Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 8, 2016

ဗိုလ္တေထာင္ဘုရား ၿပိဳက်ႏိုင္သျဖင့္ ဆိပ္ခံတံတား စီမံကိန္းရပ္သင့္ဟု ၀န္ႀကီးေျပာ

    By ေရႊေအာင္
    8 June 2016

ရန္ကုန္တိုင္း၊ ဗိုလ္တေထာင္ ဘုရားလမ္းႏွင့္ ဗိုလ္ေအာင္ေက်ာ္ တံတားအၾကား တည္ေဆာက္ေနတဲ့ ဆိပ္ခံတံတားေၾကာင့္ ေနာင္တခ်ိန္မွာ ဗိုလ္တေထာင္ဘုရားၿပိဳက်ႏိုင္လို႔ စီမံကိန္း ရပ္သင့္တဲ့အေၾကာင္း ပို႔ေဆာင္ဆက္သြယ္ေရး၀န္ႀကီးက လႊတ္ေတာ္မွာ ေျပာပါတယ္။

ဒီေန႔ က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္မွာ ရန္ကုန္၊ ဆိပ္ကမ္း မဲဆႏၵနယ္မွ ဦးတင္ေမာင္ဝင္း က ရန္ကုန္ၿမိဳ႕၊ ဗိုလ္တေထာင္ ဘုရားလမ္းနဲ႔ ဗိုလ္ေအာင္ေက်ာ္ တံတားအၾကား ျမန္မာ့ဆိပ္ကမ္း က ပိုင္တဲ့ ေျမဧရိယာ ဧက ၂၀ ေလာက္ကုိ အသံုးျပဳၿပီး ေကာင္းျမန္မာေအာင္ သေဘၤာကုမၸဏီမွ တည္ေဆာက္ေရးလုပ္ငန္းေတြ စတင္အေကာင္အထည္ေဖာ္ဖုိ႔ ေဆာင္ရြက္ေနတာေတြကုိ ရပ္ဆိုင္းေပးဖုိ႔ အဆိုတင္သြင္းခဲ့ပါတယ္။

ဒီအဆိုနဲ႔ပတ္သက္လို႔ လႊတ္ေတာ္ဥကၠ႒က ၀န္ႀကီးဌာနရဲ႕ သေဘာထားေမးျမန္းရာမွာ ပို႔ေဆာင္ဆက္သြယ္ေရး၀န္ႀကီး ဦးသန္႔စင္ေမာင္ေမာင္က ခုလို ေျပာလိုက္တာ ျဖစ္ပါတယ္။

သူက အခု ေဆာက္လက္စ ဆိပ္ကမ္းမွာ ေရေၾကာင္းက်ဥ္းတာေၾကာင့္  တခုခု ပိတ္ဆို႔သြားရင္ က်န္တဲ့ ဆိပ္ကမ္းေတြပါ ပိတ္ဆို႔ၿပီး ကုန္၀င္ကုန္ထြက္ ရပ္တန္႔ သြားႏိုင္တယ္၊ တခါ ဗိုလ္တေထာင္ဘုရားၿပိဳက်သြားႏိုင္တယ္လို႔ လႊတ္ေတာ္ထဲ ေျပာပါတယ္။

“ဗိုလ္တေထာင္ဘုရားေျမသည္ လႈိဏ္ဂူသဏၭာန္ေဆာက္ထားတဲ့ လွိုဏ္ဂူဘုရား ျဖစ္တယ္၊ ေအာက္ခံ ေျမသားက မေသခ်ာပါဘူး၊ က်ေနာ္တို႔ အခု ခြင့္ျပဳလိုက္ရင္ အခုလည္း မျဖစ္ဘူး၊ ေနာက္ႏွစ္လည္း မျဖစ္ဘူး၊ ၁၀ ႏွစ္ေလာက္ၾကာမွ ျဖစ္ရင္ ဒီဟာ က်ေနာ္တို႔မွာ တာ၀န္ရွိပါတယ္၊ ၁၀ ႏွစ္မွပဲျဖစ္ျဖစ္ ၁၅ ႏွစ္မွပဲ ျဖစ္ျဖစ္ တခုခုမ်ား ဘုရားရဲ႔ အေဆာက္အအံုကို ထိခိုက္လာခဲ့ရင္ က်ေနာ္တို႔မွာ အျပစ္ျဖစ္သြားမွာ ေသခ်ာပါတယ္။”

ဦးတင္ေမာင္၀င္းရဲ႕ အဆိုနဲ႔ပတ္သက္လို႔ ကိုယ္စားလွယ္ ၅ ေယာက္က ေထာက္ခံေဆြးေႏြးခဲ့ၾကၿပီး ပို႔ေဆာင္ဆက္သြယ္ေရး၀န္ႀကီး ဦးသန္႔စင္ေမာင္ေမာင္ကလည္း လႊတ္ေတာ္မွာ ေထာက္ခံ ေဆြးေႏြးခဲ့ပါတယ္။

အဲ့ဒီေနာက္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦး၀င္းျမင့္က  အဆိုနဲ႔ပတ္သက္ျပီး ကန္႔ကြက္သူမရွိတဲ့အတြက္ အတည္ျပဳေၾကာင္း ေၾကညာခဲ့ပါတယ္။

ဒီ စီမံကိန္းကို MIC လို႔ေခၚတဲ့ ျမန္မာ့ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ၿပီးခဲ့တဲ့ မတ္လအတြင္း ေကာင္းျမန္မာေအာင္ ကုမၸဏီကို လုပ္ပိုင္ခြင့္ခ်ထားေပးခဲ့တာ ျဖစ္ပါတယ္။

ေျမပံုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက အဆိုနဲ႔ပတ္သက္လို႔  လုပ္ပိုင္ခြင့္ရထားတဲ့ သူေတြရဲ႕အသံကို လႊတ္ေတာ္ထဲ မၾကားရဘူးလို႔ ေျပာပါတယ္။

“တဘက္က လုပ္ပိုင္ခြင့္ရထားသူေတြရဲ႕ အသံကို က်ေနာ္တို႔ မၾကားရဘူးေပါ့၊ အဆိုတင္သြင္းတဲ့သူေတြေရာ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေထာက္ခံမႈတြေရာ ၀န္ႀကီးဌာနက ေထာက္ခံတယ္ဆိုရင္ ဒီ အဆိုမ်ိဳးက ေအာင္ျမင္ပါတယ္။”

မၾကာေသးခင္ကလည္း ရန္ကုန္၊ ေဆး႐ုံႀကီးအနီးက ေျမေနရာမွာ ပုဂၢလိကေဆး႐ုံတခု တည္ေဆာက္မယ့္ စီမံကိန္းတခု ဖ်က္သိမ္းဖို႔ လႊတ္ေတာ္က ဆံုးျဖတ္ခဲ့ပါတယ္။

ဒုတိယအႀကိမ္ လႊတ္ေတာ္အတြင္းမွာ အရင္ အစိုးရလက္ထက္က စီမံကိန္းေတြကို ဖ်က္သိမ္းသင့္ေၾကာင္းအဆိုေတြ ေအာင္ျမင္ျပီး အခု အစိုးရလက္ထက္ ဆက္လက္လုပ္ေဆာင္သင့္ေၾကာင္း အဆိုေတြ မွတ္တမ္းအျဖစ္သာ ထားတာ မ်ားတယ္လို႔ ေ၀ဖန္ခ်က္ေတြလည္း ထြက္ေပၚေနပါတယ္။
.........
ဗိုလ်တထောင်ဘုရား ပြိုကျနိုင်သဖြင့် ဆိပ်ခံတံတား စီမံကိန်းရပ်သင့်ဟု ၀န်ကြီးပြော
0,,15904612_401,00

    By ရွှေအောင်
    8 June 2016
    Print

ရန်ကုန်တိုင်း၊ ဗိုလ်တထောင် ဘုရားလမ်းနှင့် ဗိုလ်အောင်ကျော် တံတားအကြား တည်ဆောက်နေတဲ့ ဆိပ်ခံတံတားကြောင့် နောင်တချိန်မှာ ဗိုလ်တထောင်ဘုရားပြိုကျနိုင်လို့ စီမံကိန်း ရပ်သင့်တဲ့အကြောင်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးက လွှတ်တော်မှာ ပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ရန်ကုန်၊ ဆိပ်ကမ်း မဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း က ရန်ကုန်မြို့၊ ဗိုလ်တထောင် ဘုရားလမ်းနဲ့ ဗိုလ်အောင်ကျော် တံတားအကြား မြန်မာ့ဆိပ်ကမ်း က ပိုင်တဲ့ မြေဧရိယာ ဧက ၂၀ လောက်ကို အသုံးပြုပြီး ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီမှ တည်ဆောက်ရေးလုပ်ငန်းတွေ စတင်အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေတာတွေကို ရပ်ဆိုင်းပေးဖို့ အဆိုတင်သွင်းခဲ့ပါတယ်။

ဒီအဆိုနဲ့ပတ်သက်လို့ လွှတ်တော်ဥက္ကဋ္ဌက ၀န်ကြီးဌာနရဲ့ သဘောထားမေးမြန်းရာမှာ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်မောင်က ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

သူက အခု ဆောက်လက်စ ဆိပ်ကမ်းမှာ ရေကြောင်းကျဉ်းတာကြောင့်  တခုခု ပိတ်ဆို့သွားရင် ကျန်တဲ့ ဆိပ်ကမ်းတွေပါ ပိတ်ဆို့ပြီး ကုန်ဝင်ကုန်ထွက် ရပ်တန့် သွားနိုင်တယ်၊ တခါ ဗိုလ်တထောင်ဘုရားပြိုကျသွားနိုင်တယ်လို့ လွှတ်တော်ထဲ ပြောပါတယ်။

“ဗိုလ်တထောင်ဘုရားမြေသည် လှိုဏ်ဂူသဏ္ဌာန်ဆောက်ထားတဲ့ လှိုဏ်ဂူဘုရား ဖြစ်တယ်၊ အောက်ခံ မြေသားက မသေချာပါဘူး၊ ကျနော်တို့ အခု ခွင့်ပြုလိုက်ရင် အခုလည်း မဖြစ်ဘူး၊ နောက်နှစ်လည်း မဖြစ်ဘူး၊ ၁၀ နှစ်လောက်ကြာမှ ဖြစ်ရင် ဒီဟာ ကျနော်တို့မှာ တာဝန်ရှိပါတယ်၊ ၁၀ နှစ်မှပဲဖြစ်ဖြစ် ၁၅ နှစ်မှပဲ ဖြစ်ဖြစ် တခုခုများ ဘုရားရဲ့ အဆောက်အအုံကို ထိခိုက်လာခဲ့ရင် ကျနော်တို့မှာ အပြစ်ဖြစ်သွားမှာ သေချာပါတယ်။”

ဦးတင်မောင်ဝင်းရဲ့ အဆိုနဲ့ပတ်သက်လို့ ကိုယ်စားလှယ် ၅ ယောက်က ထောက်ခံဆွေးနွေးခဲ့ကြပြီး ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်မောင်ကလည်း လွှတ်တော်မှာ ထောက်ခံ ဆွေးနွေးခဲ့ပါတယ်။

အဲ့ဒီနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က  အဆိုနဲ့ပတ်သက်ပြီး ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုကြောင်း ကြေညာခဲ့ပါတယ်။

ဒီ စီမံကိန်းကို MIC လို့ခေါ်တဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြီးခဲ့တဲ့ မတ်လအတွင်း ကောင်းမြန်မာအောင် ကုမ္ပဏီကို လုပ်ပိုင်ခွင့်ချထားပေးခဲ့တာ ဖြစ်ပါတယ်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အဆိုနဲ့ပတ်သက်လို့  လုပ်ပိုင်ခွင့်ရထားတဲ့ သူတွေရဲ့အသံကို လွှတ်တော်ထဲ မကြားရဘူးလို့ ပြောပါတယ်။

“တဘက်က လုပ်ပိုင်ခွင့်ရထားသူတွေရဲ့ အသံကို ကျနော်တို့ မကြားရဘူးပေါ့၊ အဆိုတင်သွင်းတဲ့သူတွေရော၊ လွှတ်တော်ကိုယ်စားလှယ်ထောက်ခံမှုတွရော ၀န်ကြီးဌာနက ထောက်ခံတယ်ဆိုရင် ဒီ အဆိုမျိုးက အောင်မြင်ပါတယ်။”

မကြာသေးခင်ကလည်း ရန်ကုန်၊ ဆေးရုံကြီးအနီးက မြေနေရာမှာ ပုဂ္ဂလိကဆေးရုံတခု တည်ဆောက်မယ့် စီမံကိန်းတခု ဖျက်သိမ်းဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

ဒုတိယအကြိမ် လွှတ်တော်အတွင်းမှာ အရင် အစိုးရလက်ထက်က စီမံကိန်းတွေကို ဖျက်သိမ်းသင့်ကြောင်းအဆိုတွေ အောင်မြင်ပြီး အခု အစိုးရလက်ထက် ဆက်လက်လုပ်ဆောင်သင့်ကြောင်း အဆိုတွေ မှတ်တမ်းအဖြစ်သာ ထားတာ များတယ်လို့ ဝေဖန်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။

No comments:

Post a Comment