Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 20, 2016

မ်က္မျမင္အဘြားအိုအား ေတာင္းရမ္းခိုင္းသည့္ အမ်ဳိးသမီးကို အေရးယူမည္

မ်က္စိမျမင္တဲ့ အဘြားအိုကို ေတာင္းရမ္းခိုင္းတဲ့ အမ်ိဳးသမီးကို လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးအဖြဲ႔ ရန္ကုန္က အမႈဖြင့္ တရားစြဲဆုိ အေရးယူေတာ့မွာ ျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕ လွည္းတန္းလမ္းဆုံမွာ မ်က္စိမျမင္တဲ့ အဘြားအိုတဦးဟာ ေတာင္းရမ္းဖို႔ ခို္င္းေစခံေနရတာကို ဧၿပီလ ၉ ရက္ေန႔ ညက လူမႈေရးအဖြဲ႔ေတြရဲ႕ ေဖာ္ထုတ္မႈေၾကာင့္ သိခဲ့ရၿပီးေနာက္မွာေတာ့ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးအဖြဲ႔က ဆက္လက္ေဖာ္ထုတ္ အေရးယူဖို႔ လုပ္ေဆာင္ေနတာပါ။

ဒီကိစၥနဲ႔ပတ္သက္ၿပီး အမွတ္ ၆ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႔စု (ရန္ကုန္)၊ ဒု-တပ္ဖြဲ႔စုမႉး (တပ္ဖြဲ႔စု-၆) ဒု-ရဲမႉးမ်ဳိးသိန္းက “အဓိကသက္ေသေတြကို ရွာေနတာပါ။ ရွာလို႔ေတြ႔ၿပီး သူတို႔ကို စစ္ၿပီးၿပီဆိုရင္ေတာ့ ၿငိစြန္းရင္ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒနဲ႔ အေရးယူၿပီးေတာ့၊ အဲဒါမွ မဟုတ္ဘူးဆိုရင္ေတာ့ အဘြားႀကီးကို ေျခာက္လွန္႔ခိုင္းေစမႈေပါ့။ အဲဒီလို ျပစ္မႈဆုိင္ရာ ဥပေဒတခုခုနဲ႔ အေရးယူမယ္လို႔ ဦးတို႔ကေတာ့ အခုေလာေလာဆယ္ စီမံေနတယ္” လို႔ ေျပာပါတယ္။

လက္ရွိမွာ အဲ့ဒီ မ်က္မျမင္အဘြားအုိကို ခိုလႈံရာပရဟိတကေန လွည္းကူးမွာရွိတဲ့ သဘာဝတရားရိပ္သာကို ပို႔ေပးၿပီး ေစာင့္ေရွာက္ထားပါတယ္။

အခုလုိ ေတာင္းရမ္းခုိင္းေစတာကို အမႈဖြင့္ တရားစြဲဆိုမႈေတြလုပ္ဖို႔ အတြက္ေတာ့ သက္ေသေတြကို စုေဆာင္းေနပါတယ္။

“ဒီကိစၥႀကီးက မီဒီယာေတြ ေတာ္ေတာ္မ်ားမ်ားမွာ ပါသြားတာေပါ့ေနာ္။ ပါသြားေတာ့ လူကုန္ကူးကေနၿပီးေတာ့ ဒီကိစၥကို ျပန္စစ္ဖို႔ ေျပာတယ္ေပါ့။ အဲမွာ စေတြ႔တဲ့လူေတြနဲ႔ သက္ေသေခၚေပးမယ္လို႔ ေျပာပါတယ္” လို႔ ခိုလႈံရာပရဟိတအဖြဲ႔မွ မသင္းေရႊစင္လႈိင္က ေျပာပါတယ္။

လက္ရွိမွာ အဘြားအိုေနထိုင္ရာ အိမ္ရဲ႕ပိုင္ရွင္၊ ပရဟိတအဖြဲ႔နဲ႔ ကာယကံရွင္ အဘြားရဲ႕ ထြက္ခ်က္ေတြ ရရွိထားတယ္လို႔ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးအဖြဲ႔က ဆိုပါတယ္။

“ေတာင္းလို႔ရသမွ် ပိုက္ဆံေတြကိုလည္း သူတို႔က အကုန္လံုးယူပါတယ္” လို႔ ေတာင္းရမ္းခိုင္းေစခံရသူ အဘြား ေဒၚရီရီေဌးက ေျပာပါတယ္။

လူကုန္ကူးမႈ တားဆီးနွိမ္နင္းေရးအဖြဲ႔ အေနနဲ႔ အခုလို ေတာင္းရမ္းခိုင္းေစမႈေတြအတြက္ တိုက္႐ုိက္ဆက္သြယ္တိုင္ၾကားနိုင္ၿပီး တိုင္ၾကား သတင္းေပးသူအေနနဲ႔ အဖြဲ႔ရဲ႕ ထြက္ဆိုခ်က္ ေတာင္းတာနဲ႔ တရား႐ုံးမွာ လိုက္လံထြက္ဆိုေပးရတာေတြေတာ့ ရွိပါတယ္။

သတင္း – ထက္ထက္ / DVB
.............
မျက်မမြင်အဘွားအိုအား တောင်းရမ်းခိုင်းသည့် အမျိုးသမီးကို အရေးယူမည်

မျက်စိမမြင်တဲ့ အဘွားအိုကို တောင်းရမ်းခိုင်းတဲ့ အမျိုးသမီးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ ရန်ကုန်က အမှုဖွင့် တရားစွဲဆို အရေးယူတော့မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံမှာ မျက်စိမမြင်တဲ့ အဘွားအိုတဦးဟာ တောင်းရမ်းဖို့ ခို်င်းစေခံနေရတာကို ဧပြီလ ၉ ရက်နေ့ ညက လူမှုရေးအဖွဲ့တွေရဲ့ ဖော်ထုတ်မှုကြောင့် သိခဲ့ရပြီးနောက်မှာတော့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့က ဆက်လက်ဖော်ထုတ် အရေးယူဖို့ လုပ်ဆောင်နေတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမှတ် ၆ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်)၊ ဒု-တပ်ဖွဲ့စုမှူး (တပ်ဖွဲ့စု-၆) ဒု-ရဲမှူးမျိုးသိန်းက “အဓိကသက်သေတွေကို ရှာနေတာပါ။ ရှာလို့တွေ့ပြီး သူတို့ကို စစ်ပြီးပြီဆိုရင်တော့ ငြိစွန်းရင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေနဲ့ အရေးယူပြီးတော့၊ အဲဒါမှ မဟုတ်ဘူးဆိုရင်တော့ အဘွားကြီးကို ခြောက်လှန့်ခိုင်းစေမှုပေါ့။ အဲဒီလို ပြစ်မှုဆိုင်ရာ ဥပဒေတခုခုနဲ့ အရေးယူမယ်လို့ ဦးတို့ကတော့ အခုလောလောဆယ် စီမံနေတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ အဲ့ဒီ မျက်မမြင်အဘွားအိုကို ခိုလှုံရာပရဟိတကနေ လှည်းကူးမှာရှိတဲ့ သဘာဝတရားရိပ်သာကို ပို့ပေးပြီး စောင့်ရှောက်ထားပါတယ်။

အခုလို တောင်းရမ်းခိုင်းစေတာကို အမှုဖွင့် တရားစွဲဆိုမှုတွေလုပ်ဖို့ အတွက်တော့ သက်သေတွေကို စုဆောင်းနေပါတယ်။

“ဒီကိစ္စကြီးက မီဒီယာတွေ တော်တော်များများမှာ ပါသွားတာပေါ့နော်။ ပါသွားတော့ လူကုန်ကူးကနေပြီးတော့ ဒီကိစ္စကို ပြန်စစ်ဖို့ ပြောတယ်ပေါ့။ အဲမှာ စတွေ့တဲ့လူတွေနဲ့ သက်သေခေါ်ပေးမယ်လို့ ပြောပါတယ်” လို့ ခိုလှုံရာပရဟိတအဖွဲ့မှ မသင်းရွှေစင်လှိုင်က ပြောပါတယ်။

လက်ရှိမှာ အဘွားအိုနေထိုင်ရာ အိမ်ရဲ့ပိုင်ရှင်၊ ပရဟိတအဖွဲ့နဲ့ ကာယကံရှင် အဘွားရဲ့ ထွက်ချက်တွေ ရရှိထားတယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့က ဆိုပါတယ်။

“တောင်းလို့ရသမျှ ပိုက်ဆံတွေကိုလည်း သူတို့က အကုန်လုံးယူပါတယ်” လို့ တောင်းရမ်းခိုင်းစေခံရသူ အဘွား ဒေါ်ရီရီဌေးက ပြောပါတယ်။

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ အနေနဲ့ အခုလို တောင်းရမ်းခိုင်းစေမှုတွေအတွက် တိုက်ရိုက်ဆက်သွယ်တိုင်ကြားနိုင်ပြီး တိုင်ကြား သတင်းပေးသူအနေနဲ့ အဖွဲ့ရဲ့ ထွက်ဆိုချက် တောင်းတာနဲ့ တရားရုံးမှာ လိုက်လံထွက်ဆိုပေးရတာတွေတော့ ရှိပါတယ်။

သတင်း – ထက်ထက် / DVB

No comments:

Post a Comment