Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, July 10, 2016

မဘသ ေတာင္းဆုိခ်က္ ေျဖရွင္းဖုိ႔ မလုိေၾကာင္း ဝန္ႀကီးသူရ ဦးေအာင္ကုိ ေျပာၾကား

ရန္ကုန္ၿမိဳ႕ ဆီဒိုးနားဟိုတယ္မွာ ျမန္မာႏိုင္ငံမူစလင္စီးပြားေရးလုပ္ငန္းရွင္မ်ားအသင္းက ဦးေဆာင္က်င္းပတဲ့ အစ္ေန႔အထိမ္းအမွတ္ ဘာသာေပါင္းစံု ညစာစားပြဲကို တက္ေရာက္လာတဲ့ ဝန္ႀကီး သူရဦးေအာင္ ကို ဇူလိုင္လ ၉ ရက္ေန႔ညက ေတြ႔ရစဥ္။ Photo: Htet Arkar/RFA
အမ်ိဳးဘာသာသာသနာေစာင့္ေရွာက္ေရးအဖြဲ႔ မဘသ ဗဟို က ေတာင္းဆိုထားတာကို အစိုးရအေနနဲ႔ ေျဖရွင္းေပးဖို႔ မလိုအပ္ဘူးလို႔ သာသနာေရးနဲ႔ ယဥ္ေက်းမႈျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက RFA ကုိ ေျပာပါတယ္။

မေန႔ညက ရန္ကုန္ၿမိဳ႕ ဆီဒိုးနားဟိုတယ္မွာ ျမန္မာႏိုင္ငံမူစလင္စီးပြားေရးလုပ္ငန္းရွင္မ်ားအသင္းက ဦးေဆာင္က်င္းပတဲ့ အစ္ေန႔အထိမ္းအမွတ္ဘာသာေပါင္းစံု ညစာစားပြဲကို တက္ေရာက္လာတဲ့ ဝန္ႀကီး သူရဦးေအာင္ကို ကို RFA ကေမးျမန္းရာမွာ ဝန္ႀကီးက အခုလို ေျဖၾကားခဲ့တာျဖစ္ပါတယ္။

"ဒီမိုကေရစီမွာ လြတ္လပ္စြာသေဘာကြဲလြဲပိုင္ခြင့္ရွိတယ္ဆို ေျဖရွင္းစရာမလိုဘူး ထင္ပါတယ္"

ဝန္ႀကီးခ်ဳပ္ဦးျဖိဳးမင္းသိန္းက ျမန္မာႏိုင္ငံမွာ မဘသအဖြဲ႔မလိုေၾကာင္း ေျပာၾကားခဲ့တဲ့အေပၚ အစိုးရနဲ႔ NLD ပါတီက ဇူလိုင္လ ၁၄ ရက္ေန႔မတိုင္ခင္ေျဖရွင္းေပးဖို႔ မဘသအဖြဲ႔ဗဟိုက ေတာင္းဆိုထားတာ ျဖစ္ပါတယ္။

အစိုးရအေနနဲ႔မေျဖရွင္းဘူးဆိုရင္ ဆႏၵျပပြဲေတြနဲ႔လက္မွတ္ေကာက္ခံတာေတြ လုပ္ေဆာင္သြားဖို႔ရွိတယ္လို႔လည္း မဘသအဖြဲ႔က ေျပာထားပါတယ္။

RFA Burmese
http://www.rfa.org/burmese
.........

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ မြန်မာနိုင်ငံမူစလင်စီးပွားရေးလုပ်ငန်းရှင်များအသင်းက ဦးဆောင်ကျင်းပတဲ့ အစ်နေ့အထိမ်းအမှတ် ဘာသာပေါင်းစုံ ညစာစားပွဲကို တက်ရောက်လာတဲ့ ဝန်ကြီး သူရဦးအောင် ကို ဇူလိုင်လ ၉ ရက်နေ့ညက တွေ့ရစဉ်။ Photo: Htet Arkar/RFA
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ ဗဟို က တောင်းဆိုထားတာကို အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ မလိုအပ်ဘူးလို့ သာသနာရေးနဲ့ ယဉ်ကျေးမှုပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက RFA ကို ပြောပါတယ်။

မနေ့ညက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ မြန်မာနိုင်ငံမူစလင်စီးပွားရေးလုပ်ငန်းရှင်များအသင်းက ဦးဆောင်ကျင်းပတဲ့ အစ်နေ့အထိမ်းအမှတ်ဘာသာပေါင်းစုံ ညစာစားပွဲကို တက်ရောက်လာတဲ့ ဝန်ကြီး သူရဦးအောင်ကို ကို RFA ကမေးမြန်းရာမှာ ဝန်ကြီးက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ဒီမိုကရေစီမှာ လွတ်လပ်စွာသဘောကွဲလွဲပိုင်ခွင့်ရှိတယ်ဆို ဖြေရှင်းစရာမလိုဘူး ထင်ပါတယ်"

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံမှာ မဘသအဖွဲ့မလိုကြောင်း ပြောကြားခဲ့တဲ့အပေါ် အစိုးရနဲ့ NLD ပါတီက ဇူလိုင်လ ၁၄ ရက်နေ့မတိုင်ခင်ဖြေရှင်းပေးဖို့ မဘသအဖွဲ့ဗဟိုက တောင်းဆိုထားတာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့မဖြေရှင်းဘူးဆိုရင် ဆန္ဒပြပွဲတွေနဲ့လက်မှတ်ကောက်ခံတာတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း မဘသအဖွဲ့က ပြောထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment