Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, May 3, 2016
( Mario )
Ref : Mirror
........................................................
တင်ပါးနဲ့ ရင်သားတွေ ဖော်ပြထားတဲ့ ၀တ်စုံနဲ့ ဂုဏ်ယူစွာပွဲထွက်လာတဲ့ မက်ဒေါနား
ကမ္ဘာကျော် အနုပညာရှင်တို့ရဲ ့ ဖက်ရှင်မျိုးစုံကို မြင်တွေ့ခဲ့ရတဲ့ Met Gala ပွဲတော်မှာ ၀ါရင့် ပေါ့ပ် အဆိုတော် Madonna (မက်ဒေါနား)ဟာလည်း မျက်လုံးပြူးချင်စရာ ဖက်ရှင် နဲ့ ပွဲထွက်လာခဲ့ပြန်ပါတယ်။
အသက် ၅၇ နှစ် ရှိနေပြီဖြစ်တဲ့ အဆိုတော်မလေး မက်ဒေါနားဟာ သူမရဲ ့ တင်ပါး တွေနဲ့ ရင်သား တွေကို ဂုဏ်ယူစွာ ဖော်ပြထားတဲ့ ၀တ်စုံနဲ့ ပွဲထွက်လာတာပဲ ဖြစ်ပါတယ်။
သူမရဲ ့ ၀တ်စုံကိုတော့ ကမ္ဘာကျော် ဖက်ရှင် အမှတ်တံဆိပ် Givenchy က ချုပ်လုပ်ပေးထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ မြင်ရသူတိုင်း မျက်လုံးပြူးချင်စရာ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ သူမရဲ ့ ၀တ်စုံဟာ တစ်ကိုယ်လုံးကို အနက်ရောင် ဇာသားနဲ့ လုံခြုံစွာ ဖုံးအုပ်ထားပေမယ့် တင်ပါး နဲ့ ရင်သားနေရာတွေမှာတော့ တမင်တကာ ကို ဖော်ပြထားတာ ဖြစ်နေလို့ပါ။
ထို ၀တ်စုံနဲ့အတူ သူမဟာ ဒေါက်မြင့် Boot ဖိနပ် တစ်စုံ ကို ၀တ်ဆင်ထားသလို ရတနာ ပစ္စည်း အချို ့လည်း ဆင်ယင်ထားပါသေးတယ်။ အခုလို ဖက်ရှင်မျိုးနဲ့ ပွဲထွက်နိုင်ဖို့အတွက် မက်ဒေါနား ဟာ Givenchy အမှတ်တံဆိပ်ရဲ ့ ဖန်တီးမှု ဒါရိုက်တာ Riccardo Tisci ရဲ ့ အကူအညီနဲ့ အကြံဉာဏ် ပေးမှုတို့ကို ရယူခဲ့တယ်လို့လည်း သိရပါတယ်။
Vogue မဂ္ဂဇင်း က ရေးသားခဲ့တာကတော့ မက်ဒေါနားဟာ သူမရဲ ့ နယ်လှည့်ဖျော်ဖြေပွဲတွေမှာကတည်းက Therapeutic Kinesiology တိတ် တွေ ပတ်ထားတဲ့ ဖက်ရှင်ကို ဆက်လက် ဖော်ဆောင်နေခြင်းသာ ဖြစ်တယ်ဆိုတာပါပဲ။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Mirror
No comments:
Post a Comment