Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, July 8, 2016

ၿမိဳ႕နယ္အလိုက္ ႐ႈပ္ေထြးမီးႀကိဳးမ်ား ရွင္းမည္



လွ်ပ္စစ္နွင့္ စြမ္းအင္၀န္ၾကီးဌာန၏ ရက္တရာစီမံကိန္းအရ ရန္ကုန္တိုင္းေဒသၾကီးအတြင္း ျမိဳ႕နယ္မ်ားရိွ ဓာတ္တိုင္မ်ား၌ ရႈပ္ေထြးေနေသာ မီးႀကိဳးမ်ားကို ရွင္းလင္းသြားမည္ျဖစ္ေၾကာင္း အဆိုပါ၀န္ႀကီးဌာန၏ လက္ေထာက္အတြင္း၀န္ (လွ်ပ္စစ္) ဦးစန္းယုက ေျပာၾကားသည္။

ရႈပ္ေထြးလွ်ပ္စစ္၀ါယာၾကိဳးရွင္းလင္းရာတြင္ ခရိုင္ေလးခု၌ စံျပျမိဳ႕နယ္မ်ား သတ္မွတ္ေဆာင္ရြက္သြား မည္ျဖစ္ေၾကာင္း ယင္းကဲ့သို႔ ေဆာင္ရြက္ရာတြင္ ျမိဳ႕နယ္ေန ျပည္သူလူထု ပူးေပါင္းေဆာင္ရြက္ပါက ပိုျပီးေအာင္ျမင္ႏိုင္ေၾကာင္း ၎ကဆိုသည္။ ''အေရွ႕ပိုင္းခရိုင္မွာဆိုရင္ တာေမြျမိဳ႕နယ္။ ဒီျမိဳ႕နယ္မွာ မီးၾကိဳးရႈပ္ေထြးေနတာက ၁၃၅ ေနရာရိွတယ္။ သံုးေနရာေတာ့ ရွင္းျပီးျပီ။ အေနာက္ပိုင္းခရိုင္မွာ လိႈင္ျမိဳ႕နယ္။ ဒီျမိဳ႕နယ္မွာေတာ့ ႐ႈပ္ေထြးေနတာက ၅၆ ေနရာ၊ ၁၅ ေနရာေတာ့ ရွင္းၿပီးျပီ။ ေတာင္ပိုင္းခရိုင္ဆိုရင္ ဒလျမိဳ႕နယ္၊ ရႈပ္ေထြးေနရာ ၃၄ ေနရာရိွျပီး ၁၄ ေနရာေတာ့ ရွင္းျပီးသြားျပီ။ ေျမာက္ပိုင္းခရိုင္ လိႈင္သာယာမွာက မီးလိုင္းေတြ အရမ္းမ်ားတယ္။ ၁၅၄ လိုင္းမွာ ၈ လိုင္းရွင္းျပီးပါျပီ'' ဟု ဦးစန္းယုက ေျပာၾကားသည္။

က်န္ရိွျမိဳ႕နယ္မ်ားတြင္ ႐ႈပ္ေထြး မီးၾကိဳးမ်ား ရွင္းလင္းရန္ ယခုဘ႑ာႏွစ္အတြင္း ဘတ္ဂ်က္ လ်ာထားျခင္းမရိွေသာ္လည္း ျပည္သူလူထုပူးေပါင္းပါ၀င္မည္ဆိုပါက ဌာနအေနျဖင့္ ကူညီေဆာင္ရြက္ေပးသြား မည္ျဖစ္ေၾကာင္း သိရသည္။

''တီေကာင္ေတြလိုျဖစ္ေနတဲ့ မီးၾကိုးေတြအျပင္ အခ်ဳိ႕ျမိဳ႕နယ္ေတြမွာ အုတ္ဓာတ္တိုင္ေတြ အစားထိုးဖို႔လိုတာ ေတြ႕ရပါတယ္။ သံဓာတ္တိုင္ေတြဆိုေတာ့ အႏၱရာယ္ရိွႏိုင္ပါတယ္။ မီးၾကိဳးသြယ္တန္းမႈမ်ားလာတာနဲ႔အမွ် မီးလိုင္းေတြကလည္း ခံႏိုင္ဖို႔လိုပါတယ္''ဟု ပုဇြန္ေတာင္ျမိဳ႕နယ္တြင္ ေနထိုင္ေသာ ျပည္သူတဦးကေျပာ ၾကားသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြက္ ရက္တရာစီမံကိန္းအတြင္း ထရန္စေဖာ္မာ အလံုးေရ ၁၅၀ တပ္ဆင္သြားမည္ျဖစ္ရာ လက္ရိွအခိ်န္တြင္ ၁၃၇ လံုး တပ္ဆင္ျပီး ျဖစ္ေၾကာင္းႏွင့္ က်န္သည့္ ၁၃ လံုးမွာ လာမည့္ ဇူလိုင္ ၁၀ ရက္တြင္ တပ္ဆင္ ျပီးစီးႏိုင္ေၾကာင္း လက္ေထာက္အတြင္း၀န္ ဦးစန္းယုက သံုးသပ္ေျပာၾကားသည္။

AT
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.......



လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ရက်တရာစီမံကိန်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ဓာတ်တိုင်များ၌ ရှုပ်ထွေးနေသော မီးကြိုးများကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း အဆိုပါ၀န်ကြီးဌာန၏ လက်ထောက်အတွင်းဝန် (လျှပ်စစ်) ဦးစန်းယုက ပြောကြားသည်။

ရှုပ်ထွေးလျှပ်စစ်ဝါယာကြိုးရှင်းလင်းရာတွင် ခရိုင်လေးခု၌ စံပြမြို့နယ်များ သတ်မှတ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် မြို့နယ်နေ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ပါက ပိုပြီးအောင်မြင်နိုင်ကြောင်း ၎င်းကဆိုသည်။ ''အရှေ့ပိုင်းခရိုင်မှာဆိုရင် တာမွေမြို့နယ်။ ဒီမြို့နယ်မှာ မီးကြိုးရှုပ်ထွေးနေတာက ၁၃၅ နေရာရှိတယ်။ သုံးနေရာတော့ ရှင်းပြီးပြီ။ အနောက်ပိုင်းခရိုင်မှာ လှိုင်မြို့နယ်။ ဒီမြို့နယ်မှာတော့ ရှုပ်ထွေးနေတာက ၅၆ နေရာ၊ ၁၅ နေရာတော့ ရှင်းပြီးပြီ။ တောင်ပိုင်းခရိုင်ဆိုရင် ဒလမြို့နယ်၊ ရှုပ်ထွေးနေရာ ၃၄ နေရာရှိပြီး ၁၄ နေရာတော့ ရှင်းပြီးသွားပြီ။ မြောက်ပိုင်းခရိုင် လှိုင်သာယာမှာက မီးလိုင်းတွေ အရမ်းများတယ်။ ၁၅၄ လိုင်းမှာ ၈ လိုင်းရှင်းပြီးပါပြီ'' ဟု ဦးစန်းယုက ပြောကြားသည်။

ကျန်ရှိမြို့နယ်များတွင် ရှုပ်ထွေး မီးကြိုးများ ရှင်းလင်းရန် ယခုဘဏ္ဍာနှစ်အတွင်း ဘတ်ဂျက် လျာထားခြင်းမရှိသော်လည်း ပြည်သူလူထုပူးပေါင်းပါ၀င်မည်ဆိုပါက ဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

''တီကောင်တွေလိုဖြစ်နေတဲ့ မီးကြိုးတွေအပြင် အချို့မြို့နယ်တွေမှာ အုတ်ဓာတ်တိုင်တွေ အစားထိုးဖို့လိုတာ တွေ့ရပါတယ်။ သံဓာတ်တိုင်တွေဆိုတော့ အန္တရာယ်ရှိနိုင်ပါတယ်။ မီးကြိုးသွယ်တန်းမှုများလာတာနဲ့အမျှ မီးလိုင်းတွေကလည်း ခံနိုင်ဖို့လိုပါတယ်''ဟု ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သော ပြည်သူတဦးကပြော ကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွက် ရက်တရာစီမံကိန်းအတွင်း ထရန်စဖော်မာ အလုံးရေ ၁၅၀ တပ်ဆင်သွားမည်ဖြစ်ရာ လက်ရှိအချိန်တွင် ၁၃၇ လုံး တပ်ဆင်ပြီး ဖြစ်ကြောင်းနှင့် ကျန်သည့် ၁၃ လုံးမှာ လာမည့် ဇူလိုင် ၁၀ ရက်တွင် တပ်ဆင် ပြီးစီးနိုင်ကြောင်း လက်ထောက်အတွင်းဝန် ဦးစန်းယုက သုံးသပ်ပြောကြားသည်။

AT
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment