Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, July 5, 2016
မြေးဖြစ်သူက အဖွားရဲ့ခေါင်းကို ပေါက်ပြားဖြင့် ရိုက်သတ်
MTF Channel
.....
မနက်နိုးတော့ ကုတင်ပေါ်နာမကျန်းသောမိခင်ပျောက်ဆုံး
မနေ့ ဇူလိုင်လ ၄ ရက်နေ့ မနက် ၆ နာရီလောက်က ရဲမှူး mr.ဝတ်ထိချိုင် စွန်ထွန်းဟောက် ဆီသို့ ရေနှစ်သေတဲ့သူရှိကြောင်း ပန်ဆိုင်နမ်းဖိန့်ရွာသူကြီး mr.ကန် ဟုန်ဖုန်ထံမှ သတင်းရ၍ သွားရောက်စစ်ဆေးခဲ့ပါတယ်။ အွတ်ဒွန်ထာနီခရိုင်၊ ဘန်ဒုန်မြို့၊ ဘန်ကျန်နယ်မြေ၊ ရပ်ကွက်၁၄၊ အိမ်နံပါတ် ၃၉၈ အိမ်ပိုင်ရှင်ဖြစ်သူ ms.ဗွန်ကောင် ဖိုဖွန်မှ ရဲတပ်ဖွဲ့အား အခင်းဖြစ်ပွားတဲ့ နေရာသို့ သွားရောက် စစ်ဆေး စေပါတယ်။
 ရဲတပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့နှင့် စစ်ဆေးရေးအဖွဲ့မှ အခင်းဖြစ်ပွားတဲ့နေရာသို့ သွားရောက်ခဲ့ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာသို့ရောက်တော့ ရွာသူကြီးနဲ့ ရွာကော်မတီဝင်များမှ အိမ်ရှင်ရဲ့သားဖြစ်သူ mr.ပါစုန် ထောင်စု အသက် ၂၃ နှစ်ကိုချုပ်ထားကြောင်းတွေ့ရပါတယ်။
 အဖွားဖြစ်သူ ms.ထောင်ဗေါ် ဖိုဖွန် အသက် ရ၁နှစ်သည် အိမ်နောက်ဘေးရှိရေကန်မှာအသက်ဆုံးနေကြောင်းတွေ့ရပါတယ်။ အဖွားသည် နာမကျန်းဖြစ်၍ လမ်းမလျှောက်နိုင်ပဲ မည်ကဲ့သို့ အိမ်နောက်ဘေးရေကန်မှာရှိနေကြောင်း ရွာသူရွာသားများက မေးခွန်းထုတ်နေကြပါတယ်။ ဒါ့အပြင် အိမ်ရှေ့မှ အိမ်နောက်အထိ သွေးစက်များရှိနေကြောင်းလည်းတွေ့ရပါတယ်။
 mr.ပါစုန် ကိုစစ်ဆေးမေးမြန်းကြည့်ရာ အဖွားရဲ့ခေါင်းကို ပေါက်ပြားဖြင့်ရိုက်ပြီး အဖွားအသက်ဆုံးပြီးနောက် လူတွေ့မှာစိုးလို့ အိမ်နောက်သို့ပစ်ထားကြောင်းဝန်ခံပါတယ်။
 သေဆုံးသူရဲ့ သမီးဖြစ်သူ ms.ဗွန်ကောင် ဖိုဖွန်ကို စစ်ဆေးမေးမြန်းရာ မိခင်သည် သွေးတိုးနှင့်ဆီးချိုရောဂါရှိပြီး အိပ်ယာမထနိုင်တာနှစ်နဲ့ချီရှိပြီဖြစ်ကြောင်းပြောပါတယ်။ ထိုအခင်းဖြစ်ပွားသည့်ညတွင် ms.ဗွန်ကောင်နှင့် ခင်ပွန်းသည် အိမ်နောက်မှာအိပ်ပြီး၊ သားဖြစ်သူနဲ့ အမေက အိမ်ထဲမှာအိပ်ကြောင်းပြောပါတယ်။
 ထိုညတွင် မိုးတစ်ညလုံးရွာ၍ အိမ်ထဲမှဘာအသံမှမကြားခဲ့ကြောင်းဆိုပါတယ်။ မနက်မိုးလင်းတော့ အမေဖြစ်သူကိုမတွေ့တော့ ထိတ်လန့်သွားပြီး သားဖြစ်သူကိုမေးကြည့်ရာ အစပိုင်းမှာ မသိကြောင်းငြင်းပြီး နောက်ကျတော့ အဖွားခေါင်းကိုပေါက်ပြားဖြင့်ရိုက်ပြီး အိမ်နောက်ဘေးသို့ ပစ်ထားကြောင်းဝန်ခံကြောင်းဆိုပါတယ်။
 ရဲအဖွဲ့မှ အဖွားခေါင်းကိုရိုက်တဲ့ ပေါက်ပြားကို သက်သေအနေဖြင့်သိမ်းထားပြီး mr.ပါစုန်ကို ရဲစခန်းသို့ထပ်မှန်စစ်ဆေးရန်ဖမ်းဆီးသွားပါတယ်။
 တရားခံမှ မိမိသည်အဖွားကိုသတ်ကြောင်းဝန်ခံပေမဲ့ အရက်မူးတဲ့သူလို စကားကိုထပ်ခါထပ်ခါပြောနေတဲ့အတွက်ကြောင့် အချုပ်ခန်း၌ခပ်ထားကာ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကွင်းဆင်းသရုပ်ဖော်လုပ်ဆောင်သွားမှာဖြစ်ကြောင်းရဲတပ်ဖွဲ့မှ ဆိုပါတယ်။
MTF Channel
https://www.facebook.com/mtftv
No comments:
Post a Comment