Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 8, 2016

အဆိုေတာ္မ်ားေငြလိမ္ခံရမွဳ သတင္းႏွင့္ သီခ်င္း



၁၊ ေမခလာ ------- သိန္း ၃၀၀

၂၊ ဦးနႏၵေက်ာ္သူ---သိန္း၅၀၀

၃၊ ေဒၚစႏၵာရတနာ------သိန္း၁၅၀

၄၊ ဆုန္သင္းပါရ္--------သိန္း၁၃၀၀

၄၊ Lဆိုင္းဇီ---------- သိန္း ၈၅

၆၊ ဘိုျဖဴ------ သိန္း ၁၀၀

၇၊ ေကာ္နီ-- -------- သိန္း ၁၈၀

၈၊ စင္ဒီ(ခ)ခ်စ္သဥၥသန့္--------သိန္း၃၀၀

၉၊ အံ့ေမာ္ဦး. ---------------- သိန္း ၁၀၀၀

၁၀၊ ေနာ္နိွဗယ္လင္းခ်စ္-------- သိန္း ၈၅၀

၁၁၊ ခရစၥတိုိုဖာ-----------သိန္း၅၀၀

၁၂၊ ေစာအယ္ခူ--- ---------သိန္း ၆၀၀

၁၃၊ မိုးနွင္းသက္--- သိန္း ၂၅၀၀

၁၄၊ ဝင္းပပေအး---သိန္း၁၂၅၀

၁၅၊ ေကသြယ္လင္း --- ေဖာ္ျပမွဳ့မရိွ

၁၆၊ စလားရွႈးဖန္း-----သိန္း၁၀၀

၁၇၊ ေက်ာ္ေနဝင္း--- သိန္း၃၀၀

၁၈၊ ခ်စ္ဆန္းေမာင္--- သိန္း၅၀၀

၁၉၊ ေဒၚစန္းစန္းေထြး --သိန္း၁၃၀၀

Credits

ေငြက်ပ္ သိန္းတစ္ေသာင္းခန္ ့ရယူထားမႈအတြက္ ကဗ်ာဘြဲ႕မွဴးႏွင့္ ခင္ပြန္းတို႔ ေျဖရွင္းေပးေရး
ဂီတအႏုပညာရွင္မ်ားမွ သမၼတထံ တင္ျပေတာင္းဆုိမည္
=============================================

ေငြက်ပ္ စုစုေပါင္း သိန္းတစ္ေသာင္းခန္ ့ရယူထားမွဳအတြက္ ေတးသံရွင္ကဗ်ာဘြဲ႕မွဴဳးႏွင့္ခင္ပြန္းတို ့ ေျဖရွင္းေပးေရး
ဂီတအႏုပညာရွင္မ်ားမွ ႏိုင္ငံေတာ္သမၼတထံသုိ႔ တင္ျပေတာင္းဆုိသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကျငာခဲ့သည္။

ႏုိင္ငံေက်ာ္ ဂီတပညာရွင္ေစာဘြဲ ့မွဴး၏ သမီးျဖစ္သူ အဆုိေတာ္ကဗ်ာဘြဲ႕မွဴး ေခၚ ေနေစးမူးေဖာ ႏွင့္ ၎
၏ ခင္ပြန္းျဖစ္သူဦးမ်ဳိးျမင့္ေအာင္တုိ႔မွ ZTHစက္သုံးဆီလုပ္ငန္းတြင္ မန္ေနဂ်င္းဒါရုိက္တာႏွင့္ ဒါရုိက္တာမ်ားအျဖစ္ တာ၀န္ယူေဆာင္႐ြက္ေနၿပီး ZTHစက္သုံးဆီဆုိင္ခြဲမ်ား ဖြင့္လွစ္ထားေၾကာင္း၊ New Day စက္သုံးဆီဆုိင္ကဲ့သုိ႔ လုပ္ငန္းမ်ားစြာကုိလည္း တည္ေထာင္လုပ္ကိုင္ေနေၾကာင္း ေျပာၿပခဲ့ၿပီး၊ ZTHစက္သုံးဆီလုပ္ငန္းမ်ားတြင္ ရင္းႏွီးျမႇပ္ႏွံေငြမ်ားထည့္၀င္ပါက အက်ဳိးအျမတ္အျဖစ္ ၃ရာခုိင္ႏႈန္းမွ၁၀ရာခုိင္ႏႈန္းအထိ လစဥ္ေပးအပ္မည္ဟု ယုံၾကည္ေအာင္ေျပာဆုိခဲ့ေၾကာင္း သိရသည္။

အဆုိေတာ္ကဗ်ာဘြဲ႕မွဴးႏွင့္ ခင္ပြန္းဦးမ်ဳိးျမင့္ေအာင္တုိ႔မွ ဂီတအႏုပညာရွင္ ေရး၊ဆုိ၊တီး မိသားစုမ်ားထံမွ ေငြက်ပ္သိန္းေပါင္းမ်ားစြာလက္ခံရယူခဲ့ၿပီး ေနာက္ ကတိအတုိင္းအက်ဳိးအျမတ္ေငြမ်ားေပးအပ္ျခင္းမရွိပဲ၊ေငြရင္းမ်ားကုိလည္းေပးအပ္ျခင္းမရွိရုံသာမက ၊ယခုအခါအေတြ႕မခံပဲတိမ္းေရွာင္ေနေၾကာင္း သိရသည္။
အဆိုပါစက္သံုးဆီဆိုင္အတြက္ ရင္းႏွီးျမဳပ္ႏွံဳေငြေႀကးမ်ားကို နာမည္ရအႏုပညာရွင္မ်ားျဖစ္ေသာ ေမခလာ ၊ ဆုန္သင္းပါရ္ ၊ Lဆိုင္းဇီ ၊စင္ဒီ ၊ ဘိုျဖဴအပါအဝင္အျခားအႏုပညာရွင္မ်ားက ထည့္ဝင္ေငြမ်ား ေပးခဲ့ေသာ္လည္း ကတိအတိုင္း အက်ိဳးအျမတ္ေငြမ်ားေပးအပ္ျခင္းမရွိသလိုေငြရင္းကိုလည္းျပန္လည္ေပးအပ္ျခင္းမရွိသည့္အတြက္ စုေပါင္းလက္မွတ္ေရးထိုးကာ ေတြ႔ဆံု ေျဖရွင္းေပးေရးေတာင္းဆိုရျခင္းျဖစ္ေႀကာင္း သိရသည္။

ေမခလာ
------------
အႏုပညာသမားေတြဟာေခြၽးနည္းစာနဲ႔႐ွာထားတဲ့ေငြေတြပါ ။ ကဗ်ာဘြဲ ့မွဴးဆိုတာ ခ်စ္ငယ္တို႔နဲ႔အရမ္းရင္းႏွီးပါတယ္ ။သူ႔ခင္ပြန္းမ်ဳိးျမင့္ေအာင္ဆိုတာလည္း ရင္းႏွီးပါတယ္ ။ ခင္မင္မႈကိုအေၾကာင္းျပၿပီး ေငြေတြပါသြားတယ္ဆိုလည္းမမွားပါဘူး ။ အခုေငြပါသြားသူေတြအားလံုးဟာ သူနဲ႔ရင္းႏွီးသူေတြခ်ည္းပါပဲ ။ မခင္တဲ့သူေတြတစ္ေယာက္မွမပါပါဘူး ။ သူ႔အမ်ဳိးသားဆို ZTH ဓာတ္ဆီဆိုင္ပိုင္႐ွင္ပါ အရမ္းကိုခ်မ္းသာပါတယ္။ သူတို႔ ၂ရက္ေလာက္၀င္ေငြဟာ ဒီ အဆိုေတာ္ေတြပါသြားတဲ့ ပိုက္ဆံ amount နဲ႔ေျဖ႐ွင္းလို႔ရပါတယ္ ။ အႏုပညာသမားအခ်င္းခ်င္းမ႐ွိတဲ့သူေတြကိုမလုပ္သင့္ပါဘူး ။ သူကြ်န္မဆီလာတုန္းက သူဟာ စီးပြားေရးလုပ္ငန္း႐ွင္အျဖစ္ေနၿပီ။ ခ်မ္းသာေနၿပီ ။ ခ်စ္ငယ္တို႔အႏုပညာ႐ွင္ေတြ သီခ်င္းဆိုတာထက္ စီးပြားေရးလုပ္သင့္တယ္ဆိုေတာ့ သူ ့ ZTH မွာအစု႐ွယ္ယာ၀င္ၾကပါ ၊တစ္စုႏွစ္ရာ တစ္ခ်ိဳ ့လည္းငါးရာ ။ ကြ်န္မ ထင္တာေတာ့သူ ဒီလို လုပ္တတ္တဲ့သူမဟုတ္ဘူး ။ ဒါေပမယ့္အႀကိမ္ႀကိမ္ေတာင္းဆိုပါတယ္ မရဘူး ။ အခက္အခဲ႐ွိလည္းေျပာျပပါဆိုတာ ဖုန္းေတြလည္းပိတ္ message လည္းအေၾကာင္းမျပန္ပါဘူး။

စင္ဒီ
------
စင္ဒီအေနနဲ ့ကေတာ့ အမ်ားၾကီး မပါေပမယ့္ ဒါ စင္ဒီ့ပိုက္ဆံဟုတ္ပါဘူး ။ အေဖတို ့အေမတို ့ဆီက ယူေပးလိုက္တဲ ့ ပိုက္ဆံပါသြားတာ။

Lဆိုင္းဇီ
---------
ၿပီးခဲ့တဲ ့သံုးလပိုင္းက မွ ေပးလိုက္မိတာ ။ ေနာက္ပိုင္း အဆက္အသြယ္မရလို ့ ဆုန္သင္းပါရ္ကို ေမးၾကည့္ေတာ့မွ ဒီလို ျဖစ္ေနမွန္းသိရတာ။

ေကာ္နီ
---------
အခု မေကာ္ပါသြားတဲ့ ေငြပမာဏက သိန္း( ၁၈၀)ေလာက္ပါ။ ကဗ်ာနဲ႔က ညီအစ္မေတြလိုခင္ၾကခ်စ္ၾကတယ္ေလ။ အခုပါသြားတာေတြ အေမမသိဘူး ။သိလို႔လည္းမျဖစ္ဘူး ။မေကာ္ဆီလာယူတုန္းက ကုိမ်ဳိးမပါေပမယ့္ ကိုမ်ဳိးနဲ႔ မကြဲေနဘူးဆိုတာ မေကာ္တို႔ သိထားတယ္။
မေကာ္ ပုိက္ဆံေတြကို ေအာက္တိုဘာေလာက္မွာေပးခဲ့တာပါ ။ဒီဇင္ဘာ မေကာ္ေမြးေန႔ညမွာ သူ ၂၅သိန္းျပန္ေပးခဲ့ပါေသးတယ္ အျမတ္ေငြလို႔သူေျပာတယ္။

ဆုန္သင္းပါရ္
---------------
သူ ဆုန္သင္းဆီက ယူသြားတာစာခ်ဳပ္လည္း႐ွိတယ္။ သူ႔အမ်ဳိးသားက သူကသာ မပါဘူးေျပာတာ။ စာခ်ဳပ္မွာ သူ႔လက္မွတ္ေတြလည္း ႐ွိတယ္။

လက္မွတ္ေရးထိုးေတာင္းဆိုသည့္ စာတြင္ ေငြေၾကးဆံုးရွံဳးသူ ၁၇ ဦးအေနျဖင့္ တစ္ဦးခ်င္းအလိုက္ ေငြပမာဏကို လက္မွတ္ေရးထိုးေဖာ္ျပခဲ့ရာ ေမခလာ က်ပ္သိန္း၃၀၀၊ဦးနႏၵေက်ာ္သူ က်ပ္သိန္း၅၀၀၊ေဒၚစႏၵာရတနာ က်ပ္သိန္း၁၅၀၊ဆုန္သင္းပါရ္ က်ပ္သိန္း၁၃၀၀၊Lဆုိင္းဇီက်ပ္သိန္း ၈၅၀၊ဘုိျဖဴ က်ပ္သိန္း၁၀၀၊ေကာ္နီက်ပ္သိန္း၁၈၀၊စင္ဒီ ေခၚ ခ်စ္သဥၨာသန္႔ က်ပ္သိန္း၃၀၀၊အံေမာ္ဦးက်ပ္သိန္း၁၀၀၀၊ေနာ္ဗယ္လင္းခ်စ္ Dၿဖိဳးဇနီးက်ပ္သိန္း၈၅၀ ၊ ခရစၥတုိဖာက်ပ္သိန္း၅၀၀၊ေစာအယ္ခူက်ပ္သိန္း၆၀၀၊မုိးႏွင္းသက္ က်ပ္သိန္း၂၅၀၀၊၀င္းပပေအးက်ပ္သိန္း၁၂၅၀၊ေကသြယ္လင္း---၊စလားရူးဖန္းက်ပ္သိန္း၁၀၀၊ေက်ာ္ေန၀င္းက်ပ္သိန္း၃၀၀ တုိ႔ကို ေပးအပ္ခဲ့ေၾကာင္းသိရသည္။

မႀကာေသးမီ ရက္ပိုင္းအတြင္းက ေတးသံရွင္ကဗ်ာဘြဲ႔မွဴး၏ အမ်ိဳးသားျဖစ္သူဦးမိ်ဳးျမင့္ေအာင္ အေနျဖင့္ ေငြေႀကးအလြဲသံုးစားလုပ္သည္ဟု ပံုပ်က္ခင္စိန္ အမည္ရွိ facebook အေကာင့္ကေရးသားခ့ဲသျဖင့္ ဦးမ်ိဳးျမင့္ေအာင္ကသက္ဆိုင္ရာရဲစခန္းတြင္ ယင္းအေကာင့္ပိုင္ရွင္ကိုအမွဳဖြင့္ ထားသလို ဇြန္လ၇ရက္ေန႔ ႏိုင္ငံပိုင္သတင္းစာမွေန၍ ၎ ႏွင့္ ကဗ်ာဘြဲ႔မွဴးမွာ တရား၀င္ ကြာရွင္းျပတ္စဲထားသျဖင့္ သက္ဆိုင္ျခင္း မရွိေတာ့ေၾကာင္း ၊ ကဗ်ာဘြဲ႔မွဴးႏွင့္ပတ္သက္သည့္ ကိစၥမ်ားကို တာဝန္ယူ ေျဖရွင္းမည္ မဟုတ္ေႀကာင္း ဦးမ်ိဳးျမင့္ေအာင္က ထုတ္ျပန္ထားသည္။

ဂီတအႏုပညာရွင္ ေရး၊ဆုိ၊တီး မိသားစုမ်ားအေနျဖင့္ ေငြေၾကးမ်ားစြာဆုံးရႈံးေနရျခင္းေၾကာင့္ လူမႈဒုကၡမ်ားစြာႀကံဳေတြ႕ေနရၿပီး ဂီတအႏုပညာရွင္ မိသားစုဝင္မ်ားျဖစ္ေသာေၾကာင့္ လူသိရွင္ၾကားအေရးယူေဆာင္႐ြက္ျခင္းထက္ အခ်င္းခ်င္း ေဆြးေႏြးညႇိႏႈိင္းေဆာင္႐ြက္လုိေၾကာင္း၊ေငြေၾကးဆံုးရွံဳးခဲ့သည့္ ဂီတအႏုပညာရွင္၁၇ဦးမွ ယေန ့ ေန ့လည္ ၁၁နာရီက ရန္ကုန္ျမိဳ ့Orchid Hotel တြင္ မီဒီယာမ်ားႏွင့္ ေတြ ့ဆံု ရွင္းလင္းခဲ့ကာ ထိုကိစၥအား ႏိုင္ငံေတာ္ သမၼတ ၊ ဒုသမၼတႏွင့္ ရန္ကုန္တိုင္း ၀န္ၾကီးခ်ဳပ္တို ့ထံ လက္မွတ္ထုိးေတာင္းဆုိထားေၾကာင္း သိရသည္။

People And Police Media Group
.............



၁၊ မေခလာ ------- သိန်း ၃၀၀

၂၊ ဦးနန္ဒကျော်သူ---သိန်း၅၀၀

၃၊ ဒေါ်စန္ဒာရတနာ------သိန်း၁၅၀

၄၊ ဆုန်သင်းပါရ်--------သိန်း၁၃၀၀

၄၊ Lဆိုင်းဇီ---------- သိန်း ၈၅

၆၊ ဘိုဖြူ------ သိန်း ၁၀၀

၇၊ ကော်နီ-- -------- သိန်း ၁၈၀

၈၊ စင်ဒီ(ခ)ချစ်သဥ္စသန့်--------သိန်း၃၀၀

၉၊ အံ့မော်ဦး. ---------------- သိန်း ၁၀၀၀

၁၀၊ နော်နှိဗယ်လင်းချစ်-------- သိန်း ၈၅၀

၁၁၊ ခရစ္စတိိုုဖာ-----------သိန်း၅၀၀

၁၂၊ စောအယ်ခူ--- ---------သိန်း ၆၀၀

၁၃၊ မိုးနှင်းသက်--- သိန်း ၂၅၀၀

၁၄၊ ဝင်းပပအေး---သိန်း၁၂၅၀

၁၅၊ ကေသွယ်လင်း --- ဖော်ပြမှု့မရှိ

၁၆၊ စလားရှှုးဖန်း-----သိန်း၁၀၀

၁၇၊ ကျော်နေဝင်း--- သိန်း၃၀၀

၁၈၊ ချစ်ဆန်းမောင်--- သိန်း၅၀၀

၁၉၊ ဒေါ်စန်းစန်းထွေး --သိန်း၁၃၀၀

Credits

ငွေကျပ် သိန်းတစ်သောင်းခန် ့ရယူထားမှုအတွက် ကဗျာဘွဲ့မှူးနှင့် ခင်ပွန်းတို့ ဖြေရှင်းပေးရေး
ဂီတအနုပညာရှင်များမှ သမ္မတထံ တင်ပြတောင်းဆိုမည်
=============================================

ငွေကျပ် စုစုပေါင်း သိန်းတစ်သောင်းခန် ့ရယူထားမှုအတွက် တေးသံရှင်ကဗျာဘွဲ့မှူုးနှင့်ခင်ပွန်းတို ့ ဖြေရှင်းပေးရေး
ဂီတအနုပညာရှင်များမှ နိုင်ငံတော်သမ္မတထံသို့ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

နိုင်ငံကျော် ဂီတပညာရှင်စောဘွဲ ့မှူး၏ သမီးဖြစ်သူ အဆိုတော်ကဗျာဘွဲ့မှူး ခေါ် နေစေးမူးဖော နှင့် ၎င်း
၏ ခင်ပွန်းဖြစ်သူဦးမျိုးမြင့်အောင်တို့မှ ZTHစက်သုံးဆီလုပ်ငန်းတွင် မန်နေဂျင်းဒါရိုက်တာနှင့် ဒါရိုက်တာများအဖြစ် တာဝန်ယူဆောင်ရွက်နေပြီး ZTHစက်သုံးဆီဆိုင်ခွဲများ ဖွင့်လှစ်ထားကြောင်း၊ New Day စက်သုံးဆီဆိုင်ကဲ့သို့ လုပ်ငန်းများစွာကိုလည်း တည်ထောင်လုပ်ကိုင်နေကြောင်း ပြောပြခဲ့ပြီး၊ ZTHစက်သုံးဆီလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံငွေများထည့်ဝင်ပါက အကျိုးအမြတ်အဖြစ် ၃ရာခိုင်နှုန်းမှ၁၀ရာခိုင်နှုန်းအထိ လစဉ်ပေးအပ်မည်ဟု ယုံကြည်အောင်ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုတော်ကဗျာဘွဲ့မှူးနှင့် ခင်ပွန်းဦးမျိုးမြင့်အောင်တို့မှ ဂီတအနုပညာရှင် ရေး၊ဆို၊တီး မိသားစုများထံမှ ငွေကျပ်သိန်းပေါင်းများစွာလက်ခံရယူခဲ့ပြီး နောက် ကတိအတိုင်းအကျိုးအမြတ်ငွေများပေးအပ်ခြင်းမရှိပဲ၊ငွေရင်းများကိုလည်းပေးအပ်ခြင်းမရှိရုံသာမက ၊ယခုအခါအတွေ့မခံပဲတိမ်းရှောင်နေကြောင်း သိရသည်။
အဆိုပါစက်သုံးဆီဆိုင်အတွက် ရင်းနှီးမြုပ်နှုံငွေကြေးများကို နာမည်ရအနုပညာရှင်များဖြစ်သော မေခလာ ၊ ဆုန်သင်းပါရ် ၊ Lဆိုင်းဇီ ၊စင်ဒီ ၊ ဘိုဖြူအပါအဝင်အခြားအနုပညာရှင်များက ထည့်ဝင်ငွေများ ပေးခဲ့သော်လည်း ကတိအတိုင်း အကျိုးအမြတ်ငွေများပေးအပ်ခြင်းမရှိသလိုငွေရင်းကိုလည်းပြန်လည်ပေးအပ်ခြင်းမရှိသည့်အတွက် စုပေါင်းလက်မှတ်ရေးထိုးကာ တွေ့ဆုံ ဖြေရှင်းပေးရေးတောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။

မေခလာ
------------
အနုပညာသမားတွေဟာချွေးနည်းစာနဲ့ရှာထားတဲ့ငွေတွေပါ ။ ကဗျာဘွဲ ့မှူးဆိုတာ ချစ်ငယ်တို့နဲ့အရမ်းရင်းနှီးပါတယ် ။သူ့ခင်ပွန်းမျိုးမြင့်အောင်ဆိုတာလည်း ရင်းနှီးပါတယ် ။ ခင်မင်မှုကိုအကြောင်းပြပြီး ငွေတွေပါသွားတယ်ဆိုလည်းမမှားပါဘူး ။ အခုငွေပါသွားသူတွေအားလုံးဟာ သူနဲ့ရင်းနှီးသူတွေချည်းပါပဲ ။ မခင်တဲ့သူတွေတစ်ယောက်မှမပါပါဘူး ။ သူ့အမျိုးသားဆို ZTH ဓာတ်ဆီဆိုင်ပိုင်ရှင်ပါ အရမ်းကိုချမ်းသာပါတယ်။ သူတို့ ၂ရက်လောက်ဝင်ငွေဟာ ဒီ အဆိုတော်တွေပါသွားတဲ့ ပိုက်ဆံ amount နဲ့ဖြေရှင်းလို့ရပါတယ် ။ အနုပညာသမားအချင်းချင်းမရှိတဲ့သူတွေကိုမလုပ်သင့်ပါဘူး ။ သူကျွန်မဆီလာတုန်းက သူဟာ စီးပွားရေးလုပ်ငန်းရှင်အဖြစ်နေပြီ။ ချမ်းသာနေပြီ ။ ချစ်ငယ်တို့အနုပညာရှင်တွေ သီချင်းဆိုတာထက် စီးပွားရေးလုပ်သင့်တယ်ဆိုတော့ သူ ့ ZTH မှာအစုရှယ်ယာဝင်ကြပါ ၊တစ်စုနှစ်ရာ တစ်ချို ့လည်းငါးရာ ။ ကျွန်မ ထင်တာတော့သူ ဒီလို လုပ်တတ်တဲ့သူမဟုတ်ဘူး ။ ဒါပေမယ့်အကြိမ်ကြိမ်တောင်းဆိုပါတယ် မရဘူး ။ အခက်အခဲရှိလည်းပြောပြပါဆိုတာ ဖုန်းတွေလည်းပိတ် message လည်းအကြောင်းမပြန်ပါဘူး။

စင်ဒီ
------
စင်ဒီအနေနဲ ့ကတော့ အများကြီး မပါပေမယ့် ဒါ စင်ဒီ့ပိုက်ဆံဟုတ်ပါဘူး ။ အဖေတို ့အမေတို ့ဆီက ယူပေးလိုက်တဲ ့ ပိုက်ဆံပါသွားတာ။

Lဆိုင်းဇီ
---------
ပြီးခဲ့တဲ ့သုံးလပိုင်းက မှ ပေးလိုက်မိတာ ။ နောက်ပိုင်း အဆက်အသွယ်မရလို ့ ဆုန်သင်းပါရ်ကို မေးကြည့်တော့မှ ဒီလို ဖြစ်နေမှန်းသိရတာ။

ကော်နီ
---------
အခု မကော်ပါသွားတဲ့ ငွေပမာဏက သိန်း( ၁၈၀)လောက်ပါ။ ကဗျာနဲ့က ညီအစ်မတွေလိုခင်ကြချစ်ကြတယ်လေ။ အခုပါသွားတာတွေ အမေမသိဘူး ။သိလို့လည်းမဖြစ်ဘူး ။မကော်ဆီလာယူတုန်းက ကိုမျိုးမပါပေမယ့် ကိုမျိုးနဲ့ မကွဲနေဘူးဆိုတာ မကော်တို့ သိထားတယ်။
မကော် ပိုက်ဆံတွေကို အောက်တိုဘာလောက်မှာပေးခဲ့တာပါ ။ဒီဇင်ဘာ မကော်မွေးနေ့ညမှာ သူ ၂၅သိန်းပြန်ပေးခဲ့ပါသေးတယ် အမြတ်ငွေလို့သူပြောတယ်။

ဆုန်သင်းပါရ်
---------------
သူ ဆုန်သင်းဆီက ယူသွားတာစာချုပ်လည်းရှိတယ်။ သူ့အမျိုးသားက သူကသာ မပါဘူးပြောတာ။ စာချုပ်မှာ သူ့လက်မှတ်တွေလည်း ရှိတယ်။

လက်မှတ်ရေးထိုးတောင်းဆိုသည့် စာတွင် ငွေကြေးဆုံးရှံုးသူ ၁၇ ဦးအနေဖြင့် တစ်ဦးချင်းအလိုက် ငွေပမာဏကို လက်မှတ်ရေးထိုးဖော်ပြခဲ့ရာ မေခလာ ကျပ်သိန်း၃၀၀၊ဦးနန္ဒကျော်သူ ကျပ်သိန်း၅၀၀၊ဒေါ်စန္ဒာရတနာ ကျပ်သိန်း၁၅၀၊ဆုန်သင်းပါရ် ကျပ်သိန်း၁၃၀၀၊Lဆိုင်းဇီကျပ်သိန်း ၈၅၀၊ဘိုဖြူ ကျပ်သိန်း၁၀၀၊ကော်နီကျပ်သိန်း၁၈၀၊စင်ဒီ ခေါ် ချစ်သဥ္ဇာသန့် ကျပ်သိန်း၃၀၀၊အံမော်ဦးကျပ်သိန်း၁၀၀၀၊နော်ဗယ်လင်းချစ် Dဖြိုးဇနီးကျပ်သိန်း၈၅၀ ၊ ခရစ္စတိုဖာကျပ်သိန်း၅၀၀၊စောအယ်ခူကျပ်သိန်း၆၀၀၊မိုးနှင်းသက် ကျပ်သိန်း၂၅၀၀၊၀င်းပပအေးကျပ်သိန်း၁၂၅၀၊ကေသွယ်လင်း---၊စလားရူးဖန်းကျပ်သိန်း၁၀၀၊ကျော်နေဝင်းကျပ်သိန်း၃၀၀ တို့ကို ပေးအပ်ခဲ့ကြောင်းသိရသည်။

မကြာသေးမီ ရက်ပိုင်းအတွင်းက တေးသံရှင်ကဗျာဘွဲ့မှူး၏ အမျိုးသားဖြစ်သူဦးမျိုးမြင့်အောင် အနေဖြင့် ငွေကြေးအလွဲသုံးစားလုပ်သည်ဟု ပုံပျက်ခင်စိန် အမည်ရှိ facebook အကောင့်ကရေးသားခဲ့သဖြင့် ဦးမျိုးမြင့်အောင်ကသက်ဆိုင်ရာရဲစခန်းတွင် ယင်းအကောင့်ပိုင်ရှင်ကိုအမှုဖွင့် ထားသလို ဇွန်လရရက်နေ့ နိုင်ငံပိုင်သတင်းစာမှနေ၍ ၎င်း နှင့် ကဗျာဘွဲ့မှူးမှာ တရားဝင် ကွာရှင်းပြတ်စဲထားသဖြင့် သက်ဆိုင်ခြင်း မရှိတော့ကြောင်း ၊ ကဗျာဘွဲ့မှူးနှင့်ပတ်သက်သည့် ကိစ္စများကို တာဝန်ယူ ဖြေရှင်းမည် မဟုတ်ကြောင်း ဦးမျိုးမြင့်အောင်က ထုတ်ပြန်ထားသည်။

ဂီတအနုပညာရှင် ရေး၊ဆို၊တီး မိသားစုများအနေဖြင့် ငွေကြေးများစွာဆုံးရှုံးနေရခြင်းကြောင့် လူမှုဒုက္ခများစွာကြံုတွေ့နေရပြီး ဂီတအနုပညာရှင် မိသားစုဝင်များဖြစ်သောကြောင့် လူသိရှင်ကြားအရေးယူဆောင်ရွက်ခြင်းထက် အချင်းချင်း ဆွေးနွေးညှိနှိုင်းဆောင်ရွက်လိုကြောင်း၊ငွေကြေးဆုံးရှံုးခဲ့သည့် ဂီတအနုပညာရှင်၁၇ဦးမှ ယနေ ့ နေ ့လည် ၁၁နာရီက ရန်ကုန်မြို ့Orchid Hotel တွင် မီဒီယာများနှင့် တွေ ့ဆုံ ရှင်းလင်းခဲ့ကာ ထိုကိစ္စအား နိုင်ငံတော် သမ္မတ ၊ ဒုသမ္မတနှင့် ရန်ကုန်တိုင်း ၀န်ကြီးချုပ်တို ့ထံ လက်မှတ်ထိုးတောင်းဆိုထားကြောင်း သိရသည်။

People And Police Media Group

No comments:

Post a Comment