Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 13, 2016

ပုဂံမှာ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ်ဓာတ်ပုံနဲ့ ရုပ်ရှင်ရိုက်ရင် အရေးယူမယ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲမှာ သက်ဆိုင်ရာဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ်ဓာတ်ပုံ၊ ရုပ်ရှင်ရိုက်ကူးသူတွေကို အရေးယူသွားမယ်လို့ ရှေးဟောင်းအမျိုး သားပြတိုက်နဲ့ စာကြည့်တိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပုဂံရှေးဟောင်းနယ်မြေထဲမှာ စီးပွားဖြစ် ရုပ်ရှင်နဲ့ ဗီဒီယိုရိုက်ကူးတာတွေ ၊ဓာတ်ပုံရိုက်ကူးတာတွေပြုလုပ်ရင် သက်ဆိုင်ရာ ရှေးဟောင်းဦးစီးဌာနကို ခွင့်ပြုချက်တောင်းခံပြီး ရိုက်ကူးရမယ်လို့ ရှေးဟောင်း အမျိုးသားပြတိုက်နဲ့ စာကြည့်တိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။



‘‘စီးပွားဖြစ်ရိုက်ကူးမယ်ဆိုရင် ခွင့်ပြုချက်တောင်းခံပြီးမှ ရိုက် လို့ရမှာဖြစ်တယ်။ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တက်လာတဲ့ ပုံတွေကလည်း ကျွန်တော်တို့ရှေးဟောင်းကို အကြောင်းကြားခွင့်ပြုချက် တောင်းခံခြင်းမရှိပါဘူး။ ကျွန်တော်တို့ မသိလိုက်ပါဘူး။ ပုဂံမှာ ဘုရားပေါင်း ၁,၀၀၀ ကျော်ရှိနေတော့ လက်ရှိဝန်ထမ်းနဲ့ လိုက်လံမစိစစ်နိုင်ပါဘူး။ တရားဝင်ခွင့်ပြုချက် မတောင်းခံဘဲ ရိုက်ကူးမယ်ဆိုရင် အရေးယူမှာပါ။ ဥပဒေအကြံပြုချက်တောင်းခံပြီး လိုအပ်တဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်သွားမှာပါ။ တွေ့ရှိတဲ့ ပြည်သူတွေက အကြောင်းကြားပေးရပါမယ်"လို့ ဦးအောင်အောင်ကျော်က ပြောပါတယ်။

ပုဂံရှေးဟောင်းနယ်မြေတွေမှာ စီးပွားဖြစ် ဓာတ်ပုံရိုက်ကူးမယ်ဆိုရင် တစ်သိန်းကျပ်၊ ရုပ်ရှင်၊ ဗီဒီယိုရိုက်ကူးရင် ငါးသိန်းကျပ်ကို ရှေးဟောင်းဦးစီးဌာနကို ပေးဆောင်ရမှာဖြစ်ပြီး ရိုက်ကူးမှုတွေက ယဉ်ကျေးမှု နဲ့မလျော်ညီတဲ့ ရိုက်ကူးမှုတွေ မဖြစ်စေဖို့ ဌာနတာဝန်ရှိသူတစ်ဦးက လိုက်လံကြည့်ရှုရတယ်လို့ သိရပါတယ်။

Source : 7DayDily

Photos : gomyanmar,

No comments:

Post a Comment