CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, June 21, 2016
ခရီးသည္တင္ယာဥ္လိုင္းေတြကို အမ်ားပိုင္ယာဥ္လိုင္းစနစ္အျဖစ္ စက္တင္ဘာမွာ စတင္ေျပာင္းလဲမည္
ရန္ကုန္ၿမိဳ႕တြင္းေျပးဆြဲေနတဲ့ ခရီးသည္တင္ယာဥ္လိုင္းေတြကို အမ်ားပိုင္ယာဥ္လိုင္းစနစ္အျဖစ္ စက္တင္ဘာလ မွာစတင္ေျပာင္းလဲမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာၾကားလိုက္တယ္လို႔ သိရပါတယ္။
ဇြန္လ (၁၉)ရက္ေန႔က ခရီးသည္တင္ယာဥ္ပိုင္ရွင္ေတြ နဲ႔ေတြ႔ဆံုစဥ္ေျပာၾကားလိုက္တာျဖစ္တယ္လို႔ ေတြ႔ဆံုပြဲကို တက္ေရာက္ခဲ့တဲ့ ယာဥ္ပိုင္ရွင္ တစ္ဦးျဖစ္သူ ကိုတရုတ္ေလးက 5plus ကိုေျပာပါတယ္။
အမ်ားပိုင္ယာဥ္လိုင္း ကုမၸဏီေတြကိုတာ၀န္ယူမႈတာ၀န္ခံမႈနဲ႔ လုပ္ကိုင္ေစမွာျဖစ္သလို နဂိုစနစ္အတိုင္းသြားခ်င္တဲ့ ယာဥ္ပိုင္ရွင္ေတြကို လည္း အတင္းအက်ပ္ဖိအားမေပးပဲ အစိုးရအေနနဲ႔ ကူညီေဆာင္ရြက္ေပး သြားမယ္လို႔ ၀န္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ေၾကာင္း ကိုတရုတ္ေလးက ဆိုပါတယ္။
ဒါ့အျပင္ ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေနတဲ့ ခရီးသည္ တင္ယာဥ္ေတြနဲ႔ တက္စီယာဥ္ေတြကို စီမံခန္႔ခြဲႏိုင္ဖို႔ သယ္ယူပို႔ေဆာင္ေရးအာဏာပိုင္အဖြဲ႔ ဖြဲ႔စည္းဖို႔ စီစဥ္ေနၿပီး လက္ရွိရွိေနတဲ့ ေမာ္ေတာ္ယာဥ္လုပ္ငန္းေပါင္းစံု ထိန္းသိမ္းေရးႀကီးၾကပ္မႈေကာ္မတီ (မ.ထ.သ) ကိုေတာ့ ဖ်က္သိမ္းမယ့္ သေဘာမ်ိဳး ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။
ရန္ကုန္ၿမိဳ႕တြင္းသြားလာေနတဲ့ ယာဥ္ေတြကို ေစာင့္ၾကည့္ ထိန္းခ်ဳပ္မယ့္ control center ကိုလည္း ေဖာ္ေဆာင္ေနၿပီး ၾသဂုတ္လအတြင္း ၿပီးစီးမယ္လို႔ ဆိုခဲ့ေၾကာင္း သိရပါတယ္။
ဒါ့အျပင္ ယာဥ္လုပ္သားေတြအၾကားအခက္အခဲျဖစ္ေနတဲ့ လိုင္စင္အနီအနက္ သတ္မွတ္ထားတဲ့ ကိစၥနဲ႔ပတ္သက္ၿပီးေတာ့လည္း ယာဥ္ႀကီးေမာင္းက်ြမ္းက်င္မႈဆိုင္ရာနဲ႔ ခရီးသည္တင္၀န္ေဆာင္မႈ သင္တန္းေတြေပးႏိုင္ဖို႔ စီစဥ္ေဆာင္ရြက္ေနၿပီး အဲဒီသင္တန္းဆင္း သူေတြအေနနဲ႔ ဘယ္လိုင္စင္ကိုင္ထား သူျဖစ္ေစခရီးသည္တင္ယာဥ္ေတြ ကို ေမာင္းႏွင္ခြင့္ရွိမယ္လို႔လည္း ၀န္ႀကီးခ်ဳပ္က ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။
5 Plus News
https://www.facebook.com/5plusnews
.......
ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကို အများပိုင်ယာဉ်လိုင်းစနစ်အဖြစ် စက်တင်ဘာလ မှာစတင်ပြောင်းလဲမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်တယ်လို့ သိရပါတယ်။
ဇွန်လ (၁၉)ရက်နေ့က ခရီးသည်တင်ယာဉ်ပိုင်ရှင်တွေ နဲ့တွေ့ဆုံစဉ်ပြောကြားလိုက်တာဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ယာဉ်ပိုင်ရှင် တစ်ဦးဖြစ်သူ ကိုတရုတ်လေးက 5plus ကိုပြောပါတယ်။
အများပိုင်ယာဉ်လိုင်း ကုမ္ပဏီတွေကိုတာဝန်ယူမှုတာဝန်ခံမှုနဲ့ လုပ်ကိုင်စေမှာဖြစ်သလို နဂိုစနစ်အတိုင်းသွားချင်တဲ့ ယာဉ်ပိုင်ရှင်တွေကို လည်း အတင်းအကျပ်ဖိအားမပေးပဲ အစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေး သွားမယ်လို့ ၀န်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ကိုတရုတ်လေးက ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ခရီးသည် တင်ယာဉ်တွေနဲ့ တက်စီယာဉ်တွေကို စီမံခန့်ခွဲနိုင်ဖို့ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ ဖွဲ့စည်းဖို့ စီစဉ်နေပြီး လက်ရှိရှိနေတဲ့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ (မ.ထ.သ) ကိုတော့ ဖျက်သိမ်းမယ့် သဘောမျိုး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့တွင်းသွားလာနေတဲ့ ယာဉ်တွေကို စောင့်ကြည့် ထိန်းချုပ်မယ့် control center ကိုလည်း ဖော်ဆောင်နေပြီး သြဂုတ်လအတွင်း ပြီးစီးမယ်လို့ ဆိုခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ယာဉ်လုပ်သားတွေအကြားအခက်အခဲဖြစ်နေတဲ့ လိုင်စင်အနီအနက် သတ်မှတ်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ယာဉ်ကြီးမောင်းကျွမ်းကျင်မှုဆိုင်ရာနဲ့ ခရီးသည်တင်ဝန်ဆောင်မှု သင်တန်းတွေပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပြီး အဲဒီသင်တန်းဆင်း သူတွေအနေနဲ့ ဘယ်လိုင်စင်ကိုင်ထား သူဖြစ်စေခရီးသည်တင်ယာဉ်တွေ ကို မောင်းနှင်ခွင့်ရှိမယ်လို့လည်း ၀န်ကြီးချုပ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
5 Plus News
https://www.facebook.com/5plusnews
ခရီးသည္တင္ယာဥ္လိုင္းေတြကို အမ်ားပိုင္ယာဥ္လိုင္းစနစ္အျဖစ္ စက္တင္ဘာမွာ စတင္ေျပာင္းလဲမည္
Reviewed by MP4 YoU
on
June 21, 2016
Rating: 5
Reviewed by MP4 YoU
on
June 21, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment