သၾကၤန္မိုး ဘာေၾကာင့္ ေနာက္ထပ္ မရြာေတာ့သလဲ


ဧရာဝတီ

ဒါရိုက္တာ ေမာင္တင္ဦး ရိုက္ကူးၿပီး ေနေအာင္၊ ဇင္ဝိုင္း၊ ခင္သန္းႏု၊ ေမသန္းႏုနဲ႔ သီတာသိမ့္တို႔ ဦးေဆာင္ပါဝင္ သ႐ုပ္ေဆာင္ခဲ့တဲ့ သၾကၤန္မိုး ဇာတ္ကားဟာ အႏုပညာအရ ေအာင္ျမင္မွု အထြဋ္အထိပ္ ရရွိခဲ့ၿပီး သၾကၤန္ ခ်စ္သူ ျမန္မာပရိသတ္ရဲ့ ႏွလုံးသားကို သိမ္း ပိုက္ နိုင္ခဲ့ပါတယ္။ အခုအခါမွာ သက္တမ္းအားျဖင့္ ႏွစ္ေပါင္း ၃၀ နီးပါး ၾကာျမင့္ခဲ့ၿပီ ျဖစ္ေပမယ့္ ဒီဇာတ္ကားရဲ့ေအာင္ျမင္မွုကို အမီ လိုက္နိုင္တဲ့ ေနာက္ထပ္ သၾကၤန္ေနာက္ခံ ဇာတ္ကားသစ္ တကား ထပ္မံ ထြက္ေပၚလာျခင္း မရွိခဲ့ေသးသလို ဒီသၾကၤန္မိုး ဇာတ္ ကားကိုပဲ ဒီေန႔ထက္တိုင္ မက္မက္ေမာေမာ ေစာင့္ေမၽွာ္ၾကည့္ရွု ေနၾကရဆဲ ျဖစ္ပါတယ္။ မႏၲေလးသၾကၤန္ရဲ့ အထိမ္းအမွတ္ လကၡဏာ တရပ္လို ျဖစ္ေနခဲ့ၿပီး ယေန႔ထက္တိုင္ အႏုပညာ မွတ္ေက်ာက္ အတင္ခံနိုင္ဆဲ ျဖစ္တဲ့ “သၾကၤန္မိုး” ဇာတ္ကား အေၾကာင္း အမွတ္တရ ေတြကို အဲဒီဇာတ္ကားမွာ စႏၵရား ကိုၿငိမ္းေမာင္ရဲ့ သားျဖစ္သူ သက္ေထြး အျဖစ္ သဘာဝက်က် သ႐ုပ္ေဆာင္ ခဲ့တဲ့ အကယ္ဒမီ ဇင္ဝိုင္း ကို ဧရာဝတီ သတင္းေထာက္ မစပ္စု က ေမးျမန္းထားပါတယ္။

ေမး။   ။ ဒီ သၾကၤန္မိုး ဇာတ္ကားဟာ ဦးဇင္ဝိုင္းရဲ့ ဘယ္ႏွကားေျမာက္လို႔ ေျပာလို႔ရပါသလဲ။

ေၿဖ ။   ။ ဒါက ဒုတိယေျမာက္ ကားပါ။ ပထမဆုံးကားက ဦးေနေအာင္၊ အကယ္ဒမီ ခိုင္ခင္ဦး၊ ၿပီးေတာ့ က်ေနာ္ရယ္၊ မို႔မို႔ျမင့္ေအာင္ ရယ္ ပါတဲ့ “သံေယာဇဥ္ဆိုတာ ရွိတယ္” ဆိုတဲ့ ဇာတ္ကားပါ။ ဒီဇာတ္ကား ကလည္း ပရိသတ္ အသိအမွတ္ျပဳ ခဲ့တဲ့ ဇာတ္ကားပါ။ ပရိသတ္က အားေပးခဲ့ေသာ္ျငားလည္း သၾကၤန္မိုးရဲ့ အရွိန္အဝါနဲ႔ ႏွိုင္းလိုက္ေတာ့ တျခားစီ ျဖစ္သြားတာပါ။ တကယ္တမ္းက်ေတာ့  ပရိသတ္ရဲ့ ရင္ခြင္ထဲကို က်ေနာ္ ေႏြးေထြးၿပီးေတာ့ နားခိုခြင့္ရခဲ့တာ သၾကၤန္မိုးနဲ႔ နားခိုခြင့္ရခဲ့တာပါ။

ေမး။   ။ ဘဝအတြက္ ဇင္ဝိုင္းဆိုတဲ့ နာမည္တခု ျဖစ္လာဖို႔အတြက္ သၾကၤန္မိုးရဲ့ ေထာက္ပံ့မွုက ဘယ္ေလာက္အထိ ရွိနိုင္ပါသလဲ။

ေၿဖ ။   ။ ရာႏွုန္းျပည့္နီးပါး ရွိပါတယ္။ သၾကၤန္မိုးက က်ေနာ့္ဘဝမွာ က်ေနာ္ျဖစ္ခ်င္တဲ့ သ႐ုပ္ေဆာင္ဘဝကို ရေအာင္ တြန္းပို႔ေပး လိုက္တဲ့ ကားပါပဲ။ အခုလို ႏွစ္စဥ္မပ်က္ အခုဆို ႏွစ္ေပါင္းအစိတ္ ေက်ာ္ၿပီေပါ့ ေနာ္။ ဒီဇာတ္ကားကို လူေတြ ၾကည့္ခ်င္ၾကတယ္ ဆိုေတာ့ ဒါဟာ ဘာပဲေျပာျပာ ကိုယ္ပါလို႔ ေျပာတဲ့ကားေတာ့ မဟုတ္ပါဘူး။ အႏုပညာပစၥည္းတို႔ မည္သည္မွာ အခ်ိန္ကာလရဲ့ ပြတ္ တိုက္မွုကို ခံၾကရပါတယ္။ တခ်ိဳ႕ အႏုပညာပစၥည္းက တလ ႏွစ္လနဲ႔ ေပ်ာက္တယ္။ တခ်ိဳ႕က တႏွစ္ ႏွစ္ႏွစ္နဲ႔ ေပ်ာက္သြားပါတယ္။ အခုလို ႏွစ္အတြင္းေတာင္ ရွိလာၿပီဆိုတဲ့အခါက်ေတာ့ ဒီအႏုပညာပစၥည္း ဂႏၴဝင္ပစၥည္း ျဖစ္လာၿပီလို႔ က်ေနာ္တို႔ကေတာ့ ရိုးသားစြာ ယုံၾကည္ပါတယ္ ခင္ဗ်ာ။

ေမး။   ။ သၾကၤန္မိုးက ၁၉၈၄ ကတည္းကလို႔ မွတ္သား မိပါတယ္။ အရမ္းေအာင္ျမင္ခဲ့ၿပီး အခုခ်ိန္အထိလည္း ႏွစ္စဥ္ ပရိသတ္ေတြက တီဗီမွာ မက္မက္ေမာေမာ ေစာင့္ၾကည့္ေနရတုန္းပဲ။ ဒီလိုပဲ ေအာင္ျမင္ခဲ့တဲ့ ႐ုပ္ရွင္ကားေတြကို ေနာက္ထပ္ ဆန္းသစ္ၿပီး ျပန္ရိုက္ၾကတာေတြလည္း ရွိေပမယ့္ သၾကၤန္မိုးကိုေတာ့ ျပန္ရိုက္ၾကျခင္း ျပန္ရိုက္နိုင္ျခင္း မရွိဘူးေပါ့ေနာ္။ အဲဒီအေပၚ အျမင္ကို ေျပာပါဦး။

ေၿဖ ။   ။ သၾကၤန္မိုးကို ဖန္တီးဖို႔ သုံးႏွစ္ေလာက္ အခ်ိန္ ယူခဲ့ၾကရပါတယ္။ သၾကၤန္မိုးကို စတည္ဖို႔ ေျပာရင္းနဲ႔ ျငင္းၾက ခုံၾက၊ အေပါက္အျပဲေတြ ဖာၾက ေထးၾကေပါ့ ေနာ္။ အဲလိုနဲ႔ လုပ္ခဲ့ရပါတယ္။ ထုတ္လုပ္သူ ဦးေဇာ္ျမင့္ ေျပာတာကေတာ့ သူ႔ကို ဒါက ကံတရားကေပးတဲ့ လက္ေဆာင္ပါလို႔ သူေျပာပါတယ္။ က်ေနာ့္အေနနဲ႔ေတာ့ ဒီလိုမျမင္ပါဘူး။ ဇာတ္ကား တကား ေကာင္းဖို႔ဆိုတာ ဒါရိုက္ တာေရာ၊ ဇာတ္ညႊန္းေရာ၊ ၿပီးေတာ့ စက္မွုအဖြဲ႕သားေတြေရာ၊ ပါဝင္တဲ့ သ႐ုပ္ေဆာင္ ေရာ၊ ဒါတင္မက ထုတ္လုပ္သူရဲ့ ေစ တနာ ထားမွုလည္း အမ်ားႀကီး လိုပါတယ္။

အဲဒီအခ်ိန္က ကိုေဇာ္ျမင့္ကလည္း အသက္က က်ေနာ့္ထက္ေတာင္ ငယ္ပါေသးတယ္ ခင္ဗ်။ ရွုံးျခင္း ျမတ္ျခင္းကို မတြက္ေတာ့ဘဲ နဲ႔ သူက ဒီသၾကၤန္ကား ဆိုတာ မႏၲေလးသၾကၤန္လို ရိုက္ျပခ်င္တယ္ ဆိုၿပီး ဒီလိုကို ရိုက္တဲ့သူပါ။ ဒီ အတြက္ မရိုက္ခင္ ႀကိဳတင္ၿပီး ေတာ့ ပစၥည္းေတြ စုခဲ့ ရပါတယ္။ ဓာတ္ပုံေတြ၊ Sketch ေတြ ထုတ္ၾကရပါ တယ္။ ဇာတ္အရ ၅၇ ခုႏွစ္ဆို ဘယ္လိုဝတ္မယ္၊ ဒီဘက္ေခတ္က်ေတာ့ ဘယ္လို ဝတ္မယ္ ဆိုတာေတြ အမ်ားႀကီး ျပင္ဆင္ရပါတယ္။ အဲဒီမွာ ကိုေဇာ္ျမင့္က ေငြကို ပုံထားၿပီးေတာ့မွ ႀကိဳက္သေလာက္ ကုန္ပါေစ ဆိုၿပီးေတာ့မွ ရိုက္တာပါ။

ဒါေၾကာင့္မို႔လို႔ (၁) အခ်က္ အေနနဲ႔ ေျပာရရင္ ထုတ္လုပ္သူရဲ့ ေစတနာေတြလည္း ပါပါတယ္။ (၂) အခ်က္က ဆရာဦးတင္ဦးပါ။ ဆရာဦးတင္ဦး လက္စြမ္း အထက္ဆုံး အခ်ိန္၊ စိတ္ဓာတ္ အတက္ႂကြဆုံး အခ်ိန္မွာ သၾကၤန္မိုးကို ရိုက္တာပါ။ ဒါ့အျပင္ သူက မႏၲေလးသားေလ။ ငယ္ငယ္ ကတည္းက မႏၲေလးသၾကၤန္ အေၾကာင္း အူမေခ်းခါး သိေနတဲ့သေဘာေပါ့။ ဒီကားကို တျခား ဒါရိုက္တာ တေယာက္က လာရိုက္ရင္ တမ်ိဳးျဖစ္ခ်င္ ျဖစ္ဦးမယ္။ ဦးတင္ဦး ရိုက္လိုက္တဲ့ အတြက္ ပိုမိုၿပီးေတာ့ ေကာင္းမြန္သြားတာလည္း ရွိပါတယ္။

ေနာက္တခုက ပါဝင္တဲ့ သ႐ုပ္ေဆာင္ ေတြပါ။ ပါဝင္တဲ့ သ႐ုပ္ေဆာင္ေတြမွာ ဆိုရင္ ေဒၚခင္သန္းႏုကလြဲရင္ တျခားသ႐ုပ္ေဆာင္ ေတြ အားလုံးဟာ ဦးတင္ဦး တပည့္ေတြပါ။ က်ေနာ္တို႔ေတြက ဘယ္ႏွရက္ ၾကာၾကာ၊ ဘယ္ေလာက္ေနရ ေနရ ဆိုၿပီး ထိုင္ရိုက္ၾက တာပါ။ သၾကၤန္မိုး ကို မရိုက္ခင္ တလေလာက္ ျပင္ဆင္ရပါတယ္။ သၾကၤန္မက်ခင္ ဆယ္ရက္ေလာက္ ကတည္းက က်ေနာ္တို႔ ႀကိဳၿပီး သၾကၤန္က်ေန ၾကတာပါ။ ၿပီးေတာ့ သၾကၤန္တြင္းရက္၊ သၾကၤန္ၿပီးေတာ့လည္း သၾကၤန္ ဆက္က်ေနရတာ က်ေနာ္တို႔မွာ။ ေႏြဦးကဗ်ာ မ႑ပ္ႀကီးေပၚမွာ တပတ္ ဆယ္ရက္ေလာက္အထိ သၾကၤန္က မၿပီးနိုင္ဘူး။ သၾကၤန္က က်ေနာ္တို႔ အတြက္ကေတာ့ ရက္အစိတ္ေလာက္ထိ ျဖစ္သြားတာေပါ့ေနာ္။

ေနာက္တခုကေတာ့ ဦးတင္ဦးရဲ့ ပညာပါခင္ဗ်။ သူက ရိုက္ကတည္းကိုက တြက္ခ်က္ ရိုက္တာပါ။ ပညာရွင္ ဆိုေတာ့ေလ။ ဘယ္ အခန္းမွာ ဘယ္သီခ်င္း ကိုထည့္ၿပီး ဘယ္လိုေျပာင္းမယ္ ဆိုတာက အစေပါ့။ တည္းျဖတ္ ဦးျမင့္ခိုင္ေပါ့ ေနာ္။ ဦးျမင့္ခိုင္ နဲ႔ ဦးတင္ဦး ဆိုတာ တကယ့္လင္မယားလို ေနတာ။ ဦးတင္ဦး ဘယ္လို ရိုက္ထားရင္ ဘယ္လိုလုပ္ရမယ္ ဆိုတာ ႀကိဳတင္ တြက္ခ်က္ ထားၿပီး သားပါ။  ဥပမာေပါ့၊ ဦးေနေအာင္ ငုတ္တုတ္ထိုင္ၿပီး အရက္ပုလင္းႏွစ္လုံး ကို ၾကည့္ေနရင္း ညဘက္ႀကီး ဘယ္ကိုၾကည့္၊ ညာကို ၾကည့္၊ အဲဒီ ပုလင္းႏွစ္လုံးကို ရိုက္ခြဲမလို႔ ေပါက္ခြဲမလို႔ ေျမႇာက္လိုက္တဲ့ အခ်ိန္မွာ ဟိုဘက္မွာ ကိုဟန္တင္က ဒရမ္ႀကီးကို ဂြမ္းဆို ရိုက္ခ်လိုက္တာ။ ပရိသတ္က ေဝါဆို ျဖစ္သြားတာ။ အဲဒါက အလကား ဘုရားေပးတဲ့ဆုမွ မဟုတ္တာ။ ဒါ ပညာရွင္တေယာက္ရဲ့ တြက္ခ်က္ၿပီးေတာ့ လုပ္ထားတဲ့ လုပ္ရပ္ေတြပါ။

အဲဒီလိုေတြေၾကာင့္မို႔ သၾကၤန္မိုး ေအာင္ျမင္ျခင္းကို ၾကည့္မယ္ဆိုရင္ေတာ့ ဆရာ ဦးတင္ဦး ရယ္၊ ထုတ္လုပ္သူမ်ားရယ္၊ ၿပီးေတာ့ ပါဝင္တဲ့ စက္မွုအဖြဲ႕သားမ်ားေပါ့ ဗ်ာ။ ခ်စ္မင္းလူ ကလည္း ကင္မရာဆို အင္မတန္ ႐ူးသြပ္တာကိုး။ ဦးတင္ဦးနဲ႔ ရိုက္သမၽွ ကားမ်ားလည္း သူ အကယ္ဒမီရပါတယ္။ ဒါက အားလုံးရဲ့ ေပါင္းစည္းမွု၊ စုစည္းမွုအင္အား ပါသလို ခုနကေျပာတဲ့ ျမန္မာတို႔ရဲ့ မရိုးနိုင္တဲ့ ပြဲေတာ္ေပါ့ေနာ္။ တျခား အေၾကာင္း ရိုက္ထားရင္ ေခတ္ကာလအေလ်ာက္ ေခတ္ မဟုတ္ေတာ့ တမ်ိဳး ျဖစ္ခ်င္ျဖစ္မယ္။ ဒီဟာက ေတာ့ ျမန္မာေတြရဲ့ ရင္ထဲမွာ အႏွစ္သက္ဆုံး၊ အစြဲလမ္းဆုံး ပြဲေတာ္တခု အေၾကာင္း ကို ရိုက္လိုက္တဲ့ အခါက်ေတာ့ အဲဒါေၾကာင့္ လည္း ပါပါလိမ့္မယ္ ခင္ဗ်ာ။ ဒါေၾကာင့္မို႔လို႔ ေအာင္ျမင္တယ္ လို႔ ထင္ပါတယ္။

ဒီသၾကၤန္မိုး ဇာတ္ကားကို တျခားလူေတြ ျပန္ရိုက္ဖို႔ထားလို႔ ဦးတင္ဦး ဒီဘက္ေခတ္ ေရာက္တဲ့ အခါမွာ “ပိေတာက္ ပင္လယ္” ဆိုတဲ့ သၾကၤန္ကားႀကီး တကား ရိုက္ပါေသးတယ္။ ဦးေဇာ္ျမင့္ထက္ ေငြပို သုံးနိုင္ပါတယ္။ တကယ့္ ပင္လယ္ႀကီးထဲမွာကို ေငြေဆာင္ ကို သြားၿပီးေတာ့ ပင္လယ္ႀကီးထဲမွာ ေလွႀကီးေတြနဲ႔ အဲဒါနဲ႔ကို သၾကၤန္ေတြ က်ၾကတာ။ ေဇာ္ဝင္းထြဋ္ တို႔ေတာင္ ပါပါတယ္။ အဲဒီလိုရိုက္ခဲ့တာပါ။

ဒါေပမယ့္ သၾကၤန္မိုးကို ရိုက္ခဲ့တဲ့ ဒါရိုက္တာကိုယ္တိုင္ သၾကၤန္မိုးကို စံခ်ိန္ ခ်ိဳးဖို႔ လုပ္တာ မေအာင္ျမင္ဘူး ခင္ဗ်။ သေဘာကေတာ့ ဒါေတြကလည္း က်ေနာ္ မျမင္နိုင္တဲ့ ကိစၥရပ္ေတြ ပါမွာပါ။ လူေတြရဲ့ ရင္ထဲမွာ စြဲထားတဲ့ အစြဲတခုကို က်ေနာ္က ေဖ်ာက္ပစ္လို႔ မရ ဘူးေလ။ က်ေနာ္ သိသေလာက္ သုံးသပ္ရရင္ေတာ့ အဲဒီလိုပဲ သုံးသပ္မိပါတယ္။

ေမး ။   ။ သၾကၤန္မိုး ဇာတ္ကား ရိုက္ကူးမွုနဲ႔ ပတ္သက္တဲ့ အမွတ္တရေတြကိုလည္း ေျပာပါဦး။

ေၿဖ ။   ။ က်ေနာ့္ အေနနဲ႔ သၾကၤန္မိုးမွာ သ႐ုပ္ေဆာင္ဆိုေပမယ့္ တကယ္တမ္း က်ေတာ့ က်ေနာ္က သၾကၤန္မိုး ရိုက္တဲ့ အခ်ိန္မွာ ဆရာဦးတင္ဦးဆီမွာ ၇ ႏွစ္ရွိခဲ့ပါၿပီ။ က်ေနာ္က ဆရာဦးတင္ဦး ဆီမွာ မီးထိုး၊ မွန္ထိုး၊ မွတ္တမ္းေရး၊ ေတာက္တို မယ္ရ အလုပ္ေတြက စၿပီး မွတ္တမ္းေရး ဘဝကေန ၿပီးေတာ့မွ Assistant Director လိုမ်ိဳးေတာင္ ဆရာက မ်က္ႏွာလႊဲၿပီး ခိုင္းတဲ့ ကိစၥမ်ိဳးေတြ ရွိလာ ပါၿပီ။ သၾကၤန္မိုးက်ေတာ့လည္း ဒီလိုပါပဲ။ ကိစၥအဝ၀ အားလုံးကို က်ေနာ္ ေခါင္းခံၿပီးေတာ့ လုပ္ရ ပါတယ္။

ဇာတ္အင္အားေတြ ကလည္း မ်ားျပားတယ္။ အသုံးအေဆာင္ ပစၥည္းေတြ ကလည္း ၁၉၅၇ ခုႏွစ္နဲ႔ ဇာတ္ကား ရိုက္တဲ့ ကာလ၊ အဲဒီလို ကြဲလြဲတာေတြက အမ်ားႀကီးရွိေတာ့ ေရွ႕ပိုင္းမွာလည္း အခက္အခဲေတြ အမ်ားႀကီးေတြ႕ပါတယ္။ လူေတြေတာ့ စုံေနပါၿပီ၊ အုန္းလက္ မ႑ပ္ႀကီး လည္း စုံၿပီ၊ တီးဝိုင္းေတြလည္း စုံၿပီ၊ စဉ့္အိုးႀကီးေတြလည္း စုံၿပီ၊ ေရသဘင္မ႑ပ္က အမ်ိဳးသမီးေတြလည္း အကုန္ဝတ္ၿပီးၿပီ။ ဒီဘက္က ၿမိဳ႕မအသင္းတို႔၊ သဂၤဟ တို႔ အတာသဘင္ ကားႀကီးေတြက ဆင္ၿပီးၿပီ။ ဦးလင္းေအာင္တို႔ လိုမ်ိဳး ၅၇ ဝတ္စုံနဲ႔ အဲဒီတုန္း က ဂ်စ္ကားနဲ႔ လင့္ရိုဗာနဲ႔ လည္ၾကမယ့္ လူေတြလည္း စုံၿပီ။ သို႔ေသာ္ အဲဒီေရာက္ေတာ့မွ ပိေတာက္ပန္းေျခာက္ လိုေနတာတို႔၊ ေရႊေျခခ်င္း လိုေနတာတို႔ အဲလိုမ်ိဳး အျဖစ္မ်ိဳးေတြ ေပါ့။ ဒါေတြက အမ်ားႀကီး ၾကဳံေတြ႕ခဲ့ရပါတယ္။

ေမး။   ။ ဒီကားမွာ ဒါရိုက္တာ ေမာင္တင္ဦးနဲ႔ ရိုက္ကူးခဲ့တဲ့ အေတြ႕အၾကဳံေတြထဲက မွတ္မွတ္ရရ ျဖစ္ခဲ့တာေတြကိုလည္း ေျပာပါဦး။

ေၿဖ ။   ။ အမွတ္တရ ကေတာ့ က်ေနာ္နဲ႔ ဦးေနေအာင္နဲ႔ အျပန္အလွန္ သားအဖခ်င္း ေပါက္ကြဲၾကၿပီး ေျပာၾကတဲ့ အခန္းမွာ က်ေနာ္က စိတ္ထင္ေနတာ ေပါ့ေလ၊ ဆရာနဲ႔ ငါ ၇ ႏွစ္ေလာက္ ေနၿပီးၿပီ။ လူတကာကိုလည္း ငါ ႐ုပ္ရွင္ အေၾကာင္းေတြ ေျပာေနၿပီ။ သင္တန္းေတာင္ က်ေနာ္က ဆရာ့ဆီ လာအပ္ရင္ က်ေနာ္က အရင္သင္ေပးရတဲ့ဘဝ ေရာက္ေနၿပီေလ။ ကိုယ္လုပ္နိုင္မယ္ပဲ ထင္ ေနတယ္။ ဒီမာန္ေလးနဲ႔ေပါ့။ ဒါေပမယ့္ တကယ္တမ္း က်ေတာ့ မရဘူး၊ အဲဒီအခန္းက ေလးငါးႀကိမ္ မက ဆရာက ျပန္ရိုက္ ျပန္ရိုက္ ဆိုေတာ့ ေရစိုၿပီး ျပန္လာတဲ့ အခန္း ဆိုေတာ့ ေရေတြေလာင္းလိုက္ မီးထိုးတဲ့အထဲ ဝင္လိုက္၊ မရလိုက္။ က်ေနာ္ ေတာ္ေတာ္ စိတ္ ဓာတ္ က်ပါတယ္။ ထမင္းလည္း ထြက္မစားျဖစ္ေတာ့ဘူး။ ကြယ္လြန္သြားတဲ့ ဦးခ်စ္မင္းလူ ေပါ့ေနာ္။ သူတို႔ေတြ ျပန္ဝင္လာၿပီးေတာ့ မွ ကဲ ဘႀကီးေရ ရသေလာက္ ရိုက္ၾကည့္တာေပါ့ဗ်ာ။ မရလည္း ရသေလာက္ပဲ ယူလိုက္တာေပါ့ ဆိုၿပီး ရိုက္လိုက္တဲ့အခါက်ေတာ့ တကယ္ရသြားပါတယ္။

အဲဒါက ဘာလဲဆိုေတာ့ ဆရာဦးတင္ဦး အနားမွာ ေနၿပီးေတာ့ က်ေနာ္က သိေနတယ္၊ သူ႔ အထာေတြကို။ တျခား သ႐ုပ္ေဆာင္ ေတြ အိုက္တင္လုပ္လို႔ မရရင္ သူ ဘယ္လိုနည္းနဲ႔ လုပ္တယ္ဆိုတာ သိတယ္။ ၿပီးရင္လည္း က်ေနာ္ ခံရတယ္။ ဘာလို႔လဲ ဆိုေတာ့ က်ေနာ္က တက္ႂကြေနတာကိုး။ ငါလုပ္နိုင္တယ္ဆိုၿပီး တက္ႂကြေနတာ။ တကယ္တမ္းက်ေတာ့ အဲဒီထဲကဇာတ္ေကာင္ သက္ေထြး ဆိုတာက ဖခင္က တဖက္၊ ခ်စ္သူနဲ႔ သူငယ္ခ်င္းေတြက တဖက္၊ သၾကၤန္မွာ ကိုယ္ေပ်ာ္ခ်င္တာ တဖက္၊ ဒီဘက္ေပါင္းစုံၾကားမွာ ညပ္ ေနတဲ့ စိတ္ဓာတ္ေရးရာအရ လုံးဝေၾကကြဲေနတဲ့ ကေလး တေယာက္။

က်ေနာ္က သြားၿပီးေတာ့မွ တကယ့္ကို အမာႀကီးေတြနဲ႔ ျဖစ္ေနေတာ့ ဆရာဦးတင္ဦးက အဲဒါကို ခ်ိဳးလိုက္တာပါ။ ခ်ိဳးလိုက္ေတာ့ တကယ္ ရိုက္တဲ့ အခါက်ေတာ့ က်ေနာ္တကယ္ ေၾကကြဲၿပီး ေတာ့ ငိုယိုေျပာတဲ့အဆင့္ ေရာက္သြားေရာ။ အဲဒါကေတာ့ ဆရာဦးတင္ဦးရဲ့ ပညာပါ။ က်ေနာ့္ကို တကယ့္ကို စိတ္ဓာတ္ေရးရာ ၿပိဳကြဲေနတဲ့ သက္ေထြး ျဖစ္လာေအာင္ သူ ဖန္တီးေပးခဲ့တာပါ။ ေနာက္ထပ္ ေျပာရမယ္ဆို သၾကၤန္မိုးမွာ က်ေနာ္ နင္လားငါလား အိုက္တင္ သိပ္လုပ္ရတာ မရွိပါဘူး။ ဦးေနေအာင္နဲ႔ေျပာရတဲ့ အခန္း ေလာက္ပါ။ က်န္တဲ့ဟာေလးေတြ ကေတာ့ ေမးထူး ေခၚေျပာ ေလးေတြ၊ တခါတေလက်ရင္ တေယာက္တည္း က်ဳံးေဘး သြားထိုင္ ေနတာေတြ၊ သစ္ပင္ေအာက္ သြားထိုင္ေနတာ ဒီေလာက္ပါပဲ။

သို႔ေသာ္ ဆရာဦးတင္ဦးရဲ့ ပညာေၾကာင့္ က်ေနာ့္ကို ပရိသတ္ရဲ့ က႐ုဏာ ေရာက္လာပါတယ္။ သက္ေထြးဆိုတဲ့ ေကာင္ေလး ဆီ ကို။ ဘာေၾကာင့္လဲ ဆိုေတာ့ ဒီသက္ေထြးက ခုမွေပၚလာတဲ့ သက္ေထြး မဟုတ္ဘူးေလ။ အေဖ အေမနဲ႔ ညားၿပီးေတာ့မွ ေမြးလည္း ေမြးေရာ မီးတြင္းထဲမွာကို အေမက ဆုံးရွာတဲ့ မိတဆိုး၊ ဒီၾကားထဲ အေဖက အရက္သမားႀကီး ျဖစ္သြားတဲ့အခါက်ေတာ့ အေဖ သြားေလရာကို လိုက္ၿပီးေတာ့မွ အေဖ စႏၵရားတီးရင္ စားပြဲေပၚမွာ၊ ေသတၱာေပၚမွာ အိပ္ၿပီး ျခင္ေတြကိုက္ၿပီး ဒီလိုေနရတဲ့ကေလး ကိုး။ အဲဒီေတာ့ ဒီကေလးေပၚမွာ သနားတဲ့ ေမတၱာ က႐ုဏာဟာ သက္ေထြးဆိုၿပီး ဇင္ဝိုင္းက ဝင္လာတဲ့ အခါက်ေတာ့ ဒီကေလးေပၚမွာထားတဲ့ ပရိသတ္ေတြရဲ့ ေမတၱာတရားက က်ေနာ့္ဆီ ဝင္လာတာပါ။ ဒါကလည္း ဆရာဦးတင္ဦးရဲ့ အတတ္ပညာပါ။

ေမး ။   ။ သၾကၤန္မိုး ဇာတ္ကားဟာ ႐ုပ္ရွင္တင္မက ဇာတ္ဝင္သီခ်င္းေတြ ကလည္း အရမ္းေအာင္ျမင္ခဲ့ ပါတယ္။ အခုထိလည္း ဒီသီခ်င္းေတြကို ေက်ာ္နိုင္တဲ့ ေအာင္ျမင္တဲ့သီခ်င္းေတြ မရွိေသးဘူးလို႔ေတာင္ ေျပာနိုင္ပါတယ္။ အဲဒီ အေပၚလည္း သုံးသပ္ေပးပါဦး။

ေၿဖ ။   ။ ဒီလိုရွိပါတယ္၊ သၾကၤန္မိုးရဲ့ ဂီတမွူးဟာ သုံးေယာက္ပါ။ ဂီတမွူး သုံးဦး နာမည္ထိုးတာပါ။ ဂီတမွူး ၿမိဳ႕မ ကိုေပါ၊ ဂီတမွူး အဥၨလီေမာင္ေမာင္၊ မၾကာခင္က ဆုံးပါးသြားတဲ့ ေဇာ္မ်ိဳးထြဋ္ တို႔ပါ။ ဂီတမွူးသုံးေယာက္ ဝိုင္းဝန္း ဖန္တီးၾကတာပါ။ ဒီဇာတ္ကားကို ဂီတေတြပိုင္းနဲ႔ ပတ္သက္လို႔ က်ေနာ္တို႔ မရိုက္ခင္ သီခ်င္းေတြသြင္းၾကေတာ့ သီခ်င္းေတြခ်ည္းပဲ ၁၅ ပုဒ္၊ ၁၆ ပုဒ္ေလာက္ ရွိေန ေတာ့ ဒါရိုက္တာတဦးက ေျပာပါတယ္။ မင္းဆရာကကြာ ဒီသီခ်င္းေတြ ၁၅ ပုဒ္၊ ၁၆ ပုဒ္ သုံးေနေတာ့ ဇာတ္အသားက ဘယ္မွာ ရွိမွာလဲ လို႔ ေမးပါတယ္။ သူတို႔ ထင္ေနတာကေတာ့ အဲဒီ ေခတ္ကေတာ့ဗ်ာ သီခ်င္းဆိုရင္ မင္းသား မင္းသမီး လက္တြဲၿပီးေတာ့ ပန္းၿခံ ထဲ လွည့္ပတ္ကၾက ခုန္ၾက ဒီလိုမ်ိဳး ထင္တယ္ေပါ့ ေနာ္။ က်ေနာ္ ဘာမွ မေျပာဘဲ ေနပါတယ္။ သၾကၤန္မိုးက်ေတာ့ ဒီသီခ်င္းေတြထဲမွာပဲ ဇာတ္က ျဖစ္ေနတယ္။ ဒီလိုပဲ ဇာတ္ထဲမွာ သီခ်င္းက ပါေနတယ္။ ေႏြဦးကဗ်ာမွာ သီခ်င္းေတြ ေရးေန ဆိုေနရင္းကေန ေနာက္မွာ ဇာတ္ကြက္ေတြက ျဖစ္ေနၾကၿပီ။ ဒီ တူးပို႔ တူးပို႔ သီခ်င္းနဲ႔ပဲ တခါတည္း ဇာတ္က ျဖစ္ေနတယ္။ အဲဒီေတာ့ ဇာတ္သားထဲမွာ သီခ်င္းပါတယ္။ သီခ်င္းထဲမွာ ဇာတ္သား ပါတယ္ ဒီလိုမ်ိဳး ရိုက္သြားတာပါ။ ဒီသီခ်င္းကို သီးသန႔္လုပ္တာမ်ိဳး မဟုတ္ပါဘူး။
သၾကၤန္မိုး ႐ုပ္ရွင္ DVD ကာဗာ
သၾကၤန္မိုး ႐ုပ္ရွင္ DVD ကာဗာ

ေမး ။   ။ ေနာက္ၿပီးေတာ့ ဒီထဲမွာ ပါဝင္တဲ့ ဇာတ္ဝင္ သီခ်င္းေတြေပါ့ေနာ္။ ဆရာ ၿမိဳ႕မၿငိမ္း သီခ်င္းေတြကေတာ့ ထားေတာ့။ ေနာက္ပိုင္း တခ်ိဳ႕သီခ်င္းေတြ က်ေတာ့ ဒီဇာတ္ အတြက္ကို ေရးတာလား နဂိုရွိရင္းစြဲကို သုံးတာလား။

ေၿဖ ။   ။ တခ်ိဳ႕သီခ်င္းေတြဆို “ညခ်မ္းသဘင္” ဆိုရင္ ၿမိဳ႕မအေနနဲ႔ နဂိုကတည္းက ရွိထားတဲ့ သီခ်င္း။ “ႏွစ္ကိုယ္တူ ခ်စ္သမၽွ” ဆိုတဲ့ဟာ က်ေတာ့ ဒါကေတာ့ ဒီဇာတ္အတြက္ ေသခ်ာေရးတာပါ။ ခုနကေျပာတဲ့ “အႏုပညာ ပန္းတိုင္” တို႔  “သၾကၤန္မိုး” တို႔ က်ေတာ့ ဒီဇာတ္အတြက္ကိုပဲ ရည္ရြယ္ၿပီးေတာ့ ဆရာအဥၨလီ ေမာင္ေမာင္က ေရးခဲ့တာပါ။ သူတို႔ကိုယ္တိုင္ လုပ္ၾကတာပါ ခင္ဗ်။

ေမး။   ။ ေနာက္တခုက ဒီထဲမွာ က်မတို႔ ၾကည့္မိတာ ေပါ့ေနာ္။ လူငယ္ေတြရဲ့၊ တကၠသိုလ္ ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ့ သၾကၤန္အေပၚကို စိတ္ဝင္စားမွု အတိုင္းအတာနဲ႔ တကၠသိုလ္ အႏုပညာအသင္းက တကၠသိုလ္ ေက်ာင္းသားေတြရဲ့ သၾကၤန္အတြင္းမွာ ပါဝင္ဆင္ႏႊဲတဲ့ ပုံစံေတြ၊ ဒါေတြလည္း ေတြ႕ရတယ္ ေပါ့ေနာ္။ အဲဒီေခတ္က သၾကၤန္အေပၚ လူငယ္ေတြရဲ့ လုပ္ေဆာင္မွုေတြ၊ သၾကၤန္ အေပၚမွာ ထားတဲ့ စိတ္ေတြနဲ႔၊ အခု လက္ရွိေျပာင္းလဲလာတဲ့ လူငယ္ေတြရဲ့ သၾကၤန္အေပၚထားတဲ့ လုပ္ေဆာင္မွုေတြက အရမ္း ကြာျခားသြားၿပီလို႔ ဦးဇင္ဝိုင္းအေနနဲ႔ ျမင္မိလား။

ေၿဖ ။   ။ ျမင္ပါတယ္ ခင္ဗ်။  က်ေနာ့္  အျမင္ကေတာ့ ပညာေရး စနစ္ႀကီး မွားယြင္းသြားမွုလို႔ပဲ ျမင္ပါတယ္။ အဲဒီလို ေျပာေတာ့ လည္း သၾကၤန္နဲ႔ ပညာေရးစနစ္ မွားယြင္းတာ ဘာဆိုင္လဲလို႔ ေျပာစရာျဖစ္မွာေပါ့။ က်ေနာ္တို႔ တကၠသိုလ္ ေရာက္စဥ္မွာ တကၠသိုလ္ အႏုပညာအသင္းဆိုတာ ရွိပါတယ္။ တျခားအသင္း ေပါင္းစုံလည္း ရွိပါတယ္။ က်ေနာ္တို႔ေတြက ဒီမွာ ဆိုၾက၊ တီးၾက၊ မွုတ္ၾက၊ ကၾက။ ဆိုခ်င္တဲ့သူက ဆို၊ ကခ်င္တဲ့သူက က၊ တီးခ်င္တဲ့သူက တီးနဲ႔ အဲဒီလို လုပ္ၾကတာပါ။ တကၠသိုလ္ႀကီးကို ၿဖိဳခြဲလိုက္ၿပီး တဲ့ အခါမွာ နယ္စြန္နယ္ဖ်ားေတြ ေရာက္သြားၾကတဲ့အခါ က်ေတာ့ အဲဒီမွာ ဘာမွ မရွိၾကေတာ့ပါဘူး။ အဲဒီေတာ့ ဒီ ကေလးေတြ အေနနဲ႔က ကိုယ့္ဘာသာကိုယ္ အိမ္မွာ ဝါသနာပါလို႔ တီး၊ ကိုယ့္ဘာသာကိုယ္ ထြက္ ရင္ထြက္၊ သို႔မဟုတ္ရင္ေတာ့ ဒီတကၠသိုလ္အႏုပညာ အသင္းကေန စုေဆာင္းၿပီးေတာ့ ထြက္လာတယ္ ဆိုတဲ့ သၾကၤန္ကားမ်ိဳးေတြ၊ သၾကၤန္သီခ်င္းမ်ိဳးေတြ ထြက္လာဖို႔က မရွိပါဘူးခင္ဗ်။ အဲဒါကလည္း မွားယြင္းသြားတဲ့ က်ေနာ္တို႔ ပညာေရးစနစ္ေၾကာင့္လို႔ က်ေနာ္ ျမင္ပါတယ္။

ေမး။   ။ ဒီလိုမ်ိဳး အႏုပညာေျမာက္တဲ့ ယဥ္ေက်းမွုကို ေဖာ္က်ဴးနိုင္တဲ့ ဇာတ္ကားႀကီးမ်ိဳး ထပ္ၿပီးေတာ့ ေပၚထြက္မလာေတာ့တဲ့ အေပၚ ဦးဇင္ဝိုင္းရဲ့ အျမင္သုံးသပ္ခ်က္ ေပါ့ေနာ္။ ဘာေၾကာင့္လဲ၊ ဘယ္လိုေၾကာင့္လဲဆိုတဲ့ သုံးသပ္ခ်က္ေလး သိခ်င္ပါတယ္။

ေၿဖ ။   ။ ဘာေၾကာင့္လဲဆိုေတာ့ အခု က်ေနာ္တို႔ ရိုက္ေနရတာ သာမန္ကား တကားမ်ိဳးကို သိန္းတေထာင္နဲ႔ တေထာင့္ငါးရာ ၾကားေလာက္ ကုန္ပါတယ္။ သာမန္ကားတကားပါ။ သၾကၤန္မိုးကားမ်ိဳးကို ႏွစ္ဆတြက္ ၾကည့္လိုက္ေပါ့။ သုံးေထာင္ေလာက္ ကုန္ မယ္ ေပါ့။ ဒါေတာင္မွ က်ဥ္းက်ဥ္းက်ဳံ႕က်ဳံ႕ ရိုက္မွ ရမွာေလ။ သုံးေထာင္ေလာက္နဲ႔ မရနိုင္ပါဘူး။ ႐ုံျပန္တင္မယ့္ အခါက်ေတာ့ က်ေနာ္တို႔ ျမန္မာဇာတ္ကား တင္စရာ႐ုံက အလြန္နည္းပါးေနပါတယ္။ အဲဒီေတာ့ ကိုယ့္စိုက္ထုတ္လိုက္တဲ့ေငြကို ျပန္ရဖို႔ ျမတ္ဖို႔ထားလို႔ အရင္းျပန္ရဖို႔ေတာင္ မနည္းကုတ္ကတ္ ရွာေနရတဲ့ အထဲမွာ အဲဒီအတြက္ ထုတ္လုပ္မွု ကုန္က်စရိတ္ေတြ ေလၽွာ့ခ်ရမယ္။ ေလၽွာ့ခ်တဲ့အခါမွာ အခ်ိန္ေတြကိုလည္း ေလၽွာ့ခ်ရပါတယ္။ အခ်ိန္ဆိုတာလည္း ေငြျဖစ္တာကိုး ခင္ဗ်။ က်ေနာ္တို႔ဆီမွာ တဂ်ဴတီ တက္သြားၿပီဆို ေငြဘယ္ေလာက္ တက္သြားတယ္ ဆိုတာ ပရိုဂ်ဴဆာက မ်က္လုံးျပဴးေနၿပီ။ အဲလိုမ်ိဳး ဆိုေတာ့ ဒီကိစၥေတြလည္း အမ်ားႀကီး ပါပါတယ္။

က်ေနာ္တို႔နိုင္ငံမွာ အရင္က ႐ုံေပါင္းရာနဲ႔ခ်ီၿပီးေတာ့ရွိပါတယ္။ အခု ျမန္မာျပည္မွာ က်ေနာ္ရွိစဥ္ကာလက ၄၉ ႐ုံမွာ ၁ ႐ုံက တခါတရံ မွသာ ျမန္မာကား ျပတာ ဆိုေတာ့ ၄၈ ႐ုံေပါ့ေနာ္။ အခု Digital Cinema စနစ္ကို ေျပာင္းေနတဲ့ အခါက်ေတာ့ Digital အေနနဲ႔ ျပေနတာ ၂၉ ႐ုံပဲ ရွိပါတယ္။ အဲဒီေတာ့ က်ေနာ္တို႔ အေနနဲ႔ ႐ုပ္ရွင္ေတြေတာ့ ရိုက္ပါၿပီ။ ဒီ႐ုပ္ရွင္ေတြ ႐ုံတင္ျပသရမယ့္ ႐ုံေတြ မရွိဘဲ နဲ႔ေတာ့ က်ေနာ္တို႔ ဘယ္ေတာ့မွ ဒီလိုကားမ်ိဳး ေကာင္းေအာင္ ရိုက္နိုင္မွာ မဟုတ္ပါဘူး။ ႐ုံေပါင္း ရာနဲ႔ခ်ီ ျမန္မာျပည္မွာ ရွိခဲ့မယ္ ဆိုရင္ေတာ့ ဒီလိုဇာတ္ကားမ်ိဳး ထြက္လာနိုင္တာေပါ့။

ဥပမာ ႐ုံေပါင္း ရာနဲ႔ခ်ီလို႔ တဝက္ပဲရ၊ ျမန္မာတျပည္လုံး ရွာရင္ သိန္းငါးေထာင္ ရနိုင္တယ္။ သိန္းေျခာက္ေထာင္ ရနိုင္တယ္။ တဝက္ပဲ ရဦးေပါ့ေနာ္။ အနည္းဆုံး သိန္းသုံးေထာင္ ေလးေထာင္တန္ ကားမ်ိဳး ရိုက္နိုင္မွာေပါ့။ အခုဟာက ေထာင့္ငါးရာေလာက္ ကုန္ၿပီဆို မ်က္လုံးျပဴးေနၿပီ။ ကိုယ့္ကားက ျမတ္ဖို႔ထားလို႔ အရင္းျပန္ရဖို႔ေတာင္ မနည္းျပန္လုပ္ေနရတဲ့ ဘဝမို႔ပါ။ အဲဒီလို အေၾကာင္း ေၾကာင့္လို႔ပဲ က်ေနာ္ ဆိုခ်င္ပါတယ္ ခင္ဗ်ာ။     ။
Irrawaddy
https://burma.irrawaddy.com/opinion/2014/04/11/57497.html
.................

ဧရာဝတီ

ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးပြီး နေအောင်၊ ဇင်ဝိုင်း၊ ခင်သန်းနု၊ မေသန်းနုနဲ့ သီတာသိမ့်တို့ ဦးဆောင်ပါဝင် သရုပ်ဆောင်ခဲ့တဲ့ သင်္ကြန်မိုး ဇာတ်ကားဟာ အနုပညာအရ အောင်မြင်မှု အထွဋ်အထိပ် ရရှိခဲ့ပြီး သင်္ကြန် ချစ်သူ မြန်မာပရိသတ်ရဲ့ နှလုံးသားကို သိမ်း ပိုက် နိုင်ခဲ့ပါတယ်။ အခုအခါမှာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၀ နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် ဒီဇာတ်ကားရဲ့အောင်မြင်မှုကို အမီ လိုက်နိုင်တဲ့ နောက်ထပ် သင်္ကြန်နောက်ခံ ဇာတ်ကားသစ် တကား ထပ်မံ ထွက်ပေါ်လာခြင်း မရှိခဲ့သေးသလို ဒီသင်္ကြန်မိုး ဇာတ် ကားကိုပဲ ဒီနေ့ထက်တိုင် မက်မက်မောမော စောင့်မျှော်ကြည့်ရှု နေကြရဆဲ ဖြစ်ပါတယ်။ မန္တလေးသင်္ကြန်ရဲ့ အထိမ်းအမှတ် လက္ခဏာ တရပ်လို ဖြစ်နေခဲ့ပြီး ယနေ့ထက်တိုင် အနုပညာ မှတ်ကျောက် အတင်ခံနိုင်ဆဲ ဖြစ်တဲ့ “သင်္ကြန်မိုး” ဇာတ်ကား အကြောင်း အမှတ်တရ တွေကို အဲဒီဇာတ်ကားမှာ စန္ဒရား ကိုငြိမ်းမောင်ရဲ့ သားဖြစ်သူ သက်ထွေး အဖြစ် သဘာဝကျကျ သရုပ်ဆောင် ခဲ့တဲ့ အကယ်ဒမီ ဇင်ဝိုင်း ကို ဧရာဝတီ သတင်းထောက် မစပ်စု က မေးမြန်းထားပါတယ်။

မေး။   ။ ဒီ သင်္ကြန်မိုး ဇာတ်ကားဟာ ဦးဇင်ဝိုင်းရဲ့ ဘယ်နှကားမြောက်လို့ ပြောလို့ရပါသလဲ။

ဖြေ ။   ။ ဒါက ဒုတိယမြောက် ကားပါ။ ပထမဆုံးကားက ဦးနေအောင်၊ အကယ်ဒမီ ခိုင်ခင်ဦး၊ ပြီးတော့ ကျနော်ရယ်၊ မို့မို့မြင့်အောင် ရယ် ပါတဲ့ “သံယောဇဉ်ဆိုတာ ရှိတယ်” ဆိုတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကား ကလည်း ပရိသတ် အသိအမှတ်ပြု ခဲ့တဲ့ ဇာတ်ကားပါ။ ပရိသတ်က အားပေးခဲ့သော်ငြားလည်း သင်္ကြန်မိုးရဲ့ အရှိန်အဝါနဲ့ နှိုင်းလိုက်တော့ တခြားစီ ဖြစ်သွားတာပါ။ တကယ်တမ်းကျတော့  ပရိသတ်ရဲ့ ရင်ခွင်ထဲကို ကျနော် နွေးထွေးပြီးတော့ နားခိုခွင့်ရခဲ့တာ သင်္ကြန်မိုးနဲ့ နားခိုခွင့်ရခဲ့တာပါ။

မေး။   ။ ဘဝအတွက် ဇင်ဝိုင်းဆိုတဲ့ နာမည်တခု ဖြစ်လာဖို့အတွက် သင်္ကြန်မိုးရဲ့ ထောက်ပံ့မှုက ဘယ်လောက်အထိ ရှိနိုင်ပါသလဲ။

ဖြေ ။   ။ ရာနှုန်းပြည့်နီးပါး ရှိပါတယ်။ သင်္ကြန်မိုးက ကျနော့်ဘဝမှာ ကျနော်ဖြစ်ချင်တဲ့ သရုပ်ဆောင်ဘဝကို ရအောင် တွန်းပို့ပေး လိုက်တဲ့ ကားပါပဲ။ အခုလို နှစ်စဉ်မပျက် အခုဆို နှစ်ပေါင်းအစိတ် ကျော်ပြီပေါ့ နော်။ ဒီဇာတ်ကားကို လူတွေ ကြည့်ချင်ကြတယ် ဆိုတော့ ဒါဟာ ဘာပဲပြောပြာ ကိုယ်ပါလို့ ပြောတဲ့ကားတော့ မဟုတ်ပါဘူး။ အနုပညာပစ္စည်းတို့ မည်သည်မှာ အချိန်ကာလရဲ့ ပွတ် တိုက်မှုကို ခံကြရပါတယ်။ တချို့ အနုပညာပစ္စည်းက တလ နှစ်လနဲ့ ပျောက်တယ်။ တချို့က တနှစ် နှစ်နှစ်နဲ့ ပျောက်သွားပါတယ်။ အခုလို နှစ်အတွင်းတောင် ရှိလာပြီဆိုတဲ့အခါကျတော့ ဒီအနုပညာပစ္စည်း ဂန္ထဝင်ပစ္စည်း ဖြစ်လာပြီလို့ ကျနော်တို့ကတော့ ရိုးသားစွာ ယုံကြည်ပါတယ် ခင်ဗျာ။

မေး။   ။ သင်္ကြန်မိုးက ၁၉၈၄ ကတည်းကလို့ မှတ်သား မိပါတယ်။ အရမ်းအောင်မြင်ခဲ့ပြီး အခုချိန်အထိလည်း နှစ်စဉ် ပရိသတ်တွေက တီဗီမှာ မက်မက်မောမော စောင့်ကြည့်နေရတုန်းပဲ။ ဒီလိုပဲ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတွေကို နောက်ထပ် ဆန်းသစ်ပြီး ပြန်ရိုက်ကြတာတွေလည်း ရှိပေမယ့် သင်္ကြန်မိုးကိုတော့ ပြန်ရိုက်ကြခြင်း ပြန်ရိုက်နိုင်ခြင်း မရှိဘူးပေါ့နော်။ အဲဒီအပေါ် အမြင်ကို ပြောပါဦး။

ဖြေ ။   ။ သင်္ကြန်မိုးကို ဖန်တီးဖို့ သုံးနှစ်လောက် အချိန် ယူခဲ့ကြရပါတယ်။ သင်္ကြန်မိုးကို စတည်ဖို့ ပြောရင်းနဲ့ ငြင်းကြ ခုံကြ၊ အပေါက်အပြဲတွေ ဖာကြ ထေးကြပေါ့ နော်။ အဲလိုနဲ့ လုပ်ခဲ့ရပါတယ်။ ထုတ်လုပ်သူ ဦးဇော်မြင့် ပြောတာကတော့ သူ့ကို ဒါက ကံတရားကပေးတဲ့ လက်ဆောင်ပါလို့ သူပြောပါတယ်။ ကျနော့်အနေနဲ့တော့ ဒီလိုမမြင်ပါဘူး။ ဇာတ်ကား တကား ကောင်းဖို့ဆိုတာ ဒါရိုက် တာရော၊ ဇာတ်ညွှန်းရော၊ ပြီးတော့ စက်မှုအဖွဲ့သားတွေရော၊ ပါဝင်တဲ့ သရုပ်ဆောင် ရော၊ ဒါတင်မက ထုတ်လုပ်သူရဲ့ စေ တနာ ထားမှုလည်း အများကြီး လိုပါတယ်။

အဲဒီအချိန်က ကိုဇော်မြင့်ကလည်း အသက်က ကျနော့်ထက်တောင် ငယ်ပါသေးတယ် ခင်ဗျ။ ရှုံးခြင်း မြတ်ခြင်းကို မတွက်တော့ဘဲ နဲ့ သူက ဒီသင်္ကြန်ကား ဆိုတာ မန္တလေးသင်္ကြန်လို ရိုက်ပြချင်တယ် ဆိုပြီး ဒီလိုကို ရိုက်တဲ့သူပါ။ ဒီ အတွက် မရိုက်ခင် ကြိုတင်ပြီး တော့ ပစ္စည်းတွေ စုခဲ့ ရပါတယ်။ ဓာတ်ပုံတွေ၊ Sketch တွေ ထုတ်ကြရပါ တယ်။ ဇာတ်အရ ၅၇ ခုနှစ်ဆို ဘယ်လိုဝတ်မယ်၊ ဒီဘက်ခေတ်ကျတော့ ဘယ်လို ဝတ်မယ် ဆိုတာတွေ အများကြီး ပြင်ဆင်ရပါတယ်။ အဲဒီမှာ ကိုဇော်မြင့်က ငွေကို ပုံထားပြီးတော့မှ ကြိုက်သလောက် ကုန်ပါစေ ဆိုပြီးတော့မှ ရိုက်တာပါ။

ဒါကြောင့်မို့လို့ (၁) အချက် အနေနဲ့ ပြောရရင် ထုတ်လုပ်သူရဲ့ စေတနာတွေလည်း ပါပါတယ်။ (၂) အချက်က ဆရာဦးတင်ဦးပါ။ ဆရာဦးတင်ဦး လက်စွမ်း အထက်ဆုံး အချိန်၊ စိတ်ဓာတ် အတက်ကြွဆုံး အချိန်မှာ သင်္ကြန်မိုးကို ရိုက်တာပါ။ ဒါ့အပြင် သူက မန္တလေးသားလေ။ ငယ်ငယ် ကတည်းက မန္တလေးသင်္ကြန် အကြောင်း အူမချေးခါး သိနေတဲ့သဘောပေါ့။ ဒီကားကို တခြား ဒါရိုက်တာ တယောက်က လာရိုက်ရင် တမျိုးဖြစ်ချင် ဖြစ်ဦးမယ်။ ဦးတင်ဦး ရိုက်လိုက်တဲ့ အတွက် ပိုမိုပြီးတော့ ကောင်းမွန်သွားတာလည်း ရှိပါတယ်။

နောက်တခုက ပါဝင်တဲ့ သရုပ်ဆောင် တွေပါ။ ပါဝင်တဲ့ သရုပ်ဆောင်တွေမှာ ဆိုရင် ဒေါ်ခင်သန်းနုကလွဲရင် တခြားသရုပ်ဆောင် တွေ အားလုံးဟာ ဦးတင်ဦး တပည့်တွေပါ။ ကျနော်တို့တွေက ဘယ်နှရက် ကြာကြာ၊ ဘယ်လောက်နေရ နေရ ဆိုပြီး ထိုင်ရိုက်ကြ တာပါ။ သင်္ကြန်မိုး ကို မရိုက်ခင် တလလောက် ပြင်ဆင်ရပါတယ်။ သင်္ကြန်မကျခင် ဆယ်ရက်လောက် ကတည်းက ကျနော်တို့ ကြိုပြီး သင်္ကြန်ကျနေ ကြတာပါ။ ပြီးတော့ သင်္ကြန်တွင်းရက်၊ သင်္ကြန်ပြီးတော့လည်း သင်္ကြန် ဆက်ကျနေရတာ ကျနော်တို့မှာ။ နွေဦးကဗျာ မဏ္ဍပ်ကြီးပေါ်မှာ တပတ် ဆယ်ရက်လောက်အထိ သင်္ကြန်က မပြီးနိုင်ဘူး။ သင်္ကြန်က ကျနော်တို့ အတွက်ကတော့ ရက်အစိတ်လောက်ထိ ဖြစ်သွားတာပေါ့နော်။

နောက်တခုကတော့ ဦးတင်ဦးရဲ့ ပညာပါခင်ဗျ။ သူက ရိုက်ကတည်းကိုက တွက်ချက် ရိုက်တာပါ။ ပညာရှင် ဆိုတော့လေ။ ဘယ် အခန်းမှာ ဘယ်သီချင်း ကိုထည့်ပြီး ဘယ်လိုပြောင်းမယ် ဆိုတာက အစပေါ့။ တည်းဖြတ် ဦးမြင့်ခိုင်ပေါ့ နော်။ ဦးမြင့်ခိုင် နဲ့ ဦးတင်ဦး ဆိုတာ တကယ့်လင်မယားလို နေတာ။ ဦးတင်ဦး ဘယ်လို ရိုက်ထားရင် ဘယ်လိုလုပ်ရမယ် ဆိုတာ ကြိုတင် တွက်ချက် ထားပြီး သားပါ။  ဥပမာပေါ့၊ ဦးနေအောင် ငုတ်တုတ်ထိုင်ပြီး အရက်ပုလင်းနှစ်လုံး ကို ကြည့်နေရင်း ညဘက်ကြီး ဘယ်ကိုကြည့်၊ ညာကို ကြည့်၊ အဲဒီ ပုလင်းနှစ်လုံးကို ရိုက်ခွဲမလို့ ပေါက်ခွဲမလို့ မြှောက်လိုက်တဲ့ အချိန်မှာ ဟိုဘက်မှာ ကိုဟန်တင်က ဒရမ်ကြီးကို ဂွမ်းဆို ရိုက်ချလိုက်တာ။ ပရိသတ်က ဝေါဆို ဖြစ်သွားတာ။ အဲဒါက အလကား ဘုရားပေးတဲ့ဆုမှ မဟုတ်တာ။ ဒါ ပညာရှင်တယောက်ရဲ့ တွက်ချက်ပြီးတော့ လုပ်ထားတဲ့ လုပ်ရပ်တွေပါ။

အဲဒီလိုတွေကြောင့်မို့ သင်္ကြန်မိုး အောင်မြင်ခြင်းကို ကြည့်မယ်ဆိုရင်တော့ ဆရာ ဦးတင်ဦး ရယ်၊ ထုတ်လုပ်သူများရယ်၊ ပြီးတော့ ပါဝင်တဲ့ စက်မှုအဖွဲ့သားများပေါ့ ဗျာ။ ချစ်မင်းလူ ကလည်း ကင်မရာဆို အင်မတန် ရူးသွပ်တာကိုး။ ဦးတင်ဦးနဲ့ ရိုက်သမျှ ကားများလည်း သူ အကယ်ဒမီရပါတယ်။ ဒါက အားလုံးရဲ့ ပေါင်းစည်းမှု၊ စုစည်းမှုအင်အား ပါသလို ခုနကပြောတဲ့ မြန်မာတို့ရဲ့ မရိုးနိုင်တဲ့ ပွဲတော်ပေါ့နော်။ တခြား အကြောင်း ရိုက်ထားရင် ခေတ်ကာလအလျောက် ခေတ် မဟုတ်တော့ တမျိုး ဖြစ်ချင်ဖြစ်မယ်။ ဒီဟာက တော့ မြန်မာတွေရဲ့ ရင်ထဲမှာ အနှစ်သက်ဆုံး၊ အစွဲလမ်းဆုံး ပွဲတော်တခု အကြောင်း ကို ရိုက်လိုက်တဲ့ အခါကျတော့ အဲဒါကြောင့် လည်း ပါပါလိမ့်မယ် ခင်ဗျာ။ ဒါကြောင့်မို့လို့ အောင်မြင်တယ် လို့ ထင်ပါတယ်။

ဒီသင်္ကြန်မိုး ဇာတ်ကားကို တခြားလူတွေ ပြန်ရိုက်ဖို့ထားလို့ ဦးတင်ဦး ဒီဘက်ခေတ် ရောက်တဲ့ အခါမှာ “ပိတောက် ပင်လယ်” ဆိုတဲ့ သင်္ကြန်ကားကြီး တကား ရိုက်ပါသေးတယ်။ ဦးဇော်မြင့်ထက် ငွေပို သုံးနိုင်ပါတယ်။ တကယ့် ပင်လယ်ကြီးထဲမှာကို ငွေဆောင် ကို သွားပြီးတော့ ပင်လယ်ကြီးထဲမှာ လှေကြီးတွေနဲ့ အဲဒါနဲ့ကို သင်္ကြန်တွေ ကျကြတာ။ ဇော်ဝင်းထွဋ် တို့တောင် ပါပါတယ်။ အဲဒီလိုရိုက်ခဲ့တာပါ။

ဒါပေမယ့် သင်္ကြန်မိုးကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကိုယ်တိုင် သင်္ကြန်မိုးကို စံချိန် ချိုးဖို့ လုပ်တာ မအောင်မြင်ဘူး ခင်ဗျ။ သဘောကတော့ ဒါတွေကလည်း ကျနော် မမြင်နိုင်တဲ့ ကိစ္စရပ်တွေ ပါမှာပါ။ လူတွေရဲ့ ရင်ထဲမှာ စွဲထားတဲ့ အစွဲတခုကို ကျနော်က ဖျောက်ပစ်လို့ မရ ဘူးလေ။ ကျနော် သိသလောက် သုံးသပ်ရရင်တော့ အဲဒီလိုပဲ သုံးသပ်မိပါတယ်။

မေး ။   ။ သင်္ကြန်မိုး ဇာတ်ကား ရိုက်ကူးမှုနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကိုလည်း ပြောပါဦး။

ဖြေ ။   ။ ကျနော့် အနေနဲ့ သင်္ကြန်မိုးမှာ သရုပ်ဆောင်ဆိုပေမယ့် တကယ်တမ်း ကျတော့ ကျနော်က သင်္ကြန်မိုး ရိုက်တဲ့ အချိန်မှာ ဆရာဦးတင်ဦးဆီမှာ ရ နှစ်ရှိခဲ့ပါပြီ။ ကျနော်က ဆရာဦးတင်ဦး ဆီမှာ မီးထိုး၊ မှန်ထိုး၊ မှတ်တမ်းရေး၊ တောက်တို မယ်ရ အလုပ်တွေက စပြီး မှတ်တမ်းရေး ဘဝကနေ ပြီးတော့မှ Assistant Director လိုမျိုးတောင် ဆရာက မျက်နှာလွှဲပြီး ခိုင်းတဲ့ ကိစ္စမျိုးတွေ ရှိလာ ပါပြီ။ သင်္ကြန်မိုးကျတော့လည်း ဒီလိုပါပဲ။ ကိစ္စအဝဝ အားလုံးကို ကျနော် ခေါင်းခံပြီးတော့ လုပ်ရ ပါတယ်။

ဇာတ်အင်အားတွေ ကလည်း များပြားတယ်။ အသုံးအဆောင် ပစ္စည်းတွေ ကလည်း ၁၉၅၇ ခုနှစ်နဲ့ ဇာတ်ကား ရိုက်တဲ့ ကာလ၊ အဲဒီလို ကွဲလွဲတာတွေက အများကြီးရှိတော့ ရှေ့ပိုင်းမှာလည်း အခက်အခဲတွေ အများကြီးတွေ့ပါတယ်။ လူတွေတော့ စုံနေပါပြီ၊ အုန်းလက် မဏ္ဍပ်ကြီး လည်း စုံပြီ၊ တီးဝိုင်းတွေလည်း စုံပြီ၊ စဉ့်အိုးကြီးတွေလည်း စုံပြီ၊ ရေသဘင်မဏ္ဍပ်က အမျိုးသမီးတွေလည်း အကုန်ဝတ်ပြီးပြီ။ ဒီဘက်က မြို့မအသင်းတို့၊ သင်္ဂဟ တို့ အတာသဘင် ကားကြီးတွေက ဆင်ပြီးပြီ။ ဦးလင်းအောင်တို့ လိုမျိုး ၅၇ ဝတ်စုံနဲ့ အဲဒီတုန်း က ဂျစ်ကားနဲ့ လင့်ရိုဗာနဲ့ လည်ကြမယ့် လူတွေလည်း စုံပြီ။ သို့သော် အဲဒီရောက်တော့မှ ပိတောက်ပန်းခြောက် လိုနေတာတို့၊ ရွှေခြေချင်း လိုနေတာတို့ အဲလိုမျိုး အဖြစ်မျိုးတွေ ပေါ့။ ဒါတွေက အများကြီး ကြုံတွေ့ခဲ့ရပါတယ်။

မေး။   ။ ဒီကားမှာ ဒါရိုက်တာ မောင်တင်ဦးနဲ့ ရိုက်ကူးခဲ့တဲ့ အတွေ့အကြုံတွေထဲက မှတ်မှတ်ရရ ဖြစ်ခဲ့တာတွေကိုလည်း ပြောပါဦး။

ဖြေ ။   ။ အမှတ်တရ ကတော့ ကျနော်နဲ့ ဦးနေအောင်နဲ့ အပြန်အလှန် သားအဖချင်း ပေါက်ကွဲကြပြီး ပြောကြတဲ့ အခန်းမှာ ကျနော်က စိတ်ထင်နေတာ ပေါ့လေ၊ ဆရာနဲ့ ငါ ရ နှစ်လောက် နေပြီးပြီ။ လူတကာကိုလည်း ငါ ရုပ်ရှင် အကြောင်းတွေ ပြောနေပြီ။ သင်တန်းတောင် ကျနော်က ဆရာ့ဆီ လာအပ်ရင် ကျနော်က အရင်သင်ပေးရတဲ့ဘဝ ရောက်နေပြီလေ။ ကိုယ်လုပ်နိုင်မယ်ပဲ ထင် နေတယ်။ ဒီမာန်လေးနဲ့ပေါ့။ ဒါပေမယ့် တကယ်တမ်း ကျတော့ မရဘူး၊ အဲဒီအခန်းက လေးငါးကြိမ် မက ဆရာက ပြန်ရိုက် ပြန်ရိုက် ဆိုတော့ ရေစိုပြီး ပြန်လာတဲ့ အခန်း ဆိုတော့ ရေတွေလောင်းလိုက် မီးထိုးတဲ့အထဲ ဝင်လိုက်၊ မရလိုက်။ ကျနော် တော်တော် စိတ် ဓာတ် ကျပါတယ်။ ထမင်းလည်း ထွက်မစားဖြစ်တော့ဘူး။ ကွယ်လွန်သွားတဲ့ ဦးချစ်မင်းလူ ပေါ့နော်။ သူတို့တွေ ပြန်ဝင်လာပြီးတော့ မှ ကဲ ဘကြီးရေ ရသလောက် ရိုက်ကြည့်တာပေါ့ဗျာ။ မရလည်း ရသလောက်ပဲ ယူလိုက်တာပေါ့ ဆိုပြီး ရိုက်လိုက်တဲ့အခါကျတော့ တကယ်ရသွားပါတယ်။

အဲဒါက ဘာလဲဆိုတော့ ဆရာဦးတင်ဦး အနားမှာ နေပြီးတော့ ကျနော်က သိနေတယ်၊ သူ့ အထာတွေကို။ တခြား သရုပ်ဆောင် တွေ အိုက်တင်လုပ်လို့ မရရင် သူ ဘယ်လိုနည်းနဲ့ လုပ်တယ်ဆိုတာ သိတယ်။ ပြီးရင်လည်း ကျနော် ခံရတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်က တက်ကြွနေတာကိုး။ ငါလုပ်နိုင်တယ်ဆိုပြီး တက်ကြွနေတာ။ တကယ်တမ်းကျတော့ အဲဒီထဲကဇာတ်ကောင် သက်ထွေး ဆိုတာက ဖခင်က တဖက်၊ ချစ်သူနဲ့ သူငယ်ချင်းတွေက တဖက်၊ သင်္ကြန်မှာ ကိုယ်ပျော်ချင်တာ တဖက်၊ ဒီဘက်ပေါင်းစုံကြားမှာ ညပ် နေတဲ့ စိတ်ဓာတ်ရေးရာအရ လုံးဝကြေကွဲနေတဲ့ ကလေး တယောက်။

ကျနော်က သွားပြီးတော့မှ တကယ့်ကို အမာကြီးတွေနဲ့ ဖြစ်နေတော့ ဆရာဦးတင်ဦးက အဲဒါကို ချိုးလိုက်တာပါ။ ချိုးလိုက်တော့ တကယ် ရိုက်တဲ့ အခါကျတော့ ကျနော်တကယ် ကြေကွဲပြီး တော့ ငိုယိုပြောတဲ့အဆင့် ရောက်သွားရော။ အဲဒါကတော့ ဆရာဦးတင်ဦးရဲ့ ပညာပါ။ ကျနော့်ကို တကယ့်ကို စိတ်ဓာတ်ရေးရာ ပြိုကွဲနေတဲ့ သက်ထွေး ဖြစ်လာအောင် သူ ဖန်တီးပေးခဲ့တာပါ။ နောက်ထပ် ပြောရမယ်ဆို သင်္ကြန်မိုးမှာ ကျနော် နင်လားငါလား အိုက်တင် သိပ်လုပ်ရတာ မရှိပါဘူး။ ဦးနေအောင်နဲ့ပြောရတဲ့ အခန်း လောက်ပါ။ ကျန်တဲ့ဟာလေးတွေ ကတော့ မေးထူး ခေါ်ပြော လေးတွေ၊ တခါတလေကျရင် တယောက်တည်း ကျုံးဘေး သွားထိုင် နေတာတွေ၊ သစ်ပင်အောက် သွားထိုင်နေတာ ဒီလောက်ပါပဲ။

သို့သော် ဆရာဦးတင်ဦးရဲ့ ပညာကြောင့် ကျနော့်ကို ပရိသတ်ရဲ့ ကရုဏာ ရောက်လာပါတယ်။ သက်ထွေးဆိုတဲ့ ကောင်လေး ဆီ ကို။ ဘာကြောင့်လဲ ဆိုတော့ ဒီသက်ထွေးက ခုမှပေါ်လာတဲ့ သက်ထွေး မဟုတ်ဘူးလေ။ အဖေ အမေနဲ့ ညားပြီးတော့မှ မွေးလည်း မွေးရော မီးတွင်းထဲမှာကို အမေက ဆုံးရှာတဲ့ မိတဆိုး၊ ဒီကြားထဲ အဖေက အရက်သမားကြီး ဖြစ်သွားတဲ့အခါကျတော့ အဖေ သွားလေရာကို လိုက်ပြီးတော့မှ အဖေ စန္ဒရားတီးရင် စားပွဲပေါ်မှာ၊ သေတ္တာပေါ်မှာ အိပ်ပြီး ခြင်တွေကိုက်ပြီး ဒီလိုနေရတဲ့ကလေး ကိုး။ အဲဒီတော့ ဒီကလေးပေါ်မှာ သနားတဲ့ မေတ္တာ ကရုဏာဟာ သက်ထွေးဆိုပြီး ဇင်ဝိုင်းက ဝင်လာတဲ့ အခါကျတော့ ဒီကလေးပေါ်မှာထားတဲ့ ပရိသတ်တွေရဲ့ မေတ္တာတရားက ကျနော့်ဆီ ဝင်လာတာပါ။ ဒါကလည်း ဆရာဦးတင်ဦးရဲ့ အတတ်ပညာပါ။

မေး ။   ။ သင်္ကြန်မိုး ဇာတ်ကားဟာ ရုပ်ရှင်တင်မက ဇာတ်ဝင်သီချင်းတွေ ကလည်း အရမ်းအောင်မြင်ခဲ့ ပါတယ်။ အခုထိလည်း ဒီသီချင်းတွေကို ကျော်နိုင်တဲ့ အောင်မြင်တဲ့သီချင်းတွေ မရှိသေးဘူးလို့တောင် ပြောနိုင်ပါတယ်။ အဲဒီ အပေါ်လည်း သုံးသပ်ပေးပါဦး။

ဖြေ ။   ။ ဒီလိုရှိပါတယ်၊ သင်္ကြန်မိုးရဲ့ ဂီတမှူးဟာ သုံးယောက်ပါ။ ဂီတမှူး သုံးဦး နာမည်ထိုးတာပါ။ ဂီတမှူး မြို့မ ကိုပေါ၊ ဂီတမှူး အဥ္ဇလီမောင်မောင်၊ မကြာခင်က ဆုံးပါးသွားတဲ့ ဇော်မျိုးထွဋ် တို့ပါ။ ဂီတမှူးသုံးယောက် ဝိုင်းဝန်း ဖန်တီးကြတာပါ။ ဒီဇာတ်ကားကို ဂီတတွေပိုင်းနဲ့ ပတ်သက်လို့ ကျနော်တို့ မရိုက်ခင် သီချင်းတွေသွင်းကြတော့ သီချင်းတွေချည်းပဲ ၁၅ ပုဒ်၊ ၁၆ ပုဒ်လောက် ရှိနေ တော့ ဒါရိုက်တာတဦးက ပြောပါတယ်။ မင်းဆရာကကွာ ဒီသီချင်းတွေ ၁၅ ပုဒ်၊ ၁၆ ပုဒ် သုံးနေတော့ ဇာတ်အသားက ဘယ်မှာ ရှိမှာလဲ လို့ မေးပါတယ်။ သူတို့ ထင်နေတာကတော့ အဲဒီ ခေတ်ကတော့ဗျာ သီချင်းဆိုရင် မင်းသား မင်းသမီး လက်တွဲပြီးတော့ ပန်းခြံ ထဲ လှည့်ပတ်ကကြ ခုန်ကြ ဒီလိုမျိုး ထင်တယ်ပေါ့ နော်။ ကျနော် ဘာမှ မပြောဘဲ နေပါတယ်။ သင်္ကြန်မိုးကျတော့ ဒီသီချင်းတွေထဲမှာပဲ ဇာတ်က ဖြစ်နေတယ်။ ဒီလိုပဲ ဇာတ်ထဲမှာ သီချင်းက ပါနေတယ်။ နွေဦးကဗျာမှာ သီချင်းတွေ ရေးနေ ဆိုနေရင်းကနေ နောက်မှာ ဇာတ်ကွက်တွေက ဖြစ်နေကြပြီ။ ဒီ တူးပို့ တူးပို့ သီချင်းနဲ့ပဲ တခါတည်း ဇာတ်က ဖြစ်နေတယ်။ အဲဒီတော့ ဇာတ်သားထဲမှာ သီချင်းပါတယ်။ သီချင်းထဲမှာ ဇာတ်သား ပါတယ် ဒီလိုမျိုး ရိုက်သွားတာပါ။ ဒီသီချင်းကို သီးသန့်လုပ်တာမျိုး မဟုတ်ပါဘူး။
သင်္ကြန်မိုး ရုပ်ရှင် DVD ကာဗာ
သင်္ကြန်မိုး ရုပ်ရှင် DVD ကာဗာ

မေး ။   ။ နောက်ပြီးတော့ ဒီထဲမှာ ပါဝင်တဲ့ ဇာတ်ဝင် သီချင်းတွေပေါ့နော်။ ဆရာ မြို့မငြိမ်း သီချင်းတွေကတော့ ထားတော့။ နောက်ပိုင်း တချို့သီချင်းတွေ ကျတော့ ဒီဇာတ် အတွက်ကို ရေးတာလား နဂိုရှိရင်းစွဲကို သုံးတာလား။

ဖြေ ။   ။ တချို့သီချင်းတွေဆို “ညချမ်းသဘင်” ဆိုရင် မြို့မအနေနဲ့ နဂိုကတည်းက ရှိထားတဲ့ သီချင်း။ “နှစ်ကိုယ်တူ ချစ်သမျှ” ဆိုတဲ့ဟာ ကျတော့ ဒါကတော့ ဒီဇာတ်အတွက် သေချာရေးတာပါ။ ခုနကပြောတဲ့ “အနုပညာ ပန်းတိုင်” တို့  “သင်္ကြန်မိုး” တို့ ကျတော့ ဒီဇာတ်အတွက်ကိုပဲ ရည်ရွယ်ပြီးတော့ ဆရာအဥ္ဇလီ မောင်မောင်က ရေးခဲ့တာပါ။ သူတို့ကိုယ်တိုင် လုပ်ကြတာပါ ခင်ဗျ။

မေး။   ။ နောက်တခုက ဒီထဲမှာ ကျမတို့ ကြည့်မိတာ ပေါ့နော်။ လူငယ်တွေရဲ့၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေရဲ့ သင်္ကြန်အပေါ်ကို စိတ်ဝင်စားမှု အတိုင်းအတာနဲ့ တက္ကသိုလ် အနုပညာအသင်းက တက္ကသိုလ် ကျောင်းသားတွေရဲ့ သင်္ကြန်အတွင်းမှာ ပါဝင်ဆင်နွှဲတဲ့ ပုံစံတွေ၊ ဒါတွေလည်း တွေ့ရတယ် ပေါ့နော်။ အဲဒီခေတ်က သင်္ကြန်အပေါ် လူငယ်တွေရဲ့ လုပ်ဆောင်မှုတွေ၊ သင်္ကြန် အပေါ်မှာ ထားတဲ့ စိတ်တွေနဲ့၊ အခု လက်ရှိပြောင်းလဲလာတဲ့ လူငယ်တွေရဲ့ သင်္ကြန်အပေါ်ထားတဲ့ လုပ်ဆောင်မှုတွေက အရမ်း ကွာခြားသွားပြီလို့ ဦးဇင်ဝိုင်းအနေနဲ့ မြင်မိလား။

ဖြေ ။   ။ မြင်ပါတယ် ခင်ဗျ။  ကျနော့်  အမြင်ကတော့ ပညာရေး စနစ်ကြီး မှားယွင်းသွားမှုလို့ပဲ မြင်ပါတယ်။ အဲဒီလို ပြောတော့ လည်း သင်္ကြန်နဲ့ ပညာရေးစနစ် မှားယွင်းတာ ဘာဆိုင်လဲလို့ ပြောစရာဖြစ်မှာပေါ့။ ကျနော်တို့ တက္ကသိုလ် ရောက်စဉ်မှာ တက္ကသိုလ် အနုပညာအသင်းဆိုတာ ရှိပါတယ်။ တခြားအသင်း ပေါင်းစုံလည်း ရှိပါတယ်။ ကျနော်တို့တွေက ဒီမှာ ဆိုကြ၊ တီးကြ၊ မှုတ်ကြ၊ ကကြ။ ဆိုချင်တဲ့သူက ဆို၊ ကချင်တဲ့သူက က၊ တီးချင်တဲ့သူက တီးနဲ့ အဲဒီလို လုပ်ကြတာပါ။ တက္ကသိုလ်ကြီးကို ဖြိုခွဲလိုက်ပြီး တဲ့ အခါမှာ နယ်စွန်နယ်ဖျားတွေ ရောက်သွားကြတဲ့အခါ ကျတော့ အဲဒီမှာ ဘာမှ မရှိကြတော့ပါဘူး။ အဲဒီတော့ ဒီ ကလေးတွေ အနေနဲ့က ကိုယ့်ဘာသာကိုယ် အိမ်မှာ ဝါသနာပါလို့ တီး၊ ကိုယ့်ဘာသာကိုယ် ထွက် ရင်ထွက်၊ သို့မဟုတ်ရင်တော့ ဒီတက္ကသိုလ်အနုပညာ အသင်းကနေ စုဆောင်းပြီးတော့ ထွက်လာတယ် ဆိုတဲ့ သင်္ကြန်ကားမျိုးတွေ၊ သင်္ကြန်သီချင်းမျိုးတွေ ထွက်လာဖို့က မရှိပါဘူးခင်ဗျ။ အဲဒါကလည်း မှားယွင်းသွားတဲ့ ကျနော်တို့ ပညာရေးစနစ်ကြောင့်လို့ ကျနော် မြင်ပါတယ်။

မေး။   ။ ဒီလိုမျိုး အနုပညာမြောက်တဲ့ ယဉ်ကျေးမှုကို ဖော်ကျူးနိုင်တဲ့ ဇာတ်ကားကြီးမျိုး ထပ်ပြီးတော့ ပေါ်ထွက်မလာတော့တဲ့ အပေါ် ဦးဇင်ဝိုင်းရဲ့ အမြင်သုံးသပ်ချက် ပေါ့နော်။ ဘာကြောင့်လဲ၊ ဘယ်လိုကြောင့်လဲဆိုတဲ့ သုံးသပ်ချက်လေး သိချင်ပါတယ်။

ဖြေ ။   ။ ဘာကြောင့်လဲဆိုတော့ အခု ကျနော်တို့ ရိုက်နေရတာ သာမန်ကား တကားမျိုးကို သိန်းတထောင်နဲ့ တထောင့်ငါးရာ ကြားလောက် ကုန်ပါတယ်။ သာမန်ကားတကားပါ။ သင်္ကြန်မိုးကားမျိုးကို နှစ်ဆတွက် ကြည့်လိုက်ပေါ့။ သုံးထောင်လောက် ကုန် မယ် ပေါ့။ ဒါတောင်မှ ကျဉ်းကျဉ်းကျုံ့ကျုံ့ ရိုက်မှ ရမှာလေ။ သုံးထောင်လောက်နဲ့ မရနိုင်ပါဘူး။ ရုံပြန်တင်မယ့် အခါကျတော့ ကျနော်တို့ မြန်မာဇာတ်ကား တင်စရာရုံက အလွန်နည်းပါးနေပါတယ်။ အဲဒီတော့ ကိုယ့်စိုက်ထုတ်လိုက်တဲ့ငွေကို ပြန်ရဖို့ မြတ်ဖို့ထားလို့ အရင်းပြန်ရဖို့တောင် မနည်းကုတ်ကတ် ရှာနေရတဲ့ အထဲမှာ အဲဒီအတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ လျှော့ချရမယ်။ လျှော့ချတဲ့အခါမှာ အချိန်တွေကိုလည်း လျှော့ချရပါတယ်။ အချိန်ဆိုတာလည်း ငွေဖြစ်တာကိုး ခင်ဗျ။ ကျနော်တို့ဆီမှာ တဂျူတီ တက်သွားပြီဆို ငွေဘယ်လောက် တက်သွားတယ် ဆိုတာ ပရိုဂျူဆာက မျက်လုံးပြူးနေပြီ။ အဲလိုမျိုး ဆိုတော့ ဒီကိစ္စတွေလည်း အများကြီး ပါပါတယ်။

ကျနော်တို့နိုင်ငံမှာ အရင်က ရုံပေါင်းရာနဲ့ချီပြီးတော့ရှိပါတယ်။ အခု မြန်မာပြည်မှာ ကျနော်ရှိစဉ်ကာလက ၄၉ ရုံမှာ ၁ ရုံက တခါတရံ မှသာ မြန်မာကား ပြတာ ဆိုတော့ ၄၈ ရုံပေါ့နော်။ အခု Digital Cinema စနစ်ကို ပြောင်းနေတဲ့ အခါကျတော့ Digital အနေနဲ့ ပြနေတာ ၂၉ ရုံပဲ ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ အနေနဲ့ ရုပ်ရှင်တွေတော့ ရိုက်ပါပြီ။ ဒီရုပ်ရှင်တွေ ရုံတင်ပြသရမယ့် ရုံတွေ မရှိဘဲ နဲ့တော့ ကျနော်တို့ ဘယ်တော့မှ ဒီလိုကားမျိုး ကောင်းအောင် ရိုက်နိုင်မှာ မဟုတ်ပါဘူး။ ရုံပေါင်း ရာနဲ့ချီ မြန်မာပြည်မှာ ရှိခဲ့မယ် ဆိုရင်တော့ ဒီလိုဇာတ်ကားမျိုး ထွက်လာနိုင်တာပေါ့။

ဥပမာ ရုံပေါင်း ရာနဲ့ချီလို့ တဝက်ပဲရ၊ မြန်မာတပြည်လုံး ရှာရင် သိန်းငါးထောင် ရနိုင်တယ်။ သိန်းခြောက်ထောင် ရနိုင်တယ်။ တဝက်ပဲ ရဦးပေါ့နော်။ အနည်းဆုံး သိန်းသုံးထောင် လေးထောင်တန် ကားမျိုး ရိုက်နိုင်မှာပေါ့။ အခုဟာက ထောင့်ငါးရာလောက် ကုန်ပြီဆို မျက်လုံးပြူးနေပြီ။ ကိုယ့်ကားက မြတ်ဖို့ထားလို့ အရင်းပြန်ရဖို့တောင် မနည်းပြန်လုပ်နေရတဲ့ ဘဝမို့ပါ။ အဲဒီလို အကြောင်း ကြောင့်လို့ပဲ ကျနော် ဆိုချင်ပါတယ် ခင်ဗျာ။     ။
Irrawaddy
https://burma.irrawaddy.com/opinion/2014/04/11/57497.html


Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)