Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 8, 2016

ပဲခူး- စစ္ေတာင္း တူးေျမာင္းအတြင္းလူတစ္ဦးေသဆံုး

              


 ေ၀ါ၊ေမ(၉) ပဲခူးတိုင္းေဒသႀကီး ေ၀ါျမိဳ ့နယ္ပိုင္ ေအးခ်မ္းသာယာရပ္ကြက္ ေရႊဟသၤာပရိယတၱိစာသင္တိုက္အနီး ပဲခူး-စစ္ေတာင္းတူးေျမာင္း ကမ္းစပ္တြင္ လူတစ္ဦးေသဆံုးေနေႀကာင္း ေ၀ါျမိဳ ့မရဲစခန္းသို ့့ဆက္သြယ္အေႀကာင္းႀကားသျဖင့္ တာ၀န္မွဴးရဲအုပ္မ်ိဳးေဇာ္နွင့္တပ္ဖြဲ ့၀င္မ်ားမွ သြားေရာက္စစ္ေဆးခဲ ့ေႀကာင္း ေအးခ်မ္းသာယာရပ္ကြက္သားတစ္ဦးထံက သတင္းရရွိသည္။

             
111111111111111111111111111111111111111111111111111111111111

 ျဖစ္စဥ္မွာျပီးခဲ ့သည့္ေမလ(၈)ရက္ေန ့ ညေန(၃)နာရီအခ်ိန္ခန္ ့က ေအးခ်မ္းသာယာရပ္ကြက္ခတၱာလမ္းေနအသက္(၅၀)နွစ္အရြယ္ရွိ ဦးဘိုဘို(ဘ)ဦးညိဳဆိုသူမွာ တစ္ရပ္ကြက္ထဲေနကိုတင္ေမာင္ေထြးဆိုသူနွင့္ တူးေျမာင္းအတြင္း ဂံုးခရုရွာေဖြေနေႀကာင္း ေသဆံုးသူဦးဘိုဘိုမွာခရုရွာျပီး ကုန္းေပၚျပန္တက္၍ ေဆးလိပ္ေသာက္ေနစဥ္ ရုတ္တရက္လဲက်သြားသည္ကို၎နွင့္အတူ ဂံုးခရုရွာေဖြေနသူကိုတင္ေမာင္ေထြးမွေတြ ့ျမင္ခဲ ့ရသည္ဟုေ၀ါျမို ့မရဲစခန္း၏ ရဲမွတ္တမ္းမ်ားအရ သိရသည္။ ေသဆံုးသူဦးဘိုဘို၏အေလာင္းမွာပဲခူး-စစ္ေတာင္းတူးေျမာင္ကမ္းစပ္၌ခႏၶာကိုယ္အေပၚပိုင္းအားကုန္းေပၚတြင္ေတြ ့ရွိရျပီးေျခေထာက္နွစ္ဘက္မွာေရထဲတြင္ေတြ ့ရွိရေႀကာင္းအေလာင္းတြင္ ျပင္ပဒဏ္ရာမ်ားမေတြ ့ရွိရဘဲေျခေခ်ာင္းမ်ားမွာပဲႀကီးေရခြံတြန္ ့ေနျပီးဦးေနွာက္ေသြးေႀကာျပတ္၍ေသဆံုးသည့္လကၡဏာေတြ ့ရွိရေႀကာင္းျမိဳ ့မရဲစခန္း၏မွတ္တမ္းမ်ားအရဆက္လက္သိရွိရသည္။ အဆိုပါေသဆံုးမွုျဖစ္စဥ္နွင့္ပတ္သတ္ျပီးေ၀ါရဲစခန္းမွဴးေဌးခိုင္မွ တရားလိုျပဳလုပ္၍ဓမၼတာအတိုင္ေသဆံုးျခင္းဟုတ္မဟုတ္စံုစမ္းစစ္ေဆးရန္ ေ၀ါျမိဳ ့မရဲစခန္း၌ေသမွုေသခင္းအမွတ္စဥ္ (၁/၂၀၁၆)ျဖင့္အမွုဖြင့္လွစ္စံုစမ္းေနႀကာင္းသိရွိရသည္။

 ေ၀ါသားဖိုးေတ
Waw Media Page
https://www.facebook.com/Waw-Media-Page 

...............................................................................................

 ဝေါ၊မေ(၉) ပဲခူးတိုင်းဒေသကြီး ဝေါမြို ့နယ်ပိုင် အေးချမ်းသာယာရပ်ကွက် ရွှေဟင်္သာပရိယတ္တိစာသင်တိုက်အနီး ပဲခူး-စစ်တောင်းတူးမြောင်း ကမ်းစပ်တွင် လူတစ်ဦးသေဆုံးနေကြောင်း ဝေါမြို ့မရဲစခန်းသို ့့ဆက်သွယ်အကြောင်းကြားသဖြင့် တာဝန်မှူးရဲအုပ်မျိုးဇော်နှင့်တပ်ဖွဲ ့ဝင်များမှ သွားရောက်စစ်ဆေးခဲ ့ကြောင်း အေးချမ်းသာယာရပ်ကွက်သားတစ်ဦးထံက သတင်းရရှိသည်။ ဖြစ်စဉ်မှာပြီးခဲ ့သည့်မေလ(၈)ရက်နေ ့ ညနေ(၃)နာရီအချိန်ခန် ့က အေးချမ်းသာယာရပ်ကွက်ခတ္တာလမ်းနေအသက်(၅၀)နှစ်အရွယ်ရှိ ဦးဘိုဘို(ဘ)ဦးညိုဆိုသူမှာ တစ်ရပ်ကွက်ထဲနေကိုတင်မောင်ထွေးဆိုသူနှင့် တူးမြောင်းအတွင်း ဂုံးခရုရှာဖွေနေကြောင်း သေဆုံးသူဦးဘိုဘိုမှာခရုရှာပြီး ကုန်းပေါ်ပြန်တက်၍ ဆေးလိပ်သောက်နေစဉ် ရုတ်တရက်လဲကျသွားသည်ကို၎င်းနှင့်အတူ ဂုံးခရုရှာဖွေနေသူကိုတင်မောင်ထွေးမှတွေ ့မြင်ခဲ ့ရသည်ဟုဝေါမြို ့မရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။ သေဆုံးသူဦးဘိုဘို၏အလောင်းမှာပဲခူး-စစ်တောင်းတူးမြောင်ကမ်းစပ်၌ခန္ဓာကိုယ်အပေါ်ပိုင်းအားကုန်းပေါ်တွင်တွေ ့ရှိရပြီးခြေထောက်နှစ်ဘက်မှာရေထဲတွင်တွေ ့ရှိရကြောင်းအလောင်းတွင် ပြင်ပဒဏ်ရာများမတွေ ့ရှိရဘဲခြေချောင်းများမှာပဲကြီးရေခွံတွန် ့နေပြီးဦးနှောက်သွေးကြောပြတ်၍သေဆုံးသည့်လက္ခဏာတွေ ့ရှိရကြောင်းမြို ့မရဲစခန်း၏မှတ်တမ်းများအရဆက်လက်သိရှိရသည်။ အဆိုပါသေဆုံးမှုဖြစ်စဉ်နှင့်ပတ်သတ်ပြီးဝေါရဲစခန်းမှူးဌေးခိုင်မှ တရားလိုပြုလုပ်၍ဓမ္မတာအတိုင်သေဆုံးခြင်းဟုတ်မဟုတ်စုံစမ်းစစ်ဆေးရန် ဝေါမြို ့မရဲစခန်း၌သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၆)ဖြင့်အမှုဖွင့်လှစ်စုံစမ်းနေကြာင်းသိရှိရသည်။

 ဝေါသားဖိုးတေ
Waw Media Page
 https://www.facebook.com/Waw-Media-Page

No comments:

Post a Comment