Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 28, 2017

အသက် 20 သာရှိသေးတဲ့ ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာမလေး


အသက် 20 သာရှိသေးတဲ့ Alexandra Andresen အမည်ရ မိန်းမပျိုလေးကို ” ကမ္ဘာ့အသက်ငယ်ဆုံးဘီလျံနာမလေး” အဖြစ် လူသိများကြပါတယ်။ သူမဟာ မြင်းစီးအားကစားကိုလည်း အလွန်သဘောကျ နှစ်ခြိုက်သူဖြစ်ပြီး၊ သက်ငယ်တန်း ချန်ပီယံတစ်ယောက်လည်း ဖြစ်ပါတယ်။ ပေါင် 1.17 ဘီလျံချမ်းသာကြွယ်ဝမှုကြောင့် Forbes မဂ္ဂဇင်းကြီးက သူမကို ” ကမ္ဘာ့အသက်ငယ်ဆုံးဘီလျံနာ”အဖြစ် မှတ်တမ်းရေးထိုးပေးခဲ့ပါတယ်။

သူမဟာ နော်ဝေနိုင်ငံသူဖြစ်ပြီး၊ Ferd ကုမ္မဏီကို 42% အထိ ပိုင်ဆိုင်ကာ သူမရဲ့ အစ်မက 42%၊ ဖခင်က 16% ပိုင်ဆိုင်ပါတယ်။ သူမရဲ့ အစ်မကိုလည်း Forbes က ဒုတိယအသက်ငယ်ဆုံး ဘီလျံနာအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ Alexandra ဟာ မြင်းအမြောက်အများကိုလည်း ၀ယ်ယူစုဆောင်းသူဖြစ်ပြီး၊ တစ်ခြားအိမ်မွေးတိရစ္ဆာန်တွေကိုလည်း မွေး
မြူလေ့ရှိပါတယ်။

2007 ခုနှစ်မှာ Alexandra ရဲ့ ဖခင် Johan Andresen က သူမနဲ့ အစ်မဖြစ်သူ Katharina ကို Ferd ကုမ္မဏီရဲ့ ပိုင်းဆိုင်မှု 84% အထိ ခွဲဝေပေးခဲ့ပြီး၊ လုပ်ငန်းကို ဦးဆောင်စေခဲ့ပါတယ်။ Andresen ဟာ နော်ဝေနိုင်ငံကနေ ထုတ်ပြန်
တဲ့ အသက်အငယ်ဆုံး အခွန်ဆောင်သူများစာရင်းမှာ 17 နှစ်ကတည်းက ဦးဦးဖျားဖျား ဖော်ပြခံခဲ့ရပြီး၊ တိုင်းပြည်ကို အကျိုးပြုခဲ့သူ ဖြစ်ပါတယ်။


ဖခင် Johan က Ferd ကုမ္မဏီလက်အောက်မှာရှိတဲ့ စီးကရက်နဲ့ဆေးရွက်ကြီးထုတ်လုပ်ရေးကုမ္မဏီ Tiedemanns ကို ပေါင် သန်း 500 နဲ့ ရောင်းချခဲ့ပြီးပေမယ့် Fred ကုမ္မဏီဟာ Nordic stock ဈေးကွက်မှာတော့ Active အဖြစ်ဆုံး ကုမ္မဏီအဖြစ် ဆက်လက်ရပ်တည်နိုင်ဆဲပါဘဲ။

Alexandra ကို 1997 ခုနှစ်မှာ အိုဆိုလို၊ နော်ဝေမှာ Johan နဲ့ Kristin Andresen တို့က မွေးဖွားခဲ့ပါတယ်။ လက်ရှိအ ချိန်မှာတော့ အစ်မဖြစ်သူ Katharina ဟာ ဟော်လန်နိုင်ငံ Amsterdam University College တက္ကသိုလ်မှာ သိပ္ပံဘာသာရပ်အထူးပြုနဲ့ ကျောင်းတက်နေဆဲပါ။ Andresen ကတော့ ကုမ္မဏီလုပ်ငန်း အားလပ်ချိန်တွေမှာ မြင်းစီးလေ့ ကျင့်လိုက်၊ ကမ္ဘာအနှံ့ခရီးထွက်လိုက်၊ ဈေးဝယ်လိုက်နဲ့ အချိန်ဖြုန်းလေ့ရှိတယ်လို့ ဆိုပါတယ်။

လင်းဇော်ကို (Shwemom)

source : thesun.co.cuk

No comments:

Post a Comment