CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, July 9, 2016
အလုပ္ထုတ္ပယ္ခံရသည့္ ျမန္မာလုပ္သား ၁၆၀ ေက်ာ္ကို ထုိင္းအာဏာပုိင္မ်ား ေနရပ္ျပန္ပုိ႔
Byၿငိမ္းခ်မ္းOn Sun, 2016-07-10 06:30Location ရန္ကုန္
MOU စနစ္ျဖင့္ ထိုင္းႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္ၿပီး ဂ်ယ္လီစက္႐ံုမွ အလုပ္ထုတ္ခံရေသာ ျမန္မာအလုပ္သမား ၁၆၇ ဦးကို ထိုင္းအာဏာပိုင္မ်ားက ဘတ္စ္ကားမ်ား စီစဥ္ေပး၍ ျမန္မာ−ထိုင္း နယ္စပ္ မဲေဆာက္ၿမိဳ႕သို႔ ပို႔ေဆာင္ရန္ ျပင္ဆင္ေနစဥ္ (ဓာတ္ပံု − ရဲမင္း)
ထုိင္းႏုိင္ငံ ဂ်ယ္လီစက္ ႐ုံမွ အလုပ္ထုတ္ခံရေသာ ျမန္မာ လုပ္သား ၁၆၇ ဦးကို ထုိင္းအာ ဏာပုိင္မ်ားက ျမန္မာႏုိင္ငံသို႔ျပန္ ပုိ႔ခဲ့ေၾကာင္း သတင္းရရွိသည္။
ဂ်ယ္လီစက္႐ုံမွ အလုပ္ ထုတ္ခံရေသာ ျမန္မာလုပ္သား မ်ားအနက္ MoUစာခ်ဳပ္ျဖင့္ လာ ေရာက္လုပ္ကုိင္ေသာ ျမန္မာလုပ္ သား ၁၆၇ဦးကို ဇူလုိင္ ၉ရက္ ည ေနတြင္ ထုိင္းအာဏာပုိင္မ်ားက ကားေပၚသုိ႔ အတင္းအက်ပ္တင္၍ ျမန္မာႏုိင္ငံသုိ႔ ျပန္ပုိ႔ရန္ မဲ ေဆာက္ၿမိဳ႕သို႔ ေခၚေဆာင္သြား ေၾကာင္း ျပန္ပုိ႔ခံရေသာ ျမန္မာ လုပ္သားမ်ားက 7Day Daily သုိ႔ ဖုန္းျဖင့္ ဆက္သြယ္ ေျပာၾကားသည္။
‘‘အတင္းအက်ပ္ကားေပၚ တက္ခုိင္းတယ္။ မတက္ရင္႐ုိက္ မယ္ေျပာတယ္။ ေနျပည္ေတာ္က အလုပ္သမား႐ုံးကို ဖုန္းဆက္ၿပီး တုိင္တဲ့ အဖြဲ႕ေခါင္းေဆာင္ကို လည္း စစ္သား တစ္ေယာက္က တုတ္နဲ႔႐ုိက္တယ္။ ဘယ္သူမွမျပန္ခ်င္ၾကဘူး။ အခုမဲေဆာက္ကိုေခၚသြားေနတယ္။ မဲေဆာက္ကေနျပန္ပုိ႔မယ္ေျပာတယ္။ ကၽြန္ေတာ္တုိ႔အခု ျပန္ပုိ႔ခံရတာ MoUစာခ်ဳပ္သမားေတြပဲ ျပန္ပုိ႔ခံရတာ။ ကားႀကီးသုံးစီးနဲ႔ ကၽြန္ေတာ္တုိ႔ လူ၁၀၀ေက်ာ္ပါတယ္’’ဟု ဂ်ယ္လီစက္႐ုံမွ အလုပ္ထုတ္ခံရၿပီး၍ ျပန္ပုိ႔ခံရသူကိုပုိင္ထက္က ေျပာသည္။
‘‘ပုိက္ဆံလည္း ဘာမွမရ ေသးဘူး။ အလုပ္ထုတ္ခံရၿပီးျပန္ ပုိ႔ခံေနရတယ္။ ကၽြန္မက မျပန္ ခ်င္ေသးဘူး။ အလုပ္ပဲ ဆက္လုပ္ ခ်င္ေသးတယ္’’ ဟု ျပန္ပုိ႔ခံရသူ မေစာျမတ္ခ်ဳိက ေျပာသည္။
‘‘အလုပ္သမားေတြကဘယ္ သူမွ မျပန္ခ်င္ၾကဘူး။ အလုပ္သ မားသံအရာရွိကလည္း လာေျဖ ရွင္းတာအဆင္မေျပဘူး။ အတင္း အက်ပ္ကားေပၚတင္တာ။ ပန္း ေရာင္ကတ္နဲ႔ သူေတြကအလုပ္ ျပန္ရတယ္။ အခုဟာက MoUသမားေတြပဲ ျပန္ပုိ႔လုိက္တာ’’ ဟု ယင္းအလုပ္သမား ျပႆနာကုိ သြားေရာက္ ေျဖရွင္းေပးေသာ AAC မဟာမိတ္အဖြဲ႕မွ ကုိရဲမင္း ကေျပာသည္။
ထုိင္းႏုိင္ငံ လွပူရီၿမိဳ႕နယ္ရွိ SIAMRACHABURIဂ်ယ္လီစက္ ႐ုံတြင္ျမန္မာလုပ္သား၅၀၀ခန္႔ အလုပ္လုပ္ကိုင္လ်က္ရွိရာ ညဆုိင္းလုပ္ကိုင္ေသာ ျမန္မာလုပ္သား ၂၀၀ခန္႔သည္ ဇူလုိင္ ၆ရက္က အလုပ္သမားအခြင့္အေရးမ်ား အျပည့္အ၀ေပးရန္ ေတာင္းဆုိရာ စက္႐ုံပုိင္ရွင္က ယင္းညတြင္းခ်င္း အလုပ္မွ ထုတ္ပယ္ခဲ့ျခင္း ျဖစ္ သည္။
ျမန္မာလုပ္သား ၂၀၀ ခန္႔ ကို အလုပ္မွ ထုတ္ပယ္ခဲ့ေသာ ေၾကာင့္ က်န္ျမန္မာလုပ္သား၂၀၀ ခန္႔ကထုတ္ပယ္ခံရသူမ်ားကို အလုပ္ျပန္ခန္႔ေပးေရးႏွင့္ အလုပ္သမားအခြင့္အေရးအျပည့္အ၀ေပးေရး ဇူလုိင္ ၇ ရက္တြင္ ဆႏၵျပေတာင္းဆုိရာ စက္႐ုံ ပုိင္ရွင္က ဆႏၵျပေတာင္းဆုိသူမ်ားကို အလုပ္မွထပ္မံထုတ္ပယ္ခဲ့ေၾကာင္း ယင္းကိစၥကို သြားေရာက္ေျဖရွင္း ေပးေနေသာ AAC မဟာမိတ္အ ဖြဲ႕မွ ကိုရဲမင္းကေျပာၾကားသည္။
7Daydaily
............
အလုပ်ထုတ်ပယ်ခံရသည့် မြန်မာလုပ်သား ၁၆၀ ကျော်ကို ထိုင်းအာဏာပိုင်များ နေရပ်ပြန်ပို့
Byငြိမ်းချမ်းOn Sun, 2016-07-10 06:30Location ရန်ကုန်
MOU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ပြီး ဂျယ်လီစက်ရုံမှ အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၁၆၇ ဦးကို ထိုင်းအာဏာပိုင်များက ဘတ်စ်ကားများ စီစဉ်ပေး၍ မြန်မာ−ထိုင်း နယ်စပ် မဲဆောက်မြို့သို့ ပို့ဆောင်ရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ − ရဲမင်း)
ထိုင်းနိုင်ငံ ဂျယ်လီစက် ရုံမှ အလုပ်ထုတ်ခံရသော မြန်မာ လုပ်သား ၁၆၇ ဦးကို ထိုင်းအာ ဏာပိုင်များက မြန်မာနိုင်ငံသို့ပြန် ပို့ခဲ့ကြောင်း သတင်းရရှိသည်။
ဂျယ်လီစက်ရုံမှ အလုပ် ထုတ်ခံရသော မြန်မာလုပ်သား များအနက် MoUစာချုပ်ဖြင့် လာ ရောက်လုပ်ကိုင်သော မြန်မာလုပ် သား ၁၆၇ဦးကို ဇူလိုင် ၉ရက် ည နေတွင် ထိုင်းအာဏာပိုင်များက ကားပေါ်သို့ အတင်းအကျပ်တင်၍ မြန်မာနိုင်ငံသို့ ပြန်ပို့ရန် မဲ ဆောက်မြို့သို့ ခေါ်ဆောင်သွား ကြောင်း ပြန်ပို့ခံရသော မြန်မာ လုပ်သားများက 7Day Daily သို့ ဖုန်းဖြင့် ဆက်သွယ် ပြောကြားသည်။
‘‘အတင်းအကျပ်ကားပေါ် တက်ခိုင်းတယ်။ မတက်ရင်ရိုက် မယ်ပြောတယ်။ နေပြည်တော်က အလုပ်သမားရုံးကို ဖုန်းဆက်ပြီး တိုင်တဲ့ အဖွဲ့ခေါင်းဆောင်ကို လည်း စစ်သား တစ်ယောက်က တုတ်နဲ့ရိုက်တယ်။ ဘယ်သူမှမပြန်ချင်ကြဘူး။ အခုမဲဆောက်ကိုခေါ်သွားနေတယ်။ မဲဆောက်ကနေပြန်ပို့မယ်ပြောတယ်။ ကျွန်တော်တို့အခု ပြန်ပို့ခံရတာ MoUစာချုပ်သမားတွေပဲ ပြန်ပို့ခံရတာ။ ကားကြီးသုံးစီးနဲ့ ကျွန်တော်တို့ လူ၁၀၀ကျော်ပါတယ်’’ဟု ဂျယ်လီစက်ရုံမှ အလုပ်ထုတ်ခံရပြီး၍ ပြန်ပို့ခံရသူကိုပိုင်ထက်က ပြောသည်။
‘‘ပိုက်ဆံလည်း ဘာမှမရ သေးဘူး။ အလုပ်ထုတ်ခံရပြီးပြန် ပို့ခံနေရတယ်။ ကျွန်မက မပြန် ချင်သေးဘူး။ အလုပ်ပဲ ဆက်လုပ် ချင်သေးတယ်’’ ဟု ပြန်ပို့ခံရသူ မစောမြတ်ချိုက ပြောသည်။
‘‘အလုပ်သမားတွေကဘယ် သူမှ မပြန်ချင်ကြဘူး။ အလုပ်သ မားသံအရာရှိကလည်း လာဖြေ ရှင်းတာအဆင်မပြေဘူး။ အတင်း အကျပ်ကားပေါ်တင်တာ။ ပန်း ရောင်ကတ်နဲ့ သူတွေကအလုပ် ပြန်ရတယ်။ အခုဟာက MoUသမားတွေပဲ ပြန်ပို့လိုက်တာ’’ ဟု ယင်းအလုပ်သမား ပြဿနာကို သွားရောက် ဖြေရှင်းပေးသော AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်း ကပြောသည်။
ထိုင်းနိုင်ငံ လှပူရီမြို့နယ်ရှိ SIAMRACHABURIဂျယ်လီစက် ရုံတွင်မြန်မာလုပ်သား၅၀၀ခန့် အလုပ်လုပ်ကိုင်လျက်ရှိရာ ညဆိုင်းလုပ်ကိုင်သော မြန်မာလုပ်သား ၂၀၀ခန့်သည် ဇူလိုင် ၆ရက်က အလုပ်သမားအခွင့်အရေးများ အပြည့်အဝပေးရန် တောင်းဆိုရာ စက်ရုံပိုင်ရှင်က ယင်းညတွင်းချင်း အလုပ်မှ ထုတ်ပယ်ခဲ့ခြင်း ဖြစ် သည်။
မြန်မာလုပ်သား ၂၀၀ ခန့် ကို အလုပ်မှ ထုတ်ပယ်ခဲ့သော ကြောင့် ကျန်မြန်မာလုပ်သား၂၀၀ ခန့်ကထုတ်ပယ်ခံရသူများကို အလုပ်ပြန်ခန့်ပေးရေးနှင့် အလုပ်သမားအခွင့်အရေးအပြည့်အဝပေးရေး ဇူလိုင် ရ ရက်တွင် ဆန္ဒပြတောင်းဆိုရာ စက်ရုံ ပိုင်ရှင်က ဆန္ဒပြတောင်းဆိုသူများကို အလုပ်မှထပ်မံထုတ်ပယ်ခဲ့ကြောင်း ယင်းကိစ္စကို သွားရောက်ဖြေရှင်း ပေးနေသော AAC မဟာမိတ်အ ဖွဲ့မှ ကိုရဲမင်းကပြောကြားသည်။
7Daydaily
အလုပ္ထုတ္ပယ္ခံရသည့္ ျမန္မာလုပ္သား ၁၆၀ ေက်ာ္ကို ထုိင္းအာဏာပုိင္မ်ား ေနရပ္ျပန္ပုိ႔
Reviewed by MP4 YoU
on
July 09, 2016
Rating: 5
Reviewed by MP4 YoU
on
July 09, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment