Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 7, 2016

ကြက်မကြီး ဇတ်သိမ်းရှာပြီ



7July2016







Daily News
.......



7July2016

မွန်သာရုတ် (ကျေးကိုင်) အသက် ၅၆ နှစ်ကို ဘန်ကောက်မြို ့ ရချဒါ ဖိစစ် တရားရုံမှာ အမှုပေါင်းများစွာနဲ ့ တရားစွဲခံရပြီး အာမခံ မရဘဲ ဘန်ခင် အထူး အကျဉ်းထောင်ကို ပို ့လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ထိုင်းနဲ ့ မြန်မာ တိုင်းရင်းသူ မိန်ခလေးငယ်တွေကို ဖျားယောင်းသွေးဆောင်ပြီး အိမ်ဖေါ်အဖြစ်ခိုင်းစေ တာ ၊လူကုန်ကူးနေမှု၊ သူမစီမံရာကို မလိုက်နာဘဲ အိမ်ကနေ ထွက်ပြေးတဲ့သူတွေကို အမှုဆင်တရားစွဲ ထောင်ချမှုအပြင် ၊ အဆိုးဆုံး တရားစွဲခံရတာကတော့ ရာဇသတ်ကြီး ပုဒ်မ ၁၁၂ ဖြစ်ပါတယ်။



ထိုင်းဘုရင့်မျိုးနွယ် နံမယ်ကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးစီးပွာရှာတဲ့ အမှု(ပုဒ်မ ၁၁၂)ကသူမကို အာမခံပေးဖို ့ တရာရုံးကငြင်းခဲ့ပါတယ်။ ကြက်မကြီးဟာ ထိုင်းမြန်မာနယ်စပ်က ကျေးရွာတွေကို လယ်ပါတ်တဲ့အခါမှာ ရွာသားတွေယုံကြည်အောင် ဘုရင့်ကိုခစားနေရတဲ့ သူဖြစ်တယ်လို ့လိမ်ပြောခဲ့ပြီး မိန်းခလေးတွေကို ပညာသင်ပေးမယ်လို ့ စည်းရုံးပြီးခေါ်ခဲ့တာပါ။



သူမကိုမဖမ်းခင် တရက်မှာ ဖိစနုလို ့ ခရိုင်က နံမည်ကြီး ၀ပ်ယိုင် ဘုန်းကြီးကျောင်း မှာ သူမ မဟုတ်မမှန်တာ ပြောဆိုခဲ့သော် ချက်ချင်းကျဆုံး အကျိုးပေး ပါစေလို ့ ဘုရားရှေ ့မှာသစ္စာဆို ခဲ့ပြီး ညပိုင်းမှာတိုက်တိုက်ဆိုင်ဆိုင် ဘုန်းကြီးကျောင်းဝင်ထဲက နှစ်၁၀၀ သက်တမ်းရှိ ညောင်ပင်ကြီး လေပြင်းတွေတိုက်လို ့လဲပြိုသွားခဲ့ပါတယ်။

Daily News

Social Action for Women - SAW

No comments:

Post a Comment