Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, July 4, 2016

အေမရိကန္လႊတ္လပ္ေရးေန႔ ႏုိင္ငံတ၀ွမ္းဆင္ႏႊဲ

လႊတ္လပ္ေရးေန႔ မီးရႈးမီးပန္းမ်ား ပစ္လြတ္ေနစဥ္။
ဇူလုိင္လ ၄ ရက္ေန႔ဟာ အႏွစ္ ၂၄၀ ျပည့္ အေမရိကန္ လႊတ္လပ္ေရးေန႔ ျဖစ္တာနဲ႔အညီ ႏုိင္ငံရဲ႕ လႊတ္လပ္မႈအတြက္ အသက္ေပးၾကတဲ့ စစ္မႈထမ္းေတြကုိ သမၼတ Barack Obama က ခ်ီးက်ဴး ဂုဏ္ျပဳ လုိက္ပါတယ္။ ႏုိင္တ၀ွမ္းမွာရွိတဲ့ အေမရိကန္ႏုိင္ငံသားေတြ အားလပ္ရက္ကုိ ေပ်ာ္ရႊင္စြာ ဆင္ႏြဲၾကတဲ့တခ်ိန္ထဲမွာပဲ အေမရိကန္ႏုိင္ငံသား ျမန္မာႏြယ္ဖြားေတြဟာလည္း လႊတ္လပ္ေရးေန႔ကုိ ကုိယ္ေရာက္ရာ ေဒသအသီးသီးမွာ ေပ်ာ္ရႊင္စြာ ဆင္ႏြဲခဲ့ၾကပါတယ္။ အျပည့္အစုံကုိေတာ့ ကုိေဇာ္၀င္းလႈိင္က စုစည္း တင္ျပေပးထားပါတယ္။

အေမရိကန္ျပည္ေထာင္စုရဲ႕ လႊတ္လပ္ေရးေန႔ အခါသမယမွာ ႏုိင္ငံ့ရဲ႕ လြတ္လပ္မႈအတြက္ အသက္ေပးခဲ့ၾကတဲ့ စစ္မႈထမ္းေဟာင္းေတြကုိ ဂုဏ္ျပဳေၾကာင္း သမၼတ Barack Obama က သူ႔ရဲ႕ အပတ္စဥ္ မိန္႔ခြန္းထဲမွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

“လႊတ္လပ္ေရးေန႔က်င္းပတာဟာ လြန္ခဲ့တဲ့ ၇ ႏွစ္ခြဲတာ ကာလအတြင္း က်ေနာ္ အႏွစ္သက္ဆုံး အစဥ္အလာေတြထဲက တခုျဖစ္ခဲ့ပါတယ္။ ႏုိင္ငံရဲ႕လႊတ္လပ္မႈရရွိေအာင္ စြန္႔လြတ္ အသက္ေပးခဲ့ၾကသူေတြကုိ က်ေနာ္တုိ႔ တတ္ႏုိင္တဲ့နည္းနဲ႔ ဂုဏ္ျပဳေနၾကတဲ့ တခ်ိန္ထဲမွာပဲ က်ေနာ္တုိ႔ဟာ အဲဒီ လြတ္လပ္ခြင့္ကုိ ခံစား၊ ဆင္ႏြဲခြင့္ရေနၾကတာ ျဖစ္ပါတယ္။ အေမရိကန္ေတြဟာ အခမ္းအနားနဲ႔ မဟုတ္ပဲ၊ ေမွ်ာ္လင့္ခ်က္ တစုံတရာ မပါ၀င္ပဲ၊ တစုံတခု ျပန္ရပါေစေတာ့ဆုိတဲ့ ေမွ်ာ္လင့္ခ်က္မပါပဲ စစ္မႈထမ္းေတြ၊ စစ္ျပန္ စစ္မႈထမ္းေဟာင္းေတြနဲ႔ သူတုိ႔ မိသားစု၀င္ေတြကုိ ဂုဏ္ျပဳေနၾကတယ္ဆုိတာကုိ က်ေနာ္သိပါတယ္။”

ႏုိင္ငံေတာ္ အားလပ္ရက္ေန႔ျဖစ္တဲ့ ဇူလုိင္လ ၄ ရက္ေန႔မွာ ေရာင္စုံ မီးရႈး မီးပန္းေတြ ပစ္ေဖာက္တာ၊ အလွျပယာဥ္ေတြနဲ႔ လွည့္လည္ ခ်ီတက္ၾကတာ၊ အားကစားနဲ႔ ေပ်ာ္ပြဲ ရႊင္ပြဲေတြ က်င္းပၾကတာအျပင္ မိသားစုေတြ စုေ၀းၿပီး အသားကင္နဲ႔ တျခား အစားအေသာက္ေတြ ခ်က္ျပဳတ္ စားေသာက္တာေတြ ျပဳလုပ္ၾကပါတယ္။

အေမရိကန္ႏုိင္ငံသား ျမန္မာႏြယ္ဖြားေတြလည္း လႊတ္လပ္ေရးေန႔ အားလပ္ရက္ကုိ အေမရိကန္ေတြနည္းတူ ေပ်ာ္ရႊင္စြာ ဆင္ႏြဲၾကပါတယ္။ နယူးေယာက္ျပည္နယ္၊ Utica ၿမိဳ႕က ေဖာခ်စ္ဟာ အေမရိကန္ႏုိင္ငံသား၊ ျမန္မာႏြယ္ဖြားတဦးျဖစ္ၿပီး ျမန္မာျပည္မွာလည္း လူထုက တင္ေျမာက္တဲ့ NLD အစုိးရ တက္လာၿပီျဖစ္တဲ့အတြက္ ျပည္သူေတြ လုိလား ေမွ်ာ္လင့္တဲ့ လႊတ္လပ္ခြင့္ေတြ ရရွိလာလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။

“အေမရိကန္ရဲ႕ ထုံးတန္းအစဥ္အလာ က်မတုိ႔ လက္ခံတယ္။ က်မတုိ႔လည္း ထုိနည္းအတုိင္းပဲ က်င့္ၾကတယ္။ ျမန္မာျပည္ကုိလည္း သတိရတယ္။ ျမန္မာျပည္ရဲ႕ လႊတ္လပ္ေရးမွာလည္း က်မတုိ႔ ၊ အဲဒီကုိေတာ့ မေရာက္ႏုိင္ေပမယ့္၊ လႊတ္လပ္ေရးေန႔တုိင္းမွာလည္း က်မတုိ႔က ကုိယ့္ႏုိင္ငံရဲ႕ လႊတ္ေျမာက္ျခင္းအေပၚမွာ ျပန္လည္ေတြးၿပီးေတာ့မွ ေက်နပ္တယ္၊ ၀မ္းေျမာက္တယ္ေပါ့။ အခု ျပည္သူေတြ လက္ခံထားတဲ့ ျပည္သူ႔အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ပါတီတက္ၿပီးကတည္းက ေဒၚေအာင္ဆန္းစုၾကည္ တက္ၿပီးကတည္းက၊ အခု သူလည္း အမ်ားႀကီး ႀကိဳးစားတာေတြလည္း က်မတုိ႔ ေတြ႔တယ္။ အဲဒီအတြက္လည္း အရမ္း ေက်နပ္တယ္။ ဒါေပမယ့္လည္း တဖက္မွာကေတာ့ သူ႔ရဲ႕ ရည္ရြယ္ခ်က္ ရွိတဲ့အတုိင္း သူဆက္လုပ္သြားမယ္ဆုိတာလည္း က်မက ယုံၾကည္တယ္။ အဲဒီလုိလည္း ေမွ်ာ္လင့္တယ္။ ဒါေပမယ့္လုိ႔ေတာ့ေပါ့ေနာ္၊ အဲဒီေလာက္အထိ ထိထိေရာက္ေရာက္ ဆက္လက္ လုပ္ကုိင္ႏုိင္ဖုိ႔ဆုိတာကလည္း အဲဒီမွာ အတားအဆီး အေႏွာက္အယွက္ေတြလည္း ရွိေနတယ္။ ဆုိတဲ့အခါက်ေတာ့၊ ျပည္သူေတြအေနနဲ႔ ဆုိလုိ႔ရွိရင္ အဲဒီ ႏုိင္ငံရဲ႕ လႊတ္လပ္ခြင့္ဆုိတာကုိေတာ့ က်မတုိ႔ အရမ္းပဲ ေမွ်ာ္လင့္တယ္၊ ဒါေပမယ့္လုိ႔ေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔လည္း အတူ က်မတုိ႔က အၿမဲတမ္း အေနာက္ကေနၿပီးေတာ့မွ ပံ့ပုိးခ်င္တယ္။”

Maryland ျပည္နယ္မွာ ေနထုိင္ေနတဲ့ ကုိယဥ္ေထြးကလည္း သူတုိ႔ မိသားစု၀င္ေတြ၊ သူငယ္ခ်င္းေတြနဲ႔ စုၿပီး လႊတ္လပ္ေရးေန႔ကုိ ဘယ္လုိ ဆင္ႏြဲၾကတယ္ဆုိတာကုိိ အခုလုိ ေျပာျပပါတယ္။

“က်ေနာ္လည္း ဒီ (အေမရိကန္) ေရာက္တာ အႏွစ္ (၂၀) ေက်ာ္ၿပီေပါ့ဗ်ာ။ ေက်ာ္ၿပီဆုိေတာ့လည္း ဒီ အေမရိကန္ ထုံးတန္း အစဥ္အလာေလးေတြ ဘာဘဲျဖစ္ျဖစ္ သိသင့္သေလာက္လည္း သိလာတယ္။ ဒီေန႔ကေတာ့ သူတုိ႔ အေမရိကန္ႏုိင္ငံရဲ႕ လႊတ္လပ္ေရးေန႔။ အဲဒီလုိ ေန႔မ်ဳိးက်ေတာ့ တခ်ဳိ႕ တခ်ဳိ႕ေတြက်ေတာ့လည္း ဒီလုိ ရက္မ်ဳိးေတြမွာ ပိတ္ရက္ေတြက ၾကာရွည္တဲ့အခါက်ေတာ့ ခရီးသြားၾကတယ္၊ Vacation ေတြ သြားၾကတယ္။ တခ်ဳိ႕ဆုိရင္ ပင္လယ္ကမ္းေျခေတြ အပန္းေျဖၾကတယ္။ တခ်ဳိ႕က်ေတာ့လည္း မိသားစုနဲ႔ Reunion (ျပန္ေတြ႔ၿပီးေတာ့) က်ေနာ္တုိ႔ ခ်က္ျပဳတ္ စားေသာက္ၾကတယ္။ က်ေနာ္တုိ႔ ျမန္မာေတြက်ေတာ့လည္း ဘာလဲျဖစ္ျဖစ္ေပါ့၊ ဒီလုိ ပိတ္ရက္က်ေတာ့ မိသားစုေတြ စုံစုံညီညီ ခ်က္ျပဳတ္ စားေသာက္ၾကတယ္။ မိသားစုနဲ႔ ခ်က္စားေနတယ္။ သူငယ္ခ်င္းေတြလည္း ေရာက္ေနတယ္။ ၿပီးသြားရင္ ညေနဖက္မွာ ရထားစီးၿပီး ၀ါရွင္တန္ ဒီစီထဲသြားမယ္၊ ၀ါရွင္တန္ ဒီစီမွာ က်ေနာ္တုိ႔ လွလွပပေပါ့ဗ်ာ၊ ရႈေမာဖြယ္ေကာင္းတဲ့၊ အံ့ၾသဖြယ္လည္းေကာင္းတဲ့ မီးရႈး မီးပန္းေတြေဖာက္တာကုိ က်ေနာ္တုိ႔ သြားအားေပးၾကမယ္။ ၿပီးရင္ ျပန္လာၾကမယ္။”

Indiana ျပည္နယ္၊ Fort Wayne ၿမိဳ႕က ကုိေက်ာ္သက္ကေတာ့ ဒီႏွစ္ လႊတ္လပ္ေရးေန႔ အားလပ္ရက္မွာ မိသားစု၊ အသိမိတ္ေဆြေတြနဲ႔ ကမ္းေျခသြားၿပီး အပန္းေျဖျဖစ္တယ္လုိ႔ ေျပာပါတယ္။

“ဟုိးတုန္းကဆုိရင္ေတာ့ က်ေနာ္တုိ႔ ခရီးေတြထြက္တယ္။ Vacation ေပါ့ေနာ္၊ တျခား State (ျပည္နယ္) ေတြကုိ ထြက္တယ္။ ဒီႏွစ္ကေတာ့ က်ေနာ္တုိ႔ၿမိဳ႕မွာပဲ က်ေနာ္တုိ႔ ဒီမွာ Beach (ကမ္းေျခ) မွာလာၿပီး က်ေနာ္တုိ႔ မိသားစုေတြ၊ ျမန္မာ မိသားစုေတြ လာစုၿပီးေတာ့ အနားယူၾကတာေပါ့ေနာ္။ ညက်ရင္ေတာ့ ကေလးေတြကုိ သြားၿပီးေတာ့ Firework ေပါ့ေနာ္၊ ဟုိ မီးပန္းေတြေဖာက္တယ္ ဒီမွာ အဲဒါေတြ သြားၿပီးေတာ့ ျပမွာေပါ့ေနာ္။

သမၼတ Obama နဲ႔ သမၼတကေတာ္ Michelle Obama တုိ႔က သမၼတ အိမ္ျဖဴေတာ္မွာ စစ္မႈထမ္း မိသားစုေတြကုိ အသားကင္နဲ႔ တည္ခင္း ဧည့္ခံဖုိ႔ စီစဥ္ထားခဲ့ေပမယ့္ ၀ါရွင္တန္ ဒီစီၿမိဳ႕ေတာ္တ၀ုိက္ ဇူလုိင္လ ၄ ရက္ေန႔ ညေနပုိင္းက မုိးေတြရြာေနတာေၾကာင့္ အဲဒီ အစီအစဥ္ကုိ ဖ်က္သိမ္းလုိက္ရပါတယ္။ ဒါေပမယ့္ ၀ါရွင္တန္ ဒီစီၿမိဳ႕လယ္မွာရွိတဲ့ National Mall လုိ႔ေခၚတဲ့ အမ်ဳိးသားရင္ျပင္အနီးမွာ က်င္းပဖုိ႔ စီစဥ္ထားတဲ့ ေရာင္စုံ မီးရႈး မီးပန္း ပစ္လြတ္တာကုိေတာ့ စီစဥ္ထားတဲ့အတုိင္း ျပဳလုပ္သြားမယ္လုိ႔ တာ၀န္ရွိသူေတြက ေျပာပါတယ္။

  ကိုုေဇာ္၀င္းလႈိင္ / ဗီြအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com/
.....

လွှတ်လပ်ရေးနေ့ မီးရှုးမီးပန်းများ ပစ်လွတ်နေစဉ်။
ဇူလိုင်လ ၄ ရက်နေ့ဟာ အနှစ် ၂၄၀ ပြည့် အမေရိကန် လွှတ်လပ်ရေးနေ့ ဖြစ်တာနဲ့အညီ နိုင်ငံရဲ့ လွှတ်လပ်မှုအတွက် အသက်ပေးကြတဲ့ စစ်မှုထမ်းတွေကို သမ္မတ Barack Obama က ချီးကျူး ဂုဏ်ပြု လိုက်ပါတယ်။ နိုင်တဝှမ်းမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေ အားလပ်ရက်ကို ပျော်ရွှင်စွာ ဆင်နွဲကြတဲ့တချိန်ထဲမှာပဲ အမေရိကန်နိုင်ငံသား မြန်မာနွယ်ဖွားတွေဟာလည်း လွှတ်လပ်ရေးနေ့ကို ကိုယ်ရောက်ရာ ဒေသအသီးသီးမှာ ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ လွှတ်လပ်ရေးနေ့ အခါသမယမှာ နိုင်ငံ့ရဲ့ လွတ်လပ်မှုအတွက် အသက်ပေးခဲ့ကြတဲ့ စစ်မှုထမ်းဟောင်းတွေကို ဂုဏ်ပြုကြောင်း သမ္မတ Barack Obama က သူ့ရဲ့ အပတ်စဉ် မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“လွှတ်လပ်ရေးနေ့ကျင်းပတာဟာ လွန်ခဲ့တဲ့ ရ နှစ်ခွဲတာ ကာလအတွင်း ကျနော် အနှစ်သက်ဆုံး အစဉ်အလာတွေထဲက တခုဖြစ်ခဲ့ပါတယ်။ နိုင်ငံရဲ့လွှတ်လပ်မှုရရှိအောင် စွန့်လွတ် အသက်ပေးခဲ့ကြသူတွေကို ကျနော်တို့ တတ်နိုင်တဲ့နည်းနဲ့ ဂုဏ်ပြုနေကြတဲ့ တချိန်ထဲမှာပဲ ကျနော်တို့ဟာ အဲဒီ လွတ်လပ်ခွင့်ကို ခံစား၊ ဆင်နွဲခွင့်ရနေကြတာ ဖြစ်ပါတယ်။ အမေရိကန်တွေဟာ အခမ်းအနားနဲ့ မဟုတ်ပဲ၊ မျှော်လင့်ချက် တစုံတရာ မပါ၀င်ပဲ၊ တစုံတခု ပြန်ရပါစေတော့ဆိုတဲ့ မျှော်လင့်ချက်မပါပဲ စစ်မှုထမ်းတွေ၊ စစ်ပြန် စစ်မှုထမ်းဟောင်းတွေနဲ့ သူတို့ မိသားစုဝင်တွေကို ဂုဏ်ပြုနေကြတယ်ဆိုတာကို ကျနော်သိပါတယ်။”

နိုင်ငံတော် အားလပ်ရက်နေ့ဖြစ်တဲ့ ဇူလိုင်လ ၄ ရက်နေ့မှာ ရောင်စုံ မီးရှုး မီးပန်းတွေ ပစ်ဖောက်တာ၊ အလှပြယာဉ်တွေနဲ့ လှည့်လည် ချီတက်ကြတာ၊ အားကစားနဲ့ ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပကြတာအပြင် မိသားစုတွေ စုဝေးပြီး အသားကင်နဲ့ တခြား အစားအသောက်တွေ ချက်ပြုတ် စားသောက်တာတွေ ပြုလုပ်ကြပါတယ်။

အမေရိကန်နိုင်ငံသား မြန်မာနွယ်ဖွားတွေလည်း လွှတ်လပ်ရေးနေ့ အားလပ်ရက်ကို အမေရိကန်တွေနည်းတူ ပျော်ရွှင်စွာ ဆင်နွဲကြပါတယ်။ နယူးယောက်ပြည်နယ်၊ Utica မြို့က ဖောချစ်ဟာ အမေရိကန်နိုင်ငံသား၊ မြန်မာနွယ်ဖွားတဦးဖြစ်ပြီး မြန်မာပြည်မှာလည်း လူထုက တင်မြောက်တဲ့ NLD အစိုးရ တက်လာပြီဖြစ်တဲ့အတွက် ပြည်သူတွေ လိုလား မျှော်လင့်တဲ့ လွှတ်လပ်ခွင့်တွေ ရရှိလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“အမေရိကန်ရဲ့ ထုံးတန်းအစဉ်အလာ ကျမတို့ လက်ခံတယ်။ ကျမတို့လည်း ထိုနည်းအတိုင်းပဲ ကျင့်ကြတယ်။ မြန်မာပြည်ကိုလည်း သတိရတယ်။ မြန်မာပြည်ရဲ့ လွှတ်လပ်ရေးမှာလည်း ကျမတို့ ၊ အဲဒီကိုတော့ မရောက်နိုင်ပေမယ့်၊ လွှတ်လပ်ရေးနေ့တိုင်းမှာလည်း ကျမတို့က ကိုယ့်နိုင်ငံရဲ့ လွှတ်မြောက်ခြင်းအပေါ်မှာ ပြန်လည်တွေးပြီးတော့မှ ကျေနပ်တယ်၊ ၀မ်းမြောက်တယ်ပေါ့။ အခု ပြည်သူတွေ လက်ခံထားတဲ့ ပြည်သူ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတက်ပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည် တက်ပြီးကတည်းက၊ အခု သူလည်း အများကြီး ကြိုးစားတာတွေလည်း ကျမတို့ တွေ့တယ်။ အဲဒီအတွက်လည်း အရမ်း ကျေနပ်တယ်။ ဒါပေမယ့်လည်း တဖက်မှာကတော့ သူ့ရဲ့ ရည်ရွယ်ချက် ရှိတဲ့အတိုင်း သူဆက်လုပ်သွားမယ်ဆိုတာလည်း ကျမက ယုံကြည်တယ်။ အဲဒီလိုလည်း မျှော်လင့်တယ်။ ဒါပေမယ့်လို့တော့ပေါ့နော်၊ အဲဒီလောက်အထိ ထိထိရောက်ရောက် ဆက်လက် လုပ်ကိုင်နိုင်ဖို့ဆိုတာကလည်း အဲဒီမှာ အတားအဆီး အနှောက်အယှက်တွေလည်း ရှိနေတယ်။ ဆိုတဲ့အခါကျတော့၊ ပြည်သူတွေအနေနဲ့ ဆိုလို့ရှိရင် အဲဒီ နိုင်ငံရဲ့ လွှတ်လပ်ခွင့်ဆိုတာကိုတော့ ကျမတို့ အရမ်းပဲ မျှော်လင့်တယ်၊ ဒါပေမယ့်လို့တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အတူ ကျမတို့က အမြဲတမ်း အနောက်ကနေပြီးတော့မှ ပံ့ပိုးချင်တယ်။”

Maryland ပြည်နယ်မှာ နေထိုင်နေတဲ့ ကိုယဉ်ထွေးကလည်း သူတို့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ စုပြီး လွှတ်လပ်ရေးနေ့ကို ဘယ်လို ဆင်နွဲကြတယ်ဆိုတာကိုိ အခုလို ပြောပြပါတယ်။

“ကျနော်လည်း ဒီ (အမေရိကန်) ရောက်တာ အနှစ် (၂၀) ကျော်ပြီပေါ့ဗျာ။ ကျော်ပြီဆိုတော့လည်း ဒီ အမေရိကန် ထုံးတန်း အစဉ်အလာလေးတွေ ဘာဘဲဖြစ်ဖြစ် သိသင့်သလောက်လည်း သိလာတယ်။ ဒီနေ့ကတော့ သူတို့ အမေရိကန်နိုင်ငံရဲ့ လွှတ်လပ်ရေးနေ့။ အဲဒီလို နေ့မျိုးကျတော့ တချို့ တချို့တွေကျတော့လည်း ဒီလို ရက်မျိုးတွေမှာ ပိတ်ရက်တွေက ကြာရှည်တဲ့အခါကျတော့ ခရီးသွားကြတယ်၊ Vacation တွေ သွားကြတယ်။ တချို့ဆိုရင် ပင်လယ်ကမ်းခြေတွေ အပန်းဖြေကြတယ်။ တချို့ကျတော့လည်း မိသားစုနဲ့ Reunion (ပြန်တွေ့ပြီးတော့) ကျနော်တို့ ချက်ပြုတ် စားသောက်ကြတယ်။ ကျနော်တို့ မြန်မာတွေကျတော့လည်း ဘာလဲဖြစ်ဖြစ်ပေါ့၊ ဒီလို ပိတ်ရက်ကျတော့ မိသားစုတွေ စုံစုံညီညီ ချက်ပြုတ် စားသောက်ကြတယ်။ မိသားစုနဲ့ ချက်စားနေတယ်။ သူငယ်ချင်းတွေလည်း ရောက်နေတယ်။ ပြီးသွားရင် ညနေဖက်မှာ ရထားစီးပြီး ၀ါရှင်တန် ဒီစီထဲသွားမယ်၊ ၀ါရှင်တန် ဒီစီမှာ ကျနော်တို့ လှလှပပပေါ့ဗျာ၊ ရှုမောဖွယ်ကောင်းတဲ့၊ အံ့သြဖွယ်လည်းကောင်းတဲ့ မီးရှုး မီးပန်းတွေဖောက်တာကို ကျနော်တို့ သွားအားပေးကြမယ်။ ပြီးရင် ပြန်လာကြမယ်။”

Indiana ပြည်နယ်၊ Fort Wayne မြို့က ကိုကျော်သက်ကတော့ ဒီနှစ် လွှတ်လပ်ရေးနေ့ အားလပ်ရက်မှာ မိသားစု၊ အသိမိတ်ဆွေတွေနဲ့ ကမ်းခြေသွားပြီး အပန်းဖြေဖြစ်တယ်လို့ ပြောပါတယ်။

“ဟိုးတုန်းကဆိုရင်တော့ ကျနော်တို့ ခရီးတွေထွက်တယ်။ Vacation ပေါ့နော်၊ တခြား State (ပြည်နယ်) တွေကို ထွက်တယ်။ ဒီနှစ်ကတော့ ကျနော်တို့မြို့မှာပဲ ကျနော်တို့ ဒီမှာ Beach (ကမ်းခြေ) မှာလာပြီး ကျနော်တို့ မိသားစုတွေ၊ မြန်မာ မိသားစုတွေ လာစုပြီးတော့ အနားယူကြတာပေါ့နော်။ ညကျရင်တော့ ကလေးတွေကို သွားပြီးတော့ Firework ပေါ့နော်၊ ဟို မီးပန်းတွေဖောက်တယ် ဒီမှာ အဲဒါတွေ သွားပြီးတော့ ပြမှာပေါ့နော်။

သမ္မတ Obama နဲ့ သမ္မတကတော် Michelle Obama တို့က သမ္မတ အိမ်ဖြူတော်မှာ စစ်မှုထမ်း မိသားစုတွေကို အသားကင်နဲ့ တည်ခင်း ဧည့်ခံဖို့ စီစဉ်ထားခဲ့ပေမယ့် ၀ါရှင်တန် ဒီစီမြို့တော်တဝိုက် ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းက မိုးတွေရွာနေတာကြောင့် အဲဒီ အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ ဒါပေမယ့် ၀ါရှင်တန် ဒီစီမြို့လယ်မှာရှိတဲ့ National Mall လို့ခေါ်တဲ့ အမျိုးသားရင်ပြင်အနီးမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရောင်စုံ မီးရှုး မီးပန်း ပစ်လွတ်တာကိုတော့ စီစဉ်ထားတဲ့အတိုင်း ပြုလုပ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

  ကိုုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/

No comments:

Post a Comment