Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 27, 2016

မႈခင္း ဆရာဝန္ လိမ္လည္ ထြက္ဆို မႈေၾကာင့္ တရားခံမ်ား လႊတ္ေျမာက္

မႈခင္း ဆရာဝန္ လိမ္လည္ ထြက္ဆို မႈေၾကာင့္ တရားခံမ်ား လႊတ္ေျမာက္
ေဒသခံႏွင့္ ေဆာက္လုပ္ေရးအဖြဲ႔ အလုပ္သမားမ်ား အခ်င္းမ်ား ရန္ျဖစ္ရာမွ ေဒသခံ ဂ်တ္ေနာ္လီ (၁၈) ႏွစ္ ေသဆံုးမႈတြင္ မႈခင္း ဆရာဝန္၏ လိမ္လည္ထြက္ဆိုမႈေၾကာင့္ တရားခံမ်ား လႊတ္ေျမာက္သြားသည္ ဟု ေသဆံုးသူ၏ ဖခင္ က ဆိုသည္။

ျဖစ္စဥ္မွာ ၂၀၁၅ ခုႏွစ္ ေမ လ ၃၁ ရက္ေန႔ တနဂၤေႏြေန႔ ည တြင္ မခ်မ္းေဘာ့ျမိဳ႕ (Machyang Baw) ၌ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

ပူတာအို ခရိုင္ တရားခြင္၏ ဆံုးျဖတ္ခ်က္ကို ေက်နပ္မႈ မရွိေသာေၾကာင့္ ျပည္နယ္ တရားခြင္သို႔ အယူခံဝင္ထားသည္ ဟု သိရသည္။

ျပည္သူ႔ရဲတပ္ဖြဲ႔ က ေဆာက္လုပ္ေရးသံုး တလက္မ လံုးပတ္ သံတုတ္ ႏွစ္ေခ်ာင္းႏွင့္ ေလးေပခန႔္ အရွည္ သစ္သား တုတ္ေခ်ာင္းကို သက္ေသခံ ပစၥည္းအျဖစ္ တရားခြင္သို႔ တင္ျပထားေသာ္လည္း မႈခင္း ဆရာဝန္၏ ေဆးမွတ္တမ္းတြင္ ‘သာမန္ ပြန္းပဲ့ ဒဏ္ရာ’ ဟု သာ ထြက္ဆိုထားသည္။

ယခင္က ေသဆံုးသူ၏ ဖခင္ ဦး ဂ်တ္ဂ်ာေနာ္ ကိုယ္တိုင္ အေလာင္းခြဲစိတ္သူ ခရိုင္ မႈခင္း ဆရာဝန္အား လူကိုယ္တိုင္ ေမးျမန္းခဲ့စဥ္ က ‘ေသဆံုးသူမွာ ေနာက္ေစ့ ေၾကမြကာ ဦးေခါင္း တစ္ခုလံုး မြေန၍ မည္သို႔မွ် အသက္ရွင္ႏိုင္မည္ မဟုတ္’ ဟု ႏႈတ္အားျဖင့္ ေျပာဆိုခဲ့သည္ ဟု သိရသည္။

သို႔ေသာ္ ထိုဆရာဝန္ ေျပာင္းေရႊ႕ သြားၿပီးေနာက္ အျခား ဆရာဝန္ တရားခြင္သို႔ ေဆးမွတ္တမ္း ဖတ္ၾကားရာ တြင္ သာမန္ ပြန္းပဲ့ ဒဏ္ရာမ်ား ဟုသာ ထြက္ဆိုခဲ့သည္။

ခရိုင္တရားရံုး၏ အမိန္႔ခ်မွတ္ခ်က္ မိတၱဴတြင္ ျဖစ္စဥ္ကို ‘ေမလ ၃၀’ ဟု မွားယြင္းစြာ ေဖာ္ျပထားသည့္ အျပင္ ေသဆံုးသူ၏ ဒဏ္ရာကို ‘သာမန္ ပြန္းပဲ့ ဒဏ္ရာ’ ဟု ေဖာ္ျပ၍ တရားေသ လႊတ္ေပး ခဲ့သည္။

Kachin News Group - Burmese
http://burmese.kachinnews.com
.........

မှုခင်း ဆရာဝန် လိမ်လည် ထွက်ဆို မှုကြောင့် တရားခံများ လွှတ်မြောက်
ဒေသခံနှင့် ဆောက်လုပ်ရေးအဖွဲ့ အလုပ်သမားများ အချင်းများ ရန်ဖြစ်ရာမှ ဒေသခံ ဂျတ်နော်လီ (၁၈) နှစ် သေဆုံးမှုတွင် မှုခင်း ဆရာဝန်၏ လိမ်လည်ထွက်ဆိုမှုကြောင့် တရားခံများ လွှတ်မြောက်သွားသည် ဟု သေဆုံးသူ၏ ဖခင် က ဆိုသည်။

ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် မေ လ ၃၁ ရက်နေ့ တနင်္ဂနွေနေ့ ည တွင် မချမ်းဘော့မြို့ (Machyang Baw) ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပူတာအို ခရိုင် တရားခွင်၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှု မရှိသောကြောင့် ပြည်နယ် တရားခွင်သို့ အယူခံဝင်ထားသည် ဟု သိရသည်။

ပြည်သူ့ရဲတပ်ဖွဲ့ က ဆောက်လုပ်ရေးသုံး တလက်မ လုံးပတ် သံတုတ် နှစ်ချောင်းနှင့် လေးပေခန့် အရှည် သစ်သား တုတ်ချောင်းကို သက်သေခံ ပစ္စည်းအဖြစ် တရားခွင်သို့ တင်ပြထားသော်လည်း မှုခင်း ဆရာဝန်၏ ဆေးမှတ်တမ်းတွင် ‘သာမန် ပွန်းပဲ့ ဒဏ်ရာ’ ဟု သာ ထွက်ဆိုထားသည်။

ယခင်က သေဆုံးသူ၏ ဖခင် ဦး ဂျတ်ဂျာနော် ကိုယ်တိုင် အလောင်းခွဲစိတ်သူ ခရိုင် မှုခင်း ဆရာဝန်အား လူကိုယ်တိုင် မေးမြန်းခဲ့စဉ် က ‘သေဆုံးသူမှာ နောက်စေ့ ကြေမွကာ ဦးခေါင်း တစ်ခုလုံး မွနေ၍ မည်သို့မျှ အသက်ရှင်နိုင်မည် မဟုတ်’ ဟု နှုတ်အားဖြင့် ပြောဆိုခဲ့သည် ဟု သိရသည်။

သို့သော် ထိုဆရာဝန် ပြောင်းရွှေ့ သွားပြီးနောက် အခြား ဆရာဝန် တရားခွင်သို့ ဆေးမှတ်တမ်း ဖတ်ကြားရာ တွင် သာမန် ပွန်းပဲ့ ဒဏ်ရာများ ဟုသာ ထွက်ဆိုခဲ့သည်။

ခရိုင်တရားရုံး၏ အမိန့်ချမှတ်ချက် မိတ္တူတွင် ဖြစ်စဉ်ကို ‘မေလ ၃၀’ ဟု မှားယွင်းစွာ ဖော်ပြထားသည့် အပြင် သေဆုံးသူ၏ ဒဏ်ရာကို ‘သာမန် ပွန်းပဲ့ ဒဏ်ရာ’ ဟု ဖော်ပြ၍ တရားသေ လွှတ်ပေး ခဲ့သည်။

Kachin News Group - Burmese
http://burmese.kachinnews.com

No comments:

Post a Comment