CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, June 21, 2016
ေသနတ္လုယက္သူ ေသဆံုးမႈနဲ႔ပတ္သက္ၿပီး ပစ္ခတ္သူ တပ္မေတာ္သားကို အမႈဖြင့္
တပ္မေတာ္သားတစ္ဦးဆီကေန ေသနတ္လုယက္တဲ႔ ေက်ာင္းသားတစ္ဦး ေသနတ္က်ည္ဆံ ထိမွန္ေသဆံုးမႈတစ္ခု ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕မွာ ဇြန္လ(၂၀)ရက္ညပိုင္းက ျဖစ္ပြားခဲ႔တယ္လို႔ ျမစ္ႀကီးနားၿမိဳ႕မရဲစခန္းရဲ႕အမႈမွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။
ျဖစ္စဥ္ကေတာ့ ဗလမင္းထင္တံတားမွာ အမွတ္(၇၂၇) ေထာက္ပံ့ႏွင့္ ပို႔ေဆာင္ေရးတပ္ ဒုတပ္ၾကပ္တစ္ဦးနဲ႔ ကိုယ္ပိုင္အမွတ္ (တ/ ၅၁၁၅၆၈) တပ္သားေမာင္ေမာင္တို႔ လံုၿခံဳေရး တာ၀န္ထမ္းေဆာင္ေနစဥ္ အမ်ိဳးသမီးႏွစ္ဦးနဲ႔ အမ်ိဳးသားႏွစ္ဦးတို႔ ဆိုင္ကယ္တစ္စီးနဲ႔ ေရာက္ရွိလာၿပီး လူ(၈)ဦးက လိုက္လံေႏွာင့္ယွက္ေန တာေၾကာင့္ ၿမိဳ႕ထဲသို႔ လိုက္ပို႔ေပးဖို႔ အကူအညီေတာင္းခံခဲ့ရာ အထက္အရာရွိရဲ႕ တာ၀န္ေပးခ်က္အရ လိုက္လံပို႔ေဆာင္ေပးခဲ႔တယ္လို႔ဆိုပါတယ္။
အဲ႔ဒီလိုပို႔ေဆာင္ေပးစဥ္ သီတာရပ္ကြက္၊ သီတာလမ္းသြယ္ အေရာက္မွာ လူငယ္ (၈)ဦးခန္႔က စစ္သည္ႏွစ္ဦးကို ၀ိုင္း၀န္းထိုးႀကိတ္ၿပီး တပ္သားေမာင္ေမာင္လြယ္ထားနဲ႔ ေသနတ္ကို လုယူခဲ့ၾကရာကေန တပ္သားေမာင္ေမာင္ပစ္ေဖာက္လိုက္တဲ့ ေသနတ္က်ည္ဆံဟာ ျမစ္ႀကီးနားၿမိဳ႕၊ ကၽြန္းပင္သာရပ္ကြက္ေန ေမာင္ဂြမ္ဆိုင္းေအာင္ရဲ႕၀ဲဘက္ညွပ္ရိုးကို က်ည္ဆန္ထိမွန္ေသဆံုးခဲ႔တယ္လို႔ ဆိုပါတယ္။
ေသဆံုးသူဟာ ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသားတစ္ဦးျဖစ္ၿပီး မေက်နပ္သူတခ်ိဳ႕က ဇြန္လ(၂၁)ရက္ေန႕လည္ပိုင္းမွာ ဆႏၵထုတ္ေဖာ္ခဲ့ၾကတယ္လို႔လည္း ျမစ္ႀကီးနားေဒသခံတစ္ဦးကေျပာပါတယ္။
5 Plus News
https://www.facebook.com/5plusnews
.......
တပ်မတော်သားတစ်ဦးဆီကနေ သေနတ်လုယက်တဲ့ ကျောင်းသားတစ်ဦး သေနတ်ကျည်ဆံ ထိမှန်သေဆုံးမှုတစ်ခု ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဇွန်လ(၂၀)ရက်ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့မရဲစခန်းရဲ့အမှုမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ဖြစ်စဉ်ကတော့ ဗလမင်းထင်တံတားမှာ အမှတ်(၇၂၇) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ် ဒုတပ်ကြပ်တစ်ဦးနဲ့ ကိုယ်ပိုင်အမှတ် (တ/ ၅၁၁၅၆၈) တပ်သားမောင်မောင်တို့ လုံခြုံရေး တာဝန်ထမ်းဆောင်နေစဉ် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦးတို့ ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာပြီး လူ(၈)ဦးက လိုက်လံနှောင့်ယှက်နေ တာကြောင့် မြို့ထဲသို့ လိုက်ပို့ပေးဖို့ အကူအညီတောင်းခံခဲ့ရာ အထက်အရာရှိရဲ့ တာဝန်ပေးချက်အရ လိုက်လံပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒီလိုပို့ဆောင်ပေးစဉ် သီတာရပ်ကွက်၊ သီတာလမ်းသွယ် အရောက်မှာ လူငယ် (၈)ဦးခန့်က စစ်သည်နှစ်ဦးကို ၀ိုင်းဝန်းထိုးကြိတ်ပြီး တပ်သားမောင်မောင်လွယ်ထားနဲ့ သေနတ်ကို လုယူခဲ့ကြရာကနေ တပ်သားမောင်မောင်ပစ်ဖောက်လိုက်တဲ့ သေနတ်ကျည်ဆံဟာ မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်နေ မောင်ဂွမ်ဆိုင်းအောင်ရဲ့ဝဲဘက်ညှပ်ရိုးကို ကျည်ဆန်ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူဟာ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး မကျေနပ်သူတချို့က ဇွန်လ(၂၁)ရက်နေ့လည်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့လည်း မြစ်ကြီးနားဒေသခံတစ်ဦးကပြောပါတယ်။
5 Plus News
https://www.facebook.com/5plusnews
ေသနတ္လုယက္သူ ေသဆံုးမႈနဲ႔ပတ္သက္ၿပီး ပစ္ခတ္သူ တပ္မေတာ္သားကို အမႈဖြင့္
Reviewed by MP4 YoU
on
June 21, 2016
Rating: 5
Reviewed by MP4 YoU
on
June 21, 2016
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment