Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, July 8, 2016

အမ်ိဳးသမီးအဂၤါအေမြးရိပ္ျခင္းနဲ႔ က်န္းမာေရး႐ႈ႕ေထာင့္



By netsetaw - July 8, 2016


အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားကေတာ့ မအဂၤါအေမြး ရိပ္ျခင္းဟာ ပုိၿပီး သန္႔သန္႔ရွင္းရွင္းရွိတယ္၊ ေနာက္ လိင္ပုိင္းဆုိင္ရာ အထိအေတြ႕ ပုိေကာင္းတယ္၊ လြတ္လပ္မႈ ပုိရွိတယ္လုိ႔ ယူဆၾကပါတယ္။ ေနာက္တစ္ခုက ဒီအေမြးေတြကို ရိပ္သင္လုိက္တာနဲ႔ သန္႕သန္႕ရွင္းရွင္း ျဖစ္သြားၿပီး ဒီလုိလုပ္ျခင္းဟာ က်န္းမာေရးနဲ႔ ပုိၿပီးညီညႊတ္တယ္လုိ႔ ထင္ၾကတာပါဘဲ။ ဒါကို ေဆးပညာအျမင္အရ သုံးသပ္ရရင္ မွားတယ္လုိ႔ ဆုိရမွာပါ။ သန္႔သန္႔ရွင္းရွင္းရွိျခင္း၊ လိင္ပုိင္းဆုိင္ရာ အထိအေတြ႕ ပိုေကာင္းျခင္း၊ လြတ္လပ္မႈ ပုိရွိျခင္းဆုိတာကိုေတာ့ ကန္႔ကြက္ရန္မရွိပါ။ သုိ႕ေသာ္ ဒီလုိ အေမြးရိပ္သင္ျခင္းဟာ က်န္းမာေရးကို ပုိေကာင္းေစတယ္ဆုိတဲ့ အယူအဆကိုေတာ့ ေဆးပညာအျမင္အရ မွားတယ္လုိ႔ ဆုိရမွာပါ။

မအဂၤါအေမြးဟာ သဘာ၀အရ လုိအပ္လုိ႔ လက္ေဆာင္ေပးလုိက္ျခင္း ခံရတဲ့ အရာျဖစ္ပါတယ္။ ၎တုိ႔ဟာ ျပင္ပေရာဂါပိုးေတြ၊ လိင္ပုိင္ဆုိင္ရာ ကူးစက္ေရာဂါေတြ အလြယ္တစ္ကူ မ၀င္ေရာက္ႏုိင္ေအာင္။ ဖုန္နဲ႔အညစ္အေက်းေတြ ေယာနိထဲ မ၀င္ႏုိင္ေအာင္ သဘာ၀အရ အကာအကြယ္ေပးပါတယ္။ ဒါ့အျပင္ မအဂၤါအေမြးဟာ မအဂၤါမ်က္ႏွာျပင္အတြက္ လုိအပ္တဲ့ ေရဓာတ္ကုိ ထိန္းသိမ္းေပးၿပီး ေရယုန္နဲ႔ အျခားယားနာကဲ့သုိ႕ေသာ ေရာဂါေတြ မျဖစ္ႏုိင္ေအာင္လုိ႔ အေမြးထြက္တဲ့ ဂလင္းအဖုေလးေတြက ကာကြယ္ေပးေနပါတယ္။ လုိအပ္လုိ႔ သဘာ၀က အပိုလက္ေဆာင္ထည့္ေပးထားတဲ့ အရာေတြ ျဖစ္
တယ္လုိ႔ Royal College of Obstetricians and Gynaecologists မွာ တာ၀န္ထမ္းေဆာင္ေနတဲ့ ေဒါက္တာ Vanessa Mackay ဆုိပါတယ္။ စစ္တမ္းအရ အမ်ိဳးသမီးထု 62% ဟာ အေမြးေတြ အေျပာင္အစင္း ရိပ္ျခင္းကုိ သေဘာက်ၾကၿပီး၊ 84% ကေတာ့ တစ္စိပ္တစ္ပုိင္း ရိပ္ျခင္းကို ႏွစ္သက္ၾကတယ္လုိ႔ သိရပါတယ္။ အသက္ (၁၈) ႏွစ္မွ 34 ႏွစ္အတြင္း အမ်ိဳးသမီး အမ်ားစုကေတာ့ အေမြးရိပ္သင္ျခင္းဟာ က်န္းမာေရးနဲ႕ ပုိၿပီး ညီညႊတ္တယ္လုိ႔ ထင္မွတ္မွားေနၾကပါတယ္။


မဒီေလး (Shwemom)

............................................

အမျိုးသမီးအင်္ဂါအမွေးရိပ်ခြင်းနဲ့ ကျန်းမာရေးရှု့ထောင့်
By netsetaw - July 8, 2016


အမျိုးသမီးတော်တော်များများကတော့ မအင်္ဂါအမွေး ရိပ်ခြင်းဟာ ပိုပြီး သန့်သန့်ရှင်းရှင်းရှိတယ်၊ နောက် လိင်ပိုင်းဆိုင်ရာ အထိအတွေ့ ပိုကောင်းတယ်၊ လွတ်လပ်မှု ပိုရှိတယ်လို့ ယူဆကြပါတယ်။ နောက်တစ်ခုက ဒီအမွေးတွေကို ရိပ်သင်လိုက်တာနဲ့ သန့်သန့်ရှင်းရှင်း ဖြစ်သွားပြီး ဒီလိုလုပ်ခြင်းဟာ ကျန်းမာရေးနဲ့ ပိုပြီးညီညွှတ်တယ်လို့ ထင်ကြတာပါဘဲ။ ဒါကို ဆေးပညာအမြင်အရ သုံးသပ်ရရင် မှားတယ်လို့ ဆိုရမှာပါ။ သန့်သန့်ရှင်းရှင်းရှိခြင်း၊ လိင်ပိုင်းဆိုင်ရာ အထိအတွေ့ ပိုကောင်းခြင်း၊ လွတ်လပ်မှု ပိုရှိခြင်းဆိုတာကိုတော့ ကန့်ကွက်ရန်မရှိပါ။ သို့သော် ဒီလို အမွေးရိပ်သင်ခြင်းဟာ ကျန်းမာရေးကို ပိုကောင်းစေတယ်ဆိုတဲ့ အယူအဆကိုတော့ ဆေးပညာအမြင်အရ မှားတယ်လို့ ဆိုရမှာပါ။

မအင်္ဂါအမွေးဟာ သဘာဝအရ လိုအပ်လို့ လက်ဆောင်ပေးလိုက်ခြင်း ခံရတဲ့ အရာဖြစ်ပါတယ်။ ၎င်းတို့ဟာ ပြင်ပရောဂါပိုးတွေ၊ လိင်ပိုင်ဆိုင်ရာ ကူးစက်ရောဂါတွေ အလွယ်တစ်ကူ မဝင်ရောက်နိုင်အောင်။ ဖုန်နဲ့အညစ်အကျေးတွေ ယောနိထဲ မဝင်နိုင်အောင် သဘာဝအရ အကာအကွယ်ပေးပါတယ်။ ဒါ့အပြင် မအင်္ဂါအမွေးဟာ မအင်္ဂါမျက်နှာပြင်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ထိန်းသိမ်းပေးပြီး ရေယုန်နဲ့ အခြားယားနာကဲ့သို့သော ရောဂါတွေ မဖြစ်နိုင်အောင်လို့ အမွေးထွက်တဲ့ ဂလင်းအဖုလေးတွေက ကာကွယ်ပေးနေပါတယ်။ လိုအပ်လို့ သဘာဝက အပိုလက်ဆောင်ထည့်ပေးထားတဲ့ အရာတွေ ဖြစ်
တယ်လို့ Royal College of Obstetricians and Gynaecologists မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ Vanessa Mackay ဆိုပါတယ်။ စစ်တမ်းအရ အမျိုးသမီးထု 62% ဟာ အမွေးတွေ အပြောင်အစင်း ရိပ်ခြင်းကို သဘောကျကြပြီး၊ 84% ကတော့ တစ်စိပ်တစ်ပိုင်း ရိပ်ခြင်းကို နှစ်သက်ကြတယ်လို့ သိရပါတယ်။ အသက် (၁၈) နှစ်မှ 34 နှစ်အတွင်း အမျိုးသမီး အများစုကတော့ အမွေးရိပ်သင်ခြင်းဟာ ကျန်းမာရေးနဲ့ ပိုပြီး ညီညွှတ်တယ်လို့ ထင်မှတ်မှားနေကြပါတယ်။


မဒီလေး (Shwemom)

No comments:

Post a Comment