Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 5, 2016

NLD အနေ ဖြင့် သူမ မရှိလည်း တည်ငြိမ်စွာ ရပ်တည်သွားနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


သောကြာနေ့ က ဂျပန် အမျိုးသား သတင်းစာ ဆရာများ ကလပ်မှ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်များက မေးခွန်းကို ဖြေကြားရာမှာ အခုလို ထည့်သွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။

"ကျွန်မ ကို ဒီလို မေးခွန်းမျိုး မကြာမကြာ အမေးခံရတတ်ပါတယ်၊ ကျွန်မ မရှိခဲ့ရင် NLD ဘာဖြစ်မလဲ၊ NLD မှာ ခေါင်းဆောင်ပိုင်းကို ၀င်ရောက်တာဝန်ယူနိုင်တဲ့ အရည်အချင်း ဘယ်သူမှာမှ မရှိဖူးလား၊ ဒါ ကို ကျွန်မ သဘောမတူပါဖူး၊ ကျွန်မ သူတို့ထက်သာတဲ့ အရည်အချင်းက တခုပဲ ရှိပါတယ်၊ အဲ့တာကတော့ အင်္ဂလိပ်လို လည်လည်ပါတ်ပါတ် ပြောနိုင်တာ တခုပါပဲ၊ ဒီအတွက် သူတို့ကို အထင်မသေးကြဖို့ ပြောလိုပါတယ်။ ဒီအတွက် ကျွန်မ ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ သူတို့ တာဝန်ကို သူတို့ ဆက်လက်ထမ်းဆောင် သွားနိုင်စွမ်း ရှိပါတယ်"

ဒေါ်အောင်ဆန်းစုကြည် အခုလို ပြောလိုက်ခြင်းကြောင့် ရွေးကောက်ပွဲ ကာလအတွင်း လူကို မကြည့်ပဲ ပါတီကို ကြည့်ပါ ဟူသော ခံယူချက်မှ သိသိသာသာ လမ်းခွဲ ထွက်လာခြင်းဟု လေ့လာသူများက သုံးသပ်ခဲ့ကြပါတယ်။

တရုတ် ပြည်နဲ့ ပါတ်သက်ပြီး ဖြေကြားရာမှာ တရုတ်ပြည်နဲ့ ဆက်ဆံရေးသည် ကောင်းမွန်လျက်ရှိပြီး ရှေ့လျောက် ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ဖြေကြားသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ် အရေးနှင့် စပ်လျင်း၍ ပြသာနာရဲ့ ဇစ်မြစ်ကို တိတိကျကျ သိရအောင် စုံစမ်းနေဆဲ ဖြစ်ပြီး မည်သူကို မဆို ဥပဒေချိုးဖေါက်ပါက အရေးယူသွားမယ်လို့ ဆိုပါတယ်။

ကြာသပတေးနေ့က ကျိုတို တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ကို လက်ခံရရှိခဲ့ပြီး မြန်မာနိုင်ငံသား အပါအ၀င် ကျောင်းသား ရှစ်ဦး နဲ့ ဆွေးနွေးခဲ့ရာမှာ တိုင်းရင်းသား လူမျိုး အချင်းချင်း ပဋိပက္ခ ဖြစ်ပွားနေမှုကို ယုံကြည်မှု တည်ဆောက်ခြင်းဖြင့်သာ အဆုံးသတ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။ (ပုံတွင်ရှု့)

ကျိုတို တက္ကသိုလ်မှာ ဖခင် ဖြစ်သူ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ ရဲဘော်သုံးကျိတ် အကြောင်းအား ၁၉၈၅ အောက်တိုဘာ မှ ၁၉၈၆ ဂျွန်လ အထိ ရှစ်လကြာ သုတေသန စာတမ်းပြုစုခဲ့ဘူးပါတယ်။

သောကြာနေ့ က ဂျပန် စီးပွားရေး လုပ်ငန်းရှင်ကြီးများနဲ့ တွေ့ဆုံပွဲမှာ မိမိနိုင်ငံသားများအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ့် နည်းလမ်းမျိုး ဖြင့် ရင်းနှီးမြုပ်နှံကြစေလိုကြောင်း ပြောကြားခဲ့ပါတယ် ခင်ဗျာ၊ သွားလေရာမှာ ငါ့နိုင်ငံသားတွေ ဘယ်လိုတိုးတက်အောင် လုပ်ရမလဲဆိုတာ ပဲ ခေါင်းထဲမှာ ပဲ ရှိတဲ့ ခေါင်းဆောင်တယောက် ကျွန်တော်တို့ ပိုင်ဆိုင်ထားပြီး ဖြစ်တဲ့ အတွက် လုပ်ရင်းနဲ့ မြုပ်ခဲ့ရင်တောင် ကျေနပ် စရာ ကောင်းလှပါတော့တယ်။

သြဇာတက္ကိမ ရှိလှတဲ့ ဂျပန် စီးပွားရေး အဖွဲ့ကြီးလည်း ဖြစ်တဲ့ Keidanren ကို အလုပ်အကိုင်လည်းရ၊ လျပ်စစ်ဓါတ်အားလည်း ရရှိစေမယ့် ဓါတ်အားပေး စက်ရုံကြီးတွေ ရင်းနှီး မြုပ်နှံကာ တည်ဆောက်ပေးစေလိုကြောင်း ပြောသွားခဲ့ပါတယ်။

ဂျပန်မှာ အင်္ဂလိပ်ဘာသာ နဲ့ စောင်ရေ အများဆုံး ထုတ်ဝေတဲ့ The Mainichi သတင်းစာ ခေါင်းကြီးပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က သူမအနေနဲ့ နိုင်ငံကို ဒီမိုကရေစီ နိုင်ငံတော် အဖြစ် မြင်ရန် အာသီသ ပြင်းပြလျက်ရှိပြီး မြန်မာနိုင်ငံ အနေဖြင့် သမိုင်းတွင် စာမျက်နှာ အသစ် ရေးထိုးလျက်ရှိကြောင်း ဂျပန် ၀န်ကြီးချုပ်အား ပြောကြားခဲ့ပြီး ဂျပန် ၀န်ကြီးချုပ်မှ နှစ်နိုင်ငံ ဆက်ဆံရေးသည် ခုန်ပျံ ကျော်လွှား တိုးတက်သွားလိမ်မည်ဟု မျှော်လင့်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ယုံကြည်ခြင်း ခံရသော ဂျပန်နိုင်ငံ အနေနဲ့ ကြီးမားသော တာဝန်ကြီးတရပ် ပုခုံးပေါ် ကျရောက်လျက် ရှိပြီ ဖြစ်ကြောင်း ရေးသားထားတာကို ဖတ်ရှု့ရပါတယ်။

ဖေါ်ပြထားသော ပုံသည် မနေ့က ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်ဘုရင် အကီ ဟီတို နှင့် မိဖုရား မီချီကို တို့အား ဂျပန် ဘုရင့်နန်းတော်တွင် သွားရောက် တွေ့ဆုံ နှုတ်ဆက်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်အား မိသားစု ၀င်တဦး အလည်အပါတ် လာသည့် ပုံစံမျိုး တည်ခင်းဧည့်ခံခဲ့တာ ကြည်ပြီး ကျေနပ် ပီတိ ဖြစ်ကာ အင်မတန် မှ ဂုဏ်ယူဖို့ ကောင်းလှပါတယ်။

ကိုးကား။ ၊ NIkkei Asia Review/ Jiji Press/ Xinhua News/ The Mainichi/ Kyodo News (Photo)
Hla Soe Wai
Maung U Tun Wai

No comments:

Post a Comment