Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 27, 2016

ရန္ကုန္ၿမိဳ႕လယ္ေခါင္ လူျမင္ကြင္းတြင္ အမ်ိဳးသမီးထံမွ ေငြမ်ားလုယူၿပီး ၿမိဳခ်ေဖ်ာက္ဖ်က္သူ စကားမေျပာႏိုင္၍ ရန္ကုန္ေဆးရံုတင္ပို႔

 Monday. June 27. 2016
ရန္ကုန္ၿမိဳ႕လယ္ေခါင္ လူျမင္ကြင္းတြင္ အမ်ိဳးသမီးထံမွ ေငြမ်ားလုယူၿပီး ဝမ္းဗိုက္အတြင္း ၿမိဳခ် ေဖ်ာက္ဖ်က္ေသာ အသက္ ၃၀ အရြယ္ အမ်ိဳးသားမွာ ေငြစကၠဴမ်ား လည္ေခ်ာင္းတြင္ တစ္ဆို႔ကာ စကားေျပာဆိုႏိုင္ျခင္း မရွိေသာေၾကာင့္ ဇြန္လ ၂၆ ရက္က ရန္ကုန္ ျပည္သူ႔ေဆး႐ံုႀကီးသို႔ တင္ပို႔ခဲ့ရေၾကာင္း လမ္းမေတာ္ ၿမိဳ႕မရဲစခန္းထံမွ သိရသည္။
.
ယင္းလုယက္မႈ က်ဴးလြန္သူ အမ်ိဳးသားမွာ ဇြန္လ ၂၆ ရက္ နံနက္ ၉ နာရီခြဲက အေနာ္ရထာလမ္းႏွင့္ ၁၈ လမ္းေထာင့္တြင္ လမ္းေလွ်ာက္လာသည့္ အသက္ ၄၉ ႏွစ္အရြယ္ အမ်ိဳးသမီး၏ လက္ထဲမွ ေငြထည့္ထားသည့္ ၾကြပ္ၾကြပ္အိတ္ကို ဆြဲလုယူေျပးစဥ္ ဝိုင္းဖမ္း ခံရေသာေၾကာင့္ ေငြစကၠဴမ်ား လိပ္၍ ပါးစပ္ထဲထည့္ ၿမိဳခ်ခဲ့ေၾကာင္း လသာၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။



.
“ေငြေတြ လုယက္ခံရတဲ့ အမ်ိဳးသမီးက နယ္ကေန ရန္ကုန္ေဆး႐ံုမွာ ေဆးလာကုတဲ့ လူနာေစာင့္ပါ။ ၁၈ လမ္းထိပ္က ေဆးဆိုင္မွာ ေဆးဝယ္ၿပီး ျပန္လာခ်ိန္ လုယက္ခံရတာ။ လုယက္သူက အငွားယာဥ္ေပၚ တက္ေျပးေပမယ့္ အမ်ိဳးသမီးရဲ႕ ေအာ္သံၾကားလို႔ ကားသမားက မေမာင္းဘဲ တံခါးေလာ့ခ် ထားလိုက္တယ္။ လုယက္သူက ကားထဲမွာ လုထားတဲ့ ေငြစကၠဴေတြ ၿမိဳခ်ရာက လည္ပင္းမွာ ဆို႔ေနၿပီး စကား ေျပာမရ ျဖစ္ေနလို႔ ေဆး႐ံုတင္ ထားရတယ္”ဟု ၎က ဆက္လက္ ေျပာၾကားသည္။
လုယက္မႈ က်ဴးလြန္သူကို ရန္ကုန္ ျပည္သူ႔ေဆး႐ံုႀကီးသုိ႔ တင္ပို႔၍ ဓာတ္မွန္႐ိုက္ စစ္ေဆးရာ ဝမ္းဗိုက္အတြင္း လုယူထားသည့္ ေငြစကၠဴေရာရာ က်ပ္ ၉၅၀၀၀ ေတြ႔ရွိခဲ့ၿပီး ၎ကို ျပစ္မႈပုဒ္မ ၃၈၂ ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း လသာၿမိဳ႕မရဲစခန္းထံမွ သိရသည္။
The Voice
.....
ရန်ကုန်မြို့လယ်ခေါင် လူမြင်ကွင်းတွင် အမျိုးသမီးထံမှ ငွေများလုယူပြီး
မြိုချဖျောက်ဖျက်သူ စကားမပြောနိုင်၍ ရန်ကုန်ဆေးရုံတင်ပို့
Monday. June 27. 2016
ရန်ကုန်မြို့လယ်ခေါင် လူမြင်ကွင်းတွင် အမျိုးသမီးထံမှ ငွေများလုယူပြီး ဝမ်းဗိုက်အတွင်း မြိုချ ဖျောက်ဖျက်သော အသက် ၃၀ အရွယ် အမျိုးသားမှာ ငွေစက္ကူများ လည်ချောင်းတွင် တစ်ဆို့ကာ စကားပြောဆိုနိုင်ခြင်း မရှိသောကြောင့် ဇွန်လ ၂၆ ရက်က ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း လမ်းမတော် မြို့မရဲစခန်းထံမှ သိရသည်။
.
ယင်းလုယက်မှု ကျူးလွန်သူ အမျိုးသားမှာ ဇွန်လ ၂၆ ရက် နံနက် ၉ နာရီခွဲက အနော်ရထာလမ်းနှင့် ၁၈ လမ်းထောင့်တွင် လမ်းလျှောက်လာသည့် အသက် ၄၉ နှစ်အရွယ် အမျိုးသမီး၏ လက်ထဲမှ ငွေထည့်ထားသည့် ကြွပ်ကြွပ်အိတ်ကို ဆွဲလုယူပြေးစဉ် ဝိုင်းဖမ်း ခံရသောကြောင့် ငွေစက္ကူများ လိပ်၍ ပါးစပ်ထဲထည့် မြိုချခဲ့ကြောင်း လသာမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
.
“ငွေတွေ လုယက်ခံရတဲ့ အမျိုးသမီးက နယ်ကနေ ရန်ကုန်ဆေးရုံမှာ ဆေးလာကုတဲ့ လူနာစောင့်ပါ။ ၁၈ လမ်းထိပ်က ဆေးဆိုင်မှာ ဆေးဝယ်ပြီး ပြန်လာချိန် လုယက်ခံရတာ။ လုယက်သူက အငှားယာဉ်ပေါ် တက်ပြေးပေမယ့် အမျိုးသမီးရဲ့ အော်သံကြားလို့ ကားသမားက မမောင်းဘဲ တံခါးလော့ချ ထားလိုက်တယ်။ လုယက်သူက ကားထဲမှာ လုထားတဲ့ ငွေစက္ကူတွေ မြိုချရာက လည်ပင်းမှာ ဆို့နေပြီး စကား ပြောမရ ဖြစ်နေလို့ ဆေးရုံတင် ထားရတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
လုယက်မှု ကျူးလွန်သူကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့၍ ဓာတ်မှန်ရိုက် စစ်ဆေးရာ ဝမ်းဗိုက်အတွင်း လုယူထားသည့် ငွေစက္ကူရောရာ ကျပ် ၉၅၀၀၀ တွေ့ရှိခဲ့ပြီး ၎င်းကို ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း လသာမြို့မရဲစခန်းထံမှ သိရသည်။
The Voice

No comments:

Post a Comment