Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 3, 2016

အသြင္သဏၭာန္သစ္ ျမင္ေတြ႕ရဖြယ္ရွိတဲ့ သူငယ္တန္းသင္ရုိးညႊန္းတမ္းအသစ္


May 4, 2016
 7daydaily

 ၿပံဳးၿပံဳးေလး ၿပံဳးထား × × × ၿပံဳးၿပံဳးေလး ၿပံဳးထား × × × ဒီကမၻာႀကီးကို အလွဆင္မွာ× × × ၿပံဳးၿပံဳးေလးၿပံဳးထားမယ္၊ ၿပဳံးၿပဳံးေလးၿပံဳးလုိ႔ရယ္’’  သီခ်င္းကဗ်ာရြတ္ဆုိသံသည္ စာသင္ခန္းတစ္ခုအတြင္း ထြက္ေပၚေနၿပီး ဆရာတစ္ဦးက စည္းႏွင့္ ဝါးကုိ တီးခတ္၍ ဆရာ၊ဆရာမမ်ားက သံၿပိဳင္သီဆုိေနၾကသည္။

လာမည့္ပညာသင္ႏွစ္ စတင္မည့္ သူငယ္တန္းသင္႐ုိးၫႊန္းတမ္းအသစ္ကုိ သင္ၾကားေပးၾကမည့္ မူလတန္းျပဆရာ၊ ဆရာမ ၉၀,၀၀၀ အား သူငယ္တန္းဆရာ၊ဆရာမမ်ား ၿမိဳ႕နယ္အဆင့္သင္တန္းကုိ သက္ဆုိင္ရာၿမိဳ႕နယ္မ်ားတြင္ ဧၿပီ ၂၆ ရက္မွစတင္၍ ေမလ ၁၀ ရက္အထိ သင္ၾကားေနျခင္း ျဖစ္သည္။

သင္တန္းတက္ေရာက္ေနသည့္ မူလတန္းျပဆရာ၊ ဆရာမမ်ား ကစားနည္းမ်ားကုိ ေပ်ာ္ရႊင္စြာကစားေနသည့္ ပုံမ်ား၊ ကဗ်ာမ်ားကို အမူအရာျဖင့္ ရြတ္ဆုိေနသည့္ ပုံမ်ား၊ သီခ်င္းမ်ား သီဆုိ၍ ကျပေနသည့္ပုံမ်ားႏွင့္ စာသင္ခန္းျပင္ပတြင္ ကစားေနပုံမ်ားသည္ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ၌ ပ်ံ႕ႏွံ႔လ်က္ရွိသည္။


‘‘သူငယ္တန္းမွာ ကေလးကုိ ကစားဖုိ႔ အခ်ိန္လည္းေပးမယ္၊ ကဗ်ာေတြ၊ သီခ်င္းေတြလည္း သင္ေပးမယ္ဆုိတာကို ကေလးမိဘအေနနဲ႔ သေဘာက်တယ္။ ဆရာ၊ ဆရာမေတြသင္တန္းမွာ ကစားနည္းေတြကစားတာ၊ ကျပတာေတြကုိ ၾကည့္ၿပီး ကုိယ့္ကေလးအတြက္ ဝမ္းသာတယ္။ ကြၽန္မအေနနဲ႔ကေတာ့ ဒီအရြယ္မွာကေလးကုိ စာမသင္ေစခ်င္ေသးဘူး၊ ေဆာ့ကစားရမယ့္အရြယ္မွာ ကစားေစခ်င္တယ္’’ဟု လာမည့္ႏွစ္တြင္ မိမိရင္ေသြးအား သူငယ္တန္းအပ္ႏွံမည့္ ၾကည့္ျမင္တုိင္ၿမိဳ႕နယ္မွ မသင္ဇာက ေျပာသည္။

သူငယ္တန္းဆရာ၊ ဆရာမမ်ားသည္ ေႏြရာသီအားလပ္ရက္မ်ားတြင္ မနားရေတာ့ဘဲ စံခ်ိန္တင္ပူျပင္းေနသည့္ ေနအပူရွိန္ၾကား သင္တန္းတက္ေရာက္ေနၿပီး သင္႐ုိးၫြန္းတမ္းအသစ္ျဖင့္ စတင္သင္ၾကားရေတာ့မည့္ သူငယ္တန္းအတြက္ အသင့္ျပင္ေနၾကၿပီ ျဖစ္သည္။

‘‘အခုစမယ့္ KG သင္႐ုိးသစ္မွာ ကေလးကုိယ္တုိင္ပါဝင္လုပ္ေဆာင္ရမယ့္ ကေလးအတြက္ ဖြံ႔ၿဖိဳးမႈအားလုံးရသြားမယ့္ သင္႐ုိးပါ။ ကေလးေတြ ေက်ာင္းမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ေက်ာင္းတက္ရမွာပါ’’ဟု ပဲခူးတုိင္းေဒသႀကီး သုံးဆယ္ၿမိဳ႕မွ မူလတန္းျပဆရာမတစ္ဦးက ေျပာသည္။

ယခင္ သင္ၾကားခဲ့သည့္ သူငယ္တန္းသင္႐ုိးၫြန္းတမ္းအေဟာင္းသည္ ဘာသာရပ္ဗဟုိျပဳျဖစ္ၿပီး ယခုစတင္သင္ၾကားမည့္ သင္႐ုိးၫႊန္းတမ္းအသစ္သည္ ကေလးမ်ား၏ အသက္အရြယ္ႏွင့္ လိုက္ေလ်ာညီေထြျဖစ္မည့္ သင္ယူမႈနယ္ပယ္ ေျခာက္ခုျဖင့္ ဖြဲ႕စည္းထား၍ ပထမတန္းကို ကူးေျပာင္းမႈ အဆင္ေျပေစမည့္ ပုံစံျဖစ္သည္ဟု ဆုိသည္။

‘‘ဒီသင္႐ုိးၫႊန္းတမ္းကို ေအာင္ျမင္ဖုိ႔ဆုိရင္ မိဘေတြရဲ႕ ပူးေပါင္းပါဝင္ကူညီမႈ အမ်ားႀကီးလုိတယ္’’ဟု သင္႐ုိးၫႊန္းတမ္းအႀကံေပးပညာရွင္ ေဒါက္တာ ဝင္းေအာင္က ေျပာသည္။

သူငယ္တန္း စတင္တက္ေရာက္မည့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားသည္ ျပ႒ာန္းစာအုပ္ကုိ မကိုင္ရေတာ့ဘဲ ဆရာက စနစ္တက်ျပင္ဆင္ထားသည့္ ပုံျပင္မ်ား၊ေတးကဗ်ာမ်ား အပါအဝင္ ေလ့က်င့္ခန္းမ်ားကုိ ပုံစကၠဴကတ္ျပားမ်ား၊ လက္ထုိး႐ုပ္မ်ားပါဝင္သည့္ သင္ၾကားသင္ယူမႈ အေထာက္အကူျပဳပစၥည္းမ်ားျဖင့္ ကေလးဗဟုိျပဳခ်ဥ္းကပ္သင္ၾကားနည္းကုိ အသုံးျပဳ၍ ေလ့က်င့္သင္ၾကားမည္ဟု ဆုိသည္။

သူငယ္တန္း သင္႐ုိးၫႊန္းတမ္းအသစ္တြင္ ကေလးငယ္မ်ားသည္ ျမန္မာဗ်ည္း အကၡရာမ်ား၊ အဂၤလိပ္အကၡရာမ်ား၊ သခ်ၤာအေျခခံ၊ အဂၤလိပ္ကိန္းဂဏန္းမ်ား၊ ပုံဆြဲျခင္းႏွင့္ ေဆးေရာင္ျခယ္ျခင္းတုိ႔ကုိ သင္ၾကားသင္ယူမႈ အေထာက္အကူျပဳပစၥည္းမ်ား အသုံးျပဳ၍ သင္ၾကားရမည္ျဖစ္ေၾကာင္း သူငယ္တန္းသင္႐ုိးေရးဆြဲေရးအဖြဲ႕မွ သိရသည္။

‘‘ကေလးေတြကုိ ကဗ်ာေတြ သင္တယ္။ ကစားနည္းေတြ သင္ေပးမယ္။ သီခ်င္းေတြဆုိမယ္။ ေနာက္သုံးလမွာ စာေရးသားနည္းကို သင္ေပးမယ္။ ပထမတန္းကုိ ေရာက္သြားရင္ ဘာသာရပ္ေတြ ခြဲၿပီးသင္ရမယ္။ အဲဒီအကူးအေျပာင္းကာလမွာ ကေလးေတြကုိ အဆင္ေျပေအာင္ သူငယ္တန္းသင္႐ုိးၫႊန္းတမ္းမွာ ေနာက္ဆုံးသုံးလကုိ အေျခခံဗ်ည္းအကၡရာ၊ သခၤ်ာကိန္းဂဏန္းေတြ မွတ္မိဖုိ႔၊ေရးတတ္ဖုိ႔ လုပ္ေပးတဲ့သေဘာပဲ’’ဟု သူငယ္တန္းသင္႐ုိးၫႊန္းတမ္းေရးဆြဲေရး အဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

အသက္ (၅) ႏွစ္အရြယ္ ကေလးမ်ား တက္ေရာက္ရမည့္ သူငယ္တန္းသင္႐ုိးၫႊန္းတမ္းအသစ္တြင္ စာအေရးအသားကုိ စာသင္ႏွစ္၏ ေနာက္ဆုံးသုံးလတြင္သာ သင္ၾကားေပးမည္ျဖစ္ၿပီး က်န္အခ်ိန္မ်ား၌ ဖြံ႕ၿဖိဳးမႈအဆင့္ အလိုက္ဖြံ႕ၿဖိဳးေစရန္ ဆရာက စနစ္တက်ျပင္ဆင္သင္ၾကားၿပီး ကစားခ်ိန္ရရွိလာမည္ဟု သိရသည္။

သင္႐ုိးၫႊန္းတမ္းအသစ္ကုိ ေက်ာင္းမ်ားတြင္ ကေလးမ်ားအတြက္ တစ္ရက္ ေလးနာရီႏႈန္းျဖင့္ တစ္ပတ္လွ်င္ ငါးရက္ျဖင့္ ရက္သတၱပတ္ ၃၂ ပတ္ၾကာ စုစုေပါင္းသင္ယူခ်ိန္ နာရီေပါင္း ၆၄၀ သာ သင္ၾကားရမည္ဟုဆုိသည္။

အတန္းတင္ရန္ စိစစ္အကဲျဖတ္ရာတြင္ သူငယ္တန္းအတြက္ စာေမးပြဲစနစ္ရွိမည္မဟုတ္ဘဲ ေက်ာင္းသားတစ္ဦးခ်င္း၏ ေန႔စဥ္လုပ္ငန္း၌ ပါဝင္ေဆာင္ရြက္မႈမ်ားကုိ မွတ္တမ္းသည့္စနစ္ျဖင့္ အမွတ္ေပးကာ ပထမတန္းသုိ႔ ဆက္လက္တက္ေရာက္ခြင့္ျပဳမည္ျဖစ္ေၾကာင္း ပညာေရးသုေတသနဦးစီးဌာန၊ သင္႐ုိးၫႊန္းတမ္းေရးဆဲြေရးအဖြဲ႕က ဆုိသည္။

သူငယ္တန္း သင္႐ုိးၫႊႊန္းတမ္းအသစ္ကုိ လာမည့္ပညာသင္ႏွစ္တြင္ စတင္သင္ၾကားႏုိင္ရန္ သင္ၾကားနည္းစနစ္တစ္ခုတည္းကုိသာ သင္တန္းပုိ႔ခ်ေပး႐ုံသာမကဘဲ သင္ေထာက္ကူပစၥည္း ျပည့္စုံမႈ အပါအဝင္ စာသင္ခန္း၊ သင္ေထာက္ကူပစၥည္းႏွင့္ အျခားလုိအပ္ခ်က္မ်ားကိုပါ တစ္ပါတည္းျဖည့္ဆည္းေပးႏုိင္မွသာ သူငယ္တန္း+၁၂ တန္း ပညာေရးကုိ ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ႏုိင္မည္ျဖစ္ေၾကာင္း အေျခခံပညာ ဆရာအသိုင္းအဝုိင္းက သုံးသပ္သည္။

အဆုိပါ လုိအပ္ခ်က္မ်ားသည္ ၿမိဳ႕ေပၚရွိ အေျခခံပညာေက်ာင္းအမ်ားစုတြင္ ျပည့္စုံႏုိင္မည္ျဖစ္ေသာ္လည္း ေဝးလံသည့္ေဒသမ်ား၊ ေက်းလက္ေဒသမ်ား၌ စာသင္ခန္းမလုံေလာက္မႈႏွင့္ အျခားလုိအပ္ခ်က္မ်ား ရွိေနေသးေၾကာင္း အေျခခံပညာဆရာအသိုင္းအဝုိင္းက ဆုိသည္။

‘‘အခုလုိ အရမ္းပူျပင္းတဲ့အခ်ိန္မွာ မူလတန္းဆရာ၊ ဆရာမေတြ KG သင္တန္းကုိ တက္တက္ႂကြႂကြသင္ေနၾကတာ အားရစရာပါ။ သင္႐ုိးေတြေျပာင္း၊ သင္ၾကားနည္းစနစ္ေတြ သင္ေပးၿပီးစာသင္ခန္းနဲ႔ ဆရာလုိအပ္ခ်က္ေတြကို မျဖည့္ေပးရင္ ေရဘူးေပါက္နဲ႔ ေရခပ္သလုိ ျဖစ္မယ္’’ ဟု ေျမာက္ဥကၠလာပၿမိဳ႕နယ္မွ အၿငိမ္းစားအထက္တန္းေက်ာင္းအုပ္ဆရာႀကီးက ေျပာသည္။

..................................................

အသွင်သဏ္ဌာန်သစ် မြင်တွေ့ရဖွယ်ရှိတဲ့ သူငယ်တန်းသင်ရိုးညွှန်းတမ်းအသစ်
May 4, 2016
 7daydaily

 ပြုံးပြံုးလေး ပြံုးထား × × × ပြံုးပြံုးလေး ပြံုးထား × × × ဒီကမ္ဘာကြီးကို အလှဆင်မှာ× × × ပြံုးပြံုးလေးပြံုးထားမယ်၊ ပြုံးပြုံးလေးပြံုးလို့ရယ်’’  သီချင်းကဗျာရွတ်ဆိုသံသည် စာသင်ခန်းတစ်ခုအတွင်း ထွက်ပေါ်နေပြီး ဆရာတစ်ဦးက စည်းနှင့် ဝါးကို တီးခတ်၍ ဆရာ၊ဆရာမများက သံပြိုင်သီဆိုနေကြသည်။

လာမည့်ပညာသင်နှစ် စတင်မည့် သူငယ်တန်းသင်ရိုးညွှန်းတမ်းအသစ်ကို သင်ကြားပေးကြမည့် မူလတန်းပြဆရာ၊ ဆရာမ ၉၀,၀၀၀ အား သူငယ်တန်းဆရာ၊ဆရာမများ မြို့နယ်အဆင့်သင်တန်းကို သက်ဆိုင်ရာမြို့နယ်များတွင် ဧပြီ ၂၆ ရက်မှစတင်၍ မေလ ၁၀ ရက်အထိ သင်ကြားနေခြင်း ဖြစ်သည်။

သင်တန်းတက်ရောက်နေသည့် မူလတန်းပြဆရာ၊ ဆရာမများ ကစားနည်းများကို ပျော်ရွှင်စွာကစားနေသည့် ပုံများ၊ ကဗျာများကို အမူအရာဖြင့် ရွတ်ဆိုနေသည့် ပုံများ၊ သီချင်းများ သီဆို၍ ကပြနေသည့်ပုံများနှင့် စာသင်ခန်းပြင်ပတွင် ကစားနေပုံများသည် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ပျံ့နှံ့လျက်ရှိသည်။


‘‘သူငယ်တန်းမှာ ကလေးကို ကစားဖို့ အချိန်လည်းပေးမယ်၊ ကဗျာတွေ၊ သီချင်းတွေလည်း သင်ပေးမယ်ဆိုတာကို ကလေးမိဘအနေနဲ့ သဘောကျတယ်။ ဆရာ၊ ဆရာမတွေသင်တန်းမှာ ကစားနည်းတွေကစားတာ၊ ကပြတာတွေကို ကြည့်ပြီး ကိုယ့်ကလေးအတွက် ဝမ်းသာတယ်။ ကျွန်မအနေနဲ့ကတော့ ဒီအရွယ်မှာကလေးကို စာမသင်စေချင်သေးဘူး၊ ဆော့ကစားရမယ့်အရွယ်မှာ ကစားစေချင်တယ်’’ဟု လာမည့်နှစ်တွင် မိမိရင်သွေးအား သူငယ်တန်းအပ်နှံမည့် ကြည့်မြင်တိုင်မြို့နယ်မှ မသင်ဇာက ပြောသည်။

သူငယ်တန်းဆရာ၊ ဆရာမများသည် နွေရာသီအားလပ်ရက်များတွင် မနားရတော့ဘဲ စံချိန်တင်ပူပြင်းနေသည့် နေအပူရှိန်ကြား သင်တန်းတက်ရောက်နေပြီး သင်ရိုးညွန်းတမ်းအသစ်ဖြင့် စတင်သင်ကြားရတော့မည့် သူငယ်တန်းအတွက် အသင့်ပြင်နေကြပြီ ဖြစ်သည်။

‘‘အခုစမယ့် KG သင်ရိုးသစ်မှာ ကလေးကိုယ်တိုင်ပါဝင်လုပ်ဆောင်ရမယ့် ကလေးအတွက် ဖွံ့ဖြိုးမှုအားလုံးရသွားမယ့် သင်ရိုးပါ။ ကလေးတွေ ကျောင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျောင်းတက်ရမှာပါ’’ဟု ပဲခူးတိုင်းဒေသကြီး သုံးဆယ်မြို့မှ မူလတန်းပြဆရာမတစ်ဦးက ပြောသည်။

ယခင် သင်ကြားခဲ့သည့် သူငယ်တန်းသင်ရိုးညွန်းတမ်းအဟောင်းသည် ဘာသာရပ်ဗဟိုပြုဖြစ်ပြီး ယခုစတင်သင်ကြားမည့် သင်ရိုးညွှန်းတမ်းအသစ်သည် ကလေးများ၏ အသက်အရွယ်နှင့် လိုက်လျောညီထွေဖြစ်မည့် သင်ယူမှုနယ်ပယ် ခြောက်ခုဖြင့် ဖွဲ့စည်းထား၍ ပထမတန်းကို ကူးပြောင်းမှု အဆင်ပြေစေမည့် ပုံစံဖြစ်သည်ဟု ဆိုသည်။

‘‘ဒီသင်ရိုးညွှန်းတမ်းကို အောင်မြင်ဖို့ဆိုရင် မိဘတွေရဲ့ ပူးပေါင်းပါဝင်ကူညီမှု အများကြီးလိုတယ်’’ဟု သင်ရိုးညွှန်းတမ်းအကြံပေးပညာရှင် ဒေါက်တာ ဝင်းအောင်က ပြောသည်။

သူငယ်တန်း စတင်တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများသည် ပြဋ္ဌာန်းစာအုပ်ကို မကိုင်ရတော့ဘဲ ဆရာက စနစ်တကျပြင်ဆင်ထားသည့် ပုံပြင်များ၊တေးကဗျာများ အပါအဝင် လေ့ကျင့်ခန်းများကို ပုံစက္ကူကတ်ပြားများ၊ လက်ထိုးရုပ်များပါဝင်သည့် သင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်းများဖြင့် ကလေးဗဟိုပြုချဉ်းကပ်သင်ကြားနည်းကို အသုံးပြု၍ လေ့ကျင့်သင်ကြားမည်ဟု ဆိုသည်။

သူငယ်တန်း သင်ရိုးညွှန်းတမ်းအသစ်တွင် ကလေးငယ်များသည် မြန်မာဗျည်း အက္ခရာများ၊ အင်္ဂလိပ်အက္ခရာများ၊ သချင်္ာအခြေခံ၊ အင်္ဂလိပ်ကိန်းဂဏန်းများ၊ ပုံဆွဲခြင်းနှင့် ဆေးရောင်ခြယ်ခြင်းတို့ကို သင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်းများ အသုံးပြု၍ သင်ကြားရမည်ဖြစ်ကြောင်း သူငယ်တန်းသင်ရိုးရေးဆွဲရေးအဖွဲ့မှ သိရသည်။

‘‘ကလေးတွေကို ကဗျာတွေ သင်တယ်။ ကစားနည်းတွေ သင်ပေးမယ်။ သီချင်းတွေဆိုမယ်။ နောက်သုံးလမှာ စာရေးသားနည်းကို သင်ပေးမယ်။ ပထမတန်းကို ရောက်သွားရင် ဘာသာရပ်တွေ ခွဲပြီးသင်ရမယ်။ အဲဒီအကူးအပြောင်းကာလမှာ ကလေးတွေကို အဆင်ပြေအောင် သူငယ်တန်းသင်ရိုးညွှန်းတမ်းမှာ နောက်ဆုံးသုံးလကို အခြေခံဗျည်းအက္ခရာ၊ သင်္ချာကိန်းဂဏန်းတွေ မှတ်မိဖို့၊ရေးတတ်ဖို့ လုပ်ပေးတဲ့သဘောပဲ’’ဟု သူငယ်တန်းသင်ရိုးညွှန်းတမ်းရေးဆွဲရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အသက် (၅) နှစ်အရွယ် ကလေးများ တက်ရောက်ရမည့် သူငယ်တန်းသင်ရိုးညွှန်းတမ်းအသစ်တွင် စာအရေးအသားကို စာသင်နှစ်၏ နောက်ဆုံးသုံးလတွင်သာ သင်ကြားပေးမည်ဖြစ်ပြီး ကျန်အချိန်များ၌ ဖွံ့ဖြိုးမှုအဆင့် အလိုက်ဖွံ့ဖြိုးစေရန် ဆရာက စနစ်တကျပြင်ဆင်သင်ကြားပြီး ကစားချိန်ရရှိလာမည်ဟု သိရသည်။

သင်ရိုးညွှန်းတမ်းအသစ်ကို ကျောင်းများတွင် ကလေးများအတွက် တစ်ရက် လေးနာရီနှုန်းဖြင့် တစ်ပတ်လျှင် ငါးရက်ဖြင့် ရက်သတ္တပတ် ၃၂ ပတ်ကြာ စုစုပေါင်းသင်ယူချိန် နာရီပေါင်း ၆၄၀ သာ သင်ကြားရမည်ဟုဆိုသည်။

အတန်းတင်ရန် စိစစ်အကဲဖြတ်ရာတွင် သူငယ်တန်းအတွက် စာမေးပွဲစနစ်ရှိမည်မဟုတ်ဘဲ ကျောင်းသားတစ်ဦးချင်း၏ နေ့စဉ်လုပ်ငန်း၌ ပါဝင်ဆောင်ရွက်မှုများကို မှတ်တမ်းသည့်စနစ်ဖြင့် အမှတ်ပေးကာ ပထမတန်းသို့ ဆက်လက်တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ပညာရေးသုတေသနဦးစီးဌာန၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့က ဆိုသည်။

သူငယ်တန်း သင်ရိုးညွွှှန်းတမ်းအသစ်ကို လာမည့်ပညာသင်နှစ်တွင် စတင်သင်ကြားနိုင်ရန် သင်ကြားနည်းစနစ်တစ်ခုတည်းကိုသာ သင်တန်းပို့ချပေးရုံသာမကဘဲ သင်ထောက်ကူပစ္စည်း ပြည့်စုံမှု အပါအဝင် စာသင်ခန်း၊ သင်ထောက်ကူပစ္စည်းနှင့် အခြားလိုအပ်ချက်များကိုပါ တစ်ပါတည်းဖြည့်ဆည်းပေးနိုင်မှသာ သူငယ်တန်း+၁၂ တန်း ပညာရေးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း အခြေခံပညာ ဆရာအသိုင်းအဝိုင်းက သုံးသပ်သည်။

အဆိုပါ လိုအပ်ချက်များသည် မြို့ပေါ်ရှိ အခြေခံပညာကျောင်းအများစုတွင် ပြည့်စုံနိုင်မည်ဖြစ်သော်လည်း ဝေးလံသည့်ဒေသများ၊ ကျေးလက်ဒေသများ၌ စာသင်ခန်းမလုံလောက်မှုနှင့် အခြားလိုအပ်ချက်များ ရှိနေသေးကြောင်း အခြေခံပညာဆရာအသိုင်းအဝိုင်းက ဆိုသည်။

‘‘အခုလို အရမ်းပူပြင်းတဲ့အချိန်မှာ မူလတန်းဆရာ၊ ဆရာမတွေ KG သင်တန်းကို တက်တက်ကြွကြွသင်နေကြတာ အားရစရာပါ။ သင်ရိုးတွေပြောင်း၊ သင်ကြားနည်းစနစ်တွေ သင်ပေးပြီးစာသင်ခန်းနဲ့ ဆရာလိုအပ်ချက်တွေကို မဖြည့်ပေးရင် ရေဘူးပေါက်နဲ့ ရေခပ်သလို ဖြစ်မယ်’’ ဟု မြောက်ဥက္ကလာပမြို့နယ်မှ အငြိမ်းစားအထက်တန်းကျောင်းအုပ်ဆရာကြီးက ပြောသည်။

No comments:

Post a Comment