Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 3, 2016

ဗုဒၶဘာသာ အျဖစ္ ေျပာင္းဖို႔စဥ္းစားေနတဲ့ ေကတီပယ္ရီ



အဆိုေတာ္ Katy Perry (ေကတီပယ္ရီ)နဲ႔ သရုပ္ေဆာင္ Orlando Bloom (ေအာ္လန္ဒိုဘလြန္း)တို႔ဟာ Manhattan ၿမိဳ႕လယ္ေခါင္မွာ အတူတကြ သြားလာေနတာကို ေတြ႔ရျပန္ပါတယ္။

ေကတီပယ္ရီကေတာ့ ဆံပင္ေတြနဲ႔ မ်က္ႏွာကို ကြယ္ထားၿပီး ေအာ္လန္ဒို ဘလြန္းကေတာ့ ေခါင္းကို ငံု႔ထားပါတယ္။ သူတို႔ ၂ ေယာက္ဟာ အခုလို အျပင္မွာ အႀကိမ္ႀကိမ္ တြဲဖက္ေတြ႔ေနရေပမယ့္လည္း သူတို႔ရဲ ႔ အခ်စ္ေရးကိုေတာ့ အခုထိ ဖုံးကြယ္ထားေနဆဲပါ။

လက္ရွိမွာေတာ့ ထြက္ေပၚေနတဲ့ သတင္းေတြအရ ေကတီပယ္ရီဟာ သူမရဲ ႔ ခ်စ္သူ ေအာ္လန္ဒို ဘလြန္းနဲ႔အတူ ဗုဒၶဘာသာ အျဖစ္ ေျပာင္းလဲဖို႔စဥ္းစားေနတယ္လို႔ သိရပါတယ္။ သူတို႔ ၂ ဦးဟာ ဇန္န၀ါရီလကတည္းက စတင္တြဲခုတ္လာခဲ့ၾကတာလည္း ျဖစ္ပါတယ္။

အသက္ ၃၉ ႏွစ္အရြယ္ ေအာ္လန္ဒို ဘလြန္းဟာ နီခ်ီရန္ ဗုဒၶဘာသာ၀င္တစ္ဦးလည္း ျဖစ္ပါတယ္။သူတို႔စံုတြဲဟာ Coachella ပြဲေတာ္မွာလည္း အတူတကြ ေပ်ာ္ရႊင္စြာ ျဖတ္သန္းခဲ့တာကိုလည္း ေတြ႔ခဲ့ရၿပီးပါၿပီ။


( Mario )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Mirror

.............................................

ဗုဒ္ဓဘာသာ အဖြစ် ပြောင်းဖို့စဉ်းစားနေတဲ့ ကေတီပယ်ရီ


အဆိုတော် Katy Perry (ကေတီပယ်ရီ)နဲ့ သရုပ်ဆောင် Orlando Bloom (အော်လန်ဒိုဘလွန်း)တို့ဟာ Manhattan မြို့လယ်ခေါင်မှာ အတူတကွ သွားလာနေတာကို တွေ့ရပြန်ပါတယ်။

ကေတီပယ်ရီကတော့ ဆံပင်တွေနဲ့ မျက်နှာကို ကွယ်ထားပြီး အော်လန်ဒို ဘလွန်းကတော့ ခေါင်းကို ငုံ့ထားပါတယ်။ သူတို့ ၂ ယောက်ဟာ အခုလို အပြင်မှာ အကြိမ်ကြိမ် တွဲဖက်တွေ့နေရပေမယ့်လည်း သူတို့ရဲ ့ အချစ်ရေးကိုတော့ အခုထိ ဖုံးကွယ်ထားနေဆဲပါ။

လက်ရှိမှာတော့ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ကေတီပယ်ရီဟာ သူမရဲ ့ ချစ်သူ အော်လန်ဒို ဘလွန်းနဲ့အတူ ဗုဒ္ဓဘာသာ အဖြစ် ပြောင်းလဲဖို့စဉ်းစားနေတယ်လို့ သိရပါတယ်။ သူတို့ ၂ ဦးဟာ ဇန်နဝါရီလကတည်းက စတင်တွဲခုတ်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

အသက် ၃၉ နှစ်အရွယ် အော်လန်ဒို ဘလွန်းဟာ နီချီရန် ဗုဒ္ဓဘာသာဝင်တစ်ဦးလည်း ဖြစ်ပါတယ်။သူတို့စုံတွဲဟာ Coachella ပွဲတော်မှာလည်း အတူတကွ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာကိုလည်း တွေ့ခဲ့ရပြီးပါပြီ။


( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment