Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 14, 2016

မြန်မာနိုင်ငံသည် ပြည်ပမှ ချေးယူထားငွေ အမေရိကန်ဒေါ်လာသန်း ကိုးထောင်ကျော် ရှိကြောင်း စီမံ/ဘဏ္ဍာ ဝန်ကြီးပြော


နေပြည်တော်၊ မေ ၁၃
------------------------
မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများမှ ချေးယူထားသည့်ချေးငွေ ကန်ဒေါ်လာသန်း ကိုးထောင်ကျော်ရှိ ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်ပြောသည်။
“၃၁.၁၂.၂၀၁၅ ရက်နေ့ထိ ပေးဆပ်ရန်ကျန်သောချေးငွေ အမေရိကန် ဒေါ်လာ ၉၁၆၄သန်း ဖြစ်ပြီး ၃၁.၁၂.၂၀၁၅ ရက်နေ့ထိ ပြည်ပချေးငွေနှင့် GDP အချိုးသည် ၁၆ ဒသမ ၁ ရာခိုင်နှုန်းဖြစ်သည့် အ တွက် ကြွေးခံနိုင်ရည်ရှိမှုစံနှုန်း သတ်မှတ်ချက်ဘောင်အတွင်း၌ ရှိကြောင်း သိရပါတယ်” ဟု ဝန်ကြီး က ဆိုသည်။
ကိုမန်မုန်တိုင်းကြောင့် သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခခံစားခဲ့ရသော တိုင်းနှင့် ပြည်နယ်များတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်း များ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် အ သက်မွေး ကျောင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေး ရန် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်း ၂၀၀ ချေးယူ ရေးကိစ္စ တင်ပြရာ၌ ဝန်ကြီးက အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ ပြည်ပချေးငွေ စုစုပေါင်း ကန်ဒေါ်လာ ၁၀၁၁၄ သန်း ရှိသည့်အ နက် သန်း ၁၉၅၀ သာပြန်လည်ပေးဆပ်ထားသည့်အတွက် ပေးဆပ်ရန် ကန်ဒေါ်လာ ၉၁၈၄ သန်း ကျန်ရှိနေသည်။
“သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့နေရာဒေသတွေမှာ ပြန်လည် ထူထောင်ရေး လုပ် ငန်းများ အမြန်ဆောင်ရွက်နိုင်ရန် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကို ရရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများနဲ့ မြန်မာ ဘက်မှ တာဝန်ရှိသူများကြား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အကြိမ်ကြိမ်တွေ့ဆုံ ညှိနှိုင်းခဲ့ပြီးနောက် ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြခဲ့ခြင်းဖြစ်ပါတယ်” ဟု စီမံ/ ဘဏ္ဍာဝန်ကြီးက ပြောသည်။
ချေးငွေ ကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအားလုံးသည် ၂၀၁၉ ခုနှစ် ဒီဇင် ဘာ တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုပေါက်
The Ladies News

No comments:

Post a Comment