Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 27, 2016
အမျိုးသားများတစ်ကိုယ်ရေအာသာဖြေခြင်း၏ ကောင်းကျိုး၊ဆိုးကျိုးများ
အမျိုးသားများတစ်ကိုယ်ရေအာသာဖြေခြင်း၏ ကောင်းကျိုး၊ဆိုးကျိုးများ
ကောင်းကျိုးများ
(၁) ယောက်ျားပီသစေတယ်
READ
(၃) အသက်ရှည်စေတယ်
(၄) စိတ်ဖိအားနဲ့စိတ်ကျရောဂါကိုထိန်းချုပ်နိုင်တယ်
ဒီအလေ့ကျင့်ကြောင့် အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးလာပြီး ယောက်ျားစစ်စစ်စိတ်ကို ဖြစ်စေနိုင်
ဆိုးကျိုးများ
Shwemom
...............................................
အမျိုးသားများတစ်ကိုယ်ရေအာသာဖြေခြင်း၏ ကောင်းကျိုး၊ဆိုးကျိူးများ
By netsetaw - June 23, 2016
ကျန်းမာရေးအရ အရေးကြီးတဲ့ ဆောင်းပါးတွေ တင်ဆက်ပေးနေကျပုံစံအတိုင်း အခုလည်း Shwemom ကနေ အမျိုးသားများတစ်ကိုယ်ရေ အာသာဖြေခြင်း၏ကောင်းကျိုး၊ဆိုုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Sex Education ဖြစ်တဲ့အတွက် ပညာပေးလိုခြင်းသာ ရည်ရွယ်ပါတယ်။ အခြားခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ အခြေခံပညာကျောင်းများမှ စပြီး Sex Education ကို Course တစ်ခုအနေနဲ့ သင်ပေးပါတယ်။ မြန်မာတွေမှာ ဒါတွေ အရမ်းနောက်ကျနေခဲ့ပါပြီ။
ဒါကြောင့်မို့လည်း ကမ္ဘာ့ AIDS ကူးစက်လူနာအများဆုံးနိုင်ငံတွေထဲမှာ ပါ၀င်တာလို့ ယူဆမိပါတယ်။ ဒါကြောင့်
ဆေးပညာဗဟုသုတအတွက်သာ ရည်ရွယ်ခြင်းဖြစ်ပါတယ်။
ကောင်းကျိုးများ
(၁) ယောက်ျားပီသစေတယ်
အမျိုးသားတွေ တစ်ကိုယ်ရေအာသာဖြေခြင်းဟာ ယောက်ျားပီသမှုကို ဦးတည်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒီလို အလေ့အကျင့်ရှိတဲ့ အမျိုးသားတွေဟာ လိင်တူကိစ္စကို စိတ်ဝင်စားမှု နည်းသွားသလို၊ သဘာဝမဟုတ်သော လိင်ဆက်ဆံဘက်တွေကိုလည်း ရှောင်နိုင်ကြတယ်လို့ သိရပါတယ်။ ယောက်ျားတစ်ယောက်ကို ကျားကျားလျှားလျှား ဖြစ်စေတဲ့ အရာ ဖြစ်ပါတယ်။
(၂) မျိုးဗီဇကို အောင်စေတယ်/ကလေးကို ကျန်းမာစေတယ်
ပုံမှန်အားဖြင့် တစ်ကိုယ်ရေအာသာဖြေလေ့ရှိတဲ့ အမျိုးသားတွေဟာ မျိုးဗီဇအောင်မြင်နိုင်ချေမှာ သာမာန်ယောက်ျားထက် နှစ်ဆလောက် ပိုများတယ်လို့ 2003 ခုနှစ်က သြစတေးလျှလေ့လာမှုအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒီအလေ့အကျင့်ဟာ အသက်ရှင်ပြီးသား သုတ်ကောင်တွေကို (မမျိုးဥနဲ့ မတွေ့ခင်အချိန်ထိ အမျိုးသမီးရဲ့ ယောနိထဲမှာ) (၇)ရက်လောက်အထိ အသက်ရှင်စေနိုင်ပါတယ်။ ဒါ့အပြင် မွေးလာတဲ့ကလေးငယ်တွေမှာလည်း ခြေလက်အင်္ဂါစုံလင်ပြီး ဉာဏ်ပညာကြီးမားခြင်းကို ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။
READ
လင်မယားကိစ္စကိုကလေးတွေတွေ့သွားရင် လုပ်သင့်သည့်အရာများ
(၃) အသက်ရှည်စေတယ်
ဒီအလေ့အကျင့်ကို ပုံမှန်လုပ်ခဲ့သူတွေဟာ အနည်းဆုံး အသက်ခြောက်ဆယ်အထိ နေရပြီး၊ လူ့သက်တမ်းစေ့အောင် နေရတဲ့ သူတွေက များတယ်လို့ အထက်ပါ စစ်တမ်းမှာ ဆက်ပြီး ဖော်ပြထားပါတယ်။ နှလုံးကျန်းမာရေးနဲ့၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုလည်း အလိုလျှောက် တိုက်ဖြတ်ပေးနိုင်တဲ့ အလေ့အကျင့် ဖြစ်ပါတယ်-တဲ့။ (သို့သော် ချွင်းချက်အနေနဲ့ နှလုံးရောဂါအခံရှိသူများအတွက်တော့ သင့်တော်တဲ့အလေ့အကျင့် မဟုတ်ပါ။)
(၄) စိတ်ဖိအားနဲ့စိတ်ကျရောဂါကိုထိန်းချုပ်နို်င်တယ်
ဒီအလေ့ကျင့်ကြောင့် အမျိုးသားတွေဟာ ကိုယ့်ကို်ယ်ကို ယုံကြည်မှုတွေ တိုးလာပြီး ယောက်ျားစစ်စစ်စိတ်ကို ဖြစ်စေနိုင်
သလို စိတ်ဖိအားတွေကိုလည်း အလျှင်အမြန်တိုက်ခိုက်ပေးနိုင်တယ်လို့ သိရပါတယ်။ စိတ်ကျရောဂါ၊ စိတ်ကဆင့်ကလျှား
ဖြစ်ခြင်းကိုလည်း ရာနှုန်းပြည့် အကာအကွယ် ပေးနိုင်ပါတယ်။
(၅) ဆီးကြိတ်ကင်ဆာကို ကာကွယ်ပေးတယ်
အကောင်းမွန်ဆုံး အကျိုးကျေးဇူးကတော့ ဒီအလေ့အကျင့်ဟာ ဆီးကြိတ်ကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အထက်က ဖော်ပြခဲ့တဲ့ စစ်တမ်းမှာပင် တစ်ပတ်ကို ငါးကြိမ်အထိ အလေ့အကျင့်လုပ်တဲ့သူဟာ သာမာန်ယောက်ျားတွေထက် ဆီးကြိတ်ကင်ဆာရောဂါဖြစ်စေမှုကို သုံးဆပိုမို ကာကွယ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဆိုးကျိုးများ
(၁) အရွယ်မတိုင်မီ လိင်စိတ်ကုန်ခမ်းစေတယ်
တစ်ကိုယ်ရေအာသာဖြေမှု အကြိမ်ရေ များသလောက် အရွယ်မတိုင်မီ (အသက်အရွယ်ငယ်ရွယ်စဉ်မှာပင်) လိင်စိတ်ကုန်ခမ်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် အိမ်ထောက်ရှိရက်နဲ့ ဒီိကိစ္စကို ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင်လည်း အိမ်ထောင်ဘက်အပေါ်မှာ သာယာစိတ် နည်းပါးသွားနိုင်ပါတယ်။
(၂) ကျေနပ်နှစ်သိမ့်မှု လျှော့ပါးသွားနိုင်တယ်
တစ်ကိုယ်ရေအာသာဖြေခြင်းကို စွဲစွဲမြဲမြဲ ပြုလုပ်သူတွေမှာ ဆန့်ကျင်ဘက်နဲ့ ဆက်ဆံတဲ့အခါတိုင်း အားမလိုအားမရ ဖြစ်မှု၊ စိတ်မကျေနပ်မှု၊ စိတ်မပါမှုတွေ ဖြစ်ကာ ညည်းငွေ့လွယ်သွားတတ်ပါတယ်။ တစ်ခါတလေ ရသတ္တပတ်လောက် အနားယူထားတာတောင်မှ အိမ်ထောင်ဘက်အပေါ်ကို စိတ်မဝင်စားတာမျိုးတောင် ဖြစ်နိုင်ပါတယ်။
(၃) အားအင်ကုန်ခမ်းစေတယ်
တစ်ကိုယ်ရေအာသာဖြေခြင်းကြောင့် ခန္ဓာကိုယ်မှာ သဘာဝအတိုင်း ရှိနေတဲ့ အဆီဓာတ်နဲ့ ကယ်လိုရီဓာတ်တွေ လျှော့ပါး
ပြီး အားအင်ကုန်ခမ်း မောပန်းနွမ်းနယ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီအကျိုးဆက်က သည်ပင်လျှင် နောင်တစ်ချိန်မှာ လိင်စိတ်နည်းပါးခြင်း၊ လိင်စိတ်ကုန်ခမ်းခြင်းကို ဦးတည်စေတာ ဖြစ်ပါတယ်။
(၄) ဟိုမုန်းဓာတ်ထုတ်လုပ်မှုကို ထိခိုက်စေတယ်
လူတစ်ယောက်ရဲ့ ဖြစ်စဉ်တွေမှာ အဓိကအရေးပါတဲ့ ဟိုမုန်းဓာတ်ထုတ်လုပ်မှုကိုလည်း တစ်ကိုယ်ရေအာသာဖြေခြင်းက ထိခိုက်စေနိုင်ပါတယ်။ ဟိုမုန်းထုတ်လွှတ်မှု ထိခိုက်ခြင်းကြောင့် စိတ်ဖိအားဒဏ် မခံနိုင်ခြင်း၊ မပျော်ခြင်း၊ စိတ်ကယောက်ခြောက်ခြားဖြစ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Shwemom
No comments:
Post a Comment