Latest News

Wednesday, January 4, 2017

ပျောက်ဆုံးသွားခဲ့သောသာမညဆရာတော်ဘုရားကြီး ရုပ်ကလာပ်တော် ဘယ်မှာလဲ




ထွန်းထွန်း

၂၀၀၈ ခုနှစ်၊ ဧပြီလ ၂ ရက်
သာမည ကျောင်းတိုက်၊ သာသနာ့ နယ်မြေ၊ ဘားအံမြို့။

နွေရာသီဖြစ်သော်လည်း မှောင်မိုက်သော ညတစ်ညဖြစ်သည်။

မြန်မာနိုင်ငံ၏ နယ်စပ်အနီး ကရင်ပြည်နယ် မြို့တော်ဖြစ်သော ဘားအံအနီး သာမည ဆရာတော်နှင့် သာသနာ့ နယ်မြေသည် မြန်မာနိုင်ငံ၌ သာမက ထိုင်းနိုင်ငံ အထိပါ ဘုန်းတန်ခိုး ကျော်ကြားလျက် ရှိပါသည်။ သို့သော် ၂၀၀၃ ခုနှစ် နိုဝင်ဘာတွင် ဘုန်းတန်ခိုး ကြီးမားတော်မူသော သာမည ဆရာတော်သည် ဘ၀နတ်ထံ ပျံလွန်တော်မူသွားသည့် အတွက် ဗုဒ္ဓဘာသာဝင်များ ကြားတွင် ၀မ်းနည်းပူဆွေး သောက ရောက်ခဲ့ကြရသည်။ သာမည ဆရာတော်၏ သာသနာ့ နယ်မြေအတွင်း ၀င်ရောက်လာသည့် အချိန်မှစ၍ သက်သက်လွတ် စားသောက်ရခြင်း၊ နူးညံ့ညင်သာစွာ စကားပြောဆိုရခြင်းတို့ကို လိုက်နာရသည့် ဘုရားဖူးများသည် ဆရာတော်ကြီး ပျံလွန်တော်မူပြီးသည့် နောက်တွင်လည်း လာရောက်ဖူးမျှော်သူ လျော့ပါးသွားခြင်း မရှိပေ။ သာမည ဆရာတော်ကြီး၏ ရုပ်ကလာပ်ကို သာမညတောင်ပေါ်၌ မှန်ခေါင်းတလားဖြင့် ထားရှိခဲ့သည်။
သို့သော် ၂၀၀၄ ခုနှစ်၊ ဧပြီလ၊ ၂ ရက်နေ့ညက သာမည တောင်ပေါ်တွင် ရုတ်တရက် မီးပျက်သွားခဲ့သည်။ မှောင်မိုက်သွား အချိန်တွင် တောင်ပေါ်သို့ ခပ်မွဲမွဲ ခပ်ညစ်ညစ် အရောင်ရှိသော ကား ၂စီး တက်လာခဲ့ပြီး၊ ဆရာတော်ကြီး၏ ဂူဗိမာန်ရှေ့တွင် ရုတ်တရက် ရပ်လိုက်သည်။ ထို့နောက် လက်နက်ကိုင် လူတစ်စုသည် အမှောင်ရိပ်ထဲသို့ ရောက်လာပြီး တာဝန်ကျ အစောင့်ကို အဓမ္မကြိုးဖြင့် တုပ်လိုက်ပြီး၊ ကျည်ကာမှန် တပ်ထားသော ခေါင်းတလားသော့ကို ထုတ်ပေးရန် ပြောဆိုခဲ့သည်။ ခေါင်းတလားသော့ကို ဆရာတော်ကြီး တစ်ပါးကသာ ကိုင်သည်ဖြစ်ရာ ဆရာတော်၏ ဆေးစိမ်ထားသော အလောင်းတော်ကို အလွယ်တကူ ယူဆောင်၍ မရမှန်း လက်နက်ကိုင် အဖွဲ့က သိထားသည်။ စကျင်ကျောက်ပြားများဖြင့် အလှဆင်ထားသော ဂူဗိမာန် အတွင်းရှိ အလောင်းတော်ကို ရယူရန် မှန်တံခါး ဖွင့်မှသာ ရရှိမည်ဖြစ်ရာ ရုပ်ကလာပ် ထည့်ထားသော မှန်များကို ရိုက်ခွဲဖျက်ပစ် လိုက်သည်။ ထို့နောက် ဆရာတော်ကြီး၏ ရုပ်ကလာပ်အား အဓမ္မ ယူဆောင်ကာ ကားပေါ်တင်ပြီး၊ သာမညတောင်ပေါ်မှ မောင်းထွက်သွားကြသည်။

ယင်းအဖြစ်အပျက်အား နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သော်လည်း ဆရာတော် ရုပ်ကလာပ် ယူဆောင်သွား သူများအား လိုက်လံ ရှင်းလင်းသော တပ်မတော် စစ်ကြောင်းများ၏ နောက်ဆက်တွဲ သတင်းများ မပေါ်ထွက်ခဲ့ပေ။ လေးရက်အကြာမှ ဆရာတော်၏ ရုပ်အလောင်းကို မီးသင်္ဂြီုလ်ပြီး ဖြစ်၍ အရိုးပြာများကို ဘုန်းကြီးကျောင်း ပရ၀ဏ် အနီးရှိ ကော့ကဒါကျေးရွာ အတွင်း ထားလိုက်ကြောင်း အမည်မသိ လူတစ်ဦးက သာမည ဘုန်းကြီးကျောင်းရှိ ဆရာတော်များထံ ဖုန်းဆက် အကြောင်းကြား ခဲ့သည်။ ယင်းသတင်းအရ လိုက်လံ စစ်ဆေးရာတွင် စေတီငယ်တစ်ဆူ အနီးရှိ ဆရာတော်၏ အရိုးပြာများဟု ယူဆရသည့် ပြာပုံလေး တစ်ပုံကို အရိုးပြာ မီးသွေးများ မှန် အခေါင်းတလား၏ လက်ကိုင် တို့နှင့်အတူ ယှဉ်တွဲ တွေ့ရှိခဲ့ရသည်။ ယင်းအရိုး မီးသွေးများကို သာမည ကျောင်းတိုက်သို့ သယ်ဆောင်လာခဲ့ပြီး၊ သိမ်းဆည်းထား ခဲ့သော်လည်း ခေတ်မှီ DNA စစ်ဆေးမှုဖြင့် မစစ်ဆေး နိုင်ခဲ့သည့် အတွက် ဆရာတော်၏ အရိုးပြာ ဟုတ်၊ မဟုတ် မည်သူမှ အဖြေ မထုတ်နိုင်ခဲ့ပေ။ သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့်လည်း ဆရာတော် ရုပ်ကလာပ် ပျောက်ဆုံးမှု နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက် မလုပ်ဆောင်နိုင်ခဲ့သလို သတင်းထုတ်ပြန်မှုလည်း မရှိတော့ပေ။ ယခုအခါ ဆရာတော်၏ ရုပ်ကလာပ် ပျောက်ဆုံး သွားခဲ့မှုသည် အစိုးရနှစ်ဆက် အပြောင်းအလဲ၌ ၆ နှစ်ကျော် ကြာမြင့် သွားခဲ့ပြီ ဖြစ်သည်။

ဆရာတော်ကြီးသည် မြန်မာနိုင်ငံ တစ်လွှားလုံးမှ လာရောက် အဖူးမျှော်ခံရသည့် တန်ခိုးကြီး ထူးခြားသည့် ဆရာတော်ကြီး တစ်ပါး ဖြစ်ပါသည်။ ပြည်ပနိုင်ငံ အသီးသီးမှလည်း လာရောက် ဖူးမျှော်ကြပါသည်။ အထူးသဖြင့် ထိုင်းနိုင်ငံ အစိုးရ ပြည်သူများ လာရောက်ကြည်ညို ဖူးမျှော်ကြပါသည်။ ဆရာတော် ဘုရားကြီးသည် ကရင်ပြည်နယ်၊ သာမည တောင်ပေါ်တွင် သတင်းသုံး နေထိုင်သော ဆရာတော် ဖြစ်ပါသည်။ သာမည တောင်ပေါ်သို့ လာရောက်ကြသူ ဘုရားဖူး အားလုံးအား သတ်သတ်လွတ် ထမင်းဟင်းလျာများဖြင့် ကျွေးမွေးပါသည်။ ဘုရားဖူး ဘယ်လောက်များများ ကျွေးမွေးနိုင်ပါသည်၊ သာမည တောင်ပေါ်ရှိ စပါးကျီထဲ ဆန်စပါးများကို နတ်ဒေ၀ါများက လာရောက်ဖြည့်ထားသည့်အလား စပါးကျီထဲ စပါးများ မကုန်နိုင်အောင်ပင် ဖြစ်ခဲ့ရသည်ဟု ဆိုကြပါသည်။ ဘုရားဖူးသူများနှင့် ရှင်ပြုရဟန်းခံများ အလှူဒါန ပြုသူများဖြင့် အစဉ်ပြည့်လျှံနေသော သာမညတောင် ဖြစ်ခဲ့ပါသည်။ သာမည ဘုရားဖူး ပို့ဆောင်ရေး လုပ်ငန်း လုပ်သူများ များပြားပြီး၊ အားလုံး ကြီးပွားချမ်းသာ အဆင်ပြေသွားကြသည် အထိ ဖြစ်ပါသည်။ ဘုရားဖူးများအား ဆရာတော် ဘုရားကြီးမှ မည်သည့် ဒေသအရပ်မှ လာရောက်ခဲ့ကြောင်း မေးမြန်းပြီး၊ ထိုဒေသရှိ ဘယ်ဘုန်းကြီး၊ ဘယ်ဆရာတော်သည် မိမိကဲ့သို့ ကိုးကွယ်ထိုက်သူ ဖြစ်ကြောင်း ဖော်ညွှန်းလေ့ ရှိပါသည်။ သာမည ဆရာတော် ဘုရားကြီးသည် ၀ိဇ္ဇာ ဖြစ်ကြောင်း၊ ဇော်ဂျီဖြစ်ကြောင်း၊ အထက်လမ်း ဘိုးတော် ဖြစ်ကြောင်း၊ အကြားအမြင်ရကြောင်း၊ ရဟန္တာ တစ်ပါး ဖြစ်ကြောင်း ပြောဆိုသမုတ် ကြပြီး၊ လူအများ အားကိုးအားထားပြု ကိုးကွယ်ခဲ့ကြပါသည်။

သေချာသည်ကတော့ ဆရာတော်ကြီး ရုပ်အလောင်းကတော့ ပျောက်ဆုံးသွား ခဲ့သည်မှာ အမှန်ပင် ဖြစ်ပြီး၊ ယနေ့ အထိ တရားခံ မပေါ်ခဲ့ခြင်းပင် ဖြစ်ပါသည်။

ဝိဇ္ဇာ၊ ဇော်ဂျီ ဘိုးတော်များသည် မိမိခန္ဓာကိုယ်ကို သေဆုံးသည့်အခါ မီးရှို့မခံကြပါ။ ဂူသွင်းလေ့ ရှိကြပါသည်။ တစ်ချိန်ချိန် အခါအခွင့် သင့်ပါက မိမိရုပ်အလောင်းတော်နှင့် ပြန်လည် ချိတ်ဆက် နိုင်ရန်ဟု ပြောဆိုကြပါသည်။

ထိုကဲ့သို့ ပုဂ္ဂိုလ်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဆေးစီရင်၍သော် လည်းကောင်း၊ အသွေး အသားကို ဆေးဖော်ချက်စား၍ လည်းကောင်း၊ မိမိတို့ အသက်ရှည်ရန် ဘုန်းတန်ခိုးကြီးရန်၊ သိဒ္ဓိမြောက်ရန် စီမံကြသူများလည်း ရှိကြကြောင်း သိရှိရသည်။ သာမည ဆရာတော်ကြီး၏ ရုပ်ကလာပ်ကို ထိုကဲ့သို့ အသုံးပြုခဲ့ကြပြီလော။

သာမည ဆရာတော် ဘုရားကြီး အုတ်ဂူဖောက် အခိုးခံရချိန်သည် ၂၀၀၄ ခုနှစ်ဖြစ်၍ စစ်အစိုးရ လက်ထက်ပင် ဖြစ်ပါသည်။ ထောက်လှမ်းရေးများလည်း တန်ခိုးထွားနေချိန် ဖြစ်ပါသည်။ သာမညတောင်သည် ကရင်ပြည်နယ်တွင် ရှိပါသည်။ ကရင်ပြည်နယ် စစ်တိုင်းမှူး လက်အောက်၌ ရှိပါသည်။ မိမိနိုင်ငံ၊ မိမိတိုင်းတွင် ပြည်သူလူထု လေးစားကြည်ညို တန်ဖိုးထားသည့် ဦးထိပ်ထားသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး၏ ရုပ်ကလပ်ဂူအား အတင့်ရဲစွာ ခိုးယူသွားခဲ့သည့် ကိစ္စရပ်သည် မိမိ စစ်တိုင်းကြီး၊ မိမိနိုင်ငံကြီးကို စော်ကားသွားခြင်းပင် ဖြစ်ပါသည်။ စိန်ခေါ်သွားခြင်း ဆိုပါကလည်း မမှားပါ။ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိပါ။ သို့သော် ထိုအချိန်မှစ၍ ယနေ့ထိတိုင် ငြိမ်ချက်သား ကောင်းနေခဲ့ပါသည်။ အစပင် မဖော်ရဲခဲ့ကြသည်မှာ ထူးဆန်းသည့် အကြောင်းတစ်ခု ဖြစ်ခဲ့ပါသည်။

တစ်ချို့က တစ်ဖက်နိုင်ငံမှ လာရောက် ယူဆောင်သွားခဲ့သည်ဟု သုံးသပ်ကြပါသည်။ ထိုသို့ဖြစ်ခဲ့ပါက မြန်မာနိုင်ငံ အစိုးရမှ ချက်ခြင်း တန့်ပြန်ရမည်သာ ဖြစ်ပါသည်။ ထို့အပြင် ထိုအချိန်က ထိုဒေသရှိ လက်နက်ကိုင် အဖွဲ့များမှလည်း သူတို့ပင် မသိလိုက်၍ တစ်ဖက်နိုင်ငံက ယူဆောင်သွားခြင်း မဖြစ်နိုင်ပါဟုလည်း ကြားသိခဲ့ရပါသည်။ ထိုစဉ်က တာဝန်ရှိခဲ့သူ ဗိုလ်မှူးကြီး တစ်ဦးကမူ ထလရ (ထောက်လှမ်းရေး)များ ပင် လုပ်ခဲ့သလားဟု သုံးသပ်ခဲ့ သည်ကိုလည်း သိခဲ့ကြားခဲ့ရပြန်သည်။ ထောက်လှမ်းရေး လုပ်သည် ဆိုပါက မည်သူမျှ မပြောရဲ၊ မဆိုရဲ၍ ဖြစ်ပါသည်။ တချို့ကလည်း ထိုစဉ် မြန်မာနိုင်ငံ၏ နံပါတ်တစ် ပုဂ္ဂိုလ်ကြီး ဆေးဆရာ၊ ဗေဒဆရာ၊ ဘိုးတော်များ၏ အကြံအဥာဏ်ဖြင့် အလောင်းတော်အား ဆေးစီရင် သုံးစွဲခဲ့သည်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြပါသည်။

မည်သို့ပင် သုံးသပ်ကြသည် ဖြစ်စေ၊ ဆရာတော်ကြီး၏ ရုပ်ကလာပ် အလောင်းတော်သည် ထူးဆန်းစွာ ပျောက်ဆုံးခဲ့ပြီး၊ ဘယ်သူတွေ ဘယ်လိုအသုံးပြု အသုံးချစီရင် လိုက်သည်ကို တိတိကျကျ မသိရှိခဲ့ခြင်းပင် ဖြစ်ပါသည်။ သို့ပါ၍ ယခုအခါ မြန်မာနိုင်ငံတော်ကြီးသည် ဒီမိုကရေစီ နိုင်ငံတော်သို့ ခရီးနှင်နေပြီး၊ ထိုက်သင့်သည့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ရရှိနေသည် ဖြစ်ပါ၍ အကျိုးအကြောင်း အဆိုးအကောင်း သိသူများမှ အများပြည်သူ သိရှိနိုင်ရန် ဖော်ထုတ်ရေးသား ပေးကြပါလို့ တောင်းဆိုရင်း သာမည ဆရာတော်ကြီး ရုပ်ကလာပ် ဘယ်မှာလဲဟု မေးခွန်းထုတ် လိုက်ရပါသည်။

ရည်ညွှန်း-အေမီဂိုးလ်ဒ်မေ (Amy Gold May) Will Thamanya Sayadaw’s Body Ever Rest Peace?

အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သာမညတောင်ပေါ် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ၀ိနယ၏ ထေရုပတ္တိ အကျဉ်း
ဖွားမြင်တော်မူခြင်း
ဆရာတော် လောင်းလျာသည် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ကော့ကျိုက်ပအိုဝ်းရွာ ခမည်းတော် ဦးတောင်အိုး၊ မယ်တော် ဒေါ်အုံးတို့မှ ၁၂၇၂ ခုနှစ်၊ ပထမ၀ါဆိုလဆန်း ၆ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသော သားရတနာ ဖြစ်ပါသည်။
ရှင်ရဟန်းပြုတော်မူခြင်း
ဆရာတော် လောင်းလျာသည် ၁၂၈၅ ခုနှစ်တွင် မော်လမြိုင်မြို့ ကြံခင်းကျောင်း ဆရာတော် ဘဒ္ဒန္တ အာစာရကို ဥဇ္ဇျာယ်ပြု၍ ခမည်းတော် ဦးတောင်အို၊ မယ်တော် ဒေါ်အုံးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ၁၂၉၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၅ ရက်၊ သောကြာနေ့ နံနက် ၇ နာရီ အချိန်တွင် မော်လမြိုင်မြို့၊ ကြံခင်းကျောင်း ဆရာတော် ဘဒ္ဒန္တ အာစာရကို ဥပဇ္ဇျာယ်ပြုလျက် ခမည်းတော် ဦးတောင်အို၊ မယ်တော် ဒေါ်အုံးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မော်လမြိုင်မြို့ ရတနာဘုံမြင့်ကျောင်း ခဏ္ဍသိမ်၌ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
ပရိယတ္တိစာပေ သင်ယူ ဆည်းပူးတော်မူခြင်း
ဆရာတော်လောင်းလျာသည် ကော့ကျိုက်ပအိုဝ်းရွာကျောင်း ဆရာတော်၊ မော်လမြိုင်မြို့ ရတနာဘုံမြင့်ကျောင်း ဆရာတော်၊ ကြံခင်းကျောင်း ဆရာတော် ဘဒ္ဒန္တ အာစာရ၊ မုတ္တမကျွဲခြံကျောင်း၊ ကဒိုးကွင်းကျောင်း၊ တိုက်ကုလားတောင်စွန်း၊ သရက်ကုန်းကျောင်း ဆရာတော် ဘဒ္ဒန္တ ဣန္နာစာရ စသော ဆရာတော်များထံ၌ ပရိယတ္တိ ကျမ်းစာများကို သင်ယူခဲ့ပါသည်။ ထို့ပြင် ပဋိပတ် ကျင့်စဉ်များကိုလည်း နည်းနာခံယူခဲ့ပါသည်။
စာပေပို့ချခြင်းနှင့် သာသနာရေး အားပေးဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ၀ါဆုကျောင်း၊ သာမညတောင်ပေါ် ကျောင်းတို့တွင် တပည့်ရဟန်း သာမဏေများအား ပရိယတ္တိစာပေများကို သင်ကြားပို့ချပေးခဲ့ပါသည်။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမည တောင်ပေါ်ကျောင်းတွင် သီတင်းသုံး နေထိုင်လျက် ရှိကြသော ရဟန်း၊ သာမဏေ၊ သီလရှင် ၅၀၀ ခန့်တို့အား ၀ိပဿနာ ရှုမှတ်ကျင့်ကြံ နည်းများကို ဟောကြားပြသပေး တော်မူခြင်း၊ အရညကင် ဓူတင်အကျင့်ကို အစဉ်ကျင့်သုံးတော်မူခြင်း၊ သာမည တောင်ပေါ် ကျောင်းသို့ နေ့စဉ် ရောက်ရှိလာသော ယောဂီ သူတော်စင် ၁၀၀ မှ ၅၀၀ အထိ ဘုရားဖူး ဧည့်သည် ပရိသတ်များကို တရားဓမ္မ ဟောဖော်ညွှန်ပြတော်မူခြင်း စသော သာသနာပြု လုပ်ငန်း တာဝန်များကို ပျံလွန်တော်မူသည် အထိ ကြိုးပမ်းဆောင်ရွက်တော်မူ ခဲ့ပါသည်။
ဘွဲ့တံဆိပ်တော်များ အလှူခံရရှိတော်မူခြင်း
ဆရာတော်၏ သီလဂုဏ်၊ ပညာဂုဏ်၊ ခမာ၊ ဇာဂရိယ စသော ဂုဏ်များနှင့် သာသနာရေး အားပေး ဆောင်ရွက်တော်မူခြင်းများကို လေးစားလျက် နိုင်ငံတော် အစိုးရက ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ပါသည်။
ဘ၀နတ်ထံ ပျံလွန်တော်မူ ခြင်း
ဆရာတော်ကြီးသည် သာသနာတော်အကျိုး သယ်ပိုးထမ်းဆောင်တော် မူရင်းမှ သက်တော် ၉၃ နှစ်၊ သိက္ခာတော် ၇၃ ၀ါအရ ၁၃၆၅ ခုနှစ်၊ နတ်တော်လဆန်း၊ ၆ ရက် ၂၉.၁၁.၂၀၀၃ ရက်၊ စနေနေ့ နံနက် ၉နာရီအချိန်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေး ၀န်ကြီးဌာန သာသနာ ထွန်းကား ပြန့်ပွားရေး ဦးစီးဌာနမှ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

Ref: Tomorrow News Journal

(တက်ဘုန်းကြီးမိုးညို page မှကူးယူ ဖော်ပြပါသည်။)

 baranathi india buddha land saranath


 Baranathi Buddha Land

Blog Archive

Shwe Hmone Yati

Tags

၊ ဇရစ်ချောင်ကျေးရွာ ၊ သထုံမြို့နယ် ၊ အင်းတိုင်စုကျေးရွာ ၀က်လက် ၀တ္တု ၀တ်မှုံရွှေရည် ၀မ်းတွင်း ၀မ့်ဟိုင်း ၀ါးခယ်မ ၀ိုင်းစုခိုင်သိန်း ၀ိုင်းမော် ၀ိုင်းစုခိုင်သိန်း ၅၉(စ) 7 July 8888 88gens AA ABSDF accident ad advice Afghan Africa AI ALD ALP amaze America America's Got Talent Angelina jolie Anonymous ANP arak Arakan Archaelogy Argentina Army art article Astronomy attakyaw Aung San Suu Kyi Australia Austria Bagan Bago Bangladesh Bank BCP beau beauty Belgium BGF Bingali Bobby Soxer (ထက်ထက်) Bogyoke Aung San Bomb book Border Bosnia Botswana Brazil British Brunei buddhi Buddhism Buddhist Burmese Movieclips Trailers Burundi business Butan c Cambodia camera Cameroon Canada car cartoon celebs Chicken Soup Chile Chin China chinese Christian CIA city City Life Buffalo cival war CNF Colombia Congo Cook couple CPB crime Criticism Crony CRPP cssu Cuba Daily Popular Dailymotion dance DASSK Days Denmark dhamma DKBA Donation DPNS DR.Tint Swe Dutch earth Ecuador Education Egypt EindraKyawZin ele Election ElSalvador Embassy Eng England entertainment environment essay Ethiopia Ethnic EU eurpoe Exile Facebook News fashion fashion show fb FDA feature FIFA Fiji for sale Foreign Affairs France Free Burma Rangers(FBR) funny Gambia game GandaWin gay general general knowledge Generation Wave Georgia Germany Ghana ghost story go gossip column Gov greece Guatemala Gwa health herbal Heritage Hindu History HIV Hluttaw Hong Kong Htet Htet Moe Oo htun koko HumanRight Hungary ICC Iceland IMF India Indonesia interview Iran Iraq Ireland Irrawaddy ISIS Islam Israel Italy Ivory Coast Japan Jewellery JMC job Jobs joke Jordan ju justin bieber Kachin KAF Karen Kayah Kazakhstan KBC Keanu Reeves Kenya khaingHninWai KhinLayNwe) KHRG KIA KIO KNDO KNPC KNPP KNSO KNU KPP KSDP Kuwait Labadawn Ladyboy learning english Lebanon LEBT letter Libya Liechtenstein lifestyle link LNDP london lottery love Luxembourg M Seng Lu Ma Millar Hniang mafia magic Magway mal Malaysia Mali mandalay Manny Pacquiao Maths Maungdaw Mauritania MCDF MDCF Me N Ma Girls medel media medicine Memory Mexico MFOCN MH 370 miss Miss People MissAmerica MissButtBrazil MissGrandInternational MissInternational MissInternationalQueen MissSupranational MissTourismInternational MissUniverse MissUniversityMyanmar MissWorld MissWorldMuslimah MisterInternationalMyanmar MMCG MNDAA model Model Contest Mon mone money Monthly Popular Morocco movie MP4YOU TUBE MPC MPT MPU MSF MSM music muslim myanmar Myanmar Idol MyaThanTint myint myat NATO nature NCA NCCT ND-Burma NDF NED Nepal new new year newgens news Newzeland NGO Niagara Falls Nicki Minaj nicky Niger Nigeria NLD NMSP NNER NorthKorea Norway Nothern Novel Number obama OIC Opinion osama binladin pagoda Pakistan Palestine Paraguay Party People Peru Phillipines Philosophy photo phyu phyu kyaw thein PJS PoDarli poem Poland Police Politic Political Prisoner PopularPost pp programmer Project PSLF/TNLA Puerto Rico QandA Qatar Quote R.ဇာနည် rates RCSS/SSA Real Estate RebcaWin Records Refugee Religious report Research Riot RNDP Rohingya Romania RSO Russia Rwanda Rဇာနည် Saffron Satire Saudi Science Science & Tech scotland SEA Game Serbia sexeducation Shakira Shan show Shwe Dagon Siberia Sierra Leone Singapore singer SNDP SNLD Soe soldier Somalia song sound SouthAfrica SouthKorea Spain Speech sport Sri Lanka SSA SSPP stock Store story Sudan suu foundation Sweden Switzerland Syria Taipei Taiwan Tanzania tatto tech terrorist Thailand ThaZin ThinGyan ThinZarWintKyaw Tibet Tips TNLA tourism Trailer Travel Traverse America true story Tunisia Turkey Turkmenistan U Ko Ni U Thant UAE UEC Uganda Ukrain UN UNA Unesco UNFC UNHCR UNICEF UNODC UPWC Uruguay USAID USDP UWSA UWSP Venezuela vi video vietnam vn War way weather Wedding WFP WHO wonder worker world accident World Bank world celebs world crime World Heritage world history world singer worldn WorldNews yangon YCDC Yemen YHT YIT yoon yoon YunMiOo Zimbabwe က၀ ကချင် ကချင်ပြည်နယ် ကနီ ကန့် ဘလူ ကန်ပိုက်တီး ကန်ကြီးထောင့် ကံမ ကမန် ကမာရွတ် ကယန်း ကယား ကယားပြည်နယ် ကရင် ကရင်နီ ကရင်ပြည်နယ် ကရင်ပြည်သူ့ ပါတီ ကွတ်ခိုင် ကွတ်ခိုင်မြို့နယ် ကွမ်းခြံကုန်း ကွမ်းလုံ ကျွန်းစု ကျွန်းလှ ကျွဲပွဲ ကလလတ ကသာ ကာမိုင်း ကာရံချို ကားမောင်းသူတွေအတွက် ကိုးကန့်  ကိုကိုးကျွန်း ကိုထက် ကိုမြအေး ကိုအံ့ကြီး ကိုဝေလု ကိုးကန့်  ကူမဲ ကလေး ကလေးဝ ကလော ကျန်းမာရေး ကျိုက်ထို ကျိုက်ထီးရိုး ကျိုက်မရော ကျိုက်လတ် ကျိုင်းတုံ ကျုံထော် ကျုံပျော် ကျုံဒိုး ခင်ညွန့်  ခင်ဘုဏ်း ခင်ဝင့်ဝါ ခင်သဇင် ခင်ဦး ခန့် စည်သူ ခရစ်ဆီ ၀ဏ္ဏ ခရမ်း ခိုင်သင်းကြည် ခိုင်သဇင်ငုဝါ ခိုလမ် ခူမီး ခမောက်ကြီး ချင်း ချင်းတွင်းမြစ် ချင်းပြည်နယ် ချင်းရွှေဟော် ချစ်စနိုးဦး ချစ်သုဝေ ချစ်ဦးညို ချစ်ဗေဒင် ချမ်းချမ်း ချမ်းမြသာစည် ချမ်းမြသာစည်မြို့နယ် ချမ်းအေးသာစံ ချီဗွေ ခန္တီး ဂန့် ဂေါ ဂမ္ဘီရ ဂုတ်ထိပ် ဂျင်မီ ဂျီလတ် ဂျူး ငပုတော ငဖဲ ငါန်းဇွန် ငါးသိုင်းချောင်း ငါ့သရောက် စကု စက်စဲ စင်္ကာပူ စစ်ကိုင်း စစ်ကိုင်းတိုင်း စစ်တွေ စတီဗင်ဦး စနဲမြို့  စမ်းချောင်း စမ်းချောင်း စံရတီမိုးမြင့် စွမ်းအားရှင် စလင်း စဥ့်ကိုင် စဥ့်ကူး စာပေဟောပြောပွဲ စိုက်ပျိုးရေး စိုင်းစိုင်းခမ်းလှိုင် စိုးစန္ဒာထွန်း စိုးပြည့်သဇင် စိုးမြတ်နန္ဒာ စိုးမြတ်သူဇာ စိုးသူ စီးပွားရေး စုစုနွေး စလေ စန္ဒီမြင့်လွင် ဆင်ဘို ဆင်ပေါင်ဝဲ ဆွမ်ပရာဘွမ် ဆွာမြို့ ဆားလင်းကြီး ဆိပ်ဖြူ ဆိုတေး ဆီဆိုင် ဆီရာလီယွန်း ဆုပန်ထွာ ဇင်ဝိုင်း ဇန်နူး ဇဗ္ဗူသီိရိ ဇမ္ဗူသီရိ ဇွန်သင်ဇာ ဇွန်သံစဉ် ဇလွန် ဇာဂနာ ဇာနည်ထူးထူး ဇိုမီး တကသ တင်ဇာမော် တင့်တင့်ထွန်း တင်းတိတ် တစည တံတားဦး တနင်္သာရီ တနင်္သာရီတိုင်း တန့် ဆည် တန့် ယန်း တပ်ကုန်း တမူး တရား တွန်းဇံ တွံတေး တလုပ် တအာင်း(ပလောင်) တာချီလိတ် တာမွေ တာလေ တိုက်ကြီး တီကျစ် တီးတိန် တိုက်ကြီး တူနီးရှား တနိုင်း တနိုင်း ထက်ထက်ဝင့် ထက်ထက်မိုးဦး ထန်းကုန်း ထန်းတပင် ထန်းပင်ကုန်း ထွန်းထွန်း ထွန်းအိန္ဒြာဗို ထားထက်ထက် ထားဝယ် ထီးချိုင့် ထီးလင်း ထုံးတပိုကျေးရွာ ထူးဆန်းထွေလာ ထူးကြီး ဒက္ခိဏသီရိ ဒဂုံ ဒဂုံဆိပ်ကမ်း ဒဂုံမြို့ သစ် ဒလ ဒလိုင်းလားမား ဒါးက ဒါရိုက်တာဝိုင်း ဒါရိုက်တာမိုက်တီး ဒိုက်ဦး ဒီပဲယင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဒီမောဆို ဓနုဖြူ နတ္တလင်း နတ်တလင်း နတ်မောက် နန်းခင်ဇေယျာ နန်ဆန့်  နန်းဆုရတီစိုး နမ္မတီး နမ္မတူ နမ့်ခမ်း နမ့်စမ် နမ့်ဆမ် နမ့်လန် နယ်သာလန် နာဂ နားဟိုင်းလုံ နာရေး နာရေးကူညီမှုအသင်း နီနီခင်ဇော် နန္ဒာလှိုင် ပက်ထရစ်ရှာ ပခုက္ကူ ပင်းတယ ပင်လည်ဘူး ပင်လုံ ပင်လောင်း ပန်ဝါ ပန်ဆိုင်း ပန်းတနော် ပန်းဘဲတန်း ပန်းတောင်း ပွင့်နဒီမောင် ပွင့်ဖြူ ပလက်ဝ ပလိပ် ပိုင်ကျုံ ပိုလန် ပီကင်း ပုဂံ ပုဇွန်တောင် ပုဏ္ဏားကျွန်း ပုပ္ပါး ပုံပါကျင် ပုဗ္ဗသီရိ ပုလဲ ပုသိမ် ပုသိမ်ခရိုင် ပုသိမ်ကြီး ပုလောမြို့  ပူတာအို ပလောင် ပဲခူး ပဲခူးတိုင်း ပျဉ်းမနား ဖယ်ခုံ ဖရူဆို ဖွာထောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖလမ်း ဖားကန့်  ဖာပွန် ဖားဆောင်း ဖုန်ကြားရှင်း ဖျာပုံ ကြက်ယက် ကျေးရွာ ကြံခင်း ကြည်ဖြူ သျှင် ကြည့်မြင်တိုင် ကြည့်မြင်တိုင် ကြာအင်းဆိပ်ကြီး ကြို့ ပင်ကောက် ကြူကုတ် ဗကပ ဗကသ ဗန်းမောက် ဗန်းမော် ဗဟန်း ဗိုလ်ချုပ် ဂွမ်မော် ဗိုလ်ချုပ်ဟောင်းထွန်းကြည် ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်တထောင် ဗိုလ်ကြင်မောင် ဗိုလ်မှူးကြီးစောဆန်းအောင် ဗိဿ နိုး ဗီယက်နမ် မြိုင်မြို့ မြိုင်ကြီးငူဆရာတော် ဘင်္ဂါလီ ဘယ်လ်ဂျီယံ ဘားအံ ဘားအံမြို့နယ် ဘိုကလေး ဘီးလင်း ဘုတလင် ဘုတ်ပြင်း ဘုရားကြီး ဘုရားသုံးဆူ ဘိုကလေး ဘူးသီးတောင် မက္ကဆီကို မကွေးတိုင်း မချမ်းဘော့ မင်္ဂလာဒုံ မင်္ဂလာပွဲ မင်္ဂလာတောင်ညွန့်  မင်းကင်း မင်းကွန်း မင်းကိုနိုင် မင်းတပ် မင်းတုန်း မင်းဘူး မင်းပြား မင်းလှ မင်းအုပ်စိုး မင်းမော်ကွန်း မင်းသွေးသစ် မင်းအောင်လှိုင် မင်းအောင်လှိုင် မတၱရာ မတူပီ မထက္ မန္စီ မန္တလေးတိုင်း မန်းဂျော်နီ မဘသ မဘိမ်း မယ်စဲ့ မယ်လ မယ်လိုဒီ မရမ်းကုန်း မွန် မွန်ပြည်နယ် မွန်ပြည်သစ် မွန်အမျိုးသားပါတီ မွန်းအောင် မလှိုင် မလွှကုန်း မွန်ပြည်နယ် မွဲ ့ မဟာအောင်မြေ မအီ မအူပင် မာန်အောင် မာယာလူမျိုး အကြောင်း မာရီနာ မာရီလင်မွန်ရိုး မိစန္ဒီ မိတ္ထီလာ မိတီ်္ထလာ မိတ္ထီလာ မိတ်ကပ် မိန့် ခွန်း မိုးကုတ် မိုင်းကိုင် မိုင်းခတ်မြို့နယ် မိုင်းခုတ် မိုင်းဆတ် မိုင်းတုံ မိုင်းထား မိုင်းပန် မိုင်းပွန် မိုင်းယန်း မိုင်းပြင်း မိုင်းဖြတ် မိုင်းရှူး မိုင်းလား မိုင်းနောင် မိုင်းယောင်း မိုးညှင်း မိုးညို မိုးနဲ မိုးမိတ် မိုးယုစံ မိုးဗြဲ မိုးသီးဇွန် မိုးကောင်း မိုးဇေညိမ်း မိုးမောက် မိုးဟေကို မိုးအောင်ရင် မုံးကိုး မုဏ်း မုဒုံ မုန်းဝန်း မုန်းကို မုံရွာ မုံရွာမြို့ မိုင်းခတ်မြို့နယ် မိုးညှင်းမြို့နယ် မူဆယ် မကွေး မကွေးတိုင်း မလေးရှား မျိုးစောင့်ဥပဒေ မန္တလေး မန္တလေးတိုင်း ယင်းမာပင် ယန်ဟီးလီ ယမုံမိုး ယွန်းယွန်း ယီမင် ယုသန္တာတင် ယူကရိန်း ပြင်သစ် ပြင်ဦးလွင် ပြဇာတ် ပြည် ပြည်ခိုင်ဖြိုး ပြည်ကြီးတံခွန် ပြည်ကြီးတံခွန် ပြည်သူ့ ဂုဏ်ရည် ပြွန်တန်ဆာ ဖြိုးကြီး ဖြိုးဖြိုးအောင် ဖြိုးငွေစိုး ဖြူး ဖြူဖြူကျော်သိန်း မြ၀တီ မြင်းမူ မြင်းခြံ မြင့်မြတ် မြစ်ကျိုး မြစ်ဆုံ မြစ်ကြီးနား မြစ်သား မြတ်ကေသီအောင် မြန်မာမလေးများ မြန်မာမလေးများvideo မြန်မာ့ရိုးးရာ ပန်းးပုပညာ မြန်အောင် မြဝတီ မြသန်းစံ မြိတ်ထားဝယ် မြို့ သစ် မြိုင် မြိုင်ကြီးငူ ရခိုင်ပြည်နယ် ရခိုင်အမျိုးသားပါတီ ရခိုင်အမျိုးသားပါတီ ရတနာမိုင် ရတာနာ ရန်ကင်း ရန်ကုန် ရန်ကုန်စက်မှုတက္ကသိုလ် ရန်ကုန်တိုင်း ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက် ရန်ကုန်တိုင်း ရပ်စောက် ရမည်းသင်း ရမ်းဗြဲ ရွာငံ ရှင်ဆန္ဒာဓိက ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ရှမ်းနီ ရှမ်းပြည်နယ် ရှားတော ရှီဘုယဇာနည ရုရှား ရသေ့တောင် ရဲတိုက် ရဲထွဋ် ရဲလေး လက်ပံတန်း လက်ပံတောင်း လက်ဝှေ့  လင်းခေး လပွတ္တာ လမ်းမတော် လယ်သမား လယ်သိမ်းမြေသိမ်း လယ်ဝေး လွယ်လင် လွိုင်လင် လွိုင်ကော် လှည်းကူး လှည်းတန်း လွှတ်တော် လှာကာကျေးရွာ လှိုင်သာယာ လသာ လဟယ် လားရှိုး လာအို လွိုင်လင် လွိုင်ကော် လှိုင် လှိုင်းဘွဲ လှိုင်သာယာ လိုင်ဇာ လှိုင်းဘွဲ့မြို့နယ် လီဆူ လုံးခင်း လုလုအောင် လူမင်း လူပျောက်ကြော်ငြာ လဲချား လွှတ်တော် ဝတ်မှုန်ရွှေရည် ဝိုင်းစုခိုင်သိန်း ဝိုင်းမော် ဝိုင်းလေး ဝီရသူ ကြည့်မြင်တိုင် သက္ကလ သက်မွန်မြင့် သခင်တင်မြ သံဃာ သင်္ဃန်းကျွန်း သင်ဇာဝင့်ကျော် သင်ဇာနွယ်ဝင်း သဇင် သံတွဲ သတိပေးချက် သထုံ သထုံ သနပ်ပင် သန်လျင် သန်းရွှေ သပိတ်ကျင်း သံဖြူဇရပ် သင်္ကြန် သံဖြူဇရပ် သရက် သံလျင် သဉ္ဖာနွယ်ဝင်း သာစည် သားညီ သာယာဝတီ သာကေတ သာပေါငး သာပေါင်းမြို့ နယ် သိန်းစိန် သိန်းနီ သိန္နီ သီတဂူဆရာတော် သီဟ၀င်းတင် သီပေါ သုဝဏ္ဏ သုဝဏ္ဏ၀တီ သုံးခွ သုံးဆယ် သူရဦးတင်ဦး သူရဦးရွှေမန်း သူရဦးအောင်ကို သူရရွှေမန်း သူရဲကောင်း သံတောင်ကြီးမြို့  သရော်စာ သဲကုန်း သဉ္ဇာနွယ်ဝင်း ဟန်ဝင်းအောင် ဟန်ထူးလွင် ဟန်သီ ဟင်္သာတ ဟားခါး ဟာသ ဟိုင်းကြီးကျွန်း ဟိုပုံး ဟိုယာဒေသ ဟုမ္မလင်း ဟိုပန် ဟဲဟိုး အကယ်ဒမီ အကယ်ဒမီ၂၀၁၂ အင်္ဂပူ အင်ဂျလီနာ ဂျိုလီ အင်းစိန် အင်းတကော် အင်လုံရွာ အင်းတော် အင်းတော်ကြီး အင်းလေး အစ္စရေး အဆိုအမိန့်  အမရပူရ အမ်း အမျိုးသမီးပါတီ အမျိုးသားကွန်ဂရက်ပါတီ အမျိုးသားဒီမိုကရေစီပါတီသစ် အမျိုးသားပါတီ အမြန်လမ်း အရာတော် အရိုင်း အလှပြင်မယ် အလုံ အာဆီယံ အာဇာနည်နေ့  အိမ်မဲ အိချောပို အိန္ဒိယ အီရန် အီသီယိုးပီးယား အုတ်တွင်း အကောက်တောင် အဖျောက် အမေရိကန် အခြေခံဥပဒေ အလောင်းတော်ကဿ ပ ဥတ္တရသီရိ ဦးဝင်းတင် ဦးဝီရသူ ဦးဂမ္ဘီရ ဦးထင်လင်းဦး ဦးထင်ကျော် ဦးထင်ကျော် ဦးနု ဦးပိုင် ဦးဖိုးကျား ဦးမြင့်ဆွေ ဦးဝင်းချို ဦးဝင်းတင် ဦးဝင်းထိန် ဦးသန့်  ဦးတေဇ ဦးနေ၀င်း ဧရာဝတီ ဧရာဝတီတိုင်း ဧရာဝတီ ဧဝရတ်တောင် ဝေဠုကျော် ဝေါ ကေတုမတီ ကေအိုင်အို ကော့ကရိတ် ကောင်းပြည့် ကော့မှူး ကောလင်း ကော့သောင်း ကော်နီ ကျေးသီးမြို့  ကျောက်ဆည် ကျောက်တံခါး ကျောက်တံတား ကျောက်တန်း ကျောက်ပန်းတောင်း ကျောက်ပန်းတောင်းမြို့နယ် ကျောက်ကြီး ကျောက်မဲ ကျောက်ဖြူ ကျောက်တော် ကျောက်မြောင်း ကျောင်းကုန်း ကျောင်းသားလှုပ်ရှားမှု ကျောင်းသားသပိတ် ကျော်ကိုကို ကျော်သူ ကျော်ဟိန်း ကျော်ကျော်ဗို ချောက် ချောင်းဆုံ ချောင်းသာ ချောင်းဦး ချောရတနာ ဂျေညီညီ ဂျောက်ဂျက် ငွေမှုန်ရတီ ငွေဆောင် စေတုတ္တရာ စောဘွဲ့မှူး ဆော ဆော့လော် ဇေယျဝတီ ဇေယျာသီရိ ဇေရဲထက် ဇော်ဝင်းထွဋ် ဇော်သက်ထွေး ညောင်တုန်း ညောင်ဦး ညောင်ခြေထောက် ညောင်ရွှေ ညောင်လေးပင် တောကျွဲအင်း တောင်ကုတ် တောင်ငူ တောင်တွင်းကြီး တောင်ဒဂုံ တောင်ကြီး တောင်ပြိုလက်ဝဲ တောင်ပြုံး တောင်သမန် တောင်သာ တောင်ဥက္ကလာ ထောက်ကြန့်  ဒေါ်ကြိုင်ကြိုင် ဒေါ်အောင်ဆန်းစုကြည် ဒေးဒရဲ ဒေါက်တာညိုညိုသင်း ဒေါက်တာတင့်ဆွေ ဒေါက်တာထွန်းလွင် ဒေါက်တာမြင့်ထွေး ဒေါက်တာရန်မျိုးသိမ်း ဒေါက်တာလှကျော်ဇော ဒေါက်တာသန်းထွန်း ဒေါပုံ နေတိုး နေမျိုးဇင် နေမျိုးဝေ နေပြည်တော် နောင်ချို နောင်ဒွန်းကျေးရွာ နောင်လုံး အုပ်စု နော်အုန်းလှ ပေးစာ ပေးစာ - ဗိုလ်ချုပ်မြ၀င်း (သို့) ဗိုလ်မြ၀ါး ပေါက် ပေါက်ခေါင်း ပေါက်တော ပေါင် ပေါင်းတည် ပျော်ဘွယ် ဖွေးဖွေး ဖောင်ကြီး ဖောင်းပြင် ကြေးမုံဦးသောင်း ကြော်ငြာ ဗေဒင် ဗေလုဝ ဘောလခဲ မေ မေခလာ မေစံပယ်ညို မှော်ဘီ မေသက်ခိုင် မေသန်းနု မောက်မယ် မောချီး မောင်ဆောင်းခ မောင်တော မောင်မောင်ဝမ်း မော့စ် မော်ချီး မော်လမြိုင် မော်လိုက် မော်လ်ဒိုဗာ ပြေတီဦး မြေပုံ မြောက်ဒဂုံ မြောက်ဥက္ကလာ မြောက်ဦး မြောင် မြောင်းမြ ရေး ရေစကြို ရေစကြိုမြို့နယ် ရေတာရှည် ရေနီ ရေနံချောင်း ရေကြည် ရေဖြူ ရွှေဘိုမြို့  ရွှေမှုန်ရတီ ရွှေပြည်သာ ရေဦး ရွှေဝါရောင် ရွှေကူ ရွှေကျင် ရွှေစက်တော် ရွှေည၀ါဆရာတော် ရွှေတိဂုံ ရွှေဘို ရွှေမှုန်ရတီ ရွှေပြည်သာ ရွှေလီ ရွှေညောင် ရွှေတောင် ရွှေပေါက္ကံ ရွှေသောင်ယံ လေးမျက်နှာ လေးဖြူ လှော်ကား လောက်ကိုင် လောင်းလုံ လောပိတ ဝေါမြို့နယ် အေးချမ်းမြတ်မိုး အေးမြတ်သူ အေသင်ချိုဆွေ အောင်ဆန်းဦး အောင်ပန်း အောင်မင်း အောင်ရဲလင်း အောင်လံ အောင်မြေသာစံ အောင်သောင်း အော်စကာ နွားထိုးကြီး နိုင်ငံရေးအကျဉ်းသား နိုင်မွန်ချမ်း

Labels

Recent Post