Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, July 10, 2016

ရေသ့ေတာင္ၿမိဳ႕ေပၚတြင္ ဆႏၵထုတ္ေဖာ္ၿပီး အျပန္တြင္ လူတစ္ဦးေရနစ္ျမဳပ္ ၊ ယခုအခ်ိန္ထိ ရွာမေတြ႔ေသးေၾကာင္ သိရ

ဓာတ္ပံု - ေပ်ာက္ဆံုးသူအား ေဒသခံမ်ားက ရွာေဖြေနၾကစဥ္
July 10. DNJ

ရခိုင္ျပည္နယ္မွ မူဆလင္အသိုင္းအဝိုင္းဆိုေသာ အသံုးအႏႈန္းမ်ားႏွင့္ ပတ္သက္၍ ဇူလိုင္လ (၉) ရက္ေန႔က ရေသ့ေတာင္ၿမိဳ႕ေပၚတြင္ ေက်းလက္ေနျပည္သူမ်ားအပါအဝင္ ဆႏၵထုတ္ေဖာ္ခဲ့ၾကေၾကာင္း သိရသည္။

ဆႏၵထုတ္ေဖာ္ပဲြမွ အျပန္ွတြင္ ထြန္းရေဝေက်းရြာမွ အမ်ိဳးသားတစ္ဦး ထြန္းရေဝေခ်ာင္းတံတားႀကီးကို ျဖတ္ကူးရာမွ ေရထဲသို႔ျပဳတ္က်ခဲ့ၿပီး နစ္ျမဳပ္ကာ ေပ်ာက္ဆံုးခဲ့ၿပီး ယခုအခ်ိန္ထိ ရွာေဖြမေတြ႕ရွိေသးေၾကာင္း သိရသည္။

“ မေန႕ကျဖစ္တာ။ သူနဲ႕အတူပါလာတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ကလည္း သူ႕ကိုမကယ္လိုက္ရဘူး။ သူ႕ကို ခုထိရွာေဖြမေတြ႕ေသးဘူး။ ရြာသားေတြက စက္ေလွခုနစ္စီးနဲ႔ေနရာအႏွ႔ံ ရွာေဖြေနပါတယ္။ တစ္စံုတစ္ရာထူးျခားမႈမရွိေသးပါဘူး။ သူ႔မွာ ကိုယ္ဝန္နဲ႔ ဇနီးတစ္ဦး က်န္ခဲ့ပါတယ္ ” ဟု အဆိုပါေက်းရြာမွ ေဒသခံတစ္ဦးျဖစ္သူ ဦးခင္ေအးေမာင္ က ယေန႔နံနက္ ၁၀ နာရီအခ်ိန္႔ခန္႔က ဆိုသည္။

ေပ်ာက္ဆံုးေနသူ ဦးေမာင္ေမာင္(အသက္ ၃၁)သည္ တျခားသူငယ္ခ်င္းႏွစ္ေယာက္ႏွင့္အတူ မိမိေက်းရြာသို႕အျပန္ခရီးျဖစ္သည့္ ရေသ့ေတာင္-ပုဏၰားကၽြန္းကားလမ္းမအတိုင္း သြားၾကရာ တည္ေဆာက္ဆဲျဖစ္ေသာ ထြန္းရေဝတံတားႀကီးကို ျဖတ္ကူးရာမွ ေရထဲသို႔ ျပဳတ္က်သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Development Media Group
https://www.facebook.com/DevelopmentNJ
..........

ဓာတ်ပုံ - ပျောက်ဆုံးသူအား ဒေသခံများက ရှာဖွေနေကြစဉ်
July 10. DNJ

ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအဝိုင်းဆိုသော အသုံးအနှုန်းများနှင့် ပတ်သက်၍ ဇူလိုင်လ (၉) ရက်နေ့က ရသေ့တောင်မြို့ပေါ်တွင် ကျေးလက်နေပြည်သူများအပါအဝင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ပွဲမှ အပြန်ှတွင် ထွန်းရဝေကျေးရွာမှ အမျိုးသားတစ်ဦး ထွန်းရဝေချောင်းတံတားကြီးကို ဖြတ်ကူးရာမှ ရေထဲသို့ပြုတ်ကျခဲ့ပြီး နစ်မြုပ်ကာ ပျောက်ဆုံးခဲ့ပြီး ယခုအချိန်ထိ ရှာဖွေမတွေ့ရှိသေးကြောင်း သိရသည်။

“ မနေ့ကဖြစ်တာ။ သူနဲ့အတူပါလာတဲ့ သူငယ်ချင်းနှစ်ယောက်ကလည်း သူ့ကိုမကယ်လိုက်ရဘူး။ သူ့ကို ခုထိရှာဖွေမတွေ့သေးဘူး။ ရွာသားတွေက စက်လှေခုနစ်စီးနဲ့နေရာအနှ့ံ ရှာဖွေနေပါတယ်။ တစ်စုံတစ်ရာထူးခြားမှုမရှိသေးပါဘူး။ သူ့မှာ ကိုယ်ဝန်နဲ့ ဇနီးတစ်ဦး ကျန်ခဲ့ပါတယ် ” ဟု အဆိုပါကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးခင်အေးမောင် က ယနေ့နံနက် ၁၀ နာရီအချိန့်ခန့်က ဆိုသည်။

ပျောက်ဆုံးနေသူ ဦးမောင်မောင်(အသက် ၃၁)သည် တခြားသူငယ်ချင်းနှစ်ယောက်နှင့်အတူ မိမိကျေးရွာသို့အပြန်ခရီးဖြစ်သည့် ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းမအတိုင်း သွားကြရာ တည်ဆောက်ဆဲဖြစ်သော ထွန်းရဝေတံတားကြီးကို ဖြတ်ကူးရာမှ ရေထဲသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Development Media Group
https://www.facebook.com/DevelopmentNJ

No comments:

Post a Comment