Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 20, 2016

ရန္ကုန္ျမဳိ ့ကုိ ျပဳျပင္ေျပာင္းလဲေရး လုပ္ေတာ့မည္


 စီးပြားေရး လုပ္ငန္းရွင္တစ္ဦးျဖစ္သူ ေဒါက္တာစုိးထြန္းက ရန္ကုန္တိုင္းေဒသၾကီး အစိုးရအဖြဲ႕ဝန္ၾကီးခ်ဳပ္၊ ျမိဳ႕ေတာ္ဝန္၊ စီမံဝန္ၾကီး၊ လမ္းပန္းဝန္ၾကီး၊ ရခိုင္တိုင္းရင္းသားဝန္ၾကီးတို႔ႏွင့္ ေတြ႔ဆံုေဆြးေႏြး ၿပီးေနာက္ ရလာဒ္မ်ားကုိ ေအာက္ပါ အတုိင္း ၎၏ Facebook စာမ်က္ႏွာတြင္ ေရးသားထားသည္။

ရန္ကုန္တိုင္းေဒသၾကီး အစိုးရအဖြဲ႕ဝန္ၾကီးခ်ဳပ္။ ျမိဳ႕ေတာ္ဝန္။ စီမံဝန္ၾကီး။ လမ္းပန္းဝန္ၾကီး။ ရခိုင္တိုင္းရင္းသားဝန္ၾကီးတို႔ႏွင့္ေတြ႔ဆံုေဆြးေႏြး။

၁။ ရန္ကုန္ကားပါကင္ကိစၥ
ပိုမိုေကာင္းမြန္တဲ့နည္းလမ္းရွာေဖြေနေၾကာင္း။ အသင္းမွပိုမိုေကာင္းတဲ့နည္းလမ္းရွိလ်င္တင္ျပရန္။
Target date 15.6.2016 ေန႔တြင္အေျဖသိရပါမည္။

၂။ ဆိပ္ကမ္းေရာက္ကားမ်ားကိစၥ
လိုင္စင္မရွိၾကိဳေရာက္ျခင္းအား ထုတ္သြင္းဥပေဒအရ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းသိရပါသည္။

၃။ ယခင္ရွိျပီးသားကားမ်ား
ပါကင္ရွိမရွိစီစစ္ျပီး Action ယူသြားပါမည္။

၄။ လမ္းေဘးေစ်းသည္
လမ္းတခ်ိဳ႔ပိတ္ျပီးညေစ်းမ်ားစီစဥ္ေပးသြားမည္။ ကားလမ္းေပါ္ေရာင္းခ်ျခင္းကို က်ပ္မတ္သြားမည္။

၅။ ဘတ္စ္ကားမ်ား
လိုင္းမ်ားကိုဖ်က္သိမ္း၍ စုစုေပါင္းလိုင္း၅၀သာ သတ္မွတ္ေျပးဆြဲေစပါမည္။ ဘတ္စ္ကားအမ်ားပိုင္ကုမၼဏီမ်ားေထာင္ေပးမည္။အစိုးရမွေထာက္ပံ႔ေပးမည္။ ဥပမာ ဆီဆိုင္ဖြင့္ခြင့္ စသည္

၆။ Taxi မ်ား
ျမိဳ႔ေတာ္အတြက္အခြန္ေကာက္သြားမည္။ GPS မ်ားတပ္ဆင္သြားမည္။စည္းကမ္းတင္းက်ပ္ထိမ္းသိမ္းမည္။

၇။ကားအေရာင္းစင္တာမ်ား။ ဝပ္ေလ်ာ့မ်ား။ ပြဲစားတန္းမ်ားအတြက္ေနရာ
ရန္ကုန္ျမိဳ႕ျပင္တြင္စီစဥ္ေပးသြားမည္။

၈။ ဆီဆိုင္မ်ား
လက္လီဆီဆိုင္မ်ား ၂၀%အျမတ္တင္ေရာင္းေနတာကို ၁၀%ေလ်ာ့ေအာင္ညွိႏွုိင္းေပးသြားမည္

၉။ကြန္ကရစ္တံုး
တခ်ိဳ႕အားဖယ္ရွားေပးမည္

Soe Tun (facebook)
https://www.facebook.com/soetun.dr
.......

 စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ စီမံဝန်ကြီး၊ လမ်းပန်းဝန်ကြီး၊ ရခိုင်တိုင်းရင်းသားဝန်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေး ပြီးနောက် ရလာဒ်များကို အောက်ပါ အတိုင်း ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်။ မြို့တော်ဝန်။ စီမံဝန်ကြီး။ လမ်းပန်းဝန်ကြီး။ ရခိုင်တိုင်းရင်းသားဝန်ကြီးတို့နှင့်တွေ့ဆုံဆွေးနွေး။

၁။ ရန်ကုန်ကားပါကင်ကိစ္စ
ပိုမိုကောင်းမွန်တဲ့နည်းလမ်းရှာဖွေနေကြောင်း။ အသင်းမှပိုမိုကောင်းတဲ့နည်းလမ်းရှိလျင်တင်ပြရန်။
Target date 15.6.2016 နေ့တွင်အဖြေသိရပါမည်။

၂။ ဆိပ်ကမ်းရောက်ကားများကိစ္စ
လိုင်စင်မရှိကြိုရောက်ခြင်းအား ထုတ်သွင်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါသည်။

၃။ ယခင်ရှိပြီးသားကားများ
ပါကင်ရှိမရှိစီစစ်ပြီး Action ယူသွားပါမည်။

၄။ လမ်းဘေးစျေးသည်
လမ်းတချို့ပိတ်ပြီးညစျေးများစီစဉ်ပေးသွားမည်။ ကားလမ်းပေါ်ရောင်းချခြင်းကို ကျပ်မတ်သွားမည်။

၅။ ဘတ်စ်ကားများ
လိုင်းများကိုဖျက်သိမ်း၍ စုစုပေါင်းလိုင်း၅၀သာ သတ်မှတ်ပြေးဆွဲစေပါမည်။ ဘတ်စ်ကားအများပိုင်ကုမ္မဏီများထောင်ပေးမည်။အစိုးရမှထောက်ပံ့ပေးမည်။ ဥပမာ ဆီဆိုင်ဖွင့်ခွင့် စသည်

၆။ Taxi များ
မြို့တော်အတွက်အခွန်ကောက်သွားမည်။ GPS များတပ်ဆင်သွားမည်။စည်းကမ်းတင်းကျပ်ထိမ်းသိမ်းမည်။

၇။ကားအရောင်းစင်တာများ။ ဝပ်လျော့များ။ ပွဲစားတန်းများအတွက်နေရာ
ရန်ကုန်မြို့ပြင်တွင်စီစဉ်ပေးသွားမည်။

၈။ ဆီဆိုင်များ
လက်လီဆီဆိုင်များ ၂၀%အမြတ်တင်ရောင်းနေတာကို ၁၀%လျော့အောင်ညှိနှိုင်းပေးသွားမည်

၉။ကွန်ကရစ်တုံး
တချို့အားဖယ်ရှားပေးမည်

Soe Tun (facebook)
https://www.facebook.com/soetun.dr

No comments:

Post a Comment