Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 27, 2016

လင္မယားကိစၥကိုကေလးေတြေတြ႕သြားရင္ လုပ္သင့္သည့္အရာမ်ား

လင္မယားကိစၥကိုကေလးေတြေတြ႕သြားရင္ လုပ္သင့္သည့္အရာမ်ား

By Shwemom - May 24, 2016

ဒီလိုုမ်ိဳးအေျခအေနက ဘယ္လိုလင္မယားမွ ၾကံဳေတြ႕ခ်င္မွာမဟုတ္ပါဘူး။ ဒါေပမယ့္ တကယ့္တကယ္တမ္း မေတာ္တဆ
ၾကံဳေတြ႕ခဲ့ရင္ဘယ္လိုလုပ္မလဲ။ ကေလးဆိုတာ ႏုနယ္ေသးတယ္အရြယ္မလို႔ ပါးပါးနပ္နပ္နဲ႔ ကိုင္တြယ္တတ္ဖိုု႔လိုပါတယ္။
Shawnနဲ႔သူ႕ရဲ့ဇနီးတို႔ဟာ တစ္ေန႔မွာေတာ့ ဒီအျဖစ္အပ်က္ျဖစ္နဲ႔ ၾကံဳေတြ႕ခဲ့ရပါတယ္။ သူတိုု႔ရဲ့ ကုုတင္ေျခရင္းမွာ သူတို႔ရဲ့
၉ ႏွစ္အရြယ္သားငယ္ေလးက မတ္တတ္ရပ္ေနခဲ့ပါတယ္။ သူကေဒါသတၾကီးနဲ႔ သားငယ္ကို ေအာ္ဟစ္ခဲ့ပါတယ္။

ဒါဟာအေကာင္းဆံုးနည္းလမ္းမဟုုတ္မွန္းေနာက္ပိုင္းမွာ Shawnက ဝန္ခံခဲ့ပါတယ္။ ဒါဟာ Shawnတို႔မိသားစုမွာပဲ ျဖစ္
ပ်က္ခဲ့တာမဟုုတ္ပါဘူး။ တစ္ခါတုန္းက ကြ်န္ေတာ့္ဇနီးနဲ႔အတူေနေနစဥ္မွာ ကြ်န္ေတာ့္ရဲ့သမီးငယ္ေလးက အခန္းထဲကို
ဝင္လာခဲ့ပါတယ္ ကြ်န္ေတာ္တို႔လင္မယား၂ေယာက္က ရွက္ရွက္နဲ႔ နပမ္းလံုးေနေၾကာင္း သမီးငယ္ေလးကို ညာခဲ့ၾကပါ
တယ္။ ေတာ္ေသးတယ္ အဲ့ဒိတစ္ၾကိမ္ပဲ ျဖစ္ခဲ့လို႔ပါ။ ကြ်န္ေတာ္တို႔ေတြ ဒီလိုမိရင္ ဘယ္လိုလုပ္ၾကမလဲ။ ကေလးရဲ့စိတ္ခံ
စားခ်က္ကိုလည္း မထိခိုက္ဖို႔လိုပါတယ္။ေအာက္မွာေတာ့ လိမ္မာပါးနပ္တဲ့နည္းလမ္းမ်ားကိုေဖာ္ျပေပးလိုက္ပါတယ္။


(၁) တည္ျငိမ္ပါ။

ရုုတ္ရုတ္သဲသဲ ျဖစ္ျပီးေဒါသထြက္တာမ်ိဳးေတြ မျဖစ္ပါေစနဲ႔။ အကယ္၍ သင္ကေၾကာက္လန္႔ေနရင္ သင့္ကေလးကလည္း
သင္မဟုုတ္တာ တစ္ခုခုုလုုပ္ေနျပီလို႔ထင္တတ္ပါတယ္။ ခႏၶာကိုုယ္ေပၚကိုေတာ့ ေစာင္မ်ားနဲ႔ ကာထားပါ။ ျပီးရင္ ကေလးကိုျပံဳးျပပါ။

(၂) သူတို႔ဘာလုပ္မလဲ ေစာင့္ၾကည့္ပါ။

တစ္ခါတစ္ေလ ကေလးကအရမ္းငယ္ေနရင္ သင္တို႔ဘာလုပ္ေနမွန္းေတာင္သိမွာ မဟုတ္ပါဘူး။ သူ႕ဘာသာလွည့္ထြက္
သြားပါလိမ့္မယ္။ ဒါ့ေၾကာင့္ တစ္စံုတစ္ခု မတံု႕ျပန္မီ ကေလးဘယ္လုိတုန္႔ျပန္တယ္ဆိုတာကို အရင္ၾကည့္ပါ။ တစ္ခါတစ္ရံ
ကေလးက ဗိုက္ဆာလို႔တစ္ခုုခုလာေတာင္းတာလည္း ျဖစ္ခ်င္ျဖစ္ပါလိမ့္မယ္။

(၃) တစ္ခုခုုၾကံဖန္ေျပာပါ။

Sexဆိုတာ မသိသူကေလးရဲ့မ်က္စိထဲမွာ ၾကမ္းတမ္းမႈ၊ရန္လိုုမႈလိုု႔ထင္တတ္ပါတယ္။ ဒါ့ေၾကာင့္ကေလးကို သင္တိုု႔လင္
မယား၂ေယာက္ တစ္ေယာက္နဲ႔တစ္ေယာက္ စေနာက္ေနၾကတာျဖစ္ေၾကာင္း ရွင္းျပပါ။ ရန္ျဖစ္ေနတာမဟုတ္ဘူးဆိုတာ
ကေလးသိပါေစ။ အေဖျဖစ္သူက အေမျဖစ္သူကို ကလိထုိးျပီးစေနာက္ေနေၾကာင္းလည္း ေျပာလို႔ရပါတယ္။

(၄) ဘာ့ေၾကာင့္အဝတ္မပါျဖစ္ေနလဲ ရွင္းျပပါ(အကယ္၍ ကေလးျမင္သြားခဲ့ရင္)

ကေလးဝင္လာတဲ့အခ်ိန္မွာ ကေလးက သင္တိုု႔ကို အဝတ္မပါပဲျမင္သြားတယ္ဆိုရင္ ကေလးက အျမဲစပ္စုတတ္ပါတယ္။
ဒါ့ေၾကာင့္ ကေလးကို ပါးပါးနပ္နပ္နဲ႔ အေျဖျပန္ေပးပါ။ ဥပမာ “သားေဖေဖက ကလိထိုးျပီးေတာ့ ေရခ်ိဳးေတာ့မယ္လုပ္ေန
တာေလ”ဆိုျပီး ျပဳံးျပီးေျပာပါ။

(၅) ေစာင့္ၾကည့္ပါ။

အကယ္၍ သင့္ကေလးက အရြယ္ေရာက္ျပီးသားဆိုရင္ သင္တို႔ဘာလုုပ္ေနလဲ သူသိပါတယ္။ သင္ရွက္သလိုု၊သူလည္း
ရွက္ပါတယ္။ ဒီလိုုအေျခအေနမ်ိဳးမွာေတာ့ ညာဖို႔ မၾကိဳးစားပါနဲ႔။ ေနာက္တစ္ေန႔မွာ ေအးေအးေဆးေဆးထိုင္ျပီး တိုတို
တုတ္တုတ္ရွင္းျပပါ။ Sexဆိုတာ အခ်င္းခ်င္းခ်စ္တဲ့ အရြယ္ေရာက္ျပီးသားလူ၂ေယာက္လုပ္ေလ့ရွိတဲ့အရာျဖစ္ေၾကာင္း
ရွင္းပျပါတယ္။ ျပီးရင္ေတာ့ အျခားအေၾကာင္းအရာကို စကားလမ္းေၾကာင္းလႊဲလိုုက္ပါ။

(၆) တံခါးေသခ်ာပိတ္ပါ။

ဒီိလိုအျဖစ္အပ်က္မ်ိဳးဟာ မျဖစ္တာအေကာင္းဆံုးပါပဲ။ ဒါ့ေၾကာင့္ ကေလးေတြေရွ႕မွာ မျဖစ္ေအာင္ အျမဲဂရုျပဳပါ။

Corey Levitan၏ေဆာင္းပါးကို Shwemom မွဘာသာျပန္ေဖာ္ျပသည္။

 Source: mensheatlh

..................................................................

လင်မယားကိစ္စကိုကလေးတွေတွေ့သွားရင် လုပ်သင့်သည့်အရာများ
By Shwemom - May 24, 2016

ဒီလိုုမျိုးအခြေအနေက ဘယ်လိုလင်မယားမှ ကြုံတွေ့ချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် တကယ့်တကယ်တမ်း မတော်တဆ
ကြံုတွေ့ခဲ့ရင်ဘယ်လိုလုပ်မလဲ။ ကလေးဆိုတာ နုနယ်သေးတယ်အရွယ်မလို့ ပါးပါးနပ်နပ်နဲ့ ကိုင်တွယ်တတ်ဖိုု့လိုပါတယ်။
Shawnနဲ့သူ့ရဲ့ဇနီးတို့ဟာ တစ်နေ့မှာတော့ ဒီအဖြစ်အပျက်ဖြစ်နဲ့ ကြံုတွေ့ခဲ့ရပါတယ်။ သူတိုု့ရဲ့ ကုုတင်ခြေရင်းမှာ သူတို့ရဲ့
၉ နှစ်အရွယ်သားငယ်လေးက မတ်တတ်ရပ်နေခဲ့ပါတယ်။ သူကဒေါသတကြီးနဲ့ သားငယ်ကို အော်ဟစ်ခဲ့ပါတယ်။

ဒါဟာအကောင်းဆုံးနည်းလမ်းမဟုုတ်မှန်းနောက်ပိုင်းမှာ Shawnက ဝန်ခံခဲ့ပါတယ်။ ဒါဟာ Shawnတို့မိသားစုမှာပဲ ဖြစ်
ပျက်ခဲ့တာမဟုုတ်ပါဘူး။ တစ်ခါတုန်းက ကျွန်တော့်ဇနီးနဲ့အတူနေနေစဉ်မှာ ကျွန်တော့်ရဲ့သမီးငယ်လေးက အခန်းထဲကို
ဝင်လာခဲ့ပါတယ် ကျွန်တော်တို့လင်မယား၂ယောက်က ရှက်ရှက်နဲ့ နပမ်းလုံးနေကြောင်း သမီးငယ်လေးကို ညာခဲ့ကြပါ
တယ်။ တော်သေးတယ် အဲ့ဒိတစ်ကြိမ်ပဲ ဖြစ်ခဲ့လို့ပါ။ ကျွန်တော်တို့တွေ ဒီလိုမိရင် ဘယ်လိုလုပ်ကြမလဲ။ ကလေးရဲ့စိတ်ခံ
စားချက်ကိုလည်း မထိခိုက်ဖို့လိုပါတယ်။အောက်မှာတော့ လိမ်မာပါးနပ်တဲ့နည်းလမ်းများကိုဖော်ပြပေးလိုက်ပါတယ်။


(၁) တည်ငြိမ်ပါ။

ရုုတ်ရုတ်သဲသဲ ဖြစ်ပြီးဒေါသထွက်တာမျိုးတွေ မဖြစ်ပါစေနဲ့။ အကယ်၍ သင်ကကြောက်လန့်နေရင် သင့်ကလေးကလည်း
သင်မဟုုတ်တာ တစ်ခုခုုလုုပ်နေပြီလို့ထင်တတ်ပါတယ်။ ခန္ဓာကိုုယ်ပေါ်ကိုတော့ စောင်များနဲ့ ကာထားပါ။ ပြီးရင် ကလေးကိုပြံုးပြပါ။

(၂) သူတို့ဘာလုပ်မလဲ စောင့်ကြည့်ပါ။

တစ်ခါတစ်လေ ကလေးကအရမ်းငယ်နေရင် သင်တို့ဘာလုပ်နေမှန်းတောင်သိမှာ မဟုတ်ပါဘူး။ သူ့ဘာသာလှည့်ထွက်
သွားပါလိမ့်မယ်။ ဒါ့ကြောင့် တစ်စုံတစ်ခု မတုံ့ပြန်မီ ကလေးဘယ်လိုတုန့်ပြန်တယ်ဆိုတာကို အရင်ကြည့်ပါ။ တစ်ခါတစ်ရံ
ကလေးက ဗိုက်ဆာလို့တစ်ခုုခုလာတောင်းတာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

(၃) တစ်ခုခုုကြံဖန်ပြောပါ။

Sexဆိုတာ မသိသူကလေးရဲ့မျက်စိထဲမှာ ကြမ်းတမ်းမှု၊ရန်လိုုမှုလိုု့ထင်တတ်ပါတယ်။ ဒါ့ကြောင့်ကလေးကို သင်တိုု့လင်
မယား၂ယောက် တစ်ယောက်နဲ့တစ်ယောက် စနောက်နေကြတာဖြစ်ကြောင်း ရှင်းပြပါ။ ရန်ဖြစ်နေတာမဟုတ်ဘူးဆိုတာ
ကလေးသိပါစေ။ အဖေဖြစ်သူက အမေဖြစ်သူကို ကလိထိုးပြီးစနောက်နေကြောင်းလည်း ပြောလို့ရပါတယ်။

(၄) ဘာ့ကြောင့်အဝတ်မပါဖြစ်နေလဲ ရှင်းပြပါ(အကယ်၍ ကလေးမြင်သွားခဲ့ရင်)

ကလေးဝင်လာတဲ့အချိန်မှာ ကလေးက သင်တိုု့ကို အဝတ်မပါပဲမြင်သွားတယ်ဆိုရင် ကလေးက အမြဲစပ်စုတတ်ပါတယ်။
ဒါ့ကြောင့် ကလေးကို ပါးပါးနပ်နပ်နဲ့ အဖြေပြန်ပေးပါ။ ဥပမာ “သားဖေဖေက ကလိထိုးပြီးတော့ ရေချိုးတော့မယ်လုပ်နေ
တာလေ”ဆိုပြီး ပြုံးပြီးပြောပါ။

(၅) စောင့်ကြည့်ပါ။

အကယ်၍ သင့်ကလေးက အရွယ်ရောက်ပြီးသားဆိုရင် သင်တို့ဘာလုုပ်နေလဲ သူသိပါတယ်။ သင်ရှက်သလိုု၊သူလည်း
ရှက်ပါတယ်။ ဒီလိုုအခြေအနေမျိုးမှာတော့ ညာဖို့ မကြိုးစားပါနဲ့။ နောက်တစ်နေ့မှာ အေးအေးဆေးဆေးထိုင်ပြီး တိုတို
တုတ်တုတ်ရှင်းပြပါ။ Sexဆိုတာ အချင်းချင်းချစ်တဲ့ အရွယ်ရောက်ပြီးသားလူ၂ယောက်လုပ်လေ့ရှိတဲ့အရာဖြစ်ကြောင်း
ရှင်းပပြါတယ်။ ပြီးရင်တော့ အခြားအကြောင်းအရာကို စကားလမ်းကြောင်းလွှဲလိုုက်ပါ။

(၆) တံခါးသေချာပိတ်ပါ။

ဒီိလိုအဖြစ်အပျက်မျိုးဟာ မဖြစ်တာအကောင်းဆုံးပါပဲ။ ဒါ့ကြောင့် ကလေးတွေရှေ့မှာ မဖြစ်အောင် အမြဲဂရုပြုပါ။

Corey Levitan၏ဆောင်းပါးကို Shwemom မှဘာသာပြန်ဖော်ပြသည်။ Source: mensheatlh

No comments:

Post a Comment