Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 5, 2016

သင်သိရင်သင်ချမ်းသာလိမ့်မယ်


ကျွန်တော်တို့ဘဝတွေ…မှာ ၁၀ နှစ် ဘယ်နှခါများရကြမှာမို့တဲ့လည်း…
ဒီလိုပြောရတာက..အကယ်လို့များကျွန်တော်တို့ သက်တမ်းကို ပျမ်းမျှ..နှစ်၇၀ နဲ့ဆိုယင်..
ကျွန်တော်တို့မှာ ၁၀ နှစ် ၇ ခါ ပဲ အချိန်ရကြတာပါ…
ပထမ ၁၀ နှစ်က ဘာမှမသိတတ်တဲ့ခလေးဘဝနဲ့ပဲကုန်ခဲ့ရတယ်
..................
နောက်၂၀နှစ်ကျပြန်တော့..ကျောင်းစာတွေသင်ကြား လေးကျင့်ရင်း ကုန်ခဲ့ရရော..
...............
ထပ် ၃၀ ကျတော့..အလုပ်လုပ်ရင်းဘဝကို အသုံးချယင်းကုန်ဆုံးသွားရပြန်တယ်
.................
၄၀.ဒီဆယ်စုနှစ်လောက်ထဲမှာကျတော့..စီးပွားရှာ..မိသားစုဘဝတည်ဆောက်ယင်း..နဲ့ပေါ့
.......................
၅၀..ဒီ ၁၀နှစ်အရွယ် လောက်ကျတော့ရှာဖွေစုဆောင်းလိုရသမျှကို အသုံးချရင်းတည်မြဲအောင် ထိမ်းသိမ်းနေရင်း ကုန်သွားရပြန်ရော
................
၆၀ ထဲရောက်လာတဲ့..၁၀နှစ်ထဲ မှာကျတော့..ကိုယ်ကျန်းမာရေးစိတ်ကျန်းမာရေးတွေ..ကောင်းမွန်ဖို့အတွက်လုံးပန်းရတယ်..
....................
၇၀.နောက်ဆုံး ၁၀နှစ်ထဲမှာကျတော့..အရာရာကို လွတ်ချထားခဲ့တတ်ဖို့ ကြိုးစားယင်း..လာလမ်းကို
ပြန်ဖို့အချိန်ကိုစောင့်စားကြရတယ်…
...................
၁၀နှစ် တစ်စုခြင်းစီက ကုန်ဆုံးသွားတာမြန်ဆန်လွန်းတာ..မျက်လှည့်ပြသလိုပါပဲ
...................
မကြာခင်မှာပဲ လက်ရှိပိုင်ဆိုင်ထားရတဲ့၁၀နှစ်အပိုင်းအခြားက ကုန်ဆုံးသွားပြန်တော့မှာ
.................
ကျွန်တော် တို့လုပ်ဆောင်သွားခဲ့ပြီးတာတွေ လည်းအများကြီးပဲ…
မလုပ်ရသေးတာတွေလည်း အများကြီးပဲ…
အချိန်ဆိုတာ တွေကို ကိုယ့်လက်ထဲမှာ ရှိနေခဲ့တဲ့ ပိုက်ဆံတွေလိုပဲ
တစ်ခြားအရာတွေ နဲ့သွားလဲဝယ်ယူခဲ့ကြတယ်…
ကျွန်တော် တို့ အချိန် ကို အလုပ်တွေနဲ့သွားလဲခဲ့ကြတယ်…
အချိန်ကိုငွေတွေနဲ့သွားလဲခဲ့ကြတယ်…
ဒါပေမဲ့ကျွန်တော်တို့.
.ငွေနဲ့ အချိန်ကိုဘယ်တုန်းကမှပြန်ဝယ်လို့မရခဲ့ဖူးကြဘူး….
အချိန်ဘဏ်တိုက်ဆိုတာသာတကယ်ရှိခဲ့တယ်ဆိုယင် ကျွန်တော် တို့မှာ ခုသုံးဖို့ အချိန်တွေ ဘယ်လောက် ကျန်တယ်ဆိုတာပြန်ကြည့်ဖို့ အချိန်စုစာအုပ် တစ်အုပ်မှမရှိခဲ့ဖူးကြဘူး..
ကျွန်တော် တို့သိနိုင်တာ ကျွန်တော်တို့ရဲ့၁၀နှစ်အစုတွေကိုဘယ်နှခါ ထုတ်သုံးပစ်ခဲ့ပြီလည်းဆိုတာကိုပဲ..
...............
ကျန်နေသေးတဲ့ ၁၀နှစ်အစုအချိန်တွေကို အကုန် ပြည့်အောင် သုံးခွင့်ရပါ့မလားဆိုတာဘယ်သူမှမသိနိုင်ဘူး..
ဒါပေမဲ့အဲ့တာကလည်း ကျွန်တော်တို့သုံးပစ်ခဲ့တဲ့ဆယ်နှစ် အစုတွေဟာ…တန်ခဲ့ကြရရဲ့လား…
နောက်ပြန်လှည့်ကြည့်မိတဲ့အခါတိုင်းမှာ…ပြန်နှမြောနေစရာမလိုအောင်အကျိုးရှိရှိ အသုံးချခဲ့မိတယ်ရယ်လို့ပြောရဲနိုင်ပါ့မလား..???
ကျွန်တော်တို့ဘဝတွေမှာ…၁၀ နှစ်အစုဘယ်နှခါစီပဲရနိုင်မှာတဲ့လည်း….
လက်ရှိ ပစုပန်၁၀ နှစ် အစုကိုအကျိုးရှိရှိအသုံးချတတ်ရအောင် သေသေချာချာထိုင်ရေးပြထားပေးပါတယ်…
သင့်အကျိုးအတွက်ဆုံးအောင်တော့ဖတ်ကြည့်ပေးပေါ့….
အတိုချုပ်ပြောရယင်..ရိုးရှင်လွယ်ကူတဲ့ ဘဝအတွက်..သင့်ဘဝရဲ့ ၃၀ ရာခိုင်နှုန်းကိုပဲပျော်ရွင်အောင်သင့်အတွက် အသုံးချကြည့်ပါ…
မဖျားမနာပေမဲ့…ကြိုတင်ကာကွယ်ထားပါ..
မဆာပေမဲ့..ရေများများသောက်ပေးပါ..
ဘဝကရှုတ်ထွေးတယ်ဆိုယင်လည်း..လွတ်ချသင့်တာလွတ်ချထားရမယ်..
ကိုယ့်အကျိုးကိုယ့်အကြောင်းနဲ့ကိုရှိနေတယ် ဆိုယင်လည်း.အလျော့ပေးတတ်ရမယ်..
အမိန်အာဏာ ရှိတယ်ဆိုယင်တောင်လည်း ကိုယ်ကိုယ်ကို နှိမ့်ချထားတတ်ရမယ်..
မပင်ပန်းမမော ဘူးဆိုယင်တောင် အနားတော့ယူတတ်ရမယ်..
မချမ်းသာ ဘူးဆိုပေမဲ့လည်း ရှိတာနဲ့လည်းတင်းတိမ်ကျေနပ် ရောင့်ရဲတတ်ရမယ်..
အလုပ်တွေဘယ်လောက်များများရှုတ်ရှုတ် အပန်းဖြေရမယ်..
လောကသံတရာထဲ ဘဝဆိုတာ တိုတိုလေးပါပဲ…
အကယ်လို့သင့်မှာဒီစာကိုဖတ်ပြီးလို့ အချိန်တွေ ပိုနေသေးတယ်ဆိုယင်..သင့်အဖော်အပေါင်းတွေဆီကိုလည်းပို့ပေးလိုက်ပါ..
သူတို့ကို

သူတို့ သတိတရ ဂရုစိုက်တတ်လာအောင်လို့ပါ..
စားချင်တာရှိယင်…စား…
လည်ပတ်ချင်ယင်..လည်ပတ်ပစ်လိုက်..
စိတ်ဆင်းရဲစရာ စိတ်မချမ်းသာစရာတွေ သိမ်းမထားနဲ့..
ပျော်ပျော်ရွင်ရွင်သာနေပါ…လက်တွဲလို့ရ တွေ့ဆုံလို့ရကြတုန်း..အဖော်အပေါင်းတွေနဲ့ရင်းရင်းနှီးနှီးပျော်ပျော်ရွင်ရွင် ပွင်ပွင့်လင်းလင်းသာနေပစ်ပါ..
တစ်ယောက်နဲ့တစ်ယောက်ဖက်တွယ်ထားလို့ရနေသေးချိန်မှာ..စိတ်လန်းဆန်းသွားအောင်ဖက်ထားပစ်လိုက်ပါ..
အဖေ အမေ ညီ..အကို ..မောင်နှမ..သူငယ်ချင်း…ချစ်သူ…တာဝန်တွေ မှာ အသီးသီး..ကောင်းမွန်အောင် ရောက်ရာနေရာမှာအကောင်းဆုံးဖြစ်အောင်နေပစ်လိုက်ပါ..
အတူတူရှိနေကြတုန်း နေနေကြရတုန်းမှာ ဘာကြောင့်ပဲဖြစ်ဖြစ် အလွယ်တကူ လွယ်လွယ်နဲ့မမုန်းတီးကြ..အာဃာတမထားကြပါနဲ့
ပြီးတော့ အရေးအကြီးဆုံးအရာကတော့ ဘဝကို ကိုယ်ကအသုံးချတဲ့သူဖြစ်နေပါစေ ဘဝက ကိုယ့်ကိုပြန်အသုံးချသွားပြီး ဒီအတိုင်းသေဆုံးသွားခဲ့လိုက် ရတာမျိုး မဖြစ်နေပါစေနဲ့
အောင်မြင်မှု့ရဲ့လျို့ဝှက်ချက်ကတော့
............
ကိုယ့်ရဲ့လိုအပ်ချက်တွေအားလုံးကိုဖြေ့ဆည်းပေးနိုင်မဲ့စီးပွားရေးမော်ဒယ် ကိုတွေ့အောင်ရှာပါ
မတွေ့သေးယင်မတွေ့မချင်းရှာပါ တွေ့တာနဲ့အောင်မြင်အောင်အစွမ်းကုန်ဆောင်ရွက်လိုက်ပါ
အဲ့ဒီနောက်ဘဝကို ကိုယ်က ခိုင်းစေနိုင်သွားပါလိမ့်မယ်
စီးပွားရေးမော်ဒယ်ကို မတွေ့သေးယင် လည်း ကျွန်တော်ဆီ ကောင်းမွန်စွာမေးမြန်းလာနိုင်ကြပါတယ်...
သင်သံသယဝင်နေတာနဲ့တင် ကိုနောက်ကျကျန်နေခဲ့တာ ကတော့အသေအချာပါပဲ .
....................
အောင်မြင်မှု့ဆိုတာ လူတိုင်းနဲထိုက်တန်ပါ တယ် ကိုယ်ကသာရွေးချယ်ခဲ့မယ်ဆိုယင်ပေါ့

No comments:

Post a Comment