Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 17, 2017

သံမဏိနှင်းဆီဂျာနယ် အယ်ဒီတာ ကိုဝေယံဟိန်း ဓားဒဏ်ရာဖြင့် သေဆုံး


သံမဏိနှင်းဆီ ဂျာနယ်တိုက်၏ အယ်ဒီတာတစ်ဦးဖြစ်သူ ကိုဝေယံဟိန်းသည် ပုဇွန်တောင်မြို့နယ်၊  ပုဇွန်တောင် တရားရုံးအနီးရှိ တိုက်အမှတ်-၂၀၈၊ ပထမထပ်ရှိ ဂျာနယ်တိုက်ခန်းအတွင်း ဓားဒဏ်ရာဖြင့် သေဆုံးနေကြောင်း သတင်းရရှိသည်။

ဂျာနယ်တိုက်နှင့် အခန်းချင်းကပ်လျှက် နေထိုင်သူတို့က အဆိုပါ ဂျာနယ်တိုက်အတွင်းမှ အနံ့ထွက်လာသဖြင့် ဂျာနယ်တိုက် အယ်ဒီတာချုပ်နှင့် ထုတ်ဝေသူများဖြစ်သော ကိုဝေယံဟိန်း၏ မိဘနှစ်ပါးကို ယနေ့ (ဧပြီ ၁၆ရက်) (သင်္ကြန်အတက်နေ့) နံနက်ပိုင်းက အကြောင်းကြားရာမှ ဂျာနယ်တိုက်အတွင်း ကိုဝေယံဟိန်း ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို သိရခြင်းဖြစ်သည်။

"ဂျာနယ်တိုက်ကို သူ့မိဘတွေ ရောက်လာပြီး ဖွင့်ကြည့်လိုက်တော့ ဓားဒဏ်ရာနဲ့ ကုလားထိုင်ပေါ်မှာ သေနေတာကို တွေ့ရတယ်" ဟု သံမဏိနှင်းဆီ ဂျာနယ်တွင် ဆောင်းပါးများ ရေးသားသူ ဦးအေးကိုက ပြောကြားသည်။

လက်ရှိအချိန်တွင် ကိုဝေယံဟိန်းအား ဓားဖြင့် ထိုးသတ်ခံရသည့် အကြောင်းအရင်းနှင့် သေဆုံးသည့် အချိန်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိပြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများမှ အခင်းဖြစ်ပွားရာကို လာရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

Writer: သက်မင်း
EMG

No comments:

Post a Comment