Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, July 7, 2016

မဟန ရိွတယ္ - မဘသ မလုိဘူး ႏွင့္ facebook ေပၚမွ ရုိက္ခတ္သံ

ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း စကၤာပူမွာ ေမးခြန္းေမးေျဖလုပ္ခဲ့တယ္၊ မဟနဆိုတဲ့ သံဃာ့အဖဲြ႕အစည္းတရား၀င္ရွိေနတယ္၊ ဒါေၾကာင့္ မဘသမလိုအပ္ပါဘူး .. တဲ့ ။

ဦးၿဖိဳးမင္းသိန္းဟာ ရန္ကုန္တိုင္းရဲ႕၀န္ႀကီးခ်ဳပ္ျဖစ္တယ္၊  သူ႕ေျပာတဲ့စကားကို သူတာ၀န္ယူတတ္တဲ့သူ၊ သူေျပာတဲ့အတိုင္း ျဖစ္ေအာင္လုပ္သြားမဲ့သူ ။

သူဟာ လူပုဂၢိဳလ္တဦးတေယာက္အေနနဲ႕ (ျဖိဳးမင္းသိန္းအေနနဲ႕) ဒီစကားေတြကို ေျပာခဲ့တာမဟုတ္ဘူး၊ သူဟာ NLD ပါတီ၀င္တေယာက္အေနနဲ႕လည္း ဒီစကားကိုေျပာခဲ့တာမဟုတ္ဘူး (၀ါးလံုးခ်ီးသုတ္ရမ္းခ်င္သူေတြသိဖို႕) သူဟာ ရန္ကုန္တိုင္းေဒသႀကီးးရဲ႕ ၀န္ႀကီးခ်ဳပ္တေယာက္အေနနဲ႕သာ ဒီစကားေတြကို တာ၀န္ယူမႈ တာ၀န္ခံမႈ အျပည့္နဲ႕ ေျပာခဲ့တယ္လို႕ ယူဆလို႕ရတယ္။

အဲဒီအယူအဆမွန္ကန္ေၾကာင္းကို ဒီေန႕ပဲ ႏိုင္ငံေတာ္ သံဃာ့မဟာနာယကအဖဲြ႕ ဥကၠဌ ဆရာေတာ္နဲ႕အဖဲြ႕၀င္ဆရာေတာ္မ်ားကို သြားေတြ႕ခဲ့တယ္ဆိုတာက သက္ေသျပေနတယ္ ။

သူက စကားကို အေထာက္အထားမဲ့ေျပာတာမဟုတ္ဘူး အရင္န၀တအစိုးရ က ထုတ္ျပန္ထားခဲ့တဲ့
ႏိုင္ငံမွာ သံဃာ့အဖဲြ႕အစည္းဆိုတာ တခုတည္းသာရွိရမယ္ ဆိုတဲ့ သံဃာ့အဖဲြ႕အစည္းဆိုင္ရာ ဥပေဒ
၁၉၉၀ ေအာက္တိုဘာလ (၃၁)ရက္ေန႕စဲြနဲ႕ ထုတ္ျပန္ခဲ့တဲ့ ၂၀/၉၀ အေထာက္အထား ေၾကညာခ်က္က ရွိေနတယ္ ။ 

က်ေနာ္တို႕ႏိုင္ငံမွာ မဟနရွိတယ္ မဟနဆိုတာ က်ေနာ္တုိ႕ကိုးကြယ္တဲ့ ဗုဒၶဘာသာ သာသနာထြန္းကားျပန္႔ပြားေအာင္ လုပ္ေဆာင္ေပးေနတဲ့ တခုတည္းေသာ အထြတ္အျမတ္ သံဃာ့အဖဲြ႕အစည္းပဲ ဒီအဖဲြ႕အစည္းနဲ႕ စင္ျပိဳင္အဖဲြ႕အစည္းပံုစံဖဲြ႕စည္းတည္ေထာင္လာၿပီး ဗုဒၶသာသနာေတာ္နဲ႕ မေလ်ာ္ညီတဲ့ အေရးအရာေတြမွာ  ပါ၀င္စြက္ဖက္ေနတာဟာ သံဃာ့အဖဲြ႕အစည္းကို ထီမထင္ရာ ေရာက္ေနတယ္။

ဒါက ေလွႀကီးေပၚကို ေလွငယ္တင္ရံု တင္တဲ့ ကိစၥတင္မဟုတ္ဘူး ေလွႀကီးခါးက်ိဳးေအာင္ ေလွငယ္ကိုပစ္တင္တဲ့ကိစၥ ျဖစ္ေနတယ္ ။

ရွင္းရွင္းဆိုရရင္ေတာ့ အဓိကရ ကၽြန္းပင္ႀကီးကို ေညာင္ပင္က မ်ိဳခ်င္လာတဲ့ကိစၥ၊  ဒါကို အေရးမယူရင္ အပ္နဲ႕ထြင္းရမဲ့ေနရာ ပုဆိန္နဲ႕ေပါက္ရလိမ့္မယ္ အခုေတာင္ ပဲကြပ္ေလာက္နဲ႕ ဖဲ့ရမဲ့ အေျခအေနေရာက္ေနၿပီ။

ဒီ သံဃာ့အဖဲြ႕အစည္းဆိုင္ရာ ဥပေဒ ရဲ႕ ေနာက္ဆံုးအပိုဒ္မွာ ဤဥပေဒပါ ျပဌာန္းခ်က္မ်ားကို ေဆာင္ရြက္ႏိုင္ရန္ ျပည္ထဲေရးႏွင့္သာသနာေရး၀န္ႀကီးဌာနသည္ လိုအပ္လွ်င္ သံဃာ့မဟာနာယကအဖဲြ႕ႏွင့္ ညွိႏိႈိင္း၍ အမိန္႕ညႊန္ၾကားခ်က္မ်ားကို ထုတ္ျပန္ႏိုင္သည္ --- လို႕ေဖာ္ျပထားတာကိုေတြ႕ရတယ္ ။
ၿပီးေတာ့ အဲဒီဥပေဒဟာ ခုထိအသက္၀င္ေနဆဲ တည္ဆဲ ဥပေဒဆိုတာေတြ႕ရတယ္ ။

အခု မဟန နဲ႕ ၀န္ႀကီးခ်ဳပ္နဲ႕ေတာ့ေတြ႕ၿပီးၿပီ ဘာေတြအေျဖထြက္လာမလဲ အဓိက တာ၀န္ရွိတဲ့ သာသနာေရး ၀န္ႀကီး ဘာလုပ္မလဲ ဒီဥပေဒအရ ဘာလုပ္သင့္သလဲ ၀န္ႀကီးတေယာက္အေနနဲ႕ မဟန နဲ႕ေတြ႕ဆံု ညွိႏိႈင္းၾသ၀ါဒ ခံယူၿပီး ေညာင္ပင္ကို ရွင္းမလား မသိသလို ေန - ေနသာသလိုေနၿပီး ကၽြန္းပင္ႀကီး အေသခံမလား။

ကဲ .. ေမွ်ာ္လင့္ေနခဲ့ရေသာ ေန႕စဲြမ်ား လာပါၿပီခင္ဗ်ား
ေမတၱာတရားၿခံဳလႊမ္းေသာ
ဗုဒၶသာသနံ စိရံ တိဌတု ပါဗ်ာ

ကဲ ဒီအမွတ္တံဆိပ္ကေလး မၾကာခင္ အသံုး၀င္လာမယ္ထင္ပါရဲ႕ ။

Htin Lin Oo
https://www.facebook.com/htinlinoo.hlo
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း စင်္ကာပူမှာ မေးခွန်းမေးဖြေလုပ်ခဲ့တယ်၊ မဟနဆိုတဲ့ သံဃာ့အဖွဲ့အစည်းတရားဝင်ရှိနေတယ်၊ ဒါကြောင့် မဘသမလိုအပ်ပါဘူး .. တဲ့ ။

ဦးဖြိုးမင်းသိန်းဟာ ရန်ကုန်တိုင်းရဲ့ဝန်ကြီးချုပ်ဖြစ်တယ်၊  သူ့ပြောတဲ့စကားကို သူတာဝန်ယူတတ်တဲ့သူ၊ သူပြောတဲ့အတိုင်း ဖြစ်အောင်လုပ်သွားမဲ့သူ ။

သူဟာ လူပုဂ္ဂိုလ်တဦးတယောက်အနေနဲ့ (ဖြိုးမင်းသိန်းအနေနဲ့) ဒီစကားတွေကို ပြောခဲ့တာမဟုတ်ဘူး၊ သူဟာ NLD ပါတီဝင်တယောက်အနေနဲ့လည်း ဒီစကားကိုပြောခဲ့တာမဟုတ်ဘူး (၀ါးလုံးချီးသုတ်ရမ်းချင်သူတွေသိဖို့) သူဟာ ရန်ကုန်တိုင်းဒေသကြီးးရဲ့ ၀န်ကြီးချုပ်တယောက်အနေနဲ့သာ ဒီစကားတွေကို တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ ပြောခဲ့တယ်လို့ ယူဆလို့ရတယ်။

အဲဒီအယူအဆမှန်ကန်ကြောင်းကို ဒီနေ့ပဲ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဌ ဆရာတော်နဲ့အဖွဲ့ဝင်ဆရာတော်များကို သွားတွေ့ခဲ့တယ်ဆိုတာက သက်သေပြနေတယ် ။

သူက စကားကို အထောက်အထားမဲ့ပြောတာမဟုတ်ဘူး အရင်နဝတအစိုးရ က ထုတ်ပြန်ထားခဲ့တဲ့
နိုင်ငံမှာ သံဃာ့အဖွဲ့အစည်းဆိုတာ တခုတည်းသာရှိရမယ် ဆိုတဲ့ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ
၁၉၉၀ အောက်တိုဘာလ (၃၁)ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ၂၀/၉၀ အထောက်အထား ကြေညာချက်က ရှိနေတယ် ။

ကျနော်တို့နိုင်ငံမှာ မဟနရှိတယ် မဟနဆိုတာ ကျနော်တို့ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ သာသနာထွန်းကားပြန့်ပွားအောင် လုပ်ဆောင်ပေးနေတဲ့ တခုတည်းသော အထွတ်အမြတ် သံဃာ့အဖွဲ့အစည်းပဲ ဒီအဖွဲ့အစည်းနဲ့ စင်ပြိုင်အဖွဲ့အစည်းပုံစံဖွဲ့စည်းတည်ထောင်လာပြီး ဗုဒ္ဓသာသနာတော်နဲ့ မလျော်ညီတဲ့ အရေးအရာတွေမှာ  ပါ၀င်စွက်ဖက်နေတာဟာ သံဃာ့အဖွဲ့အစည်းကို ထီမထင်ရာ ရောက်နေတယ်။

ဒါက လှေကြီးပေါ်ကို လှေငယ်တင်ရုံ တင်တဲ့ ကိစ္စတင်မဟုတ်ဘူး လှေကြီးခါးကျိုးအောင် လှေငယ်ကိုပစ်တင်တဲ့ကိစ္စ ဖြစ်နေတယ် ။

ရှင်းရှင်းဆိုရရင်တော့ အဓိကရ ကျွန်းပင်ကြီးကို ညောင်ပင်က မျိုချင်လာတဲ့ကိစ္စ၊  ဒါကို အရေးမယူရင် အပ်နဲ့ထွင်းရမဲ့နေရာ ပုဆိန်နဲ့ပေါက်ရလိမ့်မယ် အခုတောင် ပဲကွပ်လောက်နဲ့ ဖဲ့ရမဲ့ အခြေအနေရောက်နေပြီ။

ဒီ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ရဲ့ နောက်ဆုံးအပိုဒ်မှာ ဤဥပဒေပါ ပြဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနသည် လိုအပ်လျှင် သံဃာ့မဟာနာယကအဖွဲ့နှင့် ညှိနှိိုင်း၍ အမိန့်ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည် --- လို့ဖော်ပြထားတာကိုတွေ့ရတယ် ။
ပြီးတော့ အဲဒီဥပဒေဟာ ခုထိအသက်ဝင်နေဆဲ တည်ဆဲ ဥပဒေဆိုတာတွေ့ရတယ် ။

အခု မဟန နဲ့ ၀န်ကြီးချုပ်နဲ့တော့တွေ့ပြီးပြီ ဘာတွေအဖြေထွက်လာမလဲ အဓိက တာဝန်ရှိတဲ့ သာသနာရေး ၀န်ကြီး ဘာလုပ်မလဲ ဒီဥပဒေအရ ဘာလုပ်သင့်သလဲ ၀န်ကြီးတယောက်အနေနဲ့ မဟန နဲ့တွေ့ဆုံ ညှိနှိုင်းသြဝါဒ ခံယူပြီး ညောင်ပင်ကို ရှင်းမလား မသိသလို နေ - နေသာသလိုနေပြီး ကျွန်းပင်ကြီး အသေခံမလား။

ကဲ .. မျှော်လင့်နေခဲ့ရသော နေ့စွဲများ လာပါပြီခင်ဗျား
မေတ္တာတရားခြုံလွှမ်းသော
ဗုဒ္ဓသာသနံ စိရံ တိဌတု ပါဗျာ

ကဲ ဒီအမှတ်တံဆိပ်ကလေး မကြာခင် အသုံးဝင်လာမယ်ထင်ပါရဲ့ ။

Htin Lin Oo
https://www.facebook.com/htinlinoo.hlo

No comments:

Post a Comment