Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 8, 2016

ဘန္ေကာက္ အႏွိပ္ခန္း၀င္စီး၊ ျပည့္တန္ဆာ ၁၀၀ ေက်ာ္တြင္ ျမန္မာ ၉၀ ရာခိုင္ႏႈန္းပါ၀င္ (႐ုပ္သံ)


ထိုင္းႏိုင္ငံ ဘန္ေကာက္က အႏွိပ္ခန္းတခုကို ထိုင္းတာ၀န္ရွိသူေတြက ဇြန္လ ၇ ရက္က  ၀င္ေရာက္စီးနင္း ရွာေဖြရာမွာ ျပည့္တန္ဆာ ၁၀၀ ေက်ာ္ဖမ္းမိၿပီး အဲဒီထဲက ၉၀ ရာခိုင္ႏႈန္းက ျမန္မာႏိုင္ငံသားျဖစ္ကာ အသက္ ၁၈ ႏွစ္ေအာက္ မိန္းကေလးေတြပါ လူကုန္ကူးခံရတယ္လို႔  သေနရွင္း ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္။
(အခင္းျဖစ္ပြားသည့္ေနရာမွပံုမဟုတ္ပါ။)
ေဟြ႔ခြမ္ၿမိဳ႕နယ္ ရာ့ခ်္ဒါးဖိဆစ္နယ္ေျမရွိ Nataree Massage Enteratainment  အမည္ရ အႏွိပ္ခန္းတခုမွာ အသက္မျပည့္တဲ့ မိန္းကေလးေတြကို ျပည့္တန္ဆာအျဖစ္ေစခိုင္းေၾကာင္း စံုစမ္းသိရွိခ်က္အရ ထိုင္းျပည္ထဲေရးဌာန၊ လူကုန္ကူးမႈ ႏွိမ္နင္းေရးရဲတပ္ဖြဲ႔၊ နယ္ေျမခံရဲ၊ စစ္တပ္ နဲ႔ NVADER အန္ဂ်ီအုိတို႔ ပါ၀င္တဲ့ ပူးေပါင္းအင္အား ၁၀၀ ေက်ာ္က ဇြန္လ ၇ ရက္ ည ၈ နာရီအခ်ိန္က ၀င္ေရာက္စီးနင္းခဲ့တာလုိ႔ ထိုင္းႏိုင္ငံအထူး စံုစမ္းစစ္ေဆးေရးနဲ႔ဥပေဒေရး ရာဌာန ညႊန္ၾကားေရးမွဴး ႏိုင္းဖိရိယ ခ်န္တထိလုတ္က ေျပာပါတယ္။
ဒီမတိုင္ခင္ အဲဒီအႏွိပ္ခန္းမွာ အသက္ ၁၆ ႏွစ္ရြယ္ မိန္းကေလးတဦး ျပည့္တန္ဆာ အျဖစ္ခိုင္းေစခံေနရေၾကာင္း တိုင္ၾကားခ်က္အရ NVADER အဖြဲ႔က ထိုင္းလူကုန္ကူးမႈ ႏွိမ္နင္းေရးအဖြဲ႔ကို အေၾကာင္းၾကားခဲ့ေၾကာင္း၊ တာ၀န္ရွိသူေတြက ၃ လၾကာ ေစာင့္ၾကည့္ၿပီး ဧည့္သည္အျဖစ္အေယာင္ေဆာင္ကာ အတြင္းပိုင္းထိ ၀င္ေရာက္စံုစမ္းခဲ့ေၾကာင္း၊ ၀င္ေရာက္စီးနင္းဖို႔ ယခင္က ၂ ႀကိမ္ႀကိဳစားခဲ့ေပမယ့္ မိန္းကေလးငယ္ကို မေတြ႔တဲ့ အတြက္ အခု တတိယအၾကိမ္ေျမာက္မွာမွ ဖမ္းဆီးႏိုင္ခဲ့တာလို႔ ဆိုပါတယ္။
မေန႔က ဖမ္းဆီးရမိတဲ့ထဲမွာ ျပည့္တန္ဆာအမ်ိဳးသမီး စုစုေပါင္း ၁၂၁ ဦး၊ အဲဒီထဲမွာ ထိုင္းက ၂၁ ဦး၊ ျမန္မာ ၅၃ ဦး၊ ေတာင္ေပၚသား ၂၆ ဦး၊ လာအုိႏိုင္ငံသား ၁၁ ဦး ၊ ကေမၻာဒီးယား ၁ ဦး ၊ အသက္ ၂၀ ေအာက္ ၉ ဦး (ထိုင္း ၂၊ ျမန္မာ ၄ ၊ ေလာ ၁ ၊ ေတာင္ေပၚသား ၂ ) ဦး ပါ၀င္ေၾကာင္း ႏိုင္းဖိရိယက ေျပာပါတယ္။
၁၈ ႏွစ္ေအာက္ မိန္းကေလးမွာ စုစုေပါင္း ၇ ဦးရွိကာ ျမန္မာမိန္းကေလးက ၅ ဦး ေတာင္ေပၚသားက ၂ ဦး ျဖစ္တယ္လို႔ ဆိုပါတယ္။
အဆိုပါမိန္းကေလးအားလံုးကို ထပ္မံစစ္ေဆးၿပီး တရားမ၀င္ ၀င္ေရာက္လုပ္ကိုင္သူ၊ ဥပေဒမွ တားျမစ္တဲ့ အလုပ္လုပ္ကိုင္သူ၊ လူကုန္ကူးမွဳနဲ႔ ပါ၀င္ပတ္သက္သူ စသျဖင့္ အမ်ိဳး အစားျပန္လည္ခြဲထုတ္ၿပီး အေရးယူျခင္း၊ ျပစ္ဒဏ္ေပးျခင္း နဲ႔ ကယ္တင္ျခင္းေတြ ေဆာင္ရြက္သြားမယ္လို႔ ဆိုပါတယ္။
Nataree Massage Enteratainment အႏွိပ္ခန္းဟာ တရား၀င္မွတ္ပံုတင္ထားတာျဖစ္ေပမယ့္ ျပည့္တန္ဆာလုပ္ငန္းပါ လုပ္ကိုင္ေၾကာင္း သက္ေသအေထာက္အထားခိုင္လံုတဲ့အတြက္ လုပ္ငန္း ရွင္ဆိုင္ရာဥပေဒနဲ႔ အေရးယူခံရမွာျဖစ္သလို လူကုန္ကူးမႈပါ က်ဴးလြန္တယ္ဆိုရင္ လုပ္ငန္းလိုင္စင္ေရာ ပိုင္ဆိုင္မႈ ပစၥည္းမ်ားအားလံုးပါ သိမ္းပိုက္ခံရဖြယ္ရွိတယ္လို႔  ေငြမည္းခ၀ါခ်မႈႏွိမ္နင္းေရးဌာန တာ၀န္ရွိသူ ႏိုင္းမာနက ေျပာပါတယ္။
သိမ္းဆည္းရမိတဲ့အေထာက္အထားေတြထဲမွာ အစိုးရ၀န္ထမ္း (ရဲ) ေတြကို လာဘ္ထိုးထားတဲ့ ေငြလြဲစာရင္းေတြပါ ေတြ႔ရွိရတဲ့အတြက္ အဆိုပါ၀န္ထမ္းေတြကိုလည္း ဆက္လက္အေရးယူဖို႔ ရွိေနပါတယ္။
ဒီလူကုန္ကူးမႈ တားဆီးတိုက္ဖ်က္ေရးဟာ ထိုင္းဒု၀န္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ပရ၀စ္ ၀ုန္းဆု၀မ္း နဲ႔ ျပည္ထဲေရး၀န္ႀကီးဌာန ၀န္ႀကီး အႏုဖုန္းေဖာင္က်င္းဒါး တို႔ရဲ႕ တိုက္႐ုိက္ညႊန္ၾကားမငေအာက္မွာ ေဆာင္ရြက္တာျဖစ္ၿပီး ေရွ႔ဆက္လည္း တႏိုင္ငံလံုးအတိုင္းအတာနဲ႔ ႏွိမ္နင္းသြားမွာျဖစ္ေၾကာင္း၊ လူကုန္ကူးမႈ မသကၤာဘြယ္ရာရွိရင္ ဖုန္းနံပါတ္ ၁၅၆၇ ကို ၂၄ နာရီ တိုင္ၾကားႏီုင္ေၾကာင္း သတင္းစာရွင္းပြဲမွာ ေျပာသြားပါတယ္။
..........
By DVB
 8 June 2016

ထိုင်းနိုင်ငံ ဘန်ကောက်က အနှိပ်ခန်းတခုကို ထိုင်းတာဝန်ရှိသူတွေက ဇွန်လ ရ ရက်က  ၀င်ရောက်စီးနင်း ရှာဖွေရာမှာ ပြည့်တန်ဆာ ၁၀၀ ကျော်ဖမ်းမိပြီး အဲဒီထဲက ၉၀ ရာခိုင်နှုန်းက မြန်မာနိုင်ငံသားဖြစ်ကာ အသက် ၁၈ နှစ်အောက် မိန်းကလေးတွေပါ လူကုန်ကူးခံရတယ်လို့  သနေရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဟွေ့ခွမ်မြို့နယ် ရာ့ချ်ဒါးဖိဆစ်နယ်မြေရှိ Nataree Massage Enteratainment  အမည်ရ အနှိပ်ခန်းတခုမှာ အသက်မပြည့်တဲ့ မိန်းကလေးတွေကို ပြည့်တန်ဆာအဖြစ်စေခိုင်းကြောင်း စုံစမ်းသိရှိချက်အရ ထိုင်းပြည်ထဲရေးဌာန၊ လူကုန်ကူးမှု နှိမ်နင်းရေးရဲတပ်ဖွဲ့၊ နယ်မြေခံရဲ၊ စစ်တပ် နဲ့ NVADER အန်ဂျီအိုတို့ ပါ၀င်တဲ့ ပူးပေါင်းအင်အား ၁၀၀ ကျော်က ဇွန်လ ရ ရက် ည ၈ နာရီအချိန်က ၀င်ရောက်စီးနင်းခဲ့တာလို့ ထိုင်းနိုင်ငံအထူး စုံစမ်းစစ်ဆေးရေးနဲ့ဥပဒေရေး ရာဌာန ညွှန်ကြားရေးမှူး နိုင်းဖိရိယ ချန်တထိလုတ်က ပြောပါတယ်။
ဒီမတိုင်ခင် အဲဒီအနှိပ်ခန်းမှာ အသက် ၁၆ နှစ်ရွယ် မိန်းကလေးတဦး ပြည့်တန်ဆာ အဖြစ်ခိုင်းစေခံနေရကြောင်း တိုင်ကြားချက်အရ NVADER အဖွဲ့က ထိုင်းလူကုန်ကူးမှု နှိမ်နင်းရေးအဖွဲ့ကို အကြောင်းကြားခဲ့ကြောင်း၊ တာဝန်ရှိသူတွေက ၃ လကြာ စောင့်ကြည့်ပြီး ဧည့်သည်အဖြစ်အယောင်ဆောင်ကာ အတွင်းပိုင်းထိ ၀င်ရောက်စုံစမ်းခဲ့ကြောင်း၊ ၀င်ရောက်စီးနင်းဖို့ ယခင်က ၂ ကြိမ်ကြိုစားခဲ့ပေမယ့် မိန်းကလေးငယ်ကို မတွေ့တဲ့ အတွက် အခု တတိယအကြိမ်မြောက်မှာမှ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
မနေ့က ဖမ်းဆီးရမိတဲ့ထဲမှာ ပြည့်တန်ဆာအမျိုးသမီး စုစုပေါင်း ၁၂၁ ဦး၊ အဲဒီထဲမှာ ထိုင်းက ၂၁ ဦး၊ မြန်မာ ၅၃ ဦး၊ တောင်ပေါ်သား ၂၆ ဦး၊ လာအိုနိုင်ငံသား ၁၁ ဦး ၊ ကမ္ဘောဒီးယား ၁ ဦး ၊ အသက် ၂၀ အောက် ၉ ဦး (ထိုင်း ၂၊ မြန်မာ ၄ ၊ လော ၁ ၊ တောင်ပေါ်သား ၂ ) ဦး ပါ၀င်ကြောင်း နိုင်းဖိရိယက ပြောပါတယ်။
၁၈ နှစ်အောက် မိန်းကလေးမှာ စုစုပေါင်း ရ ဦးရှိကာ မြန်မာမိန်းကလေးက ၅ ဦး တောင်ပေါ်သားက ၂ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါမိန်းကလေးအားလုံးကို ထပ်မံစစ်ဆေးပြီး တရားမဝင် ၀င်ရောက်လုပ်ကိုင်သူ၊ ဥပဒေမှ တားမြစ်တဲ့ အလုပ်လုပ်ကိုင်သူ၊ လူကုန်ကူးမှုနဲ့ ပါ၀င်ပတ်သက်သူ စသဖြင့် အမျိုး အစားပြန်လည်ခွဲထုတ်ပြီး အရေးယူခြင်း၊ ပြစ်ဒဏ်ပေးခြင်း နဲ့ ကယ်တင်ခြင်းတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
Nataree Massage Enteratainment အနှိပ်ခန်းဟာ တရားဝင်မှတ်ပုံတင်ထားတာဖြစ်ပေမယ့် ပြည့်တန်ဆာလုပ်ငန်းပါ လုပ်ကိုင်ကြောင်း သက်သေအထောက်အထားခိုင်လုံတဲ့အတွက် လုပ်ငန်း ရှင်ဆိုင်ရာဥပဒေနဲ့ အရေးယူခံရမှာဖြစ်သလို လူကုန်ကူးမှုပါ ကျူးလွန်တယ်ဆိုရင် လုပ်ငန်းလိုင်စင်ရော ပိုင်ဆိုင်မှု ပစ္စည်းများအားလုံးပါ သိမ်းပိုက်ခံရဖွယ်ရှိတယ်လို့  ငွေမည်းခဝါချမှုနှိမ်နင်းရေးဌာန တာဝန်ရှိသူ နိုင်းမာနက ပြောပါတယ်။
သိမ်းဆည်းရမိတဲ့အထောက်အထားတွေထဲမှာ အစိုးရဝန်ထမ်း (ရဲ) တွေကို လာဘ်ထိုးထားတဲ့ ငွေလွဲစာရင်းတွေပါ တွေ့ရှိရတဲ့အတွက် အဆိုပါ၀န်ထမ်းတွေကိုလည်း ဆက်လက်အရေးယူဖို့ ရှိနေပါတယ်။
ဒီလူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးဟာ ထိုင်းဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရဝစ် ၀ုန်းဆုဝမ်း နဲ့ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး အနုဖုန်းဖောင်ကျင်းဒါး တို့ရဲ့ တိုက်ရိုက်ညွှန်ကြားမငအောက်မှာ ဆောင်ရွက်တာဖြစ်ပြီး ရှေ့ဆက်လည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ နှိမ်နင်းသွားမှာဖြစ်ကြောင်း၊ လူကုန်ကူးမှု မသင်္ကာဘွယ်ရာရှိရင် ဖုန်းနံပါတ် ၁၅၆၇ ကို ၂၄ နာရီ တိုင်ကြားနီုင်ကြောင်း သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

No comments:

Post a Comment