Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 17, 2017

အိမ်မက်ခိုးသူ ဆရာမ


"...အိမ်မက်ခိုးသူ ဆရာမ.."
+++++++++++++++++
မြင်းထိမ်း သမားတစ်ယောက်မှာ သားလေးတစ်ယောက်ရှိတယ်။ သူ့နာမည်က မွန်တီတဲ့..။ မွန်တီလေးဟာ ငယ်ငယ်ထဲက သူ့အဖေနဲ့ မြင်းဇောင်းမှာ ကူလုပ်ပေးရတယ်။ မြင်းချေး ကျုံးရတယ်။ မြင်းဇောင်းမှာ သန့်ရှင်းရေးလုပ်ရတယ်။ မြင်းကျောင်းရတယ်။ မြင်းဇောင်းက အလုပ်မှန်သမျှ သူအကုန်လုပ်ရတယ်။

သူ့အဖေကို အမြဲကူလုပ်ပေးရတဲ့ အတွက် ကျောင်းနောက်ကျရပေါင်းလည်းများပြီ။ စာသေသေချာချာလုပ်ချိန်မရှိတဲ့အတွက် စာမေးပွဲကျပေါင်းလည်း များပြီ။ တစ်နေ့ ကျောင်းမှာ ဆရာမက ခလေးတိုင်း ကိုယ် ကြီးလာရင် ဘာဖြစ်ချင်လဲဆိုတာ စာသီစာကုံး ရေးဖို့ခိုင်းလိုက်တယ်။

မွန်တီလေးကလည်း သူဖြစ်ချင်တာ ချရေးတာပေါ့. သူဖြစ်ချင်တာက မြင်းတွေအများကြီး ပိုင်တဲ့ မြင်းမွေးမြူရေး ခြံပိုင်ရှင်ကြီး။ မွန်တီလေးက သူဖြစ်ချင်တာတွေ အသေးစိတ်ချရေးတာ စာမျက်နှာ ၇ မျက်နှာတောင်ရှိသတဲ့။ တစ်နေ့မှာ သူက ဧက ၂၀၀ လောက်ရှိတဲ့ မြင်းမွေးမြူရေး ခြံပိုင်ရှင်ကြီး ဖြစ်ရမယ်။ ခြံထဲမှာ အဆောက်အဦးအကြီးကြီးတွေပါတယ်။ မြင်းပြိုင်ကွင်းပါတယ်။ ကားရပ်နားစရာနေရာတွေက အစ အသေးစိတ်ရေးထားတာ။

နောက်တစ်နေ့မှာ သူရေးထားတဲ့ စာသီစာကုံးကို ဆရာမကို ပေးလိုက်တယ်။ ၂ ရက်အကြာမှာ ဆရာမရဲ့  အဆင့်သတ်မှတ်ချက်နဲ့ အတူ သူ့စာသီစာကုံးပြန်ရတယ်။ သူများတွေ A ဒါမှမဟုတ် B+ ရတဲ့အချိန်မှာ သူရတာက F တဲ့ ဘိတ်ဆုံးအဆင့် ။ မွန်တီလေးက စိတ်မကောင်းတော်တော် ဖြစ်သွားပြီး ဆရာမကို သွားမေးတယ်။ ဆရာမ သားဘာဖြစ်လို့ F ပဲရတာလည်းဆိုတော့။ ဆရာမက နင်ရေးတဲ့ အကြောင်းအရာက လုံးဝ မဖြစ်နိုင်ဘူး။

မြင်းမွေးမြူရေး ခြံပိုင်ရှင်ကြီး ဖြစ်ဖို့ဆိုတာ မြေတွေအများကြီး ပိုင်ရမယ်။ မြင်းတွေနဲ့ တခြားအရာတွေ အတွက် ငွေတွေ အများကြီးလိုတယ်။ နင်တို့မိသားစုက အရမ်းဆင်းရဲတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကြောင့် တခြား ဖြစ်နိုင်တဲ့ အကြောင်းအရာ ပြောင်းရေး ငါ အဆင့်တိုးပေးမယ်လို့ ခိုင်းလိုက်တယ်။

မွန်တီလေးဟာ ဝမ်းနည်းပက်လက်နဲ့ သူကြီးလာရင် ဖြစ်ချင်တဲ့ သူ့အိမ်မက် အကြောင်းစဉ်စားရင်း အိမ်ပြန်လာတယ်။ အိမ်ရောက်တော့ သူ့အဖေလုပ်သူကို ပြောပြတယ်။ သူအဖေ့က သား ကိုယ့်အိမ်မက်ဆိုတာ ကိုယ်နဲ့ပဲ ဆိုင်တာ။ သားဆရာမက ဘာမှ မဆုံးဖြတ်နိုင်ဘူး။ မင်းက ကိုယ်အိမ်မက်ကို ယုံယုံကြည်ကြည်နဲ့ အကောင်အထည်ဖော်ရင် တစ်နေ့ဖြစ်ရမှာပေါ့ ငါ့သားရလို့ သားစိတ်ချမ်းသာအောင် အားပေး စကားပြောလိုက်တယ်။

အဲလိုနဲ့ နောက်နေ့ကျောင်းရောက်တော့ မွန်တီလေးက သူအရင်ရေးထားတဲ့ စာသီစာကုံးပဲ ထပ်လိုက်တယ်။ နောက်ရက်မှာ ဆရာမက မင်းဘာကြောင့် မပြင်ပဲ အရင်ရေးထားတာပဲ ပြန်ပြတာလဲ။ ဒါဆိုငါက F အဆင့်ပဲပေးမယ်လို့ ငေါက်လိုက်တယ်။ မွန်တီလေးက ဆရာမ F ကို ဆရာမပဲ သိမ်ထားပါ။ ကျနော်ကတော့ ကျနော်အိမ်မက်ကျနော်သိမ်းထားမယ် ကျနော်ရေးထားတဲ့ စာရွက်တွေ ပြန်ပေးပါဆိုပြီး သူ့စာသီစာကုံး စာရွက်တွေကို ပြန်ယူသွားတယ်။

အဲလိုနဲ့ နှစ်တွေကြာသွားပြီး တစ်နေ့မှာ အဲဒီ ဆရာမနဲ့ ခလေးငယ် ၃၀ ခန့်ဟာ လေ့လာရေးခရီးတစ်ခု သွားရတယ်။ လမ်းက မြင်းပြိုင်ကွင်းကြီး တစ်ခု အရောက်မှာ နားစရာရှာရင်းနဲ့ ခြံစောင့်ထွက်လာတာနဲ့ တွေ့တယ်။ ခြံစောင့်က လာပါ ခလေးတွေလည်းပါတော့ အထဲမှာ ဝင်နားပါဆိုပြီး ပြောလာတယ်။ အဲလိုနဲ့ အဆောက်အဦးထဲမှာ နားနေတုန်း သားသားနားနားလူတစ်ယောက်ထွက်လာတော့ ခြံစောင့်က မိတ်ဆက်ပေးတယ်။ ဒါကျနော်တို့ သူဌေးလေ။ အရမ်းချမ်းသာတာ။ ဆရာမလည်း မှုံနေတဲ့ သူ့မျက်လုံးကို ကပြာကရာပွတ်ပြီး ကြည့်လိုက်တော့ သူ့တပြည့် မွန်တီ ဖြစ်နေတယ်။

မြင်းသူဌေးကြီး မွန်တီက ဆရာမကို အဝေးကတည်းက မှတ်မိနေတာ။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရင်း ပြန်ခါနီးမှာ ဆရာမက သားမွန်တီရေ။ ဆရာမဘဝမှာ ခလေးတွေရဲ့  အိမ်မက်ပေါင်း များစွာကို ခိုးယူခဲ့တယ်။ ဒါပေမဲ့ မင်းကတော့ မင်းအိမ်မက်ကို အခိုးမခံရအောင် လုံခြုံစွာ သိမ်းဆည်းနိုင်ခဲ့တယ်။ မင်းအတွက် ဂုဏ်ယူတယ်ကွာလို့ ပြောရင်း ခြံထဲက ထွက်လာခဲ့ကြတော့တယ်တဲ့..။

မူရင်းစာရေးသူက ဆက်ပြီးပြောထားတာက အိမ်မက်တွေကို ဖျက်ဆီမဲ့ လူတွေက စောင့်နေတယ်။ အိမ်မက်တွေဟာ ငယ်စဉ် စာသင်ခန်းတွေ ထဲကနေ လုပ်ငန်းခွင်ထဲသာမက အသက်အရွယ်အိုမင်းတဲ့ အချိန်ထိ ဖျက်စီးခံနေရတယ်တဲ့။ လူတွေဟာ ကိုယ့်နောက်ဆုံးအချိန်မှာ နောင်တရကြတာက ကိုယ်လုပ်ချင်တဲ့ အိမ်မက်တွေကို မလုပ်နိုင်ခဲ့ အကောင်အထည် မဖော်နိုင်ခဲ့တာပဲတဲ့။

ဒါကြောင့် သူငယ်ချင်းတို့လည်း ကိုယ့်အိမ်မက်တွေကို မွန်တီလေးလို ငယ်စဉ်ကတည်းက ခိုးယူမခံရအောင် ထိမ်းသိမ်းနိုင်ကြပါစေ။.. ဒီနှစ်ဆန်းတစ်ရက်နေ့မှ စ၍ နှစ်သစ်မှာ ကိုယ့်အိမ်မက်တွေ မွန်တီလေးလို အကောင်အထည်ဖော် နိုင်ကြပါစေ....။ ။

Follow your dreams ဆိုတဲ့ ပုံပြင်လေး ကိုဆီလျှော်အောင် ပြန်ဆိုပါသည်။

ရဲမင်း (17/4/2017)
https://www.facebook.com/yeminhein/posts/10212856251507149

No comments:

Post a Comment