Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 26, 2016

လေးလောင်းပြိုင် နောက်ဆက်တွဲ သဲလွန်စ


မို့သစ်အတင်းမှာ မိသားစု တစ်စုလုံးအား သတ်ဖြတ်ခြင်း ခံခဲ့ရသော အများပြည်သူများသိရှိခဲ့ကြပြီး လက်သယ်တရားခံတွေ့ရှိအောင် ပြည်ထဲရေး မှ ဖေါ်ဆောင်ပေးနိုင်ခြင်း မရှိသောကြောင့် နောက်ဆုံးဝယ် ရဲ လုပ်ထုံးဥပဒေနှင့် မကိုက်ညီသော ထုတ်ပြန်ချက် မျိုးဖြစ်သည့် လေးလောင်းပြိုင် အဆိုပါ လူသတ်မှုအား ထင်မြင်ချက် ယူဆချက်ဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့၏ တာဝန်ရှိသူမှ ကောက်ချက် ဆွဲခဲ့ပုံမှာ “သေဆုံးသူ ကိုစိုးနောင်မှာ ဂန္ဘီရ မဂ္ဂဇင်း များကို ဖတ်ရှု့ပြီး စိတ်မတည်မငြိမ်ဖြစ်ကာ ၄င်း၏ မိသားစု တစ်ခုလုံးကို သတ်ဖြတ်ခဲ့ပြီးနောက် ၄င်းကိုယ်တိုင် မိမိကိုယ်အား အသွား ၁၁ လက်္မ ရှိသော ဓားထိုးသွင်းချက် (၄) ချက်ဖြင့် အဆုံးစီရင်ခဲ့ပါတယ် “ ဟု ဆို၍ အမှု ဇာတ်လမ်းပိတ်သိမ်းခဲ့လေသည်။

 သို့သော် ရာဇ၀တ်မှုတို့မည်သည် အိုးမင်း ဆွေးမြေ့ခြင်း မရှိနိုင်သော အယူဆအရ ဆက်လက်၍ စိတ်ပါဝင်စားသူ အမှန်တရားဖေါ်ဆောင်လိုသူ နှင့် စီအိုင်ဒီမှ သက်ဆိုင် အရာရှိ တချို့ မျက်ခြေမပြတ်
 စောင့်ကြည့် လေ့လာ အကဲခေတ်နေခဲ့ကြပြီး မကြာသေးခင်ကာလအတွင်း ဆက်ဆပ်နိုင်သော
သဲလွန်စ တချို့  ထွက်ပေါ်လာခဲ့လေသည်။ အဆိုပါသဲလွန်စအား မည်သို့ မည်ပုံ ဆက်စပ်နေသည်ကို ပထမ အစပိုင်းတွင် သတိထားမိခြင်းကိုသက်ဆိုင်ရာ ရဲအရာရှိတို့ မသိခဲ့ကြပဲ ထပ်မံရရှိခဲ့သော
သဲလွန်စအပေါ် စီအိုင်ဒီ၏ လေ့လာ ဆန်းစစ် တွေ့ရှိချက်များအရ ဆက်ဆပ်သော ခိုင်မှာမှု ရှိကြောင်း သိရလေသည်။ အောက်တိုဘာလ ၂၉ ရက် ၂၀၁၆ ခုနှစ်တွင် ရန်ကုန်မြို့ … မရမ်းကုန်းမြို့နယ်၊ မြိုင်ဟေ၀န်ပန်းခြံအတွင်း ညနေ (၄) နာခန့်တွင် ရေကန်အတွင်းမှ သေနတ် ၂ လက်နှင့် ကျည်များတွေ့ရှိ ကြောင်း မရမ်းကုန်း ရဲ့စခန်းသို့ အရေးပေါ်အကြောင်းကြားလာခဲ့ခြင်းကြောင့် မရမ်းကုန်း ရဲစခန်းမှ သက်ဆိုင်ရာ ရဲအရာရှိနှင့် ၀န်ထမ်းများ အပြင် အဆိုပါ လက်နက် တွေ့ရှိပုံအား သက်သေခံသော
ကိုကျော်မင်းထွန်း ၏ ထွက်ဆို ပြောပြချက်အား ထပ်မံရောက်ရှိလာသော စီအိုင်ဒီ မှ အရာရှိဖြစ်သူ(….)မှ မှတ်တမ်းတင် မေးမြန်စုံစမ်းရာ ၄င်း ကိုကျော်မင်းထွန်း မှ မြိုင်ဟေ၀န်ပန်းခြံအတွင်းရှိ ရေကန်အတွင်းသို့ ငါးမျှားနေစဉ် လေးလံသော အရာတခု ငြိတွယ်မိပြီး ဆွဲတင် ဆယ်ယူခဲ့ရာတွင် ပလပ်စတစ်အိပ်ဖြင့် ထုပ်ပိုးချည်နှောင်ထားသော အထုပ်အရွယ်တစ်ခုကိုရရှိ၍ ဖွင့်လှစ်ကြည့်ရှု့ရာ ခြောက်လုံးပြူး တလက်နှင့် ပစ္စတို တလက်တို့အပါအ၀င် ပစ္စတို အတွင်း ထည့်သွင်းထားသော ကျဉ်အိမ် တစ်ခု နှင့် မျိုးကွဲ သေနတ်နှစ်လက် အတွက် အပိုကျဉ်ဆံများ (၅၆ ) တောက်ကို တွေ့ရှိခဲ့ရလေသည်။

အဆိုပါ တွေ့ရှိချက်များကို ဆက်လက် လေ့လာ ဆက်စပ် စုံစမ်းခဲ့ရာ သက်ဆိုင်ရာ မရမ်းကုန်းရဲစခန်းမှ အမည်မသိ စွန့်ပစ် လက်နက် ခဲယမ်းများ တွေ့ရှိခြင်းဟုသာ တွေ့ရှိပုံစံ လက်ခံပုံစံများကို ဖြည့် သွင်း၍ အမှု၏ နောက်ဆက် ကွင်းဆက်များကို ဆက်လက် ဖေါ်ဆောင်ခြင်း မရှိပဲ တခန်းရပ်ခဲ့ရလေသည်။ သို့ရာတွင် အဆိုပါ လက်နက်ကျဉ်ဆံများအား တွေ့ရှိပုံအတွက် ရောက်ရှိခဲ့သော စီအိုင်ဒီမှ ၄င်းတို့ ဆက်လက် စစ်ဆေး လေ့လာရန် တင်ပြ တောင်းဆိုခဲ့ရာမှ နိုဝင်ဘာ ၆ ရက် ၂၀၁၆ ခုနှစ်တွင် လေ့လာ စစ်ဆေးခွင့်ကို ရခဲ့လေသည်။ စီအိုင်ဒီ၏ လေ့လာစစ်ဆေးချက်တွင်… …..

(၁) သံချေး တက်နေသော ခြောက်လုံးပြူး နှင့် ပစ္စတို တစ်လက်သည် အတော် ဆိုးဆိုးဝါးဝါး သံချေး တက်နေခြင်းမဟုတ်ရပဲ လွန်ခဲ့သည့် ( ၃) လ ၀န်းကျင်လောက်မျှကစွဲကပ် ငြိတွယ်သော သံချေးတက်မှု မျိုး ဖြစ်ပြီး သုတ်သင် တိုက်ချွတ်လိုက်သော အခါ အဆိုပါ သံချေးများ အလွယ်တကူ ထွက်သွားကြောင်း တွေ့ကြသည်။

 (၂) အဆိုပါ ထုပ်ပိုးထေားသော ပစ္စည်းများ၏ သဲလွန်စများကို ဆက်လက် လေ့လာရာတွင် (မခင်အေး) စတိုးဆိုင်မှ ပစ္စည်းသုံးအတွက်ထုတ်လုပ်ထားသော ပလပ်စတစ်အိပ် အ၀ါရောင် ၏ ဆက်စပ်သော သဲလွန်စမှာ မိသားစုတစ်ခုလုံး သတ်ဖြတ်ခြင်း ခံရသော ကိုစိုးနောင်အိမ်၏ မီးဖိုချောင်တွင် စိအိုင်ဒီမှ တွေ့ရှိသိမ်းထားခဲ့သော အနည်းငယ်ပေါက်ပြဲနေသည့် ပလပ်စတစ်အိပ် အ၀ါရောင် နှစ်လုံးနှင့် အရွယ်စား ပုံစံ နာမည် အားလုံး တူနေသော သဲလွန်စဖြစ်လေသည်။

စီအိုင်ဒီ၏ ကောက်ချက်အရ လူသတ်သမားအဖွဲသည် အနည်းဆုံး(၆) ယောက် ခန့် ဖြစ်နိုင်ပြီး အိမ်အပြင်ရှေ့နောက် တစ်ယောက်စီ ချ၍ လေးယောက်မှာ အိမ်နောက် မီးဖိုချောင်မှ ၀င်လာပြီး သတ်ဖြတ်ရန် အဆိုပါ ပလပ်စတစ်အိပ်ဖြင့် ပတ်သွင်းလိပ်ယူလာသော ဓားနှစ်ချောင်းအတွက် သတ်ဖြတ်သူ တစ်ဦးချင်းမှ အဆိုပါ ပလပ်သတစ်အိပ်ကို အသုံးပြု ပတ်လိပ်လာပြီးမှ မီးဖိုချောင်အတွင်းသို့ ရောက်ရှိစဉ် အသံကျယ်လောင်စွာ အဆိုပါညတွင် ပြသနေသော အငြိမ့်အားကြည့်ရှု့နေသည့် အိပ်ခန်းအတွင်းမှ ကိုစိုးနောင်တို့ မိသားစုကို မသတ်ဖြတ်ခင် အရေးပေါ် ပလပ်စတစ်အိပ်မှ ထုတ်ယူခြင်းကြောင့် ပလပ်စတိတ်အိပ် နှစ်ခုလုံးမှာ ပေါက်ပြဲ ဓားရှမှု ၇ှိနေခဲ့ကြောင်း ပြီးနောက် အခြားနှစ်ယောက်မှ သေနတ်
တစ်ယောက်တစ်လက်ဖြင့် ချိန်ရွယ်ခဲ့ပုံရကြောင်း ကိုစိုးနောင်အား မီးဖိုချောင်အတွင်းသို့ သေနတ်ထောက်ခေါ်လာပြီး ဓားသမားမှ အနည်းငယ်ပုန်းကွယ်ရာမှ ယုတ်တရက် ဆက်တိုက် ဆင့်ကဲ ဓားဖြင့် ထိုးခဲ့သလို အိပ်ခန်းတွင် ကျန်ရစ်သော ဇနီးဖြစ်သူကိုလည်း သေနတ်သမားမှ ချိန်ရွယ်ထားချိန်တွင် ကျန်သော ဓားသမားမှ သွက်သွက်လက်လက် လက်ရဲဇက်ရဲ ဓားထိုးသွင်းမှု ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကျန်သော ခလေးနှစ်ယောက်မှာ အိပ်ပျော်နေခြင်း သို့မဟုတ် မိဘများနှင့် အတူ အငြိမ့်ကြည့်နေခြင်းကြောင့် မျက်မြင် သက်သေအဖြစ် ကျန်ရစ်ခဲ့မည်ကို မလိုလားခြင်းကြောင့် ဆက်လက် သတ်ဖြတ်ခဲ့ကြောင်း ကောက်ချက် ချနိုင်လေသည်။

မရမ်းကုန်းမြို့နယ်အတွင်း တွေ့ရှိရသော လက်နက် နှင့် ကျဉ်ဆံများသည် ၄င်းတို့နှင့် အတူပါလာသော လက်နက် ခဲယမ်းများ ဖြစ်နိုင်ပြီး…သတ်ဖြတ်ပြီးနောက် …ရန်ကုန်မြို့ အပြင်ဖက်သို့ ထွက်ရန် စီစဉ်မှု ရှိခဲ့နိုင်ကြောင်း သို့ကြောင့် ခရီးလမ်းအတွက် နေရာ အချိပ်ဆက် ယာဉ် စသော လုံလောက်သည့် အခြေနေများအား မရမ်းကုန်းဝန်းကျင်တွင် ရှိနိုင်ပြီး ထိုနေရာသို့ လာရောက်ပြီးမှ ထွက်ပြေး တိမ်းရှောင်ရန်
လုပ်ဆောင်ခဲ့ပြီးနောက် အဆိုပါ အမျိုးတူ ပလပ်စတစ်အိပ်ကိုသာ သုံးပြီး လက်နက်များကို လိုအပ်လျင်သယ်ယူသွားနိုင်သော်ငြား လမ်းခရီးတွင် တစုံတရာ စစ်ဆေးခံရပြီး အဆိုပါ လက်နက်နှင့် ခဲယမ်းများ တွေ့ရှိခံရနိုင်ပြီး ၄င်းတို့ သတ်ဖြတ်ခဲ့သော ( ၄) လောင်းပြိုင် အမှု ပြန်လည် ပေါ်ပေါက်လာမည်ကို သုံးသပ် မိ၍ နီးစပ်ရာ ရေကန်အတွင်း ယခုကဲ့သို့ ပလပ်စတစ်အိပ်ဖြင့် ထုတ်ပိုး၍ အလွယ်တကူ အရေးပေါ်လက်စဖြောင့် ဖြေရှင်းသည့် ပုံစံ ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

 (လက်နက်များနှင့် ကျဉ်ဆံများ) အပေါ် သုံးသပ်ချက် တွေ့ရှိသော သေနတ် (၂)လက်သည် Webley Patents စာတမ်းပါ သံချေးတက်နေသည့် .၃၈ ဗို့ ခြောက်လုံးပြူးသေနတ် ၁ လက်၊ သားရေချိုင်းလွယ် သေနတ်အိတ်အတွင်းထည့်ထားသော 7.65 MM.90 စာတမ်းပါ အီတလီနိုင်ငံထုတ် သံချေးတက်နေသည့် ပစ္စတိုသေနတ် ၁ လက်နှင့် ၎င်းကျည်အိမ်တပ်လျက် ၁ ခု၊ တို့ဖြစ်ပြီး ကျဉ်ဆံ အမျိုးစားကွဲပြားစွာ အသုံးပြုရသော အမျိုးစားမတူသည့် သေနတ် နှစ်လက် ဖြစ်နေလေသည်။ လက်နက်သည် Webley Patents စာတမ်းပါ သံချေးတက်နေသည့် .၃၈ ဗို့ ခြောက်လုံးပြူးသေနတ်အား အသုံးပြုသော ကျဉ်ဆံသည် 7.65 MM.90 စာတမ်းပါ အီတလီနိုင်ငံထုတ် သံချေးတက်နေသည့် ပစ္စတိုသေနတ် ၁ လက်သို့ ထည့်သွင်း ပစ်ခတ်၍ ရသော အမျိုးစားမဟုတ်ချေ။

သို့ကြောင့် အဆိုပါ သေနတ်ကိုင်သော အဖွဲ့စည်း လူပုဂ္ဂိုလ်တို့အား လိုက်လံ လေ့လာခဲ့ရာ မြန်မာ့တပ်မတော်နှင့် အချို့သော တောင်ပိုင်းဒေသ သူပုန်အရာရှိများ ကိုင်တွယ် အသုံးပြုနေသော (7.65 MM.90 ) ပစ္စတိုသေနတ်နှင့် ကျဉ်ဆံ အမျိုးစားတူနေသော သေနတ်တလက် ဖြစ်နေသည် ။ နောက်တမျိုးဖြစ်သည့် (.၃၈ ဗို့ ခြောက်လုံးပြူးသေနတ်) သည်လည်း လက်နက်ကိုင် သူပုန် အဖွဲ့စည်းတို့တွင် ကိုင်တွယ်မှု သိပ်မရှိလှပဲ ထိုင်းနိုင်ငံ တောင်ပိုင်းဒေသ မာဖီးယားများနှင့် တရားမ၀င် မောင်ခိုနှင့် မူးယစ်ဆေးဝါ
လုပ်ငန်း လုပ်ကိုင်သူများသာ အတော် များများ စားစားကိုင်တွယ်နေသော သေနတ်အမျိုးစား ဖြစ်နေခြင်းကြောင့် ….

သတ်ဖြတ်ခဲ့သူများသည် လက်ရှိ မည်သည့်အဖွဲ့စည်းနှင့် တိုက်ရိုက်ဆက်စပ်နေသည်ကို ခြေရာခံရန် လမ်းစ ရရှိခဲ့ပြီး အဆိုပါ လမ်းစအား တရားမျှတမှု လုံခြုံမှုတို့ကို လိုလားသော အချို့သော ရဲအရာရှိများနှင့် စီအိုင်ဒီ ၀န်ထမ်းများမှ ဆက်လက် စောင့်ကြည့် ၍ မကောင်းမှုမှန်သမျှ ပုန်းအောင်းရာ နေရာ မရှိစေရ ဆိုသော ယုံကြည်ချက်ဖြင့် လေးလောင်းပြိုင် လူသတ်မှု အံမခန်း ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်အတွက် တရားဥပဒေဘောင်အတွင်းသို့ ရောက်ရှိလာနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် မျက်ချေမပြတ် စောင့်ကြည့် နေလျက် ရှိကြောင်း ပါ………….. မိမိရသော အချက်လက် များကိုသာ တင်ပြပြီး မည်သူ့တွင် တာဝန်ရှိသည် မရှိသည်ကို ဖေါ်ပြထားခြင်းမရှိပါ အားလုံးတွင် နိုင်ငံတော် လုံခြုံရေး ဘက်မလိုက်သော တရားဥပဒေ ထွန်းကားရေးအတွက် တာဝန်ရှိပါကြောင်း လေးစားစွာဖြင့် ဆဲဆိုသော
 ကွန်မန့်များကို ဖြုတ်ပယ်ပါမည်

ဂိုလ်ရှယ်လေး
https://www.facebook.com/photo.php?fbid=1469080339772861&set=a.626297084051195.1073741826.100000127263276&type=3


No comments:

Post a Comment