Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 6, 2016

Kone အလှကုန်ပစ္စည်း အများပြည်သူများသုံးစွဲရန်မသင့်



နေပြည်တော် မေ ၆

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ကင်းရှင်းသော အလှကုန်ပစ္စည်းများ ကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲလျက်ရှိသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ ရောင်းချနေသည့် အလှကုန်ပစ္စည်း များကို စစ်ဆေးခဲ့ရာ Kone Natural Herb Co.,Ltd Thailan ကုမ္ပဏီက ထုတ်လုပ်သော Kone Facial Cream –Sunscreen Lotion (25ml) ကုန်ပစ္စည်းသည် ကျန်းမာ ရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်း Hydorquinone များ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိသဖြင့် သုံးစွဲ ရန် မသင့်ပါကြောင်း ကျန်းမာရေး ဝန်ကြီးဌာနအစားအသောက်နှင့်ဆေး ဝါးကွပ်ကဲရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါ အလှကုန်ပစ္စည်းများကို အများပြည်သူသုံးစွဲခြင်းမပြုကြရန် နှင့် ပြည်တွင်းဈေးကွက်တွင် တင်သွင်း၊ ဖြန့်ဖြူးရောင်းချခြင်း တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင်များက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၃၊ အပိုဒ်(၃)(ဃ)အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment