Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 28, 2017

အမေရိကန်နိုင်ငံမှာ တစ်ပတ်အတွင်း လေးဦးမြောက် သေဒဏ်ကျင့်သုံး

အမေရိကန်၊ အာကင်ဆောပြည်နယ်မှာ တစ်ပတ်အတွင်း လေးဦးမြောက် သေဒဏ်ကျင့်သုံးမှုကို လုပ်ဆောင်လိုက်ကြောင်း သိရှိရပါတယ်။ နှစ်ပေါင်းအတန်ကြာလာတဲ့အထိ အာကင်ဆောပြည်နယ်မှာ သေဒဏ်ကျင့်သုံးမှုမရှိခဲ့ပါဘူး။

ကင်နက်ဝီလျံ ၃၈ နှစ်ကို ဒီကနေ့ သေဒဏ်ပေးလိုက်တာ ဖြစ်ပါတယ်။ သူဟာ လူသတ်မှုနဲ့ ထောင်ဒဏ်တစ် သက်တစ်ကျွန်း ကျခံနေရတဲ့ လုံခြုံရေး အမြင့်ဆုံးအကျဉ်းထောင်ကနေ ထွက်ပြေး လွတ်မြောက်ခဲ့ပြီးနောက်မှာ လူနှစ်ဦးကို ထပ်မံသတ်ဖြတ်ခဲ့သူဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ သေဒဏ်ပေးမှုနဲ့ ပတ်သက်ပြီး ဝေဖန်ဆန့်ကျင်မှုတွေလည်း ရှိနေပါတယ်။ သေဒဏ်ကျင့်သုံးရာမှာ အသုံးပြုတဲ့ ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ ပုံမှန်အားဖြင့် ဆေးထိုးပြီး သေဒဏ်စီရင်ရာမှာ ဆေးဝါးသုံးမျိုးကို တစ်မျိုးပြီးတစ်မျိုး ထိုးသွင်းတာဖြစ်ပါတယ်။

ပထမထိုးဆေးသွင်းလိုက်ချိန်မှာ ရာဇ၀တ်သားဟာ ခွဲစိတ်ခါနီးလူနာလို သတိလစ်မေ့မြောသွားခဲ့ပါတယ်။ နာကျင်မှုကိုလည်း မသိရှိနိုင်တော့ပါဘူး။ ဒုတိယဆေးကို ထိုးသွင်းလိုက်ချိန်မှာ တစ်ကိုယ်လုံးက ကြွက်သားတွေ အလုပ်မလုပ်တော့ပါဘူး။ ဒါကြောင့် ရာဇ၀တ်သားဟာ အသက်ရှုလည်း ရပ်တန့်သွားခဲ့ပါတယ်။

တတိယဆေးဖြစ်တဲ့ ပိုတက်ဆီယမ်ကရိုရိုက်ကို ထိုးသွင်းလိုက်ချိန်မှာ တော့ များပြားလှတဲ့ ပိုတက်ဆီယမ်ပမာဏကြောင့် ရာဇ၀တ်သားရဲ့နှလုံး ရပ်တန့်သွားပါတယ်။ အငြင်းပွားဖွယ်ဖြစ်နေတာက ပထမဆေး (midazolam)ပါ။

အဲဒီဆေးပမာဏက ပြဿနာရှိနေပြီး ရာဇ၀တ်သာဟာ ဒုတိယဆေး ထိုးချိန်အထိ အသိစိတ်ရှိနေသေးတာကြောင့် သေဒဏ်ကျခံရချိန်မှာ မချိမဆန့်ဝေဒနာခံစားရဖွယ်ရှိတယ်ဆိုပြီး အငြင်းပွားကန့် ကွက်နေကြတာဖြစ်ပါတယ်။
MCN
http://www.mcntv.biz/news/international-news/34946/

No comments:

Post a Comment