Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 4, 2017

အဆန်ကုန်ရထားတစ်စင်း အရှိန်လွန်ပြီး ထိုးဝင်တိမ်းချော်မှု ဖြစ်ပွါး



မိုးညှင်း ဇန်နဝါရီ ၎

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကာဒူဘူတာ အဝင်သဲလမ်းတွင် ဇန်နဝါရီ၎ရက်နံနက် ၅နာရီအချိန်က အဆန်ကုန်ရထားတစ်စီး အရှိန်မထိမ်းနိုင်ဘဲ ကာဒူဘူတာအဝင် ဖမ်းလမ်း မြှောင်(သဲလမ်း)တွင် ထိုးဝင်ကာ တိမ်းချော်မှု ဖြစ်ပွါး ခဲ့ကြောင်း သိရသည် ။


မော်ဟန်ဘူတာမှ မနက်၎နာရီ ၁၆ မိနစ်အချိန်က မိုးညှင်းဘက်သို့ ထွက်ခွါလာသော စက်ခေါင်း အမှတ် DF-1330 အမှတ်(၂၄၃)အဆန်ကုန် ရထား စက်ခေါင်းမောင်းဦးဖေသိန်း လက်ထောက်ဦးစိုးခိုင် ဂတ်ဗိုလ်ဦးမောင်အေးတို့ ပါဝင်သော အဆိုပါရထားသည် ကာဒူဘူတာ နံနက်၅နာရီအချိန်က ရထားလမ်းမိုင်တိုင် အမှတ် ၆၂၇/၉တွင် အရှိန်မထိမ်းနိုင်ဘဲ ဘူတာလမ်းမြှောင်(သဲလမ်း)အတွင်းသို့ဝင်ရောက်သွားခဲ့ပြီး မိုင်တိုင်အမှတ် ၆၂၇/၁၄ အရောက်တွင် စက်ခေါင်းမှာ စက်ရပ်သွားခဲ့သဖြင့် စက်ခေါင်းရထားဘီအမှတ် ၁-၂-၃-၄-၅-၆ (၆)ဘီးနှင့် စက်ခေါင်းမောင်းနားနေတွဲရထားဘီး အမှတ် ၁-၂-၃-၄(၄)ဘီးတို့မှာ သံလမ်းအတွင်း ပြုတ်ကျ သည့်အတွက် မော်ဟန်-ကာဒူ ရထား လမ်းပိုင်းကို မနက်၅နာရီအချိန်မှ စတင်ကာ ခေတ္တပိတ်ခဲ့ရပြီး ရထားလမ်းအချိန်မီလမ်းပွင့်နိုင် ရေးအတွက် မိုးညှင်းမီးထားစက်မှု တွဲပြင်နှင့် အင်ဂျင်နီယာဌာနမှအဖွဲ့ များကပြု ပြင်လုပ် ဆောင်မှု ကြောင့် ရထားလမ်းပိုင်းများမှာ ယနေ့ည ၈နာရီအချိန်ခန့်တွင်လမ်းပွင့်နိုင်မည်
ဖြစ်ကြောင်းနှင့် အဆိုပါဖြစ်စ်စဉ်ကြောင့်ထိခိုက် တစ်စုံတစ်ရာမရှိကြောင်းသိရသည် ။

နီတိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment