CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, July 5, 2016
အလုပ်သမားအခွင့်အရေးဆုံရှုံးမှုအတွက် ရွှေမန်းတောင်ဂေါက်ကွင်းလုပ်သား ၁၀၀ ကျော် ဆန္ဒပြ
ခိုင်ဆက်ဝေ
https://www.facebook.com/NewsWatchJournal/
.....
မန္တလေးတောင်ခြေ ရွှေမန်းတောင်ဂေါက်ကွင်းလုပ်သားများက ယင်းတို့၏ အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုများရရှိရေး လုပ်သားဝန်ထမ်းအင်အား ၁၀၀ ကျော်က ယနေ့ ဇူလိုင် ၅ ရက် နံနက် ၉ နာရီက စတင် ဆန္ဒထုတ်ဖေါ်ခဲ့သည်။
အလုပ်သမားများမှာ အာမခံချက်မဲ့နေပြီး သက်ဆိုင်ရာရပိုင်ခွင့်များဆုံးရှုံးနေခြင်းကြောင့် ကြွေးကြော်သံ ၈ ခုနှင့် လှည့်လည်ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။
"အလုပ်သမားအဖွဲ့အစည်းတွေထံ တိုင်ကြားခဲ့တယ်။ ဒါကို စစ်ဆေးအရေးယူတာ လုပ်မပေးဘူး။ ဂေါက်ကွင်းအလုပ်သမားတွေမှာ နစ်နာမှုတွေ ရှိနေတယ်။ အလုပ်ရှင်က ဘယ်သူလဲ။ စည်ပင်လား ပုဂ္ဂလိကလား သိချင်တယ်"ဟု ဦးဆောင်သူ ဦးစောလှအောင်က ပြောသည်။
“ဂေါက်ကွင်းအလုပ်ရှင် ဘယ်သူလဲ”
“ဖိနိပ်ခံ အလုပ်သမားများအား ကာကွယ်ပေးရေး”
“ခေါင်းရှောင်နေသူများ အရေးယူပေးရေး အလုပ်သမား အခွင့်အရေးရှိရေး”
စသည့် ကြွေးကြော်သံများဖြင့် မြို့တွင်း၌ လှည့်လည် ဆန္ဒပြခဲ့ကြသည်။
ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
အလုပ်သမားအခွင့်အရေးဆုံရှုံးမှုအတွက် ရွှေမန်းတောင်ဂေါက်ကွင်းလုပ်သား ၁၀၀ ကျော် ဆန္ဒပြ
Reviewed by MP4 YoU
on
July 05, 2016
Rating: 5
Reviewed by MP4 YoU
on
July 05, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment