Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 20, 2016

ဝန္ႀကီးကယ္ရီရဲ့ ျမန္မာခရီးစဥ္ ထူးျခားမႈ ရွိႏိုင္

ကန္ဝန္ႀကီးကယ္ရီနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ေတြ႔ဆံုခဲ့စဥ္။ (ရန္ကုန္၊ ၾသဂုတ္ ၁၀၊ ၂၀၁၄)
ျမန္မာႏုိင္ငံမွာ လူထုက ေရြးခ်ယ္တင္ေျမႇာက္တဲ့ အရပ္သားအစိုးရသစ္လက္ထက္ ပထမဦးဆံုးအႀကိမ္ - အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး ဂၽြန္ကယ္ရီ တနဂၤေႏြေန႔က် ရင္ ျမန္မာႏုိင္ငံကို ေရာက္ရွိမွာျဖစ္ပါတယ္။ သူ႔ခရီးစဥ္အတြင္း - ျမန္မာႏုိင္ငံမွာ ဒီမိုကေရစီနဲ႔ စီးပြားေရး ျပဳျပင္ေျပာင္းလဲမႈေတြ ဆက္လက္ အေကာင္အထည္ေဖာ္ဖို႔ အစိုးရသစ္ကို တြန္းအားေပးႏုိင္သလို - အရင္ခရီးစဥ္နဲ႔မတူဘဲ ထူးျခားမႈေတြ ရွိေနတယ္လို႔ ျမန္မာ့အေရး သံုးသပ္သူေတြက ေျပာဆုိခဲ့ၾကပါတယ္။ အေသးစိတ္ကုိေတာ့ ဆက္သြယ္ေမးျမန္းထားတဲ့ မနႏၵာခ်မ္း က ေျပာျပပါမယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီ ဦးေဆာင္တဲ့ အစိုးရသစ္ တက္လာခ်ိန္မွာ - အေမရိကန္ထိပ္တန္း သံတမန္တဦးအေနနဲ႔ ႏုိင္ငံျခားေရး၀န္ႀကီး ဂၽြန္ ကယ္ရီ - ေမလ ၂၂ ရက္ တနဂၤေႏြေန႔မွာ ျမန္မာႏုိင္ငံကို သြားေရာက္မွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ျမန္မာႏုိင္ငံ ခရီးစဥ္အတြင္း ေနျပည္ေတာ္မွာ - ျမန္မာသမၼတ ဦးထင္ေက်ာ္နဲ႔ ႏုိင္ငံျခားေရး၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ အဓိကက်တဲ့ ေခါင္းေဆာင္ေတြ နဲ႔ ေတြ႔ဆံုသြားဖို႔ရွိတယ္လို႔ အေမရိကန္ႏုိင္ငံျခားေရး ၀န္ႀကီးဌာနကေန မၾကာေသးခင္ကပဲ ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။

ဒါ့အျပင္ ဒီမိုကေရစီနည္းက် ေရြးခ်ယ္ၿပီး တက္လာတဲ့ အရပ္သားအစိုးရ ကို ေထာက္ခံမႈ ျပသတဲ့ အေနနဲ႔ေရာ၊ ျမန္မာႏုိင္ငံမွာ ဒီမိုကေရစီေရးနဲ႔ စီးပြားေရး ျပဳျပင္ေျပာင္းလဲမႈေတြ ဆက္ၿပီး လုပ္ေဆာင္ဖို႔ တြန္းအားေပးတဲ့အေနနဲ႔ေရာ ျမန္မာႏုိင္ငံကို ၀န္ႀကီးကယ္ရီ သြားေရာက္ခဲ့တာ ျဖစ္တယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထား ပါတယ္။ ၁၉၉၀ ေရြးေကာက္ပြဲအႏုိင္ရ NLD အမတ္ေဟာင္းတဦး လည္းျဖစ္တဲ့ ေဒါက္တာ တင့္ေဆြ ကေတာ့ - ၀န္ႀကီး ကယ္ရီရဲ႕ အခုတေခါက္ ျမန္မာႏုိင္ငံ ခရီးစဥ္ဟာ အေတာ္ေလး ထူးျခားမႈ ရွိတယ္လို႔ သံုးသပ္ပါတယ္။

“ဂၽြန္ ကယ္ရီရဲ႕ ခရီးစဥ္က အေရးပါတဲ့ အတုိင္းအတာက မေသးဘူးလို႔ က်ေနာ္ ယူဆပါတယ္။ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးက အိုဘားမား လက္ထက္မွာ သူတုိ႔ႏုိင္ငံျခားေရးေပၚလစီက အေရွ႕ေတာင္နဲ႔ အေရွ႕အာရွပိုင္းကို အာ႐ံုစူးစိုက္မႈေပၚလစီ သူတို႔ဦးစားေပးထဲမွာ ထားတယ္။ အဲဒီထဲမွာ ေတာင္တ႐ုတ္ ပင္လယ္က ကၽြန္းစုအေရးအျပင္၊ ျမန္မာႏုိင္ငံကို ဗဟိုျပဳတဲ့ အေရွ႕ေတာင္အာရွ ဆက္ဆံေရးက အေမရိကန္ျပည္ေထာင္စုရဲ႕ ႏုိင္ငံျခားေရး ေပၚလစီထဲမွာ ဦးစားေပးပါတယ္လို႔ က်ေနာ္ ယူဆပါတယ္။ ဒီအတြက္ သူ႔သက္တမ္းတြင္းမွာ ျမန္မာႏုိင္ငံ ကို ဒုတိယအႀကိမ္အထိ ေရာက္လာတယ္ ဆိုေတာ့ ထူးျခားတယ္လို႔ က်ေနာ္ျမင္ပါတယ္။”

ေလာေလာဆယ္ ျမန္မာသမၼတ ဦးထင္ေက်ာ္ဟာ ႐ုရွားႏုိင္ငံမွာ ၂ ရက္ၾကာက်င္းပတဲ့ ႐ုရွား-အာဆီယံထိပ္သီးေဆြးေႏြးပြဲကုိ တက္ေရာက္ေနၿပီး၊ အဲဒီမွာ ႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္နဲ႔လည္း ႏွစ္ႏုိင္ငံ အျပန္အလွန္ ဆက္ဆံေရး တုိးတက္ေကာင္းမြန္လာဖုိ႔နဲ႔ စီးပြားေရးနဲ႔ ယဥ္ေက်းမႈဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ဖုိ႔ေတြအျပင္ စစ္ဘက္ ကုန္သြယ္ေရးျမႇင့္တင္ေဆာင္ရြက္ဖို႔နဲ႔ စစ္လက္နက္ပစၥည္းေတြ၊ နည္းပညာေတြကို ႐ုရွားႏုိင္ငံ အေနနဲ႔ ျမန္မာႏုိင္ငံကုိ ေရာင္းခ်သြားဖို႔ေတြကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။

အခုလို NLD အစိုးရလက္ထက္မွာ ႐ုရွားႏုိင္ငံနဲ႔ အရပ္ဘက္၊ စစ္ဘက္ ဆက္ဆံေရး တိုးျမႇင့္သြားဖို႔ လုပ္ေဆာင္လာသလို၊ အေမရိကန္ျပည္ေထာင္စုကလည္း - ျမန္မာႏုိင္ငံမွာ အရပ္ဘက္အုပ္ခ်ဳပ္မႈကုိ အသြင္ကူးေျပာင္းရာမွာ အေထာက္အကူ ျဖစ္ေစဖုိ႔ စစ္ဘက္ဆုိင္ရာ ဆက္ဆံေရးေတြကုိ ဘယ္လုိ တုိးျမႇင့္ႏုိင္မလဲဆုိတာကုိ ကြန္ဂရက္လႊတ္ေတာ္နဲ႔ တုိင္ပင္ၿပီး နည္းလမ္းရွာ ေနတယ္လုိ႔ - ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ အေမရိကန္ သမၼတ ဘရက္အိုဘားမားရဲ႕ လက္ေထာက္ အမ်ိဳးသားလံုၿခံဳေရးအႀကံေပး Ben Rhodes က ေျပာၾကားခဲ့တာပါ။

ဒီအေျခအေနေတြကို ၾကည့္ရင္ - ျမန္မာႏုိင္ငံအေပၚ လႊမ္းမိုးလြန္းတဲ့ တ႐ုတ္ရဲ႕ၾသဇာကို ခ်ိန္ခြင္လွ်ာညိႇဖို႔အတြက္ ႀကိဳးစားမႈေတြ ပါ၀င္ႏုိင္တယ္လို႔ ေဒါက္တာ တင့္ေဆြက သံုးသပ္ပါတယ္။

“သမၼတႀကီး ဦးထင္ေက်ာ္ဟာ အာဆီယံနဲ႔ ႐ုရွားအစည္းအေ၀းမွာ ႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္နဲ႔ ေဆြးေႏြးတာေရာ၊ ႐ုရွားႏုိင္ငံနဲ႔ စစ္ေရးအရ ပူးေပါင္းေဆာင္ရြက္မႈပါ ရွိထားတယ္။ အခုတခါ ဂၽြန္ကယ္ရီလာခါနီးမွာ အေမရိကန္နဲ႔လည္း ဗမာ့တပ္မေတာ္နဲ႔လည္း စစ္ေရးပူးေပါင္းေဆာင္ရြက္မႈေတြ ရွိလာမယ္ဆုိတဲ့အခ်က္က က်ေနာ္တုိ႔ ဗမာႏုိင္ငံအတြက္ပါ ထူးျခားတယ္လို႔ က်ေနာ္ ယူဆတယ္။ ဒီကေန႔ကာလက ဟို သိတဲ့အတုိင္း စစ္ေအးကာလ လည္း မဟုတ္ေတာ့ ဗမာႏုိင္ငံအေနနဲ႔ ႏုိ္င္ငံျခားေရးေပၚလစီမွာ ထိန္းညိႇတဲ့ ေပၚလစီေရာ၊ လိုအပ္ခ်က္ေတြအရေရာ ေဆာင္ရြက္ရတယ္။ အရင္ စစ္အစိုးရကာလေတြ ႏွစ္ေပါင္း ၂၀ ေလာက္အတြင္းမွာ ဗမာႏုိင္ငံက ႏုိင္ငံျခားေရးေပၚလစီဟာ တဘက္သတ္ေပါ့ေနာ္ တိတိလင္းလင္းေျပာရရင္ေတာ့ တ႐ုတ္ႏုိင္ငံကို ဦးစားေပးလြန္းတာကေန နယ္ကၽြံတဲ့အထိ ျဖစ္လာတဲ့အခါမွာ တပ္မေတာ္ေခါင္းေဆာင္ေတြ ကိုယ္၌ကလည္း စိုးရိမ္ခ်က္ ရွိေကာင္းရွိ မယ္လုိ႔ က်ေနာ္ ယူဆတယ္။

အဲဒီအတြက္လည္းပဲ ျပန္ၿပီးေတာ့ အမွားေတြကို ျပင္ဖို႔ရာအတြက္ အေမရိကန္ႏုိ္င္ငံရဲ႕ အကူအညီ လိုတယ္။ အကူအညီ ဆုိတာမွာ စစ္ေရးအကူအညီေတြ ပါတယ္။ ဒါေၾကာင့္လည္းပဲ ဒီခရီးစဥ္ဟာ ဒီဟာေတြကို ဆက္လက္ အေကာင္အထည္ ေဖာ္ႏု္ိင္ေကာင္း ေဖာ္ႏုိင္ လိမ့္မယ္လုိ႔ က်ေနာ္ ယူဆပါတယ္။”

အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး ဂၽြန္ကယ္ရီဟာ အရင္ ၂၀၁၄ ၾသဂုတ္လ ၉ ရက္ေန႔ ကလည္း ျမန္မာႏုိင္ငံကုိ သြားေရာက္ခဲ့ဖူးပါတယ္။ သူ႔ခရီးစဥ္မတုိင္မီ ဒီသီတင္းပတ္ အေစာပုိင္းမွာေတာ့ အေမရိကန္ ျပည္ေထာင္စုက ျမန္မာအေပၚထားရွိတ့ဲ ဒဏ္ခတ္အေရးယူမႈေတြကုိ ေနာက္ထပ္ သက္တမ္းတႏွစ္ တုိးလုိက္ပါတယ္။

ျမန္မာႏုိင္ငံရဲ႕ ျပဳျပင္ေျပာင္းလဲေရး လုပ္ငန္းေတြကုိ တြန္းအားေပးဖုိ႔နဲ႔ ဒီမုိကေရစီ အေျပာင္းအလဲမွာ အဟန္႔အတား ျဖစ္ေစသူေတြကုိ အေရးယူဖုိ႔ဆုိၿပီး ျပဳျပင္မြမ္းမံ သက္တမ္းတုိးခဲ့တဲ့ ဒဏ္ခတ္မႈေတြဟာ ျမန္မာႏုိင္ငံအတြက္ ႀကီးမားတဲ့ ျပႆနာ မဟုတ္သလုိ၊ အေမရိကန္ဟာ ျမန္မာႏုိင္ငံရဲ႕ မိတ္ေဆြေကာင္း ျဖစ္တယ္လုိ႔ လည္း ျမန္မာႏုိင္ငံျခားေရး၀န္ႀကီးလည္းျဖစ္၊ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ လည္းျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ကလည္း ေျပာဆုိထားတာ ျဖစ္ပါတယ္။

 နႏၵာခ်မ္း / ဗီြအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
......

ကန်ဝန်ကြီးကယ်ရီနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့စဉ်။ (ရန်ကုန်၊ သြဂုတ် ၁၀၊ ၂၀၁၄)
မြန်မာနိုင်ငံမှာ လူထုက ရွေးချယ်တင်မြှောက်တဲ့ အရပ်သားအစိုးရသစ်လက်ထက် ပထမဦးဆုံးအကြိမ် - အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တနင်္ဂနွေနေ့ကျ ရင် မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။ သူ့ခရီးစဉ်အတွင်း - မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် အကောင်အထည်ဖော်ဖို့ အစိုးရသစ်ကို တွန်းအားပေးနိုင်သလို - အရင်ခရီးစဉ်နဲ့မတူဘဲ ထူးခြားမှုတွေ ရှိနေတယ်လို့ မြန်မာ့အရေး သုံးသပ်သူတွေက ပြောဆိုခဲ့ကြပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပါမယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ် တက်လာချိန်မှာ - အမေရိကန်ထိပ်တန်း သံတမန်တဦးအနေနဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ - မေလ ၂၂ ရက် တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နေပြည်တော်မှာ - မြန်မာသမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဓိကကျတဲ့ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနကနေ မကြာသေးခင်ကပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် ဒီမိုကရေစီနည်းကျ ရွေးချယ်ပြီး တက်လာတဲ့ အရပ်သားအစိုးရ ကို ထောက်ခံမှု ပြသတဲ့ အနေနဲ့ရော၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီး လုပ်ဆောင်ဖို့ တွန်းအားပေးတဲ့အနေနဲ့ရော မြန်မာနိုင်ငံကို ၀န်ကြီးကယ်ရီ သွားရောက်ခဲ့တာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထား ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD အမတ်ဟောင်းတဦး လည်းဖြစ်တဲ့ ဒေါက်တာ တင့်ဆွေ ကတော့ - ၀န်ကြီး ကယ်ရီရဲ့ အခုတခေါက် မြန်မာနိုင်ငံ ခရီးစဉ်ဟာ အတော်လေး ထူးခြားမှု ရှိတယ်လို့ သုံးသပ်ပါတယ်။

“ဂျွန် ကယ်ရီရဲ့ ခရီးစဉ်က အရေးပါတဲ့ အတိုင်းအတာက မသေးဘူးလို့ ကျနော် ယူဆပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အိုဘားမား လက်ထက်မှာ သူတို့နိုင်ငံခြားရေးပေါ်လစီက အရှေ့တောင်နဲ့ အရှေ့အာရှပိုင်းကို အာရုံစူးစိုက်မှုပေါ်လစီ သူတို့ဦးစားပေးထဲမှာ ထားတယ်။ အဲဒီထဲမှာ တောင်တရုတ် ပင်လယ်က ကျွန်းစုအရေးအပြင်၊ မြန်မာနိုင်ငံကို ဗဟိုပြုတဲ့ အရှေ့တောင်အာရှ ဆက်ဆံရေးက အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး ပေါ်လစီထဲမှာ ဦးစားပေးပါတယ်လို့ ကျနော် ယူဆပါတယ်။ ဒီအတွက် သူ့သက်တမ်းတွင်းမှာ မြန်မာနိုင်ငံ ကို ဒုတိယအကြိမ်အထိ ရောက်လာတယ် ဆိုတော့ ထူးခြားတယ်လို့ ကျနော်မြင်ပါတယ်။”

လောလောဆယ် မြန်မာသမ္မတ ဦးထင်ကျော်ဟာ ရုရှားနိုင်ငံမှာ ၂ ရက်ကြာကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်နေပြီး၊ အဲဒီမှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့လည်း နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့နဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့တွေအပြင် စစ်ဘက် ကုန်သွယ်ရေးမြှင့်တင်ဆောင်ရွက်ဖို့နဲ့ စစ်လက်နက်ပစ္စည်းတွေ၊ နည်းပညာတွေကို ရုရှားနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံကို ရောင်းချသွားဖို့တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အခုလို NLD အစိုးရလက်ထက်မှာ ရုရှားနိုင်ငံနဲ့ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး တိုးမြှင့်သွားဖို့ လုပ်ဆောင်လာသလို၊ အမေရိကန်ပြည်ထောင်စုကလည်း - မြန်မာနိုင်ငံမှာ အရပ်ဘက်အုပ်ချုပ်မှုကို အသွင်ကူးပြောင်းရာမှာ အထောက်အကူ ဖြစ်စေဖို့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေကို ဘယ်လို တိုးမြှင့်နိုင်မလဲဆိုတာကို ကွန်ဂရက်လွှတ်တော်နဲ့ တိုင်ပင်ပြီး နည်းလမ်းရှာ နေတယ်လို့ - ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အမေရိကန် သမ္မတ ဘရက်အိုဘားမားရဲ့ လက်ထောက် အမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes က ပြောကြားခဲ့တာပါ။

ဒီအခြေအနေတွေကို ကြည့်ရင် - မြန်မာနိုင်ငံအပေါ် လွှမ်းမိုးလွန်းတဲ့ တရုတ်ရဲ့သြဇာကို ချိန်ခွင်လျှာညှိဖို့အတွက် ကြိုးစားမှုတွေ ပါ၀င်နိုင်တယ်လို့ ဒေါက်တာ တင့်ဆွေက သုံးသပ်ပါတယ်။

“သမ္မတကြီး ဦးထင်ကျော်ဟာ အာဆီယံနဲ့ ရုရှားအစည်းအဝေးမှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဆွေးနွေးတာရော၊ ရုရှားနိုင်ငံနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုပါ ရှိထားတယ်။ အခုတခါ ဂျွန်ကယ်ရီလာခါနီးမှာ အမေရိကန်နဲ့လည်း ဗမာ့တပ်မတော်နဲ့လည်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမယ်ဆိုတဲ့အချက်က ကျနော်တို့ ဗမာနိုင်ငံအတွက်ပါ ထူးခြားတယ်လို့ ကျနော် ယူဆတယ်။ ဒီကနေ့ကာလက ဟို သိတဲ့အတိုင်း စစ်အေးကာလ လည်း မဟုတ်တော့ ဗမာနိုင်ငံအနေနဲ့ နို်င်ငံခြားရေးပေါ်လစီမှာ ထိန်းညှိတဲ့ ပေါ်လစီရော၊ လိုအပ်ချက်တွေအရရော ဆောင်ရွက်ရတယ်။ အရင် စစ်အစိုးရကာလတွေ နှစ်ပေါင်း ၂၀ လောက်အတွင်းမှာ ဗမာနိုင်ငံက နိုင်ငံခြားရေးပေါ်လစီဟာ တဘက်သတ်ပေါ့နော် တိတိလင်းလင်းပြောရရင်တော့ တရုတ်နိုင်ငံကို ဦးစားပေးလွန်းတာကနေ နယ်ကျွံတဲ့အထိ ဖြစ်လာတဲ့အခါမှာ တပ်မတော်ခေါင်းဆောင်တွေ ကိုယ်၌ကလည်း စိုးရိမ်ချက် ရှိကောင်းရှိ မယ်လို့ ကျနော် ယူဆတယ်။

အဲဒီအတွက်လည်းပဲ ပြန်ပြီးတော့ အမှားတွေကို ပြင်ဖို့ရာအတွက် အမေရိကန်နို်င်ငံရဲ့ အကူအညီ လိုတယ်။ အကူအညီ ဆိုတာမှာ စစ်ရေးအကူအညီတွေ ပါတယ်။ ဒါကြောင့်လည်းပဲ ဒီခရီးစဉ်ဟာ ဒီဟာတွေကို ဆက်လက် အကောင်အထည် ဖော်နု်ိင်ကောင်း ဖော်နိုင် လိမ့်မယ်လို့ ကျနော် ယူဆပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ အရင် ၂၀၁၄ သြဂုတ်လ ၉ ရက်နေ့ ကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။ သူ့ခရီးစဉ်မတိုင်မီ ဒီသီတင်းပတ် အစောပိုင်းမှာတော့ အမေရိကန် ပြည်ထောင်စုက မြန်မာအပေါ်ထားရှိတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို နောက်ထပ် သက်တမ်းတနှစ် တိုးလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို တွန်းအားပေးဖို့နဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ အဟန့်အတား ဖြစ်စေသူတွေကို အရေးယူဖို့ဆိုပြီး ပြုပြင်မွမ်းမံ သက်တမ်းတိုးခဲ့တဲ့ ဒဏ်ခတ်မှုတွေဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ ပြဿနာ မဟုတ်သလို၊ အမေရိကန်ဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေကောင်း ဖြစ်တယ်လို့ လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြောဆိုထားတာ ဖြစ်ပါတယ်။

 နန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment