Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 27, 2016

၈၈မ်ဳိးဆက္မ်ားႏိုင္ငံေရးပါတီထူေထာင္ရန္ စတင္ျပင္ဆင္ျပီ


ျမန္မာႏိုင္ငံရိွ ႏိုင္ငံေရးအင္အားစုမ်ားအနက္ အန္အယ္လ္ဒီ အမ်ဳိးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ျပီးလ်ွင္ လူထုေထာက္ခံမႈမ်ားျပားေသာ ၈၈ မ်ဳိးဆက္မ်ားအေနျဖင့္ ႏိုင္ငံေရးပါတီ တစ္ရပ္ထူေထာင္ႏိုင္ေရး အတြက္ ျပင္ဆင္မႈမ်ား စတင္ေနျပီျဖစ္ေၾကာင္းသိရသည္။
ျပည္တြင္းျပည္ပမွ ၈၈ မ်ဳိးဆက္မ်ား အျခားႏိုင္ငံေရးအက်ဥ္းသားေဟာင္း မ်ားႏွင့္ ႏိုင္ငံေရးအင္အားစုမ်ားပါပါ၀င္ လာႏိုင္ရန္ ရည္ရြယ္ထားသည့္ ၈၈ မ်ဳိးဆက္မ်ား၏ ႏိုင္ငံေရးပါတီဖြဲ႔စည္းေရးေဆြးေႏြးမႈကို ယခုလတ္တေလာ တြင္ ျပည္တြင္းအင္အားစုအခ်င္းခ်င္း ေဆြးေႏြးမႈမ်ားျဖင့္ စတင္ေနသည္ဟု နီးစပ္သူမ်ားက ဆိုသည္။
မၾကာခင္ ၾသဂုတ္လတြင္က်ေရာက္မည့္ ၈ ေလးလံုး ၂၈ နွစ္ျပည့္ ႏွစ္ပတ္လည္ေန႔ အခမ္းနားကာလတြင္ ျပည္တြင္းရိွ ၈၈ မ်ဳိးဆက္မ်ား ၊ႏိုင္ငံေရးအင္အားစုမ်ားနွင့္ ျပည္ပရိွ ၈၈ မ်ဳိးဆက္မ်ား ၏ ေဆြးေႏြးမႈမ်ား စတင္ရန္ရိွေနေၾကာင္း ၈၈ မ်ဳိးဆက္ တစ္ဦးျဖစ္ျပီး ႏိုင္ငံေရး ေလ့လာသံုးသပ္သူလည္း ျဖစ္သူ ေဒါက္တာရန္မ်ဳိးသိမ္းက ေျပာဆိုသည္။
‘ျပည္တြင္းျပည္ပ ေဆြးေႏြးပြဲေတြစဖို႔ရိွတယ္။၂၀၁၆ ခုႏွစ္ ၾသဂုတ္လထဲမွာ မ်ဳိးဆက္အားလံုးကို ကိုယ္စား
ျပဳႏိုင္တဲ့ ႏိုင္ငံေရးပါတီတစ္ခု ထူေထာင္ဖို႔ brainstorming meeting တစ္ခုနဲ႔ အစျပဳဖို႔
ေကာင္းမယ္လို႔ျမင္ပါတယ္။’ ဟု ေဒါက္တာရန္မ်ဳိးသိမ္းက ဆိုသည္။
လက္ရိွအခ်ိန္တြင္ ၈ေလးလံုးကာက ေက်ာင္းသားမ်ဳိးဆက္မ်ားအေနျဖင့္ ကိုမင္းကိုႏိုင္၊ ကိုကိုၾကီးတို႔ ဦးေဆာင္သည့္ ၈၈ ျငိမ္း၊ပြင့္ အဖြဲ႔ ၊ လူ႔ေဘာင္သစ္ပါတီမ်ား ၊ ႏိုင္ငံေရးအက်ဥ္းသားမ်ားနွင့္ ပတ္သက္သည့္ အဖြဲ႔စည္းမ်ား ၊ ေက်ာင္းသားတပ္မေတာ္ ABSDF ( လက္နက္ကိုင္အဖြဲ႔ ) အျပင္ ႏိုင္ငံျပင္ပတြင္လည္း ၈ ေလးလံုးအေရးေတာ္ပံုမွ ထြက္ေပၚလာသည့္ မ်ဳိးဆက္ ေျမာက္ျမားစြာ ရိွေနပါသည္။
‘၈၈ မ်ဳိးဆက္ေတြအျပင္ ၉၆ ၊ ၉၈ ေက်ာင္းသားလႈပ္ရွားမႈမွာပါခဲ့တဲ႔သူေတြ၊ ၂၀၀၇ မ်ဳိးဆက္ေတြ ပါဖို႔လိုသလို ၁၉၆၂ တို႔ ၇၄ ၊ ၇၆ အုပ္စုေတြ ၀န္းရံႏိုင္ဖို႔လည္းလိုတယ္။ ႏိုင္ငံေရး မ်ဳိးဆက္ျပတ္ေတာက္မႈနဲ႔ ႏိုင္ငံေရးေခါင္းေဆာင္ ျပတ္ေတာက္လာႏိုင္မႈကို အေျမာ္ျမင္ရိွရိွ အေျဖရွာၾကရမွာျဖစ္တယ္။ ‘ ဟု ေဒါက္တာရန္မ်ဳိးသိမ္းက ဆိုသည္။
၈၈ မ်ဳိးဆက္ေခါင္းေဆာင္တစ္ဦးျဖစ္သည့္ ဦးကိုကိုၾကီးကမူ လြန္ခဲ့သည့္ ၂၀၁၅ ခုနစ္ကပင္ ႏိုင္ငံေရးပါတီ ထူေထာင္မည္ဟု ေၾကျငာထားျပီးျဖစ္ျပီး ယခုအေျခေနမွာ အေရးေပၚ ႏိုင္ငံေရးမ်ဳိးဆက္လိုလာသည့္ အေျခေန စိတ္ခံစားမႈမ်ဳိးေၾကာင့္လည္း ျဖစ္ႏိုင္သည္ဟု ABSDF အေထြေထြေထြ အတြင္းေရးမွဴးေဟာင္းျဖစ္သူ ဦးေအာင္သူျငိမ္းကဆိုသည္။
‘ အျပင္ကလူေတြအတြက္ေတာ့ အခက္ခဲေတြရိွေနတုန္းပဲ။ အေျခခံ ဥပေဒအရ ကန္႔သတ္မႈရိွတယ္။ တျခားႏိုင္ငံသားေတြျဖစ္ေနတာေကာ ၊ တျခားအခက္ခဲေတြေကာေပါ့ေလ။ ေနာက္ႏိုင္ငံထဲမွာ တဆက္တစပ္တည္း ၁၀ ႏွစ္ေနမွ ဆိုတာက အစပါ‘ ဟု ဦးေအာင္သူျငိမ္းက ဆိုသည္။
၈၈ မ်ဳိးဆက္ျဖစ္ျပီးႏွစ္ရွည္ႏိုင္ငံေရးအက်ဥ္းသားေဟာင္း တစ္ဦးျဖစ္ခဲ့သူ ကိုလက်ာ္ထြန္း ကမူ ‘ အခုဆိုရင္ က်ြန္ေတာ္တို႔မ်ဳိးဆက္ေတြတင္မကဘူး က်ြန္ေတာ္တို႔ေရွ႕ကမ်ဳိးဆက္ေတြေကာ ေနာက္က ၂၀၀၇ တို႔လို မ်ဳိးဆက္ေတြေကာပါ အေတြ႔အၾကံဳတစ္ခုနဲ႔ ကာလတစ္ခုကို ျဖတ္သန္း ခဲ့ျပီးျပီ။ ကြဲၾကျပဲၾကဖူးျပီ။ ဘယ္လိုျပန္ေပါင္းရမလဲဆိုတဲ႔ အေတြ႔အၾကံဳလည္း ရိွေနျပီ။ ပိုမိုခံႏိုင္ရည္ရိွတဲ႔ အုပ္စုေတြလည္းရိွသလို ပေရာ္ဖက္ရွင္နယ္ဆန္ဆန္လုပ္ႏိုင္ေနသူေတြလည္း ရိွေနတယ္။ အားလံုးပါ၀င္ႏိုင္ေအာင္ခ်ဥ္းကပ္ေပါင္းစပ္ၾကရမွာျဖစ္တယ္။ ျပင္ပက အုပ္စုေတြလည္း အေျခခံ ဥပေဒအရ ဟန္႔တားခံထားရေပမဲ႔ တတ္ႏိုင္တဲ႔ နည္းစနစ္ပိုင္းေတြ နည္းပညာပိုင္းေတြကို ပံ႔ပိုးၾကရမဲ႔ အေျခေနမွာေရာက္ေနတယ္။ အားလံုးစုေပါင္းခ်ဥ္းကပ္ရမဲ႔ လမ္းေၾကာင္းတစ္ခုေတာ့ ေပၚလာလိ္မ့္မယ္ လို႔ က်ြန္ေတာ္ထင္တယ္။ ‘ ဟု ကိုလက်ာ္ထြန္းက ေျပာသည္။
၈ ေလးလံုးကာလတြင္ ႏိုင္ငံေရးမ်ဳိးဆက္ အမ်ားအျပားေပၚေပါက္ ခဲ့ေသာ္လည္း အဖြဲ႔အစည္းကြဲျပားမႈ ၊ ျပည္တြင္းျပည္ပ ကြဲျပားမႈ စသျဖင့္ ရိွေနေသာေၾကာင့္ အခ်ိန္ယူျပီး စနစ္တက်ေဆြးေႏြးတိုင္ပင္၍ မူ၀ါဒလမ္းစဥ္ ခ်မွတ္ေဆာင္ရြက္ရန္လိုေၾကာင္း ေဒါက္တာရန္မ်ဳိးသိမ္းက မွတ္ခ်က္ျပဳေျပာဆိုသည္။
‘စနစ္တက် အခ်ိန္ယူ ညွိႏိႈင္း ေဆြးေႏြးၿပီးမွ မူဝါဒ၊ လမ္းစဥ္၊ လုပ္ငန္းစဥ္ေတြအေပၚ အေျချပဳတဲ့ အင္စတီက်ဴး
ရွင္းနယ္လိုက္ဇ္ ႏိုင္ငံေရးပါတီတစ္ခု တည္ေထာင္ဖို႔ပါ။ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လေလာက္မွာ ပါတီစထူေထာင္တာမ်ဳိးျဖစ္ႏိုင္ရင္ ရည္မွန္းခ်က္ ထားသင့္ပါ တယ္။ လိုအပ္ရင္ ၂၀၁၈ လည္း
ျဖစ္ခ်င္ျဖစ္ပါမယ္။ အခ်ိန္ယူၿပီး စနစ္တက် ျပင္ဆင္သင့္ ပါတယ္။ တတ္ႏိုင္သမွ် အားလံုးလႊမ္းၿခံဳႏိုင္ဖို႔ အခ်ိန္ယူသင့္ပါတယ္။’ ဟု ေဒါက္တာရန္မ်ဳိးသိမ္းက သံုးသပ္ေျပာဆိုသည္။
The Ladies News
( ၈ေလးလံုး ၂၅ ႏွစ္ေျမာက္ နွစ္ပတ္လည္ အခမ္းနားက်င္းပေနစဥ္ )
Photo- Internet
............
၈၈မျိုးဆက်များနိုင်ငံရေးပါတီထူထောင်ရန် စတင်ပြင်ဆင်ပြီ
--- --- ---
မြန်မာနိုင်ငံရှိ နိုင်ငံရေးအင်အားစုများအနက် အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပြီးလျှင် လူထုထောက်ခံမှုများပြားသော ၈၈ မျိုးဆက်များအနေဖြင့် နိုင်ငံရေးပါတီ တစ်ရပ်ထူထောင်နိုင်ရေး အတွက် ပြင်ဆင်မှုများ စတင်နေပြီဖြစ်ကြောင်းသိရသည်။
ပြည်တွင်းပြည်ပမှ ၈၈ မျိုးဆက်များ အခြားနိုင်ငံရေးအကျဉ်းသားဟောင်း များနှင့် နိုင်ငံရေးအင်အားစုများပါပါ၀င် လာနိုင်ရန် ရည်ရွယ်ထားသည့် ၈၈ မျိုးဆက်များ၏ နိုင်ငံရေးပါတီဖွဲ့စည်းရေးဆွေးနွေးမှုကို ယခုလတ်တလော တွင် ပြည်တွင်းအင်အားစုအချင်းချင်း ဆွေးနွေးမှုများဖြင့် စတင်နေသည်ဟု နီးစပ်သူများက ဆိုသည်။
မကြာခင် သြဂုတ်လတွင်ကျရောက်မည့် ၈ လေးလုံး ၂၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းနားကာလတွင် ပြည်တွင်းရှိ ၈၈ မျိုးဆက်များ ၊နိုင်ငံရေးအင်အားစုများနှင့် ပြည်ပရှိ ၈၈ မျိုးဆက်များ ၏ ဆွေးနွေးမှုများ စတင်ရန်ရှိနေကြောင်း ၈၈ မျိုးဆက် တစ်ဦးဖြစ်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူလည်း ဖြစ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောဆိုသည်။
‘ပြည်တွင်းပြည်ပ ဆွေးနွေးပွဲတွေစဖို့ရှိတယ်။၂၀၁၆ ခုနှစ် သြဂုတ်လထဲမှာ မျိုးဆက်အားလုံးကို ကိုယ်စား
ပြုနိုင်တဲ့ နိုင်ငံရေးပါတီတစ်ခု ထူထောင်ဖို့ brainstorming meeting တစ်ခုနဲ့ အစပြုဖို့
ကောင်းမယ်လို့မြင်ပါတယ်။’ ဟု ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။
လက်ရှိအချိန်တွင် ၈လေးလုံးကာက ကျောင်းသားမျိုးဆက်များအနေဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ဦးဆောင်သည့် ၈၈ ငြိမ်း၊ပွင့် အဖွဲ့ ၊ လူ့ဘောင်သစ်ပါတီများ ၊ နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်သည့် အဖွဲ့စည်းများ ၊ ကျောင်းသားတပ်မတော် ABSDF ( လက်နက်ကိုင်အဖွဲ့ ) အပြင် နိုင်ငံပြင်ပတွင်လည်း ၈ လေးလုံးအရေးတော်ပုံမှ ထွက်ပေါ်လာသည့် မျိုးဆက် မြောက်မြားစွာ ရှိနေပါသည်။
‘၈၈ မျိုးဆက်တွေအပြင် ၉၆ ၊ ၉၈ ကျောင်းသားလှုပ်ရှားမှုမှာပါခဲ့တဲ့သူတွေ၊ ၂၀၀၇ မျိုးဆက်တွေ ပါဖို့လိုသလို ၁၉၆၂ တို့ ရ၄ ၊ ရ၆ အုပ်စုတွေ ၀န်းရံနိုင်ဖို့လည်းလိုတယ်။ နိုင်ငံရေး မျိုးဆက်ပြတ်တောက်မှုနဲ့ နိုင်ငံရေးခေါင်းဆောင် ပြတ်တောက်လာနိုင်မှုကို အမြော်မြင်ရှိရှိ အဖြေရှာကြရမှာဖြစ်တယ်။ ‘ ဟု ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။
၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးကမူ လွန်ခဲ့သည့် ၂၀၁၅ ခုနစ်ကပင် နိုင်ငံရေးပါတီ ထူထောင်မည်ဟု ကြေငြာထားပြီးဖြစ်ပြီး ယခုအခြေနေမှာ အရေးပေါ် နိုင်ငံရေးမျိုးဆက်လိုလာသည့် အခြေနေ စိတ်ခံစားမှုမျိုးကြောင့်လည်း ဖြစ်နိုင်သည်ဟု ABSDF အထွေထွေထွေ အတွင်းရေးမှူးဟောင်းဖြစ်သူ ဦးအောင်သူငြိမ်းကဆိုသည်။
‘ အပြင်ကလူတွေအတွက်တော့ အခက်ခဲတွေရှိနေတုန်းပဲ။ အခြေခံ ဥပဒေအရ ကန့်သတ်မှုရှိတယ်။ တခြားနိုင်ငံသားတွေဖြစ်နေတာကော ၊ တခြားအခက်ခဲတွေကောပေါ့လေ။ နောက်နိုင်ငံထဲမှာ တဆက်တစပ်တည်း ၁၀ နှစ်နေမှ ဆိုတာက အစပါ‘ ဟု ဦးအောင်သူငြိမ်းက ဆိုသည်။
၈၈ မျိုးဆက်ဖြစ်ပြီးနှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ခဲ့သူ ကိုလကျာ်ထွန်း ကမူ ‘ အခုဆိုရင် ကျွန်တော်တို့မျိုးဆက်တွေတင်မကဘူး ကျွန်တော်တို့ရှေ့ကမျိုးဆက်တွေကော နောက်က ၂၀၀၇ တို့လို မျိုးဆက်တွေကောပါ အတွေ့အကြုံတစ်ခုနဲ့ ကာလတစ်ခုကို ဖြတ်သန်း ခဲ့ပြီးပြီ။ ကွဲကြပြဲကြဖူးပြီ။ ဘယ်လိုပြန်ပေါင်းရမလဲဆိုတဲ့ အတွေ့အကြံုလည်း ရှိနေပြီ။ ပိုမိုခံနိုင်ရည်ရှိတဲ့ အုပ်စုတွေလည်းရှိသလို ပရော်ဖက်ရှင်နယ်ဆန်ဆန်လုပ်နိုင်နေသူတွေလည်း ရှိနေတယ်။ အားလုံးပါ၀င်နိုင်အောင်ချဉ်းကပ်ပေါင်းစပ်ကြရမှာဖြစ်တယ်။ ပြင်ပက အုပ်စုတွေလည်း အခြေခံ ဥပဒေအရ ဟန့်တားခံထားရပေမဲ့ တတ်နိုင်တဲ့ နည်းစနစ်ပိုင်းတွေ နည်းပညာပိုင်းတွေကို ပံ့ပိုးကြရမဲ့ အခြေနေမှာရောက်နေတယ်။ အားလုံးစုပေါင်းချဉ်းကပ်ရမဲ့ လမ်းကြောင်းတစ်ခုတော့ ပေါ်လာလိ်မ့်မယ် လို့ ကျွန်တော်ထင်တယ်။ ‘ ဟု ကိုလကျာ်ထွန်းက ပြောသည်။
၈ လေးလုံးကာလတွင် နိုင်ငံရေးမျိုးဆက် အများအပြားပေါ်ပေါက် ခဲ့သော်လည်း အဖွဲ့အစည်းကွဲပြားမှု ၊ ပြည်တွင်းပြည်ပ ကွဲပြားမှု စသဖြင့် ရှိနေသောကြောင့် အချိန်ယူပြီး စနစ်တကျဆွေးနွေးတိုင်ပင်၍ မူဝါဒလမ်းစဉ် ချမှတ်ဆောင်ရွက်ရန်လိုကြောင်း ဒေါက်တာရန်မျိုးသိမ်းက မှတ်ချက်ပြုပြောဆိုသည်။
‘စနစ်တကျ အချိန်ယူ ညှိနှိုင်း ဆွေးနွေးပြီးမှ မူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်တွေအပေါ် အခြေပြုတဲ့ အင်စတီကျူး
ရှင်းနယ်လိုက်ဇ် နိုင်ငံရေးပါတီတစ်ခု တည်ထောင်ဖို့ပါ။ ၂၀၁၇ ခုနှစ် သြဂုတ်လလောက်မှာ ပါတီစထူထောင်တာမျိုးဖြစ်နိုင်ရင် ရည်မှန်းချက် ထားသင့်ပါ တယ်။ လိုအပ်ရင် ၂၀၁၈ လည်း
ဖြစ်ချင်ဖြစ်ပါမယ်။ အချိန်ယူပြီး စနစ်တကျ ပြင်ဆင်သင့် ပါတယ်။ တတ်နိုင်သမျှ အားလုံးလွှမ်းခြံုနိုင်ဖို့ အချိန်ယူသင့်ပါတယ်။’ ဟု ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပြောဆိုသည်။
The Ladies News
( ၈လေးလုံး ၂၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းနားကျင်းပနေစဉ် )
Photo- Internet

No comments:

Post a Comment