Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 10, 2017

တိုင်းနှင့် ပြည်နယ်များတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံနိုင်ရန် ခွင့်ပြုထားခြင်းကို အလွဲသုံးစားမလုပ်ရေး ဒုသမ္မတဦးမြင့်ဆွေသတိပေး

 

တိုင်းနှင့် ပြည်နယ်များတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံနိုင်ရန် ခွင့်ပြုထားခြင်းကို အလွဲသုံးစားမလုပ်ရေး ဒုသမ္မတဦးမြင့်ဆွေသတိပေး

တိုင်းနှင့်ပြည်နယ် အစိုး ရများအား ပြည်တွင်း၊ ပြည်ပ ရင်း နှီးမြှုပ်နှံမှုများ တိုက်ရိုက်ခွင့် ပြုနိုင်ရန် ဆောင်ရွက်ထားခြင်း ကို စီးပွားရေးလုပ်ငန်းရှင်များက အလွဲသုံးစား မလုပ်မိရန် အရေး ကြီးကြောင်း ဒုသမ္မတဦးမြင့်ဆွေ က သတိပေးပြောကြားသည်။

စီးပွားရေးလုပ်ငန်းများ ရင်း နှီးမြှုပ်နှံလုပ်ကိုင်ရာတွင် လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ၀န်ကြီးချုပ်များမှ ဥက္ကဋ္ဌတာဝန်ယူ ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီများ က အမေရိကန်ဒေါ်လာ ငါးသန်း (ကျပ်သန်း ၆,၀၀၀ အထိ) ခွင့်ပြုနိုင်ရန် ဗဟိုအစိုးရကဖြေလျှော့ပေးခြင်းဖြစ်သည်ဟု ဒုသမ္မတဦးမြင့်ဆွေကပြောသည်။

‘‘လုပ်ရ ကိုင်ရတာ လွယ် လွယ်ကူကူ လုပ်နိုင်အောင် ဆောင်ရွက်ပေးထားတာပါ။ အဲဒီအပေါ် မှာ အလွဲသုံးစားမလုပ်ဖို့ အရေး ကြီးတယ်။ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ပြီးလုပ်မှ တိုး တက်လာမယ်’’ ဟု ဒုသမ္မတဦးမြင့် ဆွေက ပြောသည်။

ဝန်ကြီးချုပ်များ ဥက္ကဋ္ဌတာ ၀န်ယူထားသည့် တိုင်းဒေသကြီး နှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော် မတီများက ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုနိုင်ခွင့် အ မိန့်ကြော်ငြာစာကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မတ်လ ၃ ရက်တွင် လက်မှတ်ရေး ထိုးထုတ်ပြန်ခဲ့သည်။

တိုင်းနှင့်ပြည်နယ်အစိုးရ များ ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုရန် လုပ်ပိုင်ခွင့်ခွဲဝေချထားမှု သည် ဗဟိုဦးစီးစနစ်ကို စတင်ဖြိုချခြင်းမျိုးဖြစ်သော်လည်း စနစ်တကျကိုင် တွယ်ထိန်းသိမ်း ရန် လိုအပ်သည်ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။

လက်ရှိ ပြဋ္ဌာန်းထားသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မကြာမီ ပြဋ္ဌာန်းမည့် နည်းဥပဒေ များတွင် တိုင်းနှင့်ပြည်နယ်အစိုး ရများအား စီးပွားရေးလုပ်ငန်းများ ၌ ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုနိုင် ရန် လုပ်ပိုင်ခွင့် တရားဝင်ပြဋ္ဌာန်း ထားသည်။


7Day News Journal
http://www.7daydaily.com/story/93990

No comments:

Post a Comment