Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 27, 2016

ၿငိမ္းစုစီဥပေဒ ႏုိင္ငံတကာစံနဲ႔အညီ ျပင္ဆင္ဖုိ႔ HRW တုိက္တြန္း

ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးေန႔မွာ ရန္ကုန္ၿမိဳ႕တြင္း စီတန္းလွည့္လည္ၿပီး ၿငိမ္းခ်မ္းစြာဆႏၵျပေနသူမ်ား။
ျမန္မာအစိုးရလက္ထက္မွာ ျပင္ဆင္ဖို႔လုပ္ေနတဲ႔ ၿငိမ္းခ်မ္းစြာစုေ၀းျခင္းနဲ႔ စီတန္း လွည္႔လွည္ျခင္း ဆိုင္ရာ ဥပေဒကို ႏုိင္ငံတကာ စံခ်ိန္စံညႊန္းေတြနဲ႔ ညီေအာင္ျပင္ဆင္ဖို႔ နုိင္ငံတကာက လူ႔အခြင္႔အေရး အေျခအေနေတြ ကို ေလ႔လာေစာင္႔ၾကည့္ အကဲခတ္ေနတဲ႔ Human Rights Watch အဖြဲ႔က ေတာင္းဆို လိုက္ပါတယ္။ ၿငိမ္း၊ စု၊ စီလို႔ လူသိမ်ားၿပီး အရင္အစိုးရေတြ လက္ထက္မွာ တက္ၾကြလႈပ္ရွားသူေတြ မၾကာခဏ အေရးယူခံရေလ႔ရွိတဲ႔ ဒီဥပေဒကို အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီ ဦးေဆာင္တဲ့ အစိုးရသစ္ လက္ထက္မွာ ေလွ်ာ႔ေပါ႔ၿပီး ျပန္လည္ျပ႒ာန္းဖို႔ လႊတ္ေတာ္မွာ အဆိုျပဳထားေပမဲ့လည္း ႏုိင္ငံတကာအဆင္႔မီဖို႔လိုေနေသးတယ္လို႔ HRW အဖြဲ႔က ေထာက္ျပခဲ႔တာပါ။ အျပည္႔အစုံကို နန္းေလာင္၀္ကေျပာျပေပးပါမယ္။

ၿငိမ္းစုစီလို႔လူသိမ်ားတဲ႔ ျမန္မာႏုိင္ငံတြင္း ၿငိမ္းခ်မ္းစြာစုေ၀းျခင္းနဲ႔ စီတန္း လွည္႔လွည္ျခင္း ဆုိင္ရာ ဥပေဒကို အစိုးရသစ္လက္ထက္ မွာ ျပင္ဆင္ဖို႔ၾကိဳးပမ္းေနတဲ့ အေပၚ ႏုိင္ငံတကာစံခ်ိန္စံႏႈန္းေတြနဲ႔အညီျဖစ္ဖို႔လိုတယ္လို႔ လူ႔အခြင္႔အေရးေစာင္႔ၾကည္႔ေလ႔လာေရးအဖြဲ႔ Human Rights Watch က ဒီကေန႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ ဒီအတြက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ ဦးေဆာင္တဲ့ အစိုးရအေနနဲ႔ အျမန္ဆုံးျပင္ဆင္ျပဌာန္းသင္႔တဲ့ အေၾကာင္း လူ႔အခြင္႔အေရး ေစာင္႔ၾကည္႔ ေလ႔လာေရးအဖြဲ႔ အာရွေဒသဆိုင္ရာ ဒုတိယ ညႊန္ၾကားေရးမွဴး Phil Robertson က VOA ကုိခုလိုေျပာပါတယ္။

"ႏိုင္ငံေရးအက်ဥ္းသားအေတာ္မ်ားမ်ားကို ဖမ္းဆီး အက်ဥ္းခ်ရာမွာ ႏွစ္ေပါင္း အေတာ္ၾကာေအာင္အသုံးျပဳေနတဲ႔ ၿငိမ္းခ်မ္းစြာစုေ၀းျခင္းနဲ႔ စီတန္းလွည္႔လွည္ျခင္း ဆိုင္ရာဥပေဒဟာ လူ႔အခြင္႔အေရးကို ရွင္းရွင္းလင္းလင္း ခ်ိဳးေဖာက္ေန တာျဖစ္သလို ႏုိင္ငံတကာ လူ႔အခြင္႔အေရးစံႏႈန္းနဲ႔လည္း ကိုက္ညီမႈ မရွိတာေၾကာင္႔အစိုးရသစ္အေနနဲ႔ အျမန္ဆုံးျပဳျပင္ဖို႔လိုပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ စိုးရိမ္မႈရွိေနတာကေတာ႔ ၿငိမ္းခ်မ္းစြာစုေ၀းခြင္႔၊ စီတန္းလွည္႔လွည္ခြင္႔ဆိုင္ရာ ဥပေဒကို ျပင္ဆင္တဲ႔ ဥပေဒမူၾကမ္းကို လႊတ္ေတာ္မွာတင္သြင္းခဲ႔ေပမယ္႔လည္း သိသာ ထင္ရွားတဲ႔ ျပင္ဆင္ျပဌာန္းခ်က္ အခ်ိဳ ႔ရွိမေနေသးတဲ႔အခ်က္ပါပဲ။ ဒါ႔အျပင္ၿငိမ္းခ်မ္းစြာ စုေ၀းခြင္႔နဲ႔ လြတ္လပ္စြာ ဆႏၵထုတ္ေဖာ္ခြင္႔ေတြကို ႏိုငံတကာ စံႏႈန္းနဲ႔ အညီျပဌာန္းဖို႔ လိုေနပါေသးတယ္။

ဒါတင္မက ဆႏၵျပသူေတြအေနနဲ႔ အာဏာပိုင္ေတြ သတ္မွတ္ေပးတဲ႔ေနရာေတြမွာသာ ဆႏၵျပခြင့္ျပဳတဲ႔ အခ်က္ဟာလည္း နုိင္ငံတကာအေလ႔အထေတြနဲ႔ မညီဘူး လို႔ ေျပာပါတယ္။

"သတ္မွတ္ေနရာတခုထဲမွာပဲ ဆႏၵျပရမယ္ဆိုတဲ႔ သတ္မွတ္ခ်က္လည္း ရွိဖို႔မလိုသလို အာဏာပိုင္ေတြကို တင္ျပထားရတဲ႔ ေၾကြးေၾကာ္သံ ေတြကို သာေၾကြးေၾကာ္ရမယ္ ဆိုတာမိ်ဳးလည္း မျဖစ္သင္႔ပါဘူး။ ဒီလုပ္ရပ္ေတြကို ျပစ္မႈအျဖစ္ သတ္မွတ္တယ္ ဆိုရင္ေတာ႔ အစိုးရအေနနဲ႔ ျပႆနာကို အမွန္တကယ္ ေျဖရွင္းတာမဟုတ္ပဲ ဥပေဒရဲ႔ အခ်ိဳ႔အပိုင္း၊ စကားလုံးေတြကိုျပင္တဲ႔သေဘာမ်ိဳးျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ေနာက္ၿပီး ဥပေဒေတြထဲက က်န္တဲ့ အပိုင္းေတြကိုလည္း ျပင္ဆင္ဖို႔လိုပါေသးတယ္။ က်ေနာ္ေျပာခ်င္တာကေတာ႔ NLD ဦးေဆာင္တဲ႔အစိုးရအေနနဲ႔ ဆႏၵျပသူေတြရဲ႕ အခြင္႔အေရးအတြက္ ဒီဥပေဒမူၾကမ္းကို ႏုိင္ငံတကာစံႏႈန္းနဲ႔ညီေအာင္ အေလးအနက္ထား လုပ္ေဆာင္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

ၿငိမ္းစုစီ ဥပေဒကို လႊတ္ေတာ္တြင္း အသစ္ေရးဆြဲေနရာမွာ ခြင္႔ျပဳမိန္႔ရယူတာနဲ႔ ပတ္သက္တဲ႔ အခ်က္အပါအ၀င္၊ အျခား ျပင္ဆင္သင္႔တဲ့ အခ်က္ေတြကို မဲခြဲအ တည္ျပဳႏုိင္ေရး ၾကိဳးပမ္းေနတဲ႔အေၾကာင္းနဲ႔ပတ္သက္လို႔ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္၊ တရားလႊတ္ေတာ္ေရွ႔ေန ဦးေအာင္သိန္းကVOA ကို အခုလိုေျပာပါတယ္။

" က်ေနာ္တို႔ ဆႏၵထုတ္ေဖာ္မယ္ဆိုရင္ ခြင့္ျပဳခ်က္ဆိုတာကို မလိုေတာ့ဘူး။ နယ္ေျမတခုပဲ နယ္ေျမတခုနဲ႔တခု ျဖတ္သန္းသြားမယ္။ ေနာက္တခါ ခ႐ိုင္ တခုကိုပါ ေက်ာ္သြားမယ္ဆိုရင္ က်ေနာ္တို႔ ဒီဘက္မွာေတာ့ ၄၈နာရီ ႀကိဳၿပီးေတာ့ ျဖတ္သန္းသြားမယ့္ ေနရာေတြကို ႀကိဳၿပီးေတာ့ အေၾကာင္းၾကားဖို႔ပဲ လိုမယ္။ ခြင့္ျပဳမိန္႔ေတြ ဘာေတြ ေတာင္းစရာမလိုဘူး။ အကယ္လို႔ စည္းကမ္းေဖာက္ဖ်က္လို႔ အေရးယူေဆာင္ရြက္မယ္ဆိုလို႔ရွိရင္ စတင္တဲ့ေနရာကပဲ အေရးယူရမယ္။ ျဖတ္သန္းသြားတဲ့ၿမိဳ႕နယ္ ျဖတ္သန္းသြားတဲ့ ခ႐ိုင္ေတြကေန အေရးယူႏုိင္ေအာင္ အဲ့ေလာက္အထိ က်ေနာ္တို႔ဘက္က ျပင္ဆင္ ထားတာရွိပါတယ္။"

ဥပေဒျပင္ဆင္ဖို႔အတြက္ ျပည္တြင္းျပည္ပက ကၽြမ္းက်င္သူေတြနဲ႔ တုိင္ပင္သင္႔တယ္ လို႔လည္း NRW က တိုက္တြန္းထားတာပါ။

ပညာေရးဥပေဒျပင္ေပးဖို႔ ၿငိမ္းခ်မ္းစြာဆႏၵျပခဲ႔တာေၾကာင္႔ ဖမ္းဆီးထိန္းသိမ္းခံခဲ႔ရတဲ႔ ဗကသ ဗဟိုလုပ္ငန္းေကာ္မတီ တြဲဖက္အတြင္းေရးမွဴး ကိုမင္းေသြးသစ္ကလည္း ဒီမိုကေရစီအစိုးရ အစစ္အမွန္ဆိုရင္ ႏုိင္ငံသားတေယာက္ရဲ ႔အခြင္႔အေရးျဖစ္တဲ႔ လြပ္လပ္စြာ ဆႏၵထုတ္ေဖာ္ခြင္႔၊ လြပ္လပ္စြာေရးသားခြင္႔ နဲ႔မိမိယုံၾကည္ရာကို ကိုးကြယ္ခြင္႔ဆိုတဲ႔ ဒီအခ်က္ေတြကို ကန္႔သတ္တဲ႔ဥပေဒေတြမရွိသင္႔ဘူးလို႔ VOA ကိုိုေျပာပါတယ္။

"အခုလက္ရွိအေျခအေနမွာလည္း ကၽြန္ေတာ္တို႔အေနနဲ႔ကေတာ႔ ဒီလိုမ်ိဳးပုဒ္မေတြ မရွိသင္႔ေတာ႔ဘူုးဆိုတာရယ္၊ အရင္ဆုံးျပင္သင္႔တာကေတာ႔ ဒီပုဒ္မေတြပဲ။ ဒါ ဒီမိုကေရစီလို႔ေျပာေနၿပီးေတာ႔ ဟို မ်က္ႏွာ သနပ္ခါး၊ ေပါင္ေသးစီးေၾကာင္း ဆိုတဲ့ ပုံစံမ်ိဳးနဲ႔တူေနတယ္။ ႏုိင္ငံတကာမွာ ဒီမိုကေရစီ အစိုးရလို႔ေျပာတယ္။ ျပည္တြင္း မွာေတာ႔ ဒီဥပေဒေတြနဲ႔ အုပ္ခ်ဳပ္ေနတာျဖစ္ တဲ႔အတြက္ ကၽြန္ေတာ္တို႔ကေတာ့ လက္မခံပါဘူး။ "

ဒါ႔အျပင္ပုဒ္မ(၁၀)လို႔လူသိမ်ားတဲ႔ႏုိင္ငံေတာ္အားေႏွာင္႔ယွက္ဖက္ဆီးလိုသူမ်ား၏ေဘးအႏၱရာယ္မွာ ကာကြယ္ေစာင္႔ေရွာက္သည္႔ဥပေဒကိုရုပ္သိမ္းဖို႔အတြက္ ဥပေဒမူၾကမ္းကို ၿပီးခဲ႔တဲ႔ ရက္ပိုင္းကပဲ လႊတ္ေတာ္နွစ္ရပ္မွာ ကန္႔ကြက္သူမရွိ အတည္ျပဳခဲ႔ဲ႔ၿပီးတဲ႔ေနာက္ ေမလ ၂၆ ရက္ေန႔မွာပဲသမၼတ ဦးထင္ေက်ာ္ လက္မွတ္ထိုးၿပီး ရုပ္သိမ္းလိုက္ၿပီျဖစ္ပါတယ္ ။

 နန္းေလာင္၀္ / ဗီြအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
......

နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ရန်ကုန်မြို့တွင်း စီတန်းလှည့်လည်ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေသူများ။
မြန်မာအစိုးရလက်ထက်မှာ ပြင်ဆင်ဖို့လုပ်နေတဲ့ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်း လှည့်လှည်ခြင်း ဆိုင်ရာ ဥပဒေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ညီအောင်ပြင်ဆင်ဖို့ နိုင်ငံတကာက လူ့အခွင့်အရေး အခြေအနေတွေ ကို လေ့လာစောင့်ကြည့် အကဲခတ်နေတဲ့ Human Rights Watch အဖွဲ့က တောင်းဆို လိုက်ပါတယ်။ ငြိမ်း၊ စု၊ စီလို့ လူသိများပြီး အရင်အစိုးရတွေ လက်ထက်မှာ တက်ကြွလှုပ်ရှားသူတွေ မကြာခဏ အရေးယူခံရလေ့ရှိတဲ့ ဒီဥပဒေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာ လျှော့ပေါ့ပြီး ပြန်လည်ပြဋ္ဌာန်းဖို့ လွှတ်တော်မှာ အဆိုပြုထားပေမဲ့လည်း နိုင်ငံတကာအဆင့်မီဖို့လိုနေသေးတယ်လို့ HRW အဖွဲ့က ထောက်ပြခဲ့တာပါ။ အပြည့်အစုံကို နန်းလောင်ဝ်ကပြောပြပေးပါမယ်။

ငြိမ်းစုစီလို့လူသိများတဲ့ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်း လှည့်လှည်ခြင်း ဆိုင်ရာ ဥပဒေကို အစိုးရသစ်လက်ထက် မှာ ပြင်ဆင်ဖို့ကြိုးပမ်းနေတဲ့ အပေါ် နိုင်ငံတကာစံချိန်စံနှုန်းတွေနဲ့အညီဖြစ်ဖို့လိုတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်တဲ့ အစိုးရအနေနဲ့ အမြန်ဆုံးပြင်ဆင်ပြဌာန်းသင့်တဲ့ အကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ အာရှဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson က VOA ကိုခုလိုပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားအတော်များများကို ဖမ်းဆီး အကျဉ်းချရာမှာ နှစ်ပေါင်း အတော်ကြာအောင်အသုံးပြုနေတဲ့ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လှည်ခြင်း ဆိုင်ရာဥပဒေဟာ လူ့အခွင့်အရေးကို ရှင်းရှင်းလင်းလင်း ချိုးဖောက်နေ တာဖြစ်သလို နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းနဲ့လည်း ကိုက်ညီမှု မရှိတာကြောင့်အစိုးရသစ်အနေနဲ့ အမြန်ဆုံးပြုပြင်ဖို့လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ စိုးရိမ်မှုရှိနေတာကတော့ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လှည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို လွှတ်တော်မှာတင်သွင်းခဲ့ပေမယ့်လည်း သိသာ ထင်ရှားတဲ့ ပြင်ဆင်ပြဌာန်းချက် အချို ့ရှိမနေသေးတဲ့အချက်ပါပဲ။ ဒါ့အပြင်ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွေကို နိုငံတကာ စံနှုန်းနဲ့ အညီပြဌာန်းဖို့ လိုနေပါသေးတယ်။

ဒါတင်မက ဆန္ဒပြသူတွေအနေနဲ့ အာဏာပိုင်တွေ သတ်မှတ်ပေးတဲ့နေရာတွေမှာသာ ဆန္ဒပြခွင့်ပြုတဲ့ အချက်ဟာလည်း နိုင်ငံတကာအလေ့အထတွေနဲ့ မညီဘူး လို့ ပြောပါတယ်။

"သတ်မှတ်နေရာတခုထဲမှာပဲ ဆန္ဒပြရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်း ရှိဖို့မလိုသလို အာဏာပိုင်တွေကို တင်ပြထားရတဲ့ ကြွေးကြော်သံ တွေကို သာကြွေးကြော်ရမယ် ဆိုတာမျိုးလည်း မဖြစ်သင့်ပါဘူး။ ဒီလုပ်ရပ်တွေကို ပြစ်မှုအဖြစ် သတ်မှတ်တယ် ဆိုရင်တော့ အစိုးရအနေနဲ့ ပြဿနာကို အမှန်တကယ် ဖြေရှင်းတာမဟုတ်ပဲ ဥပဒေရဲ့ အချို့အပိုင်း၊ စကားလုံးတွေကိုပြင်တဲ့သဘောမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နောက်ပြီး ဥပဒေတွေထဲက ကျန်တဲ့ အပိုင်းတွေကိုလည်း ပြင်ဆင်ဖို့လိုပါသေးတယ်။ ကျနော်ပြောချင်တာကတော့ NLD ဦးဆောင်တဲ့အစိုးရအနေနဲ့ ဆန္ဒပြသူတွေရဲ့ အခွင့်အရေးအတွက် ဒီဥပဒေမူကြမ်းကို နိုင်ငံတကာစံနှုန်းနဲ့ညီအောင် အလေးအနက်ထား လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။

ငြိမ်းစုစီ ဥပဒေကို လွှတ်တော်တွင်း အသစ်ရေးဆွဲနေရာမှာ ခွင့်ပြုမိန့်ရယူတာနဲ့ ပတ်သက်တဲ့ အချက်အပါအဝင်၊ အခြား ပြင်ဆင်သင့်တဲ့ အချက်တွေကို မဲခွဲအ တည်ပြုနိုင်ရေး ကြိုးပမ်းနေတဲ့အကြောင်းနဲ့ပတ်သက်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းကVOA ကို အခုလိုပြောပါတယ်။

" ကျနော်တို့ ဆန္ဒထုတ်ဖော်မယ်ဆိုရင် ခွင့်ပြုချက်ဆိုတာကို မလိုတော့ဘူး။ နယ်မြေတခုပဲ နယ်မြေတခုနဲ့တခု ဖြတ်သန်းသွားမယ်။ နောက်တခါ ခရိုင် တခုကိုပါ ကျော်သွားမယ်ဆိုရင် ကျနော်တို့ ဒီဘက်မှာတော့ ၄၈နာရီ ကြိုပြီးတော့ ဖြတ်သန်းသွားမယ့် နေရာတွေကို ကြိုပြီးတော့ အကြောင်းကြားဖို့ပဲ လိုမယ်။ ခွင့်ပြုမိန့်တွေ ဘာတွေ တောင်းစရာမလိုဘူး။ အကယ်လို့ စည်းကမ်းဖောက်ဖျက်လို့ အရေးယူဆောင်ရွက်မယ်ဆိုလို့ရှိရင် စတင်တဲ့နေရာကပဲ အရေးယူရမယ်။ ဖြတ်သန်းသွားတဲ့မြို့နယ် ဖြတ်သန်းသွားတဲ့ ခရိုင်တွေကနေ အရေးယူနိုင်အောင် အဲ့လောက်အထိ ကျနော်တို့ဘက်က ပြင်ဆင် ထားတာရှိပါတယ်။"

ဥပဒေပြင်ဆင်ဖို့အတွက် ပြည်တွင်းပြည်ပက ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်သင့်တယ် လို့လည်း NRW က တိုက်တွန်းထားတာပါ။

ပညာရေးဥပဒေပြင်ပေးဖို့ ငြိမ်းချမ်းစွာဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဗကသ ဗဟိုလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကလည်း ဒီမိုကရေစီအစိုးရ အစစ်အမှန်ဆိုရင် နိုင်ငံသားတယောက်ရဲ ့အခွင့်အရေးဖြစ်တဲ့ လွပ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ လွပ်လပ်စွာရေးသားခွင့် နဲ့မိမိယုံကြည်ရာကို ကိုးကွယ်ခွင့်ဆိုတဲ့ ဒီအချက်တွေကို ကန့်သတ်တဲ့ဥပဒေတွေမရှိသင့်ဘူးလို့ VOA ကိိုုပြောပါတယ်။

"အခုလက်ရှိအခြေအနေမှာလည်း ကျွန်တော်တို့အနေနဲ့ကတော့ ဒီလိုမျိုးပုဒ်မတွေ မရှိသင့်တော့ဘူုးဆိုတာရယ်၊ အရင်ဆုံးပြင်သင့်တာကတော့ ဒီပုဒ်မတွေပဲ။ ဒါ ဒီမိုကရေစီလို့ပြောနေပြီးတော့ ဟို မျက်နှာ သနပ်ခါး၊ ပေါင်သေးစီးကြောင်း ဆိုတဲ့ ပုံစံမျိုးနဲ့တူနေတယ်။ နိုင်ငံတကာမှာ ဒီမိုကရေစီ အစိုးရလို့ပြောတယ်။ ပြည်တွင်း မှာတော့ ဒီဥပဒေတွေနဲ့ အုပ်ချုပ်နေတာဖြစ် တဲ့အတွက် ကျွန်တော်တို့ကတော့ လက်မခံပါဘူး။ "

ဒါ့အပြင်ပုဒ်မ(၁၀)လို့လူသိများတဲ့နိုင်ငံတော်အားနှောင့်ယှက်ဖက်ဆီးလိုသူများ၏ဘေးအန္တရာယ်မှာ ကာကွယ်စောင့်ရှောက်သည့်ဥပဒေကိုရုပ်သိမ်းဖို့အတွက် ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လွှတ်တော်နှစ်ရပ်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲဲ့့ပြီးတဲ့နောက် မေလ ၂၆ ရက်နေ့မှာပဲသမ္မတ ဦးထင်ကျော် လက်မှတ်ထိုးပြီး ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ် ။

 နန်းလောင်ဝ် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment