ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသသို့ ခေတ်ဟောင်းမော်တော်ယာဉ် ၁၇ စီးဖြင့် အလည်အပတ်ရောက်ရှိနေသော ဥရောပခရီးသွား ၄၂ ဦးအဖွဲ့က နိုဝင်ဘာ၂၈ ရက် နံနက်ပိုင်းက ပုဂံမြို့ဟောင်း တောင်ဘီ လယ်ယားကျေးရွာရှိ ဒေသခံ ကလေးငယ်ကိုးဦးအား ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အလှူတော်မင်္ဂလာပွဲကို နံနက် ၉နာရီခွဲက ပုဂံမြို့ဟောင်း သရပါဂိတ်မှစတင်၍ တောင်ဘီလယ်ယားကျေးရွာ နတ်ထောင့် ဘုန်းတော်ကြီးကျောင်းအထိ အိုးစည်ဒိုးပတ်များဖြင့် ဦးရွှေရိုးအက၊ ကျောက်ဆည်ဆင်အကများဖြင့် မြန်မာ့ရိုးရာထုံးတမ်းစဉ်လာနှင့်အညီ စီတန်းလှည့်လည်ကြသည်။
ထို့နောက် နတ်ထောင့်ဘုန်းတော်ကြီးကျောင်း၌ ရှင်လောင်းငါးပါးနှင့် နားသငါးပါးတို့အား ဆံချခြင်းနှင့် သင်္ကန်းစည်းခြင်း များဆောင်ရွက်ခဲ့ကြပြီး အလှူပွဲသို့လာရောက်ကြသည့် ဧည့်ပရိသတ်များအား ငါးခြောက်ထိုး၊ ပဲဟင်းဖြင့် ဧည့်ခံကျွေးမွေး ခဲ့ကြောင်း သိရသည်။
ရဲသူရအောင်(ညောင်ဦး)
Mandalay Media Group

No comments:
Post a Comment