Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 10, 2016

ကျန်းမာရေးအတွက် ယောဂမုဒြာများ.

 ၁။ ဈာနမုဒြာ
ပြုလုပ်ပုံ - လက်မထိပ်ကို လက်ညိုးနဲ့ ဖိထားပြီး အခြားလက်သုံးချောင်းကို ထောင်ထားရပါတယ်။

သက်ရောက်မှု - ဥာဏ်ပညာနဲ့ သက်ဆိုင်တဲ့ မုဒြာဖြစ်ပါတယ်။ ဒါကြောင့် ဥာဏ်ပညာကို တိုးပွားစေပါတယ်။ လက်မရဲ့ထိပ်ဟာ ပီကျူတာရီဂလင်းနဲ့ အန်ဒိုကရင်း ဂလင်းတို့ရဲ့ ဗဟိုချက် ဖြစ်ပါတယ်။ လက်မထိပ်ကို လက်ညိုးနဲ့ ဖိနှိပ်ပေးခြင်းဟာာ ဒီဂလင်းတွေကို နှိုးဆွပေးပါတယ်။

လုပ်ဆောင်ရမည့်ကြာချိန် - ဒီမုဒြာအတွက် အချိန်အတိအကျသတ်မှတ်ထားတာ မရှိပါဘူး။ လျှောင်း ထိုင် ရပ် သွား ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် အချိန်ရရင် ရသလို ပြုလုပ်နိုင်ပါတယ်။

အကျိုးကျေးဇူး - မှတ်ဥာဏ်စွမ်းအား တိုးစေပါတယ်။ ဦးနှောက်ကို ထက်မြက်စေပါတယ်။ အာရုံစူးစိုက်မှု အားကောင်းစေပြီး။ ညအိပ်မပျော်တဲ့ရောဂါကို သက်သာစေပါတယ်။ ပုံမှန်ပြုလုပ်သွားရင် စိတ်ပိုင်းဆိုင်ရာရောဂါတွေဖြစ်တဲ့ စိတ်ကစဥ့်ကလျားရောဂါတွေ ၊ ဒေါသဖြစ်တာတွေနဲ့ စိတ်ဓါတ်ကျတာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
 ၂။ ပရိသာဝိ မုဒြာ
ပြုလုပ်ပုံ - လက်သူကြွယ်ထိပ်ကို လက်မထိပ်နဲ့ဖိထားပြီး ကျန်လက်သုံးချေင်းကို ထောင်ထားရမှာဖြစ်ပါတယ်။

သက်ရောက်မှု - ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာအားနည်းမှုတွေကို ပြေပျောက်စေပါတယ်။

လုပ်ဆောင်ရမည့်ကြာချိန် - အချိန်သတ်မှတ်ချက်မရှိပါ။ အချိန်ရလျှင် ရသလို လုပ်ဆောင်နိုင်ပါသည်။

အကျိုးကျေးဇူး - အားနည်းနေတဲ့သူတွေ ကိုယ်အလေးချိန်တိုးလာစေပါတယ်။ အသားအရေ စိုပြေလှပစေပါတယ်။ ခန္ဓကိုယ်ကို တက်ကြွလန်းဆန်းစေပါတယ်။
 ၃။ ဝရုန မုဒြာ

ပြုလုပ်ပုံ - လက်သန်းထိပ်ကို လက်မထိပ်နဲ့ ဖိထားပြီး ကျန်လက်သုံးချောင်းကို ထောင်ထားရပါမယ်။

သက်ရောက်မှု - ရေဓါတ်ကို ထိန်းညှိပေးပြီး ရေဓါတ်ခန်းခြောက်ခြင်းကြောင့် ဖြစ်တဲ့ ရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ်။

လုပ်ဆောင်ရန်ကြာချိန် - အချိန်သတ်မှတ်ချက်မရှိပါ။ အချိန်ရလျှင်ရသလို လုပ်ဆောင်နိုင်ပါတယ်။

အကျိုးကျေးဇူး - သွေးကိုသန့်စေပါတယ်။ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ရေဓါတ်ကို ထိန်းသိမ်းပေးပါတယ်။ အစာအိမ်နာတာနဲ့ ကြွက်သားကျုံ့ တာတွေကို သက်သာပျောက်ကင်းစေပါတယ်။
 ၄။ ဝရု မုဒြာ

ပြုလုပ်ပုံ - လက်ညိုးကို ကွေးထားပြီး လက်ညိုးအပေါ်ပိုင်းကို လက်မထဲ ဖိကာ ကျန်လက်သုံးချောင်းကို ထောင်ထားရမှာ ဖြစ်ပါတယ်။

သက်ရောက်မှု - ခန္ဓာကိုယ်တွင်း လေမညီမျှမှုကြောင့် ဖြစ်တဲ့ရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ်။

လုပ်ဆောင်ရန်ကြာချိန် - (၁၂) နာရီကနေ (၂၄) နာရီ ကြားမှာ (၄၅) မိနစ်ခန့် ပြုလုပ်ရမှာဖြစ်ပါတယ်။ (၂) လခန့် လေ့ကျင့်ရင် အကောင်းဆုံး အကျိုးရနိုင်ပါတယ်။

အကျိုးကျေးဇူး - အကြောအဆစ်ယောင်နာ ၊ အဆစ်ရောဂါ ၊ ဂေါက်ရောဂါ ၊ ပါကင်ဆန် ရောဂါနဲ့ လေသင်တုန်းရောဂါတွေကို အခြားမည်သည့်ဆေးဝါးမှ မလိုဘဲ သက်သာ ပျောက်ကင်းနိုင်ပါတယ်။ ဇက်ကြောတက်တာတွေ ၊ ကျောရိုးနာကျင်တာတွေ ၊ လေဖြတ်လို့ ပါးရွဲ့ တာတွေကို သက်သာပျောက်ကင်းနိုင်ပါတယ်။ အစာအိမ်ထဲမှာ လေမညီမျှ တာတွေကို ညီမျှစေပါတယ်။
 ၅။ သုည မုဒြာ

ပြုလုပ်ပုံ - လက်ခလယ်ကို သောကြာဂြိုလ်ခုံပေါ်မှာ ကွေးထားရမှာဖြစ်ပြီး လက်ခလယ် အပေါ်ကို လက်မနဲ့ ဖိထားရမှာဖြစ်ပါတယ်။

သက်ရောက်မှု - ခန္ဓာကိုယ်လေးလံထိုင်းမှိုင်းမှုကို သက်သာစေပါတယ်။

လုပ်ဆောင်ရန်ကြာချိန် - ရောဂါပျောက်ကင်းသည်အထိ မိနစ် (၄၀) မှ မိနစ် (၆၀) အထိ နေ့စဉ်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

အကျိုးကျေးဇူး - နားကိုက်တာကို (၄) မိနစ်ကနေ (၅) မိနစ်အတွင်းမှာ ပျောက်ကင်းစေပါတယ်။ နားလေး နားထိုင်းတဲ့ လူတွေအတွက်ကောင်းမွန်တဲ့ လေ့ကျင့်ခန်းပါ။ ဥာဏ်ရည်ချို့ တဲ့တာကို သက်သာစေပါတယ်။ ဒါပေမယ့် မွေးရာပါ ဖြစ်တဲ့သူတွေအတွက်တော့ အသုံးမဝင်ပါဘူး။
 ၆။ သူရိယ မုဒြာ

ပြုလုပ်ပုံ - လက်သူကြွယ်ကို ကွေးပြီး လက်မနဲ့ ဖိထားရမှာပါ။

သက်ရောက်မှု - သိုင်းရွိုက်ဂလင်းကို လှုံ့ ဆော်ပေးပါတယ်။

လုပ်ဆောင်ရမည့်ကြာချိန် - (၅) မိနစ်မှ (၁၅) မိနစ်အထိ တစ်နေ့ နှစ်ကြိမ်လေ့ကျင့်ရမှ ဖြစ်ပါတယ်။

အကျိုးကျေးဇူး - ခန္ဓာကိုယ်တွင်းက ကိုလက်စထရောကို လျှော့နည်းစေပြီး ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။ စိတ်ရှုပ်တွေးမှုကို သက်သာစေပါတယ်။ အစာမကြေတာတွေကို သက်သာပျောက်ကင်းစေပါတယ်။

 ၇။ ပရာန မုဒြာ



ပြုလုပ်ပုံ - လက်သူကြွယ်နဲ့ လက်သန်းကို ကွေးထားပြီး အဲဒီလက်ထိပ်တွေကို လက်မနဲ့ ဖိထားရမှာ ဖြစ်ပါတယ်။ ပြီးတော့ ကျန်လက်နှစ်ချောင်းကို ထောင်ထားရပါမယ်။

သက်ရောက်မှု - အသက်နဲ့ဆိုင်တဲ့ မုဒြာဖြစ်တာကြောင့် အသက်ဓါတ်ကို ဖွံ့ဖြိုးစေပါတယ်။ အားနည်းနေတဲ့သူတွေကို ကြံ့ခိုင်သန်မာလာစေပါတယ်။ သွေးကြောပိတ်နေတာတွေကို ပွင့်စေပါတယ်။ ဒီမုဒြာကို ပုံမှန်လေ့ကျင့်သွားရင် တက်ကြွတဲ့သူတစ်ဦး ဖြစ်လာစေပါလိမ့်မယ်။

လုပ်ဆောင်ရန်ကြာချိန် - အချိန်သတ်မှတ်ချက်မရှိပါ။ အချိန်ရရင် ရသလို လေ့ကျင့်နိုင်ပါတယ်။

အကျိုးကျေးဇူး - ကိုယ်ခံအားစနစ်ကို ဖွံ့ဖြိုးစေပါတယ်။ မျက်လုံးအားကောင်းစေပြီး မျက်လုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ်။ ဗီတာမင် ချို့ တဲ့မှုကို သက်သာစေပြီး မောပန်းနွမ်းလျှမှုတွေကို ပျောက်ကင်းစေပါတယ်။

 ၈။ အာပန မုဒြာ



ပြုလုပ်ပုံ - လက်ခလယ်နဲ့ လက်သူကြွယ်ရဲ့ ထိပ်တွေကို လက်မထိပ်နဲ့ ဖိထားပြီး ကျန်လက်နှစ်ချောင်းကို ထောင်ထားရပါမယ်။

သက်ရောက်မှု - ဒီမုဒြာဟာ အညစ်အကြေးစွန့် စနစ်ကို မှန်ကန်စေပြီး ကိုယ်ခန္ဓာရဲ့ အထွေထွေကျန်းမာရေးကို အထောက်အကူပြုပါတယ်။

လုပ်ဆောင်ရမည့်ကြာချိန် - ဒီမုဒြာကို နေ့စဉ် (၄၅) မိနစ်ခန့် လေ့ကျင့်သင့်ပါတယ်။ ဒါပေမယ့် ကြာကြာလေ့ကျင့်နိုင်ရင် ပိုအကျိုးရှိစေပါတယ်။

အကျိုးကျေးဇူး - ဆီးချိုရောဂါကို သက်သာပျောက်ကင်းစေပါတယ်။ ဝမ်းချုပ်တာနဲ့ သွေးသွန်တာကို ပျောက်ကင်းစေပါတယ်။ အညစ်အကြေးတွေကို ပုံမှန်စွန့်ထုတ်စေဖို့ အထောက်အကူပြုပါတယ်။

 ၉။ အာပန ဝရု မုဒြာ



ပြုလုပ်ပုံ - လက်သူကြွယ်နဲ့ လက်ခလယ်ရဲ့ထိပ်ကို လက်မထိပ်နဲ့ ထိထားပြီး လက်ညှိုးကတော့ လက်မရဲ့ အောက်ခြေကို ထိထားရမှာဖြစ်ပါတယ်။ လက်သန်းကိုတော့ ထောင်ထားရပါမယ်။

သက်ရောက်မှု - နှလုံးကို အကျိုးပြုပြီး ရင်ခေါင်းအောင့်ခြင်းနဲ့ နှလုံးဖောက်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဂက်စ် တွေကိုလည်း လျှော့နည်းစေပါတယ်။

လုပ်ဆောင်ရန်ကြာချိန် - ဒီမုဒြာကို များနိုင်သမျှ များများလုပ်ပါ။ နှလုံးရောဂါဝေဒနာရှင်တွေနဲ့ သွေးတိုးသမားတွေ ဟာ ဒီလေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် (၁၅) မိနစ်နဲ့ တစ်ရက်ကို (၂) ကြိမ် လုပ်ဆောင်သင့်ပါတယ်။

အကျိုးကျေးဇူး - နှလုံးကိုအားကောင်းစေပြီး နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပါတယ်။ အညစ်အကြေးစွန့်ထုတ်တဲ့ စနစ်ကို ပုံမှန်ဖြစ်စေပါတယ်။ ကိုယ်တွင်း ဂက်စ်မမျှတမှုတွေကို ထိန်းညှိပေးပါတယ်။
၁၀။ လင်္ဂ မုဒြာ



ပြုလုပ်ပုံ - လက်ချောင်းလေးတွေကို ယှက်ဆုပ်ထားပြီး ဘယ်ဖက်လက်မကို ထောင်ထားရပါမယ်။ ထောင်ထားတဲ့ လက်မကို ဝိုက်ပြီး ညာဖက်လက်မနဲ့ ညာဖက်လက်ညှိုးကို ထိထားရပါမယ်။

သက်ရောက်မှု - ကိုယ်ခန္ဓာထဲမှာ အပူဓါတ် ရစေပါတယ်။ ပိုပြီးအကျိုးသက်ရောက်မှု ရှိစေချင်ရင် နွားနို့ ၊ ထောပတ် ၊ စမ်းရေနဲ့ သစ်သီးဖျော်ရည်တို့ကို သောက်သုံးပြီး လေ့ကျင့်နိုင်ပါတယ်။

လုပ်ဆောင်ရန်ကြာချိန် - ဒီမုဒြာဟာ ခန္ဓာကိုထဲမှာ အပူဓါတ်ကို ဖြစ်စေတာကြောင့် အသင့်အတင့်ပဲ လေ့ကျင့်သင့်ပါတယ်။ အလွန်အကျွံပြုလုပ်မိရင်တော့ ဆောင်းရာသီမှာတောင် ချွေးထွက်လွန်တာမျိုး ဖြစ်တတ်ပါတယ်။

အကျိုးကျေးဇူး - ချွဲသလိပ် ထွက်တာကို တားဆီးပေးပြီး အဆုပ်ကို အားကောင်းစေပါတယ်။ ပြင်းထန်တဲ့ အအေးမိရောဂါနဲ့ လည်ချောင်းနာခြင်းတွေကို သက်သာပျောက်ကင်းစေပါတယ်။ ကိုယ်ခန္ဓာကို ကြံ့ခိုင်စေပါတယ်။

https://www.facebook.com/casperzzm/media_set?set=a.264378280577871.1073741831.100010171038653&type=3

No comments:

Post a Comment