Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 27, 2016

ကမ္းေျခကSelfieသမားေတြေၾကာင့္ ေသလုေမ်ာပါးျဖစ္ခဲ့ရတဲ့လိပ္ၾကီး

ကမ္းေျခကSelfieသမားေတြေၾကာင့္ ေသလုေမ်ာပါးျဖစ္ခဲ့ရတဲ့လိပ္ၾကီး


By Shwemom - June 27, 2016

လိပ္ၾကီးတစ္ေကာင္ဟာ လက္ဘႏြန္ႏိုုင္ငံက ကမ္းေျခတစ္ခုမွာ ပင္လယ္ထဲကေန ကုန္းေပၚကို လူေတြရဲ့ ဆြဲတင္ျခင္းကို ခံခဲ့ရပါတယ္။ ဒါ့အျပင္
ထိုလိပ္ၾကီးနဲ႔ Selfieရိုက္ျခင္း လိပ္ေက်ာကုန္းေပၚတြင္ တက္၍ခုန္ျခင္း စသည္တို႔ျပဳလုပ္ခဲ့တာ
ေၾကာင့္ လိပ္ၾကီးဟာ ေသလုေမ်ာပါးျဖစ္ခဲ့ရပါတယ္။

ဒီအျဖစ္အပ်က္ဟာ ကမာၻလိပ္ေန႔မတိုင္မီမွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ လက္ဘႏြန္ႏိုင္ငံ Havana ကမ္းေျခမွာ ကမာၻ
လွည့္ခရီးသြားေတြဟာ ဒီလိပ္ၾကီးကို ပင္လယ္ထဲကေန ဆြဲတင္ခဲ့တာျဖစ္ပါတယ္။ ပံုုတစ္ပံုုမွာေတာ့ ေယာက္်ားတစ္ဦး
ဟာ လိပ္ၾကီးနဲ႔ selfieရိုက္ဖို႔ၾကိဳးစားေနတာကိုေတြ႕ရပါတယ္။

လက္ဘႏြန္နိုုင္ငံက တိရစာၦန္ကာကြယ္ေရးအဖြဲ႕ကေတာ့ ဗီဒီယိုဖိုင္ကိုတင္ခဲ့ျပီး “Selfie အတြက္ေသလုေျမာပါးျဖစ္ရ
တယ္တဲ့လား?”လို႔ ဂရုဏာသက္စြာေရးခဲ့ပါတယ္။ “ဒီလိပ္ၾကီးဟာ ပင္လယ္ထဲကေန ဆြဲတင္ခံခဲ့ရပါတယ္။ လူေတြက
Selfieရိုက္ဖို႔ၾကိဳးစားခဲ့တာပါ။ လက္ဘနြန္တိရစာၦန္ကာကြယ္ေရးအဖြဲ႕ကေတာ့ ဒီလိပ္ၾကီးမေသဖို႔ ကူညီေပးေနၾကပါ
တယ္။ အခုေလာေလာဆယ္ေတာ့ ေဆးကုသေနပါတယ္။ ေခါင္းကိုလည္း ဓာတ္မွန္ရိုက္ထားပါတယ္။ ေခါင္းကေတာ့
ေတာ္ေတာ္ကိုထိသြားပါတယ္။ ေခါင္းရဲ့အတြင္းပိုင္းအထိ မထိသြားပါေစနဲ႔လို႔ပဲ ဆုေတာင္းရမွာပါ။ တိရစာၦန္ဆရာဝန္
ေတြနဲ႔ အေကာင္းဆံုးၾကိဳးစားေနပါတယ္။”လို႔ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာခဲ့ပါတယ္။ .

Source:thesun.co.uk


...........................................................

ကမ်းခြေကSelfieသမားတွေကြောင့် သေလုမျောပါးဖြစ်ခဲ့ရတဲ့လိပ်ကြီး
By Shwemom - June 27, 2016

လိပ်ကြီးတစ်ကောင်ဟာ လက်ဘနွန်နိုုင်ငံက ကမ်းခြေတစ်ခုမှာ ပင်လယ်ထဲကနေ ကုန်းပေါ်ကို လူတွေရဲ့ ဆွဲတင်ခြင်းကို ခံခဲ့ရပါတယ်။ ဒါ့အပြင်
ထိုလိပ်ကြီးနဲ့ Selfieရိုက်ခြင်း လိပ်ကျောကုန်းပေါ်တွင် တက်၍ခုန်ခြင်း စသည်တို့ပြုလုပ်ခဲ့တာ
ကြောင့် လိပ်ကြီးဟာ သေလုမျောပါးဖြစ်ခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ ကမ္ဘာလိပ်နေ့မတိုင်မီမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လက်ဘနွန်နိုင်ငံ Havana ကမ်းခြေမှာ ကမ္ဘာ
လှည့်ခရီးသွားတွေဟာ ဒီလိပ်ကြီးကို ပင်လယ်ထဲကနေ ဆွဲတင်ခဲ့တာဖြစ်ပါတယ်။ ပုုံတစ်ပုံုမှာတော့ ယောက်ျားတစ်ဦး
ဟာ လိပ်ကြီးနဲ့ selfieရိုက်ဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်။

လက်ဘနွန်နိုုင်ငံက တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့ကတော့ ဗီဒီယိုဖိုင်ကိုတင်ခဲ့ပြီး “Selfie အတွက်သေလုမြောပါးဖြစ်ရ
တယ်တဲ့လား?”လို့ ဂရုဏာသက်စွာရေးခဲ့ပါတယ်။ “ဒီလိပ်ကြီးဟာ ပင်လယ်ထဲကနေ ဆွဲတင်ခံခဲ့ရပါတယ်။ လူတွေက
Selfieရိုက်ဖို့ကြိုးစားခဲ့တာပါ။ လက်ဘနွန်တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့ကတော့ ဒီလိပ်ကြီးမသေဖို့ ကူညီပေးနေကြပါ
တယ်။ အခုလောလောဆယ်တော့ ဆေးကုသနေပါတယ်။ ခေါင်းကိုလည်း ဓာတ်မှန်ရိုက်ထားပါတယ်။ ခေါင်းကတော့
တော်တော်ကိုထိသွားပါတယ်။ ခေါင်းရဲ့အတွင်းပိုင်းအထိ မထိသွားပါစေနဲ့လို့ပဲ ဆုတောင်းရမှာပါ။ တိရစ္ဆာန်ဆရာဝန်
တွေနဲ့ အကောင်းဆုံးကြိုးစားနေပါတယ်။”လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။ .

Source:thesun.co.uk

No comments:

Post a Comment