Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 9, 2016

မြိုင်ကြီးငူဆရာတော်တည်ထားတဲ့ ခရစ်ယာန်ဝတ်ပြုကျောင်းဘေးက စေတီအတွက် ခရစ်ယာန်ဘုန်းတော်ကြီးတွေက မြေနေရာလှူဒါန်းခဲ့


မြိုင်ကြီးငူဆရာတော်က ခရစ်ယာန်ဝတ်ပြုကျောင်းတစ်ခုဘေးမှာ စေတီတည်ခဲ့တဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ ကွမ်းတောရွာကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသွားရောက်ခဲ့တယ်လို့သိရပါတယ်။ မေလ(၉)ရက်မနက်ပိုင်းက သွားရောက်ခဲ့တာဖြစ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုဆွေးနွေးရာမှာ ခရစ်ယာန်ဘုန်းတော်ကြီးတွေက မြိုင်ကြီးငူဆရာတော် စေတီတည်ဖို့နဲ့ သိမ်ဆောက်လုပ်ဖို့ မြေနေရာကို လှူဒါန်းလိုက်ကြောင်း ပြောကြားခဲ့တယ်လို့ ကရင်ပြည်နယ် သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းက 5Plusကိုပြောပါတယ်။မြေနေရာကို လှူဒါန်းနိုင်ဖို့အတွက် လက်ရှိမှာ မြေစာရင်းဦးစီးဌာနနဲ့ ပူးပေါင်းပြီး မြေနေရာ တိုင်းတာမှုတွေ ပြုလုပ်နေပြီလို့ ဆိုပါတယ်။

ဒေသခံဗုဒ္ဓဘာသာဝင်တွေနဲ့ဒေသခံ ခရစ်ယာန်ဘာသာဝင်တွေကြား ချစ်ချစ်ခင်ခင်နဲ့ ကရင်လူမျိုးအချင်းချင်း သင့်သင့်မြတ်မြတ်နဲ့သာ နေချင်တာကြောင့် အခုလို လှူဒါန်းတာဖြစ်တယ်လို့ ခရစ်ယာန်ဘုန်းတော်ကြီးတွေ ပြောကြားခဲကြောင်း ဦးမင်းတင်ဝင်းကပြောပါတယ်။ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုကလည်း ခရစ်ယာန်ဘုန်းတော်ကြီးတွေ အခုလို သဘောထားကြီးမှုကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး မြေတိုင်းတာမှုတွေပြုလုပ်နိုင်ဖို့ မြေစာရင်းဦးစီးဌာနကို ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

5 Plus News
https://www.facebook.com/5-Plus-News




No comments:

Post a Comment