Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 28, 2016

Diagon Alley လမ်းမှာ တစ်ခေါက်လောက် ဈေးဝယ်ရအောင်

 "Welcome, Harry, to Diagon Alley" Rubeus Hagrid.
တစ်နေရာထဲတွင်အစုံရရှိနိုင်သော မှော်လောကမှ လမ်းကြားလေးတစ်ခု။ စားသောက်ဆိုင်များ၊ မှော်ပစ္စည်းအရောင်ဆိုင်များ၊ မှော်စာအုပ်များ၊ တံမြက်စည်းပျံများ စသည်စသည်တိုနဲ့ ပြည့်နှက်နေတဲ့ ထို Diagon Alley လမ်းကြားလေးက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာတည်ရှိပါတယ်။ နာမည်ကျော် အရက်ဘားတစ်ခုဖြစ်တဲ့ Leaky Cauldron ရဲ့နောက်ဖေးနံရံမှ မှန်ကန်သော အုတ်နီခဲကို ခေါက်ပြီးဝင်လို့ရသလို့ Floo Powder ခရီးသွားစနစ် ရုပ်ရွှေ့ပြောင်းအတတ်ပညာ စတာတွေနဲ့လဲ ၀င်ရောက်သွားလာနိုင်ပါတယ်။
 The Leaky Cauldron အရက်ဘားက သာမန်လူ Muggle များမမြင်နိုင်ဟုသော အဆိုရှိသော်လည်း မှော်ဆရာများကမူ Charing Cross လမ်းမကြီးတစ်နေရာ စာအုပ်ဆိုင်အကြီးကြီးနဲ့ မှတ်တမ်းဆိုင် တို့ကြားမှာတွေ့နိုင်ပါတယ်။ လာရောက်လည်ပတ်သူများ ဈေးဝယ်သူများနဲ့ စဉ်ဆက်မပြတ်စည်းကားနေတဲ့ နေရာတစ်ခုဆိုလဲမမှားသလို လန်ဒန်မြို့ မှော်လောကရဲ့အခရာကျတဲ့နေရာကြီးလဲ ဖြစ်တယ်။ ပိုပြီးထူးခြားတာကတော့ Diagon Alley က နေရာအကျယ်ကြီးဖြစ်ပေမယ့် Muggle တွေရဲ့မြို့လည်ခေါင်မှာတင် မျက်စေ့မှောက်အောင်လုပ်ထားတာမို့ ပိုပြီးထူးခြားနေပါတယ်။

 Diagon Alley ရဲ့သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် Goblin တွေပိုင်တဲ့ Gringott Wizarding ဘဏ်က ရှေ့အကျဆုံးအဆောက်အဦးဖြစ်ပြီး ဘဏ်နားမှာ ဟိုတစ်စ ဒီတစ်စဈေးဆိုင်တွေစဖွင့်ရာကနေ Diagon Alley ဖြစ်လာတယ်လို့ဆိုပါတယ်။ ဒါပေမယ့် မှော်ကြိမ်လုံးရောင်းတဲ့ Ollivander မိသားစုက Diagon Alley မှာအမြဲနေတဲ့ လူစာရင်းမှာပါနေတဲ့အပြင် BC. 382 ကတည်းကရောင်းချတယ်ဆိုတော့ သူတို့ကလဲအစောဆုံးဖြစ်နေနိုင်သေးတယ်။


Diagon Alley နဲ့နောက်ထပ်ဆက်စပ်နေတဲ့ လမ်းကြားတစ်ခုရှိနေပါသေးတယ်။ Nockturn Alley လို့အမည်ရပြီး မှော်နက်ပစ္စည်းတွေရောင်းချတဲ့အတွက်ကြောင့် နာမည်ကြီးပြီး လိုအပ်မှသာသွားရောက်လေ့ရှိကြတဲ့နေရာဖြစ်တယ်။
တစ်ခြားသောမှော်နေရာတွေထက်ပိုပြီးစည်ကားရတာ ဘာကြောင့်လဲဆိုတာကို အောက်ဆိုင်များကို Shopping ထွက်ရင်း လေ့လာကြည့်ရအောင်။ မျက်လုံး ၈ လုံးရှိနေရင်တော့ ပိုကောင်းမယ်နော်။

2nd Hand Brooms - တစ်ပတ်နွမ်း တံမြက်စည်းအရောင်းဆိုင်

Amanuensis Quills - Madam Malkin's Robes For All Occasions အ၀တ်ဆိုင်ရဲ့ဘေးက ငှက်မွှေကလောင်တံရောင်းတဲ့ဆိုင်

Broomstix - တံမြက်စည်းပျံအရောင်းဆိုင်

Eeylops Owl Emporium - ဇီးကွက် နှင့် ဇီးကွက်အစာရောင်းဆိုင် နဲ့ ဇီးကွက်ပြုစုရေး။ Screech, Barn, Tawny, Brown, and Snowy စတဲ့ဇီးကွက်မျိုးစုံရရှိနိုင်ပါတယ်

Florean Fortescue's Ice Cream Parlour - Florean Fortescue ရဲ့အိမ်မှာဖွင့်ထားတဲ့ ရေခဲမုန့်ဆိုင်

Flourish and Blotts - Hogwarts ကျောင်းသားတွေဝယ်လေ့ရှိတဲ့ နာမည်ကြီးစာအုပ်ဆိုင်။

Gambol and Japes Wizarding Joke Shop - Gambol and Japes ဆိုတာ မှော်ဟာသပစ္စည်းအရောင်းဆိုင် ဖြစ်ပြီး Fred George နဲ့ Lee Jordan တို့ Dr . Filibuster's Fabulus ရဲ့ မီးမလို အချိန်ကြာ ဗောက်အိုးတွေဝယ်တဲ့နေရာ။

Gringotts Wizarding Bank - မှော်လောကရှိတစ်ခုတည်းသော ဘဏ်ဖြစ်ပြီး Goblin ပိုင်ဖြစ်ပါတယ်။ မှော်လောကသုံးငွေနဲ့ Muggle ငွေလဲလှယ်လို့ရတဲ့နေရာဖြစ်တယ်။

Junk shop - မှော်နှင်တံ အကျိုးတွေ ချိန်ခွင်ဟောင်းတွေစတဲ့ တပတ်နွမ်းပစ္စည်းတွေ ရောင်းတဲ့ဆိုင်

The Leaky Cauldron - Diagon Alley ရဲ့ဝင်ပေါက်ဖြစ်တဲ့ လန်ဒန်က နာမည်ကြီး ယမကာဘား။

Madam Malkin's Robes for All Occasions - Diagon Alley မှာရှိတဲ့ဝတ်ရုံရှည်ဆိုင် ဖြစ်ပြီိး Hogwarts ကျောင်းသားတွေအတွက် ၀တ်ရုံရှည်၊ ပွဲတက်ဝတ်ရုံ၊ ခရီးသွားဝတ်ရုံတွေ ၀ယ်ကြတဲ့နေရာပေါ့။

Madam Primpernelle's Beautifying Potions - အမှတ် ၂၇၅ Diagon Alley ရှိ မှော်ဆရာမတွေရဲ့အလှပြင်ဆိုင်။

Magical Menagerie - အိမ်မွေးတိရိစ္ဆာန်လေးတွေ ၀ယ်ယူလို့ရတဲ့ဆိုင်

Obscurus Books -အမှတ် 18a Diagon Alley မှာတည်ရှိပြီး Obscurus ဟာ မှော်စာပေထုတ်ဝေသူတစ်ယောက်ဖြစ်တယ်။. နာမည်ကျော် Fantastic Beasts and Where to Find Them စာအုပ်က သူ့စာတိုက်မှထုတ်ပါတယ်။

Ollivanders - Ollivander's Wand Shop ဟာ Diagon Alley မှာရှိတဲ့ တစ်ခုတည်းသော မှော်နှင်တံအရောင်းဆိုင်ဖြစ်တယ်။. အ၀င်တံခါးဝအထက်မှာ ရွှေရောင်စာလုံးတွေနဲ့ Ollivanders: Makers of Fine Wands since 382 B.C. လို့ရေးထားတယ်။. ဆိုင်မျက်နှာစာမှာ ကူရှင်ဗူးလေးထဲထည့်ထားတဲ့ တစ်ချောင်းတည်းသောမှော်နှင်တံလေးကို ပြထားတယ်။ ဆိုင်ရှေ့ဖက်မှာတော့ ခုံလေးကလွဲလို့ နေရာလွတ်နေတဲ့ ဆိုင်သေးသေးလေးဖြစ်ပြီး ဆိုင်နောက်အတွင်းထဲမှာ ဗူးရှည်ရှည်တွေ အခပ်လိုက်ခေါင်မိုးထိအောင်စီထားတယ်။ ဖုန်တွေတက်နေတဲ့ ဗူးတွေလဲအများကြီးပါ။

Potage's Cauldron Shop - ဆေးကျိုအိုးတွေရောင်းတဲ့ဆိုင်

Quality Quidditch Supplies - အဓိကရောင်းကုန်တွေကတော့ Quidditch ကစားတဲ့ပစ္စည်းတွေဖြစ်တဲ့ Quaffles, Bludgers နဲ့ broomsticks တွေရောင်းတယ်။

Rosa Lee Teabag - Diagon Alley နဲ့ Hogsmeade မှာ ဆိုင်ခွဲတွေရှိတဲ့ လက်ဖက်ရည်ဆိုင်လေး။

Scribbulus Writing Instruments - မှင်အမျိုးမျိုးနဲ့ ကလောင်တံ၊ သိုးရေစက္ကူ ရောင်းတဲ့ဆိုင်။

Second-Hand Bookshop - တစ်ပတ်နွမ်းစာအုပ်အရောင်းဆိုင်။

Second-Hand Robes - တစ်ပတ်နွမ်း ၀တ်ရုံအရောင်းဆိုင်။

Slug & Jiggers Apothecary - ကျောင်းသားများ မှော်ဆေးရည်ဆိုင်ရာ အမယ်ပစ္စည်းတွေဝယ်တဲ့နေရာ။

Sugarplum's Sweets Shop - သကြားလုပ် အချို့မုန့်တွေရောင်းတဲ့ဆိုင်။

TerrorTours - အမှတ် 59 Diagon Alley မှာ တည်ရှိပြီး မှော်ပညာရှင်တွေအတွက် ခရီးသွားအေဂျင်စီတစ်ခုဖြစ်တယ်။

The Ministry Press - မှော်ဝန်ကြီးဌာနလက်အောက်ရှိ စာတိုက်။

The Daily Prophet's main office - Daily Prophet သတင်းစာ စာတိုက်။

Twilfitt and Tatting's - ဖက်ရှင်အ၀တ်အစားအရောင်းဆိုင်ဖြစ်ပြီး နာစစ်စာတို့လို မှော်ဆရာမတွေ အသည်းစွဲကြတဲ့ အ၀တ်ဆိုင်။

Weasleys' Wizard Wheezes - အမှတ် 93 Diagon Alley မှာတည်ရှိတဲ့ Fred နဲ့ George Weasley တို့ရဲ့ မှော်ဟာသပစ္စည်းအရောင်းဆိုင်။ Extendable Ears, Reusable Hangman, နဲ့ Fred and George တို့ရဲ့ special WonderWitch ထုတ်ကုန်ဖြစ်တဲ့ love potions တွေ ten-second pimple remover တွေ ရောင်းချပါတယ်။ သူတို့အဖေ Arthur ကို ဂုဏ်ပြုတဲ့အနေနဲ့ Muggle မျက်လှည့်ပစ္စည်းတွေပါရောင်းတယ်။

Whizz Hard Books - အမှတ် 129B Diagon Alley မှာတည်ရှိတဲ့ Whizz Hard Books က မှော်စာပေထုတ်ဝေရာ စာပေတိုက်ဖြစ်တယ်။ Quidditch Through the Ages, Hairy Snout, Human Heart စတဲ့အမည်ကြီးစာအုပ်တွေက ဒီစာအုပ်တိုက်က ထုတ်ဝေတဲ့စာအုပ်တွေပါ။

Wiseacre's Wizarding Equipment - မှော်ပစ္စည်းကိရိယာမျိုးစုံရောင်းတဲ့ဆိုင်။

Various Stalls and Peddlers - ဆိုင်ကြီးတွေရဲ့ကြားနေရာလေးတွေနဲ့ လမ်းဘေးဝဲယာတစ်လျှောက်မှာလဲ လမ်းဘေးဈေသည်၊ ခေါင်းရွက်သည်လေးတွေရှိနေပါသေးတယ်။ ပန်မျိုးစုံအရောင်းတန်း၊ roasted chestnuts တွေရောင်းတဲ့ ခေါင်းရွက်သည် and ကျောက်မြတ်ရတနာ အရောင်းဆိုင် စတာတွေလဲရှိနေပါသေးတယ်။

Diagon Alley ဟာ တစ်နေ့ကုန်လည်ပတ်ပြီးဝယ်ချင်ရာဝယ်ဖို့အတွက် အကောင်းဆုံးသော မှော်ဈေးကြီးတစ်ခုသာ ဖြစ်ပါတော့တယ်။
El Moh

No comments:

Post a Comment