Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, July 8, 2016

မဘသ ေတာင္းဆိုမႈ ေျဖရွင္းရန္ အေၾကာင္းမရွိဟု ဦး၀င္းထိန္ေျပာ

ထက္ႏိုင္ေဇာ္| July 8, 2016 |
ဘာသာေရး
ဇူလိုင္လ ၇ ရက္ေန႔က မဘသ အဖြဲ႔က သတင္းစာရွင္းလင္းပြဲ ျပဳလုပ္စဥ္ (ဓာတ္ပံု – မ်ိဳးမင္းစိုး / ဓာတ္ပံု)

“မဘသ” အဖြဲ႕ မလိုအပ္ဟု ရန္ကုန္တိုင္း ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၏ ေျပာဆိုခ်က္ကို အစိုးရအေနျဖင့္ ေတာင္းပန္ရန္ အမ်ိဳးဘာသာ သာသနာ ေစာင့္ေရွာက္ေရးအဖြဲ႔ (မဘသ) က ေတာင္းဆိုထားေသာ္လည္း ေျဖရွင္းရန္ အေၾကာင္းမရွိဟု အာဏာရ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ေျပာေရးဆိုခြင့္ရွိသူ ဦး၀င္းထိန္က ေျပာသည္။

ဦးဝင္းထိန္က “က်ေနာ္တို႔ကေတာ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ႀကီးတဲ့အမႈ ငယ္ေအာင္၊ ငယ္တဲ့အမႈ ပေပ်ာက္ေအာင္ ဒီသေဘာမ်ိဳးပဲ ထားတယ္။ ေခါင္းထဲ သိပ္မထည့္ဘူး။ သူမ်ားေတြလာေျပာလို႔ ဘာညာ၊ ဒါကို အေရးတယူ ေခါင္းထဲထည့္ လုပ္စရာအေၾကာင္း မရွိဘူး။ ကိုယ့္မူနဲ႔ ကိုုယ္ဖြဲ႔စည္းပံု အေျခခံဥပေဒမွာ လည္း ပါတယ္။ NLD ပါတီမွာလည္း မူရွိတယ္” ဟု ဦး၀င္းထိန္က ေျပာသည္။

NLD ေျပာေရးဆိုခြင့္ရွိသူ ဦး၀င္းထိန္က ယေန႔ ညေနပိုင္းတြင္ ၄င္းေနထိုင္ရာ ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာသို႔ လာေရာက္ေမးျမန္းသည့္ မီဒီယာမ်ားကို အထက္ပါအတိုင္း ေျပာဆိုလိုက္ျခင္း ျဖစ္သည္။

NLD ပါတီတြင္ ဘာသာေရးႏွင့္ ႏိုင္ငံေရး မေရာေထြးရဆိုသည့္ မူခ်မွတ္ထားေၾကာင္း၊ လက္ရွိအခ်ိန္တြင္ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ႏိုင္ငံေရး လမ္းစဥ္၊ စီးပြားေရး လမ္းစဥ္၊ ၿငိမ္းခ်မ္းေရး လမ္းစဥ္မ်ား ေျဖာင့္ျဖဴးရန္သာ အဓိကျဖစ္ၿပီး က်န္ကိစၥမ်ားသည္ အေသးအဖြဲကိစၥမ်ားသာ ျဖစ္ေၾကာင္း ဦး၀င္းထိန္က ေျပာသည္။

“အခု ဒီႏိုင္ငံတည္ေဆာက္မႈ အတြက္ ေဒၚေအာင္ဆန္းစုၾကည္က လိမၼာပါးနပ္စြာနဲ႔ ခ်ီတက္ေနတဲ့အခ်ိန္မွာ ဒါမ်ိဳးေတြေလာက္နဲ႔ ထည့္ၿပီး အေရးတယူလုပ္ေလ့ မရွိဘူး” ဟု ဦး၀င္းထိန္က ေျပာသည္။

သူက ဆက္လက္၍ “မႏၱေလး ေထာင္မွာေနတုန္းက ဆရာေတာ္ ဦးဝီရသူ အဲဒီမွာရွိတယ္။ သူရွိမွန္းလည္း သိတယ္။ က်ေနာ္ ရွိမွန္းလည္း သိတယ္။ သူနဲ႔ရင္းႏွီးေအာင္ မႀကိဳးစားခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ သူေရးတဲ့ စာအုပ္ ဖတ္ၾကည့္တဲ့အခါ အင္မတန္ အစြန္းေရာက္တယ္။ တိုင္းျပည္အတြက္ေရာ ျပည္သူအတြက္ ဘာမွ အက်ိဳး မရွိဘူးဆိုတဲ့ ဝါဒကို သိတဲ့အတြက္ေၾကာင့္ သူ႔ကို လံုးဝကို မိတ္ေဆြ မဖြဲ႔ခဲ့ဘူး။ အခုလည္း မိတ္ေဆြဖြဲ႔စရာ အေၾကာင္းမရွိဘူး။ သူဟာသူ လုပ္ခ်င္ရာလုပ္၊ ပန္းနဲ႔ေပါက္တယ္ ေအာက္ေမ့တယ္။ ပန္းနဲ႔မေပါက္လည္း ေပါက္ေပါက္နဲ႔ ေပါက္ေပါ့”ဟု ဆိုသည္။

၂၀၀၈ ဖြဲ႕စည္းပံု အေျခခံ ဥပေဒတြင္လည္း ဘာသာေရးႏွင့္ ႏိုင္ငံေရးကို တရား၀င္ ခြဲျခားထားေၾကာင္း၊ မဘသအေနျဖင့္ ဥပေဒအတိုင္း လုပ္ေဆာင္ပါက ဥပေဒအတိုင္း ျဖစ္ရမည္ျဖစ္၍ မလုပ္ေဆာင္ပါကလည္း ေဒသဆိုင္ရာ အာဏာပိုင္မ်ားက ထိန္းေက်ာင္းသြားလိမ့္မည္ ျဖစ္ေၾကာင္း ဦး၀င္းထိန္က ေျပာဆိုခဲ့သည္။
Irrawaddy
.....
မဘသ တောင်းဆိုမှု ဖြေရှင်းရန် အကြောင်းမရှိဟု ဦးဝင်းထိန်ပြော
ထက်နိုင်ဇော်| July 8, 2016 |
ဘာသာရေး

ဇူလိုင်လ ရ ရက်နေ့က မဘသ အဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ – မျိုးမင်းစိုး / ဓာတ်ပုံ)

“မဘသ” အဖွဲ့ မလိုအပ်ဟု ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်ကို အစိုးရအနေဖြင့် တောင်းပန်ရန် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) က တောင်းဆိုထားသော်လည်း ဖြေရှင်းရန် အကြောင်းမရှိဟု အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောသည်။

ဦးဝင်းထိန်က “ကျနော်တို့ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင် ဒီသဘောမျိုးပဲ ထားတယ်။ ခေါင်းထဲ သိပ်မထည့်ဘူး။ သူများတွေလာပြောလို့ ဘာညာ၊ ဒါကို အရေးတယူ ခေါင်းထဲထည့် လုပ်စရာအကြောင်း မရှိဘူး။ ကိုယ့်မူနဲ့ ကိုုယ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လည်း ပါတယ်။ NLD ပါတီမှာလည်း မူရှိတယ်” ဟု ဦးဝင်းထိန်က ပြောသည်။

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ယနေ့ ညနေပိုင်းတွင် ၄င်းနေထိုင်ရာ နေပြည်တော် စည်ပင်ဧည့်ရိပ်သာသို့ လာရောက်မေးမြန်းသည့် မီဒီယာများကို အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

NLD ပါတီတွင် ဘာသာရေးနှင့် နိုင်ငံရေး မရောထွေးရဆိုသည့် မူချမှတ်ထားကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး လမ်းစဉ်၊ စီးပွားရေး လမ်းစဉ်၊ ငြိမ်းချမ်းရေး လမ်းစဉ်များ ဖြောင့်ဖြူးရန်သာ အဓိကဖြစ်ပြီး ကျန်ကိစ္စများသည် အသေးအဖွဲကိစ္စများသာ ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။

“အခု ဒီနိုင်ငံတည်ဆောက်မှု အတွက် ဒေါ်အောင်ဆန်းစုကြည်က လိမ္မာပါးနပ်စွာနဲ့ ချီတက်နေတဲ့အချိန်မှာ ဒါမျိုးတွေလောက်နဲ့ ထည့်ပြီး အရေးတယူလုပ်လေ့ မရှိဘူး” ဟု ဦးဝင်းထိန်က ပြောသည်။

သူက ဆက်လက်၍ “မန္တလေး ထောင်မှာနေတုန်းက ဆရာတော် ဦးဝီရသူ အဲဒီမှာရှိတယ်။ သူရှိမှန်းလည်း သိတယ်။ ကျနော် ရှိမှန်းလည်း သိတယ်။ သူနဲ့ရင်းနှီးအောင် မကြိုးစားခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူရေးတဲ့ စာအုပ် ဖတ်ကြည့်တဲ့အခါ အင်မတန် အစွန်းရောက်တယ်။ တိုင်းပြည်အတွက်ရော ပြည်သူအတွက် ဘာမှ အကျိုး မရှိဘူးဆိုတဲ့ ဝါဒကို သိတဲ့အတွက်ကြောင့် သူ့ကို လုံးဝကို မိတ်ဆွေ မဖွဲ့ခဲ့ဘူး။ အခုလည်း မိတ်ဆွေဖွဲ့စရာ အကြောင်းမရှိဘူး။ သူဟာသူ လုပ်ချင်ရာလုပ်၊ ပန်းနဲ့ပေါက်တယ် အောက်မေ့တယ်။ ပန်းနဲ့မပေါက်လည်း ပေါက်ပေါက်နဲ့ ပေါက်ပေါ့”ဟု ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်လည်း ဘာသာရေးနှင့် နိုင်ငံရေးကို တရားဝင် ခွဲခြားထားကြောင်း၊ မဘသအနေဖြင့် ဥပဒေအတိုင်း လုပ်ဆောင်ပါက ဥပဒေအတိုင်း ဖြစ်ရမည်ဖြစ်၍ မလုပ်ဆောင်ပါကလည်း ဒေသဆိုင်ရာ အာဏာပိုင်များက ထိန်းကျောင်းသွားလိမ့်မည် ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောဆိုခဲ့သည်။

No comments:

Post a Comment