဦးကြည်​ ၊ ဆိုင်​ကယ်​ကယ်​ရီ​မောင်းသမားဦးဝင်းနိုင်​တို့ နှင့်အတူ မိခင်​ဖြစ်​သူအား ဆိုင်​ကယ်​ဖြင့် လိုက်​လံရှာ​ဖွေစဉ် ​​ညဦးပိုင်း (၆)နာရီ​ကျော်​ အချိန်​ခန့်၌ နောင်​ပတ္တရာ​ကျေးရွာ ​ဇောင်းတူ တူး​မြောင်းလူသွားလမ်း​ပေါ်တွင်​ ​တွေ့ရှိသဖြင့် ပြန်​လည်​​ခေါ်​ဆောင်​ခဲ့​ကြောင်း မိခင်​ဖြစ်​သူမှ ​နေအိမ်​သို့ ပြန်​မလိုက်​သဖြင့် ဆိုင်​ကယ်​ကယ်​ရီသမားဦးဝင်းနိုင်​အား ပြန်​လွှတ်​လိုက်​ပြီး မ........မှာ အ​ဖော်​အဖြစ်​လိုက်​​ပေးသူ ဦး​အောင်​ချစ်​နှင့် အတူနေအိမ်သို့ ပြန်​လာခဲ့ရာ ဦး​အောင်​ချစ်​က မ..........အား ​ဇောင်းတူ ဆည်​​မြောင်း​ဘေးအနီးရှိ ကိုင်း​တောထဲသို့ အတင်းဆွဲ​ခေါ်ကာပါးစပ်​ပိတ်​၍ သားမယားအဖြစ်​ နှစ်​ကြိမ်​ပြုကျင့်ခဲ့​ကြောင်း မြို့ မရဲစခန်း၏ ရဲမှတ်​တမ်းများ အရသိရသည်​။

၎င်းဖြစ်​စဉ်​နှင့် ပက်​သက်​၍ မိမိအား အလိုမတူဘဲ သားမယားအဖြစ် ​ပြုကျင့်ခဲ့သူ ဧကရာဇ်​​​ကျေးရွာ​နေဦး​အောင်​ချစ်​(ဘ)ဦးကြည်​၊ အသက်​ (၅၃)နှစ်​အား အမှုဖွင့် အ​ရေးယူ​ပေးပါရန်​မ.......က တရားလိုပြုလုပ်​ တိုင်​တန်းသဖြင့် ဝေါမြို့ မရဲစခန်းမှ(ပ)၂၅၀/၂၀၁၇ပြစ်​မှုဆိုင်​ရာ ဥပ​ဒေပုဒ်​မ ၃၇၆ ဖြင့် အမှုဖွင့် လှစ်​ထား​ပြီး အမှုနှင့် ပတ်​သက်​သည့် ဦး​အောင်​ချစ်​အား ဖမ်းဆီးရမိထား​​ကြောင်း ဆက်လက်​သိရှိရသည်​။

Nyo Gyi
Waw Media
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)