Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 21, 2016

ရခိုင္ျပည္နယ္က မြတ္စလင္ အသိုင္းအဝိုင္းလို႔ သံုးရန္ညႊန္ၾကားထား

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ ေအာင္မဂၤလာရပ္ကြက္မွာေနထိုင္တဲ့ မြတ္စလင္ လူဦးေရစာရင္းကို ျပည္နယ္အစိုးရက ေမလ ၂၂ ရက္ေန႔က ေကာက္ခံခဲ့စဥ္။ Photo: Min Thein Aung
ကုလသမဂၢရဲ့ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္ေရးအထူးကိုယ္စားလွယ္ Yanghee Lee ရဲ့ ျမန္မာျပည္ ခရီးစဥ္အတြင္း သတင္းထုတ္ျပန္ရာမွာ ရခိုင္ျပည္နယ္က မြတ္စလင္ အသိုင္းအဝိုင္းလို႔သာ သံုးႏႈန္းေဖာ္ျပဖို႔ အစိုးရပိုင္ မီဒီယာေတြ ကို ျပန္ၾကားေရးဝန္ႀကီးဌာနက ညႊန္ၾကားထားပါတယ္။

ဆြစ္ဇလန္ႏိုင္ငံ၊ ဂ်နီဗာၿမိဳ႕မွာက်င္းပေနတဲ့ ၃၂ ႀကိမ္ေျမာက္ ကုလသမဂၢ လူ႔အခြင့္အေရးညီလာခံမွာ ျမန္မာအစိုးရ ကိုယ္စားလွယ္ တင္ျပတဲ့အတိုင္း သံုးႏွဳန္းဖို႔ ညႊန္ၾကားထားတာျဖစ္တယ္လို႔ ျပန္ၾကားေရးဝန္ႀကီးဌာန ဒုတိယ အၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးျမင့္ေမာင္က ေျပာပါတယ္။

အဲ့ဒီလိုသံုးႏႈန္းဖို႔ မသတ္မွတ္ခင္ ရခိုင္ျပည္နယ္က အစၥလာမ္ ဘာသာဝင္မ်ားဆိုၿပီး သံုးႏႈန္းဖို႔ စဥ္းစားခ်က္ေတြ ရွိခဲ့ေပမယ့္ ေနာက္ဆံုးမွာ ကုလသမဂၢ လူ႔အခြင့္ေရး ညီလာခံမွာ တင္ျပခဲ့တဲ့အတိုင္းသာ သံုးႏႈန္းဖို႔ ဆံုးျဖတ္ ခ့ဲၾကတာျဖစ္တယ္လို႔လည္း ဦးမ်ိဳးျမင့္ေမာင္က ေျပာပါတယ္။

ျပန္ၾကားေရးဝန္ႀကီးဌာနရဲ့ ညႊန္ၾကားခ်က္ကို အစိုးရပိုင္မီဒီယာလုပ္ငန္းေတြျဖစ္တဲ့ ျမန္မာ့အသံနဲ႔ ရုပ္ျမင္သံၾကား ၊ ျပန္ၾကားေရးနဲ႔ ျပည္သူ႕ဆက္ဆံေရး ဦးစီးဌာနနဲ႔ သတင္းနဲ႔ စာနယ္ဇင္းလုပ္ငန္းေတြထံ အေၾကာင္းၾကားစာ ေပး ပို႔ထားတာျဖစ္ပါတယ္။

ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Ms.Yanghee Lee ဟာ အခုလ ၁၉ ရက္ေန႔က ျမန္မာႏိုင္ငံ ကိုေရာက္ရွိေနတာျဖစ္ၿပီး ဇူလိုင္လ ၁ ရက္ေန႔မွာ ျမန္မာႏိုင္ငံကေန ျပန္လည္ထြက္ခြာမွာ ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
...........

ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ မွတ်စလင် လူဦးရေစာရင်းကို ပြည်နယ်အစိုးရက မေလ ၂၂ ရက်နေ့က ကောက်ခံခဲ့စဉ်။ Photo: Min Thein Aung
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးအထူးကိုယ်စားလှယ် Yanghee Lee ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း သတင်းထုတ်ပြန်ရာမှာ ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်းလို့သာ သုံးနှုန်းဖော်ပြဖို့ အစိုးရပိုင် မီဒီယာတွေ ကို ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့မှာကျင်းပနေတဲ့ ၃၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ် တင်ပြတဲ့အတိုင်း သုံးနှုန်းဖို့ ညွှန်ကြားထားတာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ပြောပါတယ်။

အဲ့ဒီလိုသုံးနှုန်းဖို့ မသတ်မှတ်ခင် ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင်များဆိုပြီး သုံးနှုန်းဖို့ စဉ်းစားချက်တွေ ရှိခဲ့ပေမယ့် နောက်ဆုံးမှာ ကုလသမဂ္ဂ လူ့အခွင့်ရေး ညီလာခံမှာ တင်ပြခဲ့တဲ့အတိုင်းသာ သုံးနှုန်းဖို့ ဆုံးဖြတ် ခဲ့ကြတာဖြစ်တယ်လို့လည်း ဦးမျိုးမြင့်မောင်က ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို အစိုးရပိုင်မီဒီယာလုပ်ငန်းတွေဖြစ်တဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနဲ့ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းတွေထံ အကြောင်းကြားစာ ပေး ပို့ထားတာဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ အခုလ ၁၉ ရက်နေ့က မြန်မာနိုင်ငံ ကိုရောက်ရှိနေတာဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့မှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment